ကျွန်တော်နှင့် သရက်တစ်ပင်

( ၁ ) ကျွန်တော်သည် ရုက္ခဗေဒဘာသာရပ်ကို ကောင်းစွာ သင်ကြားဖူးသူမဟုတ်သလို စိုက်ပျိုးရေးအသိ၊ စိုက်ပျိုးရေး အတတ်ပညာနှင့် ဒုံးဝေးသူဖြစ်၏။ ကျွန်တော် သုံးကြိမ်မြောက် အလွတ်ဖြေဆို၍ အောင်မြင်ခဲ့သည့် ၁၀ တန်းကလည်း ဝိဇ္ဇာ ဘာသာတွဲ။ ကျွန်တော်ရခဲ့သည့်ဘွဲ့ကလည်း သမိုင်းအဓိက။ သမိုင်းဘာသာရပ်။ ဒါကြောင့် ဘယ်သစ်ပင်၊ ဘယ်အချိန်စိုက်၍ အဘယ်မျှ ကြာလျှင် ပွင့်မည်၊ သီးမည်ကို ကျွန်တော်မသိပါ။ မိရိုးဖလာ စိုက်ပျိုး စားသောက်နေသော တောင်သူယာလုပ် ဓားမခုတ်အလုပ်က လည်း...

စာရေးဆရာနှင့် သူ၏ဇာတ်ကောင်များ

ပေရွက်လွှာ ကလောင်စွဲလို့ စားပွဲ၌ထိုင်ကာသာ။ တွေးတောနေရှာ။ စာရေးဆရာသူပါပဲထင်ရဲ့။ စိတ်ကူး တယဉ်ယဉ်နဲ့ စာဖတ်သူ ကြည်ကြည်ရွှင်ဖို့ ဓာတ်ပုံသွင် စီစဉ်တွေးလို့ရယ် ရေးတော့တယ်ကွယ့်။ စာကြည့်စားပွဲ၌ထိုင်လိုက်သည်နှင့် ဆရာမ ကြီးငွေတာရီရေးဖွဲ့ခဲ့သော ကဗျာလေး သည် စာရေးဆရာ၏ အတွေးထဲသို့ ဝင်လာသည်။ ထို့နောက် အတွေးများဖြန့်လိုက်၏။ အတွေးကောင်းပေါ်လာသည်နှင့် ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးလိုက်သည်။ ဇာတ်လမ်း၏မြစ်ဖျားခံရာကာလ၊ ဒေသတို့ကို အတွေးဖြင့်အလည်သွား၍ထည့်သွင်းရမည့် ဇာတ် ကောင်များအား ပုံဖော်၏။ စာရေးဆရာအတွေး သွက်သည့်အလျောက် ဖောင်တိန်လေး သည် စာရွက်ပေါ်တွင် ကူးလာခေါက်ပြန်စီးဆင်းနေလေသည်။ အသက် (၂၅) နှစ်ခန့် ယောင်္ကျာလေးများဖြစ်သော ဇာတ်ကောင်(၁)...

လူ့အသိစိတ်ဓာတ်

ဒီနေ့က ဒေါက်တာဘမောင်၏ နိုက်ဂျူတီဆင်းရမည့်နေ့တစ်နေ့ လက်ထောက်ဆရာဝန်တွေ အလှည့်ကျတာဝန်ယူရတဲ့ဂျူတီပေါ့။ လက်ထောက်ဆရာဝန်လေးဘမောင်က နေ့နှင့်ည တာဝန်ယူရမည့်အလှည့်ပေါ့။ လူနာတွေမများပါစေနဲ့လို့ ထုံးစံအတိုင်းဆုတောင်းနေရပါတယ်။ လူနာတွေများလျှင် ညဘက်ကောင်းကောင်းမအိပ်ရ။ လူနာတွေကိုလိုက်ပြီး ဆေးထိုးနေရတာနဲ့ တစ်ခါတလေ ည ၁၂ နာရီမှပြီးတော့တယ်။ ကိုယ့်အလုပ်ပြီးလို့ အနားရမလားဆိုတော့ အရေးပေါ်ရောက်လာတဲ့ လူနာသစ်တွေရှိနေပြန်လျှင် အိပ်ဖို့အခွင့်မသာပြန်ဘူး။ ဒီတော့ လူနာမများပါစေနဲ့လို့ ဆုတောင်းရတာပေါ့။ ဒီနေ့ကလည်း အခါကြီးရက်ကြီးမဟုတ်လေတော့ အိပ်ရတန်ကောင်းရဲ့လို့တွေးပြီး ဒေါက်တာဘမောင်တစ်ယောက် ပျော်နေတာပေါ့။ အဲ....အဲ.... သို့သော်လည်းပဲ သူ့ဆုတောင်းက မပြည့်ခဲ့ပါ။ ရောက်လာတဲ့...

တစ်ပတ်နွမ်းသို့ တမ်းချင်းဝေဒနာ

လူပျိုကြီးကိုဖိုးဇော်တစ်ယောက် ညဦးပိုင်းက ဆေးတစ် ခွက်သောက်ပြီး အိပ်သွားပေမယ့် တစ်ရေးနိုးတဲ့အထိ သိပ်မသက် သာလို့ဖြစ်မယ်။ "တကျွတ်ကျွတ်၊ တဟင်းဟင်း" ညည်းတွားရင်းက တစ်စုံတစ်ရာကိုလည်း နှုတ်ကနေ သူ့တစ်ကိုယ်စာကြားသာရုံ လေး ရေရွတ်လိုက်တယ်။ "ဪ....ခုတော့လည်း ဝေဒနာကို စာနာပေးမယ့်သူ ဝေးလို့ ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘယ်လိုရပ်တည်နေတယ် ဆိုတာကိုတောင် သိချင်ကြတော့တာမှမဟုတ်ဘဲ။ ဘယ်သူ့ကိုမှလဲ အပြစ်တင်ချင်တယ်တော့ မဟုတ်ပေမယ့် ဒီလိုအချိန်မျိုးမှာ မင်းကိုတော့ သတိရမိတာအမှန်ပဲတစ်ခုလပ်မရေ" တကယ်တော့ လက်ရှိမှာ တစ်ကိုယ်တည်း ဘ၀ဖြစ်နေလို့ သာ...

