တွေ့ဆုံဆွေးနွေးမှုပျက်ခဲ့သည့် တိုင်းရင်းသားအရေးဆွေးနွေးမှုအပေါ်အမြင်များ

"တိုင်းရင်းသားအရေးကို တကယ်ဆောင်ရွက်လိုတယ်။ ဆောင်ရွက်နိုင်တယ်။ ဆောင်ရွက်ချင်တဲ့စိတ်ရှိတယ်ဆိုရင်တော့ တိုင်းရင်းသားနဲ့ဆွေးနွေးတဲ့အခါမှာတော့ အလျော့အတင်းတော့ရှိဖို့လိုတာပေါ့" ခူးသဲရယ် အထွေထွေအတွင်းရေးမှုး(ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ) အနာဂတ်ပြည်ထောင်စုအရေးအတွက် တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံဆွေးနွေးလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တိုင်းရင်းသားပါတီများသို့ကမ်းလှမ်းခဲ့ပြီး ဇန်နဝါရီ ၁ ရက်တွင် တွေ့ဆုံဆွေးနွေးမှုကို ကချင်ပြည်နယ်ရှိ တိုင်းရင်သားပါတီများဖြင့် အစပြုခဲ့သည်။ ဒုတိယမြောက်တွေ့ဆုံမည့် မွန်ပြည်နယ်ရှိ မွန်အမျိုးသားညီညွတ်ရေးပါတီနှင့် ဇန်နဝါရီ...

ကိုဗစ်(၁၉)ကာလအတွင်း ကုန်တင်ယာဉ်မောင်းနှင့် တွဲကားမောင်းသူများ ကြုံတွေ့နေရသည့် အခက်အခဲများ၊ စားဝတ်နေရေး အခက်အခဲများ

"အခုလက်ရှိ ရက်ပိုင်းအတွင်းမှာပဲ လော့ခ်ဒေါင်းမီအောင် မောင်းရတဲ့အတွက် ကျွန်တော့်သူငယ်ချင်း သုံးယောက် အသက်ပါ ပါသွားကြတယ်" ကိုစိုင်းသာအေး "ကျွန်တော်တို့ကားသမားရဲ့ အခက်အခဲတွေကို အတတ်နိုင်ဆုံး နည်းနည်းလေးတော့ငဲ့ပြီး လက်တွေ့ဘ၀ကြီးကို လေ့လာပြီးတော့ ကြည့်ပေးစေချင်တယ်" ကိုမောင်ဟန် ကမ္ဘာ့အနှံ့ဖြစ်ပွားနေသည့် ကိုဗစ်(၁၉)ရောဂါကြောင့် မြန်မာနိုင်ငံသည်လည်း ရိုက်ခတ်မှုဒဏ်ကို ခံခဲ့ရသည်။ ကုန်စည်သယ်ယူပို့ဆောင်ရေးလမ်း...

ရန်ကုန်မြို့ အခြေစိုက် သုခကာရီ လူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်းဥက္ကဋ္ဌ ဒေါက်တာရွှေမှုံနှင့် တွေ့ဆုံခြင်း

"ပရဟိတအသင်းတွေ ပိုပြီးအင်အားကောင်းစေချင်တယ်၊ စည်းလုံးစေချင်တယ်" ကိုဗစ်ကာလ၌ ပရဟိတလုပ်သူတချို့တွင် အခက်အခဲများ၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်များ ရှိကြသည်။ သွားလာကူညီနေရသူတို့တွင် ပတ်ဝန်းကျင်၏ အမြင်မတူမှုများကို ရင်ဆိုင်ရသကဲ့သို့ ပရဟိတသမားအချင်းအချင်း စည်းလုံးညီညွတ်မှု သည်လည်း အားတစ်ခုအဖြစ် ရှိနေစေချင်မှုများလည်း ရှိကြသည်။ ပရဟိတသမားများကို အမြင်မတူမှုကြောင့် ရိုင်းစိုင်းစွာ ဆက်ဆံခံရမှုများ၊ ပရဟိတသမားများ ထားရမည့်စိတ်ထားများနှင့်ပတ်သက်၍ သုခကာရီ လူမှုကူညီကယ်ဆယ်ရေး...

