စံတော်ချိန်ကဗျာ

အနိုင်အရှုံး

တံငါ(၁၁)

ငါးမရှိတဲ့ မြစ်မှာ ငါးစာမပါတဲ့ ငါးမျှားချိတ်နဲ့ နေ၀င်ဆည်းဆာကို ငေးရင်း . . . . မျှားနေမိတယ် စိတ်ထဲမှာ မြစ်ရှိနေသရွေ့ စိတ်ထဲမှာ ငါးမျှားချိတ်ရှိနေသရွေ့ ငါးတွေ မိနေဦးမှာပေါ့ ကိုယ့်ကိုယ်ကိုယ် ပြန်မမိရုံကလွဲလို့ ။ ။

ကိုယ်တို့ ရပ်တည်မှု

ကိုယ်တို့ ချောင်လည်ပုံက ဖိနပ်တစ်ရန်ဝယ်တာလည်း အခွန်နဲ့ ဘာနဲ့။ ကိုယ်တို့ အေးမြမှုကလည်း အရက်တစ်ခွက်ထဲမှာ ရေခဲနဲ့ ဆော်ဒါနဲ့။ ကိုယ်တို့ လွတ်လပ်မှုကလည်း ပန်းခြံတစ်ခုထဲမှာ အဆဲနဲ့ ရန်ပွဲနဲ့။ ကိုယ်တို့ ဥပဒေကလည်း အမှန်တရားကို ဝန်ခံရင် လက်ထိတ်နဲ့ ခြေချင်းနဲ့။ ကိုယ်တို့ အားကိုးစရာဆိုလို့ တရားစောင့်နတ်သည်ပင် လွတ်ငြိမ်းချမ်းသာခွင့်ထဲ မပါ။ ကိုယ်တို့ ခံစားချက်တွေကလည်း သံသရာထဲမှာ မိုးရွာလိုက်၊ နေပူလိုက်၊ လေပြင်းကျလိုက်။ ကိုယ်ကသာ ကိုယ့်အကြိုက်လို ရိုးသားမှုကို ခပ်ငိုက်ငိုက် ဆောင်းရင်းပေါ့။ သျှီသူအောင်

မိုးတစ္ဆေ

တိမ်တိုက်တွေ ညို့လာပြန်ပြီကောအမေ အမောဖောက်ရာသီမှာ ကာရန်မညီတဲ့မိုးပေါက်တွေ ကျွန်တော့်ရင်ကို ထိုးဖောက်ကြလိမ့်ဦးမယ်ထင်ရဲ့။ ခေါင်ကစမလုံခဲ့တဲ့အမိုးမို့

စံတော်ချိန်ကဗျာ

နံရံမုန်းသူများ

ပစ္စုပ္ပန်

ပစ္စုပ္ပန်ဟာ . . . . အတိတ်ကို လွမ်းဆွတ်ပြီး အနာဂတ်ကို မျှော်လင့်နေတယ် ။ တစ်ခါတလေတော့လည်း ပစ္စုပ္ပန်ဟာ . . . . အရာရာကိုမေ့ ပစ္စုပ္ပန်မှာပဲ ပျော်မွေ့နေပြန်တယ် ။ တစ်ခါတလေ ကျပြန်တော့ ပစ္စုပ္ပန်ဟာ . . . . အတိတ်ကို အပြစ်တင်ပြီး အနာဂတ်ကို အချစ်ဝင်နေပြန်ပါရော ။ တကယ်တော့လည်း . . . . ပစ္စုပ္ပန်ဆိုတာ မရှိရင် အတိတ်လည်း မရှိ အနာဂတ်လည်း မလာ ဘာဆိုဘာမှ မရှိနိုင်တော့ဘူးလေ။ အခုပဲကြည့် ပစ္စုပ္ပန်ဟာ . . . . သံသရာကိုဆွဲဆန့်ဖို့ ဟန်ရေးတပြပြ ကန့်လန့်ကာ...

“မျက်မှောက်ကဗျာ”

အသက်ကို Mask နဲ့ အုပ်နေရတဲ့ ငါတို့ရဲ့ ကမ္ဘာဟာ တစ်နေ့ထက်တစ်နေ့ ကျဉ်း…ကျဉ်းလာ ။ လေတွေကလည်း

တောင့်ထား….ရန်ကုန် ( ၂ )

မီးပွိုင့်မှာ ကားတွေချောင်ပြီး အိမ်ထဲမှာ အသက်ရှူရတာ ကြပ်နေတယ် ။ ကိန်းဂဏန်းအမှတ်စဉ်တွေ တိုး လာပြီး

စံတော်ချိန်ကဗျာ

အလှကြည့်ငါး

စုန်ရေအလွမ်း

ခရမ်းချဉ်သီးကို မီးကျီခဲထဲ ထည့်ဖုတ် ငရုတ်သီးအခြောက်တောင့်လေးတွေကို ဖဲထီးသံချောင်းနဲ့ ထိုးသီလို့ မီးကင် မှုန့်အောင်ထောင်း ကြက်သွန်မြိတ်ထုံးလေးတွေနဲ့ ပုစွန်ငါးပိလေးနဲ့ ငရုတ်ဆုံထဲမှာ သမအောင်ထောင်းလို့ ငါးခြောက်လေးကို ၀ါးထက်ခြမ်း ညှပ်ကလေး ညှပ်လို့ မီးကင် ဆီကလေးဆမ်း ပန်းဂေါ်ဖီပွင့်လေးကိုကြော် အမေလုပ်ကျွေးခဲ့တဲ့ လက်ရာလေးကို သတိရ။ အမေရေ . . . . အမေ့မြေးတွေကို ပြောပြ အမေ့လက်ရာမျိုး သားသမီးတွေကို လုပ်ကျွေးမိတော့ စားလို့ကောင်းသတဲ့ အမေရယ် ။ အမေ့ကိုလွမ်းရင်း နံနက်စာလေးက စုန်ရေ စုန်ရေလို့ သရော်နေသလိုပါပဲ အမေရယ် ။ ။