ငရဲ

လာဘ်ပေး လာဘ်ယူ မရှိဘူး။ မျက်နှာချိုသွေးလို့ မရဘူး။ လူမျိုးဘာသာ မရွေးဘူး။ ဘက်မလိုက်ဘူး.။ နောက်ပြီး ငြင်းပယ်/စောဒကတက်ခွင့် မရှိဘူး.။ အဲဒီ ရှစ်ထပ် . . . . လူမပြတ်ဘူး၊ နေရာမလပ်ဘူး၊ တင်းတင်းကျပ်ကျပ်ပဲ . . . .။ ချိုးမကပ်မချင်းထိတော့ သေချာတယ် သံ,အတိပြီး. ချော်ရည်တွေက ဆူပွက်လို့ လျှော့ရက် ပေါ့ရက်မရသလို နားရက် ခွင့်ရက်ဆိုတာလည်း မရှိခဲ့ဘူး . . . .။

သန်းတစ်ရာ မရချင်ဘူးလား

ဘောလုံးသမား ဆန်းချက် အာဆင်နယ်မှ မန်ယူဘက်ရွှေ့ တစ်နေ့ ဗမာသန်းတစ်ရာ ရမတဲ့ ခင်ဗျာ ကဲ- ကို ဆရာ့ကဗျာ ခင်ဗျာ့စာမူခ ဘယ်လောက်ပေး မမေးပါဘူးလေ အားနာပါတယ် သပိတ်မှောက်နေကြတဲ့ စက်ချုပ်သမကလေးတွေကော ၄၈၀၀ မရနိုင်လို့ သံပြိုင်ဟစ်ကြွေး ဆန္ဒပြ အံမာ-တောင်သူကြီးကတော့ လုပ်ရတဲ့မြေ သိမ်းသွားလို့တဲ့ဗျာ အလို-ကမ္ဘာမြေ ၂၃ ဒီဂရီစောင်းစွေတာ ဟုတ်ရဲ့လားဗျာ ဒါတောင် သူတို့က ပြောသေး ဒို့က မျိုးချစ်သွေးတဲ့။ (၁၉-၁-၂၀၁၈)  

အမေသို့တမ်းချင်း

အစွမ်းကုန် လင်းဓာတ်ပေးနေတဲ့လဟာ . . . . သက်သေပြတယ် လပြည့်ညတဲ့။ အစွမ်းကုန် ပြုံးဓာတ်ပေးနေတဲ့ အမေ့မျက်နှာဟာ . . . . သက်သေပြတယ် ဒါ အမေမျှော်နေတဲ့နေ့ပဲ သားတဲ့။ လရောင်ကိုအန်တု မေတ္တာကိုဆုပ်ကိုင်ထားတဲ့ အမေ့ လက်ဖဝါးတစ်စုံဟာ . . . . သားခေါင်းပေါ်ကို ညင်သာစွာ . . . . ချိုမြိန်စွာ။ အမေ့လက်ရာ အငမ်းမရစားနေတဲ့ သားကို မျက်ရည်ကြည်တွေ ဝဲတက်လာတဲ့အထိ . . . . အမေပြုံးပြီး ကြည့်တယ်။ "တစ်နှစ်တစ်ခေါက်တောင် ပုံမှန်ရောက်မလာတဲ့ ဧည့်သည်လေး . . . .စား စား"လို့ အပြုံးမပျက် ပြောနေတဲ့ အမေ့စကားကို အကြား။ "ဗြုန်း"ခနဲ လန့်နိုးသွားတဲ့ အိပ်မက်ဟာ ရခဲလှတဲ့...

စံတော်ချိန်ကဗျာ

အလှကြည့်ငါး

စံတော်ချိန်ကဗျာ

နံရံမုန်းသူများ

စံတော်ချိန်ကဗျာ

အနိုင်အရှုံး

စံတော်ချိန်ကဗျာ

ခေတ်ပြဇာတ်