ကိုဗစ်ကာလနှင့် အိမ်ခြံမြေအငှားဈေးကွက်အခြေအနေအပေါ် သူတို့အမြင်

'ကိုဗစ်ကာလမှာ အသွားအလာ ကန့်သတ်ထားတော့ အိမ်ခြံမြေလုပ်ငန်းက မဖြစ်ဘူး၊၊ ကျဆင်းသွားတယ်၊၊ ဘယ်လောက်ကျလဲဆိုတော့ ၇၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်' ဦးသိန်းလှညို '၂၀၁၉ နဲ့ ၂၀၂၀ အငှားတွေ၊ လုံးချင်းအိမ်ရာ ဗဟန်းမြို့နယ်လို ယှဉ်ရင်တော့ အငှားဈေးကွက်က တော်တော် ကျဆင်းတာပေါ့' ကိုပြည့်ဖြိုးပိုင် ကိုဗစ်ကာလတွင်...

ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေးလုပ်သားများသမဂ္ဂဥက္ကဋ္ဌ ဦးမောင်မောင်ဦးနှင့် ဆက်သွယ်မေးမြန်းခြင်း

"ကျောင်းတွေ မတက်ရတော့ ကျောင်းကား လုံးဝရပ်သွားတယ်။ အဲဒီတော့ ဒီလူက ကားရှိတယ်လို့တွေးရင် ဟုတ်တယ်။ လုပ်ငန်းက လုံးဝ ရပ်သွားတယ်။ သို့သော် ကားရှိတဲ့အတွက် ထောက်ပံ့ကြေးမရဘူး" ကိုဗစ်(၁၉) ကမ္ဘာ့ကပ်ရောဂါ၏ ကြီးမားသော ရိုက်ခတ်မှုအောက်တွင် မြန်မာနိုင်ငံအနေဖြင့်လည်း အခြားနိုင်ငံများနည်းတူ ခံစားကြရသည်။ ထို့ကြောင့် ကုန်လွန်ခဲ့ သော ၂၀၂၀ပြည့်နှစ်သည် ကိုဗစ် (၁၉)ကပ်ရောဂါကြောင့်...

၂၀၂၀ပြည့်နှစ်၏ထင်ရှားသည့်နိုင်ငံရေးဖြစ်စဉ်များ

၂၀၂၀ ပြည့်နှစ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အစိုးရပထမသက်တမ်းနောက်ဆုံးနှစ်ဖြစ်ပြီး အတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေး ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကဲ့သို့သော အရေး ပါသည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအချို့ကို လုပ်‌ဆောင်ခဲ့သော်လည်း ကပ်ရောဂါပြဿနာဖြေရှင်းနေရခြင်း၊ စီးပွားရေး ကျဆင်းမှုကိုကုစားနေရခြင်းနှင့်ရွေးကောက်အနိုင်ရရေးတို့ကို အလေးပေးလုပ်ဆောင်နေသည့်အတွက် အားရဖွယ်အပြောင်းအလဲများ ထွက်ပေါ်လာခြင်းမရှိသည်ကို တွေ့ရမည်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့်မကြာမီကာလအတွင်းဒုတိယသက်တမ်းအစိုးရအဖွဲ့ကိုဆက်လက်တာဝန်ယူရတော့မည်ဖြစ်ပြီးအပြောင်းအလဲများကိုဆက်လက်အရှိန်မြှင့်လုပ်ဆောင်ရန်နေသည်ဖြစ်ရာ ၂၀၂၀ ပြည့်နှစ်အတွင်း...

