ဉာဏ်ရည်မသန်စွမ်း မုဒိမ်းမှုများကို လေ့လာနေသူ နော်ဇာဖြူခန့်နှင့် တွေ့ဆုံခြင်း

လက်ရှိအချိန်တွင် လူစိတ်ဝင်စားမှုအများဆုံးဖြစ်နေပြီး နေ့စဉ်နှင့်အမျှလည်း မြင်နေ၊ ကြားနေရသည်က မုဒိမ်းမှုများဖြစ်သည်။ အဆိုပါ မုဒိမ်း မှုများတွင် အရွယ်ရောက်ပြီးနှင့် သက်ငယ်ဟူ၍ ခွဲခြားကာ ထိရောက်သောတရားစီရင်မှုဖြစ်လာရန် တိုက်တွန်းမှုများရှိနေသော်လည်း မသန်စွမ်းများအတွက်မူ ပိုမိုထိရောက်သော ပြောဆိုဆောင်ရွက်ခြင်းဒများကို မြင်တွေ့ရခြင်းမရှိသေးသည့်အတွက် ဉာဏ်ရည်မသန်စွမ်းသည့် အမျိုးသမီးငယ်များခံစားနေရသည့် မုဒိမ်းမှုများကို လေ့လာနေသူ နော်ဇာဖြူခန့်နှင့် စံတော်ချိန်က တွေ့ဆုံမေးမြန်းခဲ့သည်များမှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ မေး - ဒီမှာ ဘာတာဝန်များယူထားလဲဆိုတာ သိပါရစေ။ ဖြေ - ကျွန်မက မသန်စွမ်းတွေနစ်နာတဲ့အမှုတွေကို...

ဥပဒေရေးရာအတိုင်ပင်ခံ တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်(စစ်တွေ)နှင့် တွေ့ဆုံမေးမြန်းခြင်း

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအစိတ်အပိုင်းတွင် များစွာအရေးပါသည့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဥပဒေသည် ယခုအချိန်တွင် အမျိုးသားလွှတ်တော်၌ ဆွေးနွေး၍ အတည်ပြုလိုက်ပြီဖြစ်ကာ ပြည်သူ့လွှတ်တော်၌ ဆက်လက်ဆွေးနွေးရမည်ဖြစ်သည်။ အာဆီယံနိုင်ငံများတွင် ပြဋ္ဌာန်းပြီးဖြစ်သော ယင်းဥပဒေသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် များစွာအရေးပါနေသည်။ ထို့ကြောင့် အဆိုပါဥပဒေက မည်သို့အကျိုးရှိသည်၊ မရှိသည်ကိုသိနိုင်ရန် ဥပဒေရေးရာအတိုင်ပင်ခံ တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်(စစ်တွေ)နှင့် စံတော်ချိန်က တွေ့ဆုံမေးမြန်းထားသည်များမှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည် - မေး - အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဥပဒေ Intellectual Property(IP) Lawတ အကြောင်းကို...

စားစရိတ်ရလိုမှုနှင့် ဖခင်တာဝန်

မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင်ဖခင်မယ်တို့တာ။ ဤကဗျာလေးကို ကျွန်တော်တို့ကလေးဘ၀က ဗလာစာအုပ်နောက်ကျောဖုံးတွင် ပုံနှိပ်ပါရှိသည်။ မိဘကျင့်ဝတ်ငါးပါးဟုလည်း ခေါင်းစီးပေးထားသည်။ အခြားသော သားသမီးကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်တို့ကိုလည်း တွေ့ရ၏။ ကျွန်တော်တင်ပြလိုသည်မှာ မိဘကျင့်ဝတ်များအနက် အနည်းငယ်မျှသာဖြစ်ပေသည်။ ကျွန်တော်တို့ မူလတန်းကျောင်းသားဘ၀က မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သည့် ၃၈ ဖြာမင်္ဂလာတရားတော်များကို လင်္ကာဖွဲ့သီထားသည့် ကဗျာလေးများကိုလည်း သင်ကြားရသည်။ ကလေးဘ၀ပေမို့လား၊ ကဗျာလေးများ ဆိုကောင်းအောင် သီဖွဲ့ထား၍လားမသိ။ ရလွယ်၊ မှတ်မိလွယ်ခဲ့ကြသည်။ ယနေ့တိုင် မမေ့နိုင်သေး။...

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေး ၁၉ရက်မြောက်နေ့တွင် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းအား တင်သွင်းခဲ့သည်။ အဆိုပါ ဥပဒေကြမ်းအရ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့ကို ပျက်ပြားသည့်သဘောဆောင်သော ဆန္ဒပြပွဲများကို ငွေပေးခြင်းဖြစ်စေ၊ ပစ္စည်းလက်ဆောင်ပေးခြင်းဖြစ်စေ ခိုင်းသူများအား ပြစ်မှုထင်ရှားပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်းပါရှိသည်။ ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းနှင့်...

အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးနှင့်တွေ့ဆုံခြင်း

ပေါ့ပေါ့ဆဆ မနေသင့်သည့် သွေးပေါင်ကျခြင်းအကြောင်း ဒါတွေက နည်းနည်းဂရုစိုက်ဖို့လိုတယ်။ အထူးသဖြင့်တော့ အသက်အရွယ်ကြီးတဲ့သူတွေ ပိုပြီးဂရုစိုက်ရမယ်။ သွေးပေါင်ကျတာကို သတိမထားမိဘဲ မူးတယ်။ သတိလစ်သွားတယ်။ တချို့အသက်ဆုံးရှုံးတဲ့အထိဖြစ်တာကို တွေ့ရပါတယ်။ လူတစ်ယောက်သည် ပြင်ပအခြေအနေ၊ ကိုယ်တွင်းခန္ဓာကိုယ်အခြေအနေတစ်ခုခုကြောင့် ပုံမှန်ရှိသင့်သည့်သွေးပေါင်ချိန်မှ သွေးတိုးခြင်းနှင့် သွေးပေါင်ချိန်ကျခြင်းတို့ ဖြစ်ပေါ်လေ့ရှိသည်။ သွေးတိုးခြင်းကို ရောဂါတစ်ရပ်အနေဖြင့် လူအများက သိရှိထားပြီး ဘယ်လိုစားသောက်နေထိုင်ရမလဲဆိုသည်ကို သိရှိကြသည်။ ရုတ်တရက် သွေးပေါင်ကျတတ်ခြင်း၊ မိမိကိုယ်ကို သွေးပေါင်ကျနေမှန်းမသိခြင်းတို့နှင့်ပတ်သက်၍ သိရှိထားသင့်သည်များကို အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးနှင့်စံတော်ချိန်က တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်...

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် လမ်းညွှန်

တက္ကသိုလ်ဝင်စာမေးပွဲအတွက် မြန်မာစာ ဘာသာရပ်မှာ ပြဋ္ဌာန်းချက်စာအုပ်တွေကတော့ မြန်မာကဗျာလက်ရွေးစင်၊ မြန်မာစကားပြေလက်ရွေးစင်၊ ရေသည်ပြဇာတ်၊ မြန်မာသဒ္ဒါအတွဲ (၂)အခန်း(၆)တို့ဖြစ်ကြတယ်။ မေးခွန်းပုံစံအရ ၁။ (က) မှာ မြန်မာသဒ္ဒါမှတ်စု ငါးခုမေးမှာဖြစ်တယ်။ (၁)စာအမျိုးမျိုး၊ (၂)သဏ္ဌာန်ပြောင်းအက္ခရာ၊ (၃)ဝါစင်္ဂ၊ (၄)ဋ္ဌာန်၊ ကရိုဏ်း၊ ပယတ်၊ (၅)ပါဋ္ဌ်ဆင့်ရေးနည်း၊ ဖတ်နည်းတို့ပဲဖြစ်တယ်။ အဲဒီထဲက နှစ်မျိုးလောက်ကို အပိုင်ကျက်မှတ်လေ့လာထားရင် (၅)မှတ်အပိုင်ရပြီပေါ့။ ဥပမာ။ ။ ပေစာပုရပိုက်စာ၊ အုတ်ခွက်စာ၊ ခေါင်းလောင်းစာ၊ ကျောက်စာ၊ ဋ္ဌာန်၊ ကရိုဏ်း၊...

သားဖွားမီးယပ်ပညာဌာန ဆေးတက္ကသိုလ်(၁)ပါမောက္ခ/ဌာနမှူး ဒေါ်စမ်းစမ်းမြင့်နှင့်တွေ့ဆုံခြင်း

ခေတ်နှင့်အညီ အမျိုးသားများနှင့် ရင်ပေါင်တန်းအလုပ်လုပ်နေကြသော အမျိုးသမီးတိုင်းသည် ငယ်ရွယ်စဉ်ကတည်းက လှပမှုကို ဂရုစိုက်သကဲ့သို့ ခန္ဓာကိုယ်တွင်းရောဂါများကင်းစင်အောင်လည်း အထူးဂရုစိုက်ရမည့်အခြေအနေဖြစ်လာသည်။ မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုသည် ဒုတိယအဖြစ်အများဆုံးရောဂါဟု သိရသည်။ သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်လျှင် အများအားဖြင့် အချိန်လွန်မှသာ ဆေးရုံသို့ရောက်ရှိလာကြသည့်အတွက် အသက်ဆုံးရှုံးမှုများ ဖြစ် ပေါ်ရသည်။ ယနေ့အချိန်အခါတွင် အမျိုးသမီးများ၏ သားအိမ်ခေါင်းကင်ဆာ အကြိုစစ်ဆေးခြင်းကို ဗဟိုအမျိုးသမီးဆေးရုံကြီး အပါအ၀င် ဆေးရုံကြီးများတွင် စစ်ဆေးပေးလျက်ရှိနေပြီဖြစ်သည်။ သို့ဖြစ်၍ သားအိမ်ခေါင်းကင်ဆာအကြိုစစ်ဆေး၊ ကုသခြင်းနှင့်ပတ်သက်၍ သားဖွားမီးယပ်ပညာဌာန ဆေးတက္ကသိုလ်(၁) ပါမောက္ခ/ဌာနမှူး...