အမွေကိုယ်စီ

"ကလင်....ကလင်" ဖုန်းမြည်သံကြားသဖြင့် ဖုန်းကိုကောက်ကိုင်လိုက်သည်။ "ဟဲလို ဟဲလို ကိုကြီး" တစ်ဖက်မှမိန်းကလေး၏အသံကို ကောင်းစွာမှတ်မိနေသည်။ "ညီမလေး မိထွေးပြောလေ" "ဖေဖေက ဒီတစ်ရက်၊ နှစ်ရက်အတွင်း ရွာပြန်လာခဲ့ဦးတဲ့" ကျွန်တော်စိတ်ပူသွားပါသည်။ "အဖေ ဘာဖြစ်လို့လဲ" "ဘာမှမဖြစ်ပါဘူး။ ပြောစရာလေးရှိလို့တဲ့" ညီမလေး၏အသံသည် ပုံမှန်ပြောနေကျ အသံမို့ စိတ်အေးသွားသည်။ "ဟုတ်ပြီ၊ အစ်ကိုကြီး လာခဲ့မယ်နော်" "ဟုတ် ဒါပဲနော်" "အေး....အေး" "ရွာကိုပြန်ရမှာမို့ ပျော်နေတယ်ပေါ့လေ" ချစ်ဇနီး၏စကားကို အပြုံးဖြင့်တုံ့ပြန် တော့ မျက်စောင်းတစ်စုံရောက်လာလေသည်။ "ကိုယ်လည်းရုံးသွားပြီး ခွင့်တင်လိုက်ဦးမယ်" ပြောပြောဆိုဆိုထွက်လာခဲ့သည်။ ( ၂ ) ချင်းတွင်းမြစ်အထက်ပိုင်းတွင် တာဝန်ကျ၍ ရွာကိုမရောက်တာတော်ကြာလေပြီ။ အခုမှ ရွာကိုလွမ်းသလိုလို ရှိလာတော့သည်။ ရွာအဝင်မှာတော့ ညီမလေးနှင့် ကိုလတ်...

ရသစာကဗျာကဏ္ဍ တပ်ဂ်ျမဟာက သစ္စာရှင်

"သူ၏အချစ်ကို ကိုယ်စားပြုသည့် ဤမျှကြီးကျယ်သော၊ ခမ်းနားသော (၄၂ ဧက ကျယ်ဝန်း၍ နှစ် ၂၀ ကျော် တည်ဆောက်ခဲ့သည့်) ဆင်စွယ်နန်းတော်ကြီးကား ကမ္ဘာကျော်တော့၏။ ပထမပင်မအဆောက်အအုံကို မွမ်တပ်ဇ်မဟာကွယ်လွန်ပြီးနောက် ၁၆၃၂ ခုနှစ်မှ စတင်ဆောက်ခဲ့ရာ ၁၆၄၃ ခုနှစ်တွင် ပြီးစီးခဲ့၏။ ကျန်သော အဆောက်အအုံများကို ၁၉၅၃ ခုနှစ်အထိ ၁၀ နှစ် ထပ်မံဆောက်ခဲ့ရသည်။" "ဆောရီး...." ဟု နှုတ်က အသံထွက်သွား ခြင်းနှင့်အတူ နောက်ဘက်သို့ ဆုတ်နေသော...

ကလောင်သစ်ကဏ္ဍ “လ”ဆိုတာ မပြည့်လည်းလင်းတယ်

"ဖိုးသာထူး၏ ဘ၀က တစ်ကောင်ကြွက်ဒုက္ခိတတစ်ယောက်။ ဆွေမျိုးနီးစပ် ဦးပဉ္စင်းဦးတိလောက၏ ကြည့်ရှုစောင်မမှုကြောင့်သာ ဒီအရွယ်အထိ သူရှင်သန်ခဲ့ရခြင်းဖြစ်သည်။ သူမှီခိုရာဒီဘုန်းကြီးကျောင်းလေးတွင် ဘကဘုန်းကြီးကျောင်းပညာရေးလေး စိုက်ပျိုးထား၍သာ ရှစ်တန်းဟူသော အတန်းပညာလေးတစ်ခု သူ့မှာ ပွင့်လန်းခဲ့ရခြင်းဖြစ်သည်။" (၁) "ဖိုးသာထူးရေချမ်းစင်" ရေအိုးထဲသို့ ရေဖြည့်လိုက်ပြီး ရေအိုးစင်ရှိ သစ်သားတန်း လေးတွင် မြေဖြူဖြင့်ရေးထားသော စာတန်းလေးကို ဖတ်ကြည့်ရင်း သူပြုံးလိုက်မိသည်။ ဒီစာတန်းလေးကို ရေဖြည့်သည့်အချိန်တိုင်း သူဖတ်မိသည်။ ဖတ်ကြည့်မိတိုင်းလည်း ပီတိဖြစ်ရသည်။ အများက သူ့နာမည်ကို ဂုဏ်ပြုပြီးပေးထားသော ရေချမ်း စင်လေး။ သူ၏ကောင်းမှု ကုသိုလ်တို့...