တပ်မတော်က ထုတ်ပြန်နေသည့် မဲစာရင်းများနှင့်ပတ်သက်၍ နိုင်ငံရေးလေ့လာသုံးသပ်သူများ၏ အမြင်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင်ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ တပ်မတော်က မဲစာရင်းကွာဟကြောင်း စိစစ်တွေ့ရှိမှုများကို ဒီဇင်ဘာ ၃၁ ရက်အထိ လေးကြိမ်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ထုတ်ပြန်မှု ၄ ကြိမ်တွင် မြို့နယ် (၁၅) မြို့နယ်အတွက် တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသောစာရင်း (၁၀၃၆၆၂) နှင့် မဲမသမာမှုဖြစ်စေနိုင်သည့် စာရင်း (၂၀၃၆၄၀)...

၂၀၂၀ ပြည့်နှစ်နှင့် COVID-19 ဒိုင်ယာရီ

မြန်မာနိုင်ငံဟာ COVID-19 ရောဂါဖြစ်ပွားမှုကို အခြားနိုင်ငံများနည်းတူ ရင်ဆိုင်ခဲ့ရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကို ကာကွယ်၊ ထိန်းချုပ်၊ ကုသရာမှာ အစိုးရအဖွဲ့ တစ်ခုတည်း ဆောင်ရွက်လို့မရဘဲ အများပြည်သူကပါ ပါဝင်ကူညီဆောင်ရွက်ပေးဖို့ “ပြည်သူသာအဓိက” ဆိုတဲ့ ဆောင်ပုဒ်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က လှုံ့ဆော်တိုက်တွန်းခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်(COVID-19)...

အလှည့်အပြောင်းများခဲ့သော ၂၀၂၀ ပြည့်နှစ်မြန်မာ့စီးပွားရေးကဏ္ဍ

၂၀၂၀ ခုနှစ်သည် မြန်မာ့စီးပွားရေးကဏ္ဍ အပေါ် သက်ရောက်မှု ကြီးခဲ့သည့်နှစ် တစ်နှစ်လည်းဖြစ်ခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အားယူနေဆဲမှာပင် မတ်လ မှစတင်ကာ ပြည်တွင်း ၌ကူးကိုရိုနာဗိုင်းရပ်စက်မှုများ စတင်ခဲ့ပြီးနောက် မူလထဲကအကျပ်အတည်းများနှင့်ရင်ဆိုင်နေရသည့် မြန်မာ့စီးပွားရေးကဏ္ဍမှာ ပိုမိုယိုင်နဲ့သွားခဲ့ရသည်။ လက်ရှိ အချိန်အထိ ကပ်ရောဂါဘေးအတွက်တိုက်ပွဲဝင်နေရဆဲ ဖြစ်သကဲ့သို့ တစ်နှစ်ပတ်လုံးနီးပါး COVID-19 ပြဿနာ အတွင်းဖြတ်သန်းခဲ့ ရသည့် မြန်မာ့စီးပွားရေးကဏ္ဍ၏ သိသာထင်ရှားသော အလှည့်အပြောင်းများကို အနှစ်ချုပ်ဖော်ပြလိုက်ပါသည်။

နယ်ပယ်အသီးသီးမှအောင်မြင်ထင်ရှားသူတို့၏ နှစ်သစ်ဆုတောင်း

၂၀၂၀ ပြည့်နှစ်ဟာ မြန်မာနိုင်ငံအတွက် ဆိုးဝါးတဲ့ ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်ခဲ့ရတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ သည်အတွက် လူမှုရေး၊ စီးပွားရေးတွေ နှောင့်နှေးခဲ့ရပါတယ်။ သန်းခေါင်ယံကို ကျော်ဖြတ်ပြီးရင် နံနက်မိုးသောက်ရစမြဲဖြစ်ပါတယ်။ စံတော်ချိန်ဒစ်ဂျစ်တယ်စာဖတ်ပရိသတ်များအနေနဲ့လည်း ၂၀၂၀ ပြည့်နှစ်မှာ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်ခဲဒုက္ခတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီး ၂၀၂၁ ခုနှစ်မှာ အနာဂတ်မျှော်မှန်းချက်တွေကို စိတ်သစ်၊ လူသစ်၊ အားအင်သစ်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နယ်ပယ်အသီးသီးမှာ အောင်မြင်ထင်ရှားသူတို့ရဲ့ ဆုတောင်းစကားများကို...