အင်းဒင်ဖြစ်စဉ်ကို ရိုက်တာထုတ်ဖော်ရေးသားမှုနှင့်ပတ်သက်၍ ရှေ့နေဦးခင်မောင်ဇော်နှင့်ဆက်သွယ်မေးမြန်းခြင်း

ရခိုင်ပြည်နယ်၊ အင်းဒင်ကျေးရွာတွင် ဘင်္ဂါလီ(မူရင်းအဆို ရိုဟင်ဂျာ) ၁၀ ဦး အသတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သတ်၍ ရိုက်တာသတင်းဌာနက ယနေ့ထုတ်ဖော်ရေးသားလိုက်သည်။ အဆိုပါသတင်းကို မြန်မာနိုင်ငံအစိုးရ လျို့ဝှက်ချက်များအက်ဥပဒေဖြင့် ဖမ်းဆီးစစ်ဆေးခြင်းခံနေရသော သတင်းထောက်ဝလုံးနှင့်ကျော်စိုးဦးအပါအဝင် နိုင်ငံခြားသား သတင်းထောက်နှစ်ဦးတို့ကပူးပေါင်းရေးသားခဲ့ခြင်းဖြစ်သည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ ဖမ်းဆီးစစ်ဆေးခြင်းခံနေရသော မြန်မာသတင်းထောက်နှစ်ဦး၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်ကိုစံတော်ချိန်က ဆက်သွယ်မေးမြန်းထားခြင်းကို ဖော်ပြလိုက်ပါသည်။ စံတော်ချိန် - ရိုက်တာသတင်းဌာနက ဒီနေ့ဖော်ပြခဲ့တဲ့သတင်းနဲ့ ပတ်သက်ပြီးသတင်းရရှိဖို့အချက်အလက် စုဆောင်းတဲ့အတွက် ဖမ်းဆီးခံထားရတဲ့ သတင်းသမားနှစ်ဦးအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲ။ ရှေ့နေဦးခင်မောင်ဇော် - အခုကတော့ အမှုအတိုင်းသွားနေတာပေါ့ဗျာ။ သို့သော်သတင်းကိုသတင်းအနေနဲ့...

မေးမြန်းလျှောက်ထား ဓမ္မစကား

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်အနာထပိဏ်သူဌေး၏ အရန်ဖြစ်သော ဇေတဝန်ကျောင်း၌သီတင်းသုံးနေတော်မူ၏။ ထိုအခါ အနာထပိဏ်သူဌေးသည် ဘုရားထံသို့ ချဉ်းကပ်၏။ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏။ တစ်ခုသောနေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးအား မြတ်စွာဘုရားသည် ဤစကားကိုမိန့်တော်မူ၏- "သူကြွယ်....အကြင်အခါ၌ အရိယာသာဝကဖြစ်သူအား ငါးပါးသောဘေး၊ ငါးပါးသောရန်တို့သည် ငြိမ်းကုန်၏။ လေးပါးသော သောတာပတ္တိအင်္ဂါနှင့် ပြည့်စုံ၏။ ထိုအခါအရိယာတပည့်သည် အပြစ်ကင်းသော၊ သိအပ်သောတရားကို ပညာဖြင့်ကောင်းစွာမြင်အပ်၏။ ကောင်းစွာထိုးထွင်း၍ သိအပ်၏။ ထိုအရိယာတပည့်သည် အလိုရှိခဲ့သော် ငါ့အား...

တန်ဖိုးနည်း Surface Book 2 ကို မိတ်ဆက်လိုက်တဲ့ Microsoft

Microsoft ကနေ ယခင်ကထက် ဈေးနှုန်းသက်သာတဲ့ Surface Book 2 လက်တော့ပ် ကို မိတ်ဆက်လိုက်ပြီး ဒေါ်လာ ၁၁၉၉ နဲ့ ရောင်းချသွားမှာလို့ သိရပါတယ်။ ယခင်ကထုတ်လုပ်ခဲ့တဲ့ Surface Book 2 ကို ဒေါ်လာ ၁၄၉၉ နဲ့ ရောင်းချခဲ့တာဖြစ်ပြီး အခုမိတ်ဆက်လိုက်တဲ့အမျိုးအစားက ဒေါ်လာ ၃၀၀ လောက်သက်သာသွားပေမယ့် Storage ပိုင်းကိုသာ အဓိကထားပြောင်းလဲထားလို့ စွမ်းဆောင်ရည်ပိုင်းကတော့ သိသိသာသာကွာခြား ခြင်းမရှိပါဘူး။ မိတ်ဆက်လိုက်တဲ့ Surface...