နယ်ပယ်အသီးသီးမှအောင်မြင်ထင်ရှားသူတို့၏ နှစ်သစ်ဆုတောင်း

၂၀၂၀ ပြည့်နှစ်ဟာ မြန်မာနိုင်ငံအတွက် ဆိုးဝါးတဲ့ ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်ခဲ့ရတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ သည်အတွက် လူမှုရေး၊ စီးပွားရေးတွေ နှောင့်နှေးခဲ့ရပါတယ်။ သန်းခေါင်ယံကို ကျော်ဖြတ်ပြီးရင် နံနက်မိုးသောက်ရစမြဲဖြစ်ပါတယ်။ စံတော်ချိန်ဒစ်ဂျစ်တယ်စာဖတ်ပရိသတ်များအနေနဲ့လည်း ၂၀၂၀ ပြည့်နှစ်မှာ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်ခဲဒုက္ခတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီး ၂၀၂၁ ခုနှစ်မှာ အနာဂတ်မျှော်မှန်းချက်တွေကို စိတ်သစ်၊ လူသစ်၊ အားအင်သစ်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နယ်ပယ်အသီးသီးမှာ အောင်မြင်ထင်ရှားသူတို့ရဲ့ ဆုတောင်းစကားများကို...

“အနုပညာရှင်များ၏ နှစ်သစ်ဆုတောင်းစကားသံများ”

◾ "၂၀၂၁ ကို ဒီနှစ်ကရတဲ့ အတွေ့အကြုံတွေနဲ့ အကောင်းဆုံး ဆက်လက်ဖြတ်သန်းကြရအောင်" ◾ "ကျန်းမာရေးတွေ ကောင်းပြီး စိတ်ချမ်းသာစွာနဲ့ ဖြတ်သန်းနိုင်ကြပါစေ" ◾ ၂၀၂၀ ပြည့်နှစ်ကို ကုန်လွန်၍ ၂၀၂၁ ခုနှစ် နှစ်သစ်ကာလကို ရောက်ရှိတော့မည်ဖြစ်သည်။ မကြာမီရောက်ရှိတော့မည့် ၂၀၂၁ခုနှစ် နှစ်သစ်ကာလအတွက်...

ကိုဗစ်နှင့်အတူယှဉ်တွဲနေထိုင်၍ လုပ်ငန်းဆောင်တာများ ဆောင်ရွက်ကြရမည့်အပေါ် ကျန်းမာရေးပညာရှင်တို့၏စကားသံများ

COVID-19ရောဂါနှင့်အတူယှဉ်တွဲနေထိုင်၍ လုပ်ငန်းဆောင်တာများ ဆောင်ရွက်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက “နေထိုင်မှုပုံစံသစ်များဖြင့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြပါစို့” ဟူသည့် ဆောင်ပုဒ်နှင့် ယမန်နေ့(ဒီဇင်ဘာ ၂၂ရက်)ကထုတ်ပြန်ထားသည်။ COVID-19ရောဂါသည် ကမ္ဘာပေါ်တွင် ဆက်လက်တည်ရှိ ကူးစက်ဖြစ်ပွါးနေမည်ဖြစ်၍ ပြည်သူလူထုအားလုံးအနေဖြင့် ဆက်လက်ရှင်သန် နေထိုင်ရမည်ဖြစ်သောကြောင့် စီးပွားရေး၊ လူမှုရေး၊ပညာရေး၊ကျန်းမာရေး စသည့်လုပ်ငန်းအသီးသီးကို ပုံမှန်အတိုင်းပြန်လည်ဆောင်ရွက်နိုင်ရန် စဉ်းစားကြံဆကြိုးပမ်းကြရမည်ဖြစ်သည်။

အစိုးရသစ်ဖွဲ့စည်းမှုနှင့် ဝန်ကြီးဟောင်းများပြန်လည်ပါဝင်မှုအပေါ်သူတို့အမြင် (အပိုင်း – ၂)

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒီဇင်ဘာ (၁၂) တွင် နေပြည်တော်၌ ဗဟိုအလုပ် အမှုဆောင်အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးအပြီး အစိုးရသစ်ဖွဲ့စည်းရာတွင် လက်ရှိတာဝန်ယူထားသည့်ဝန်ကြီးများ ပြန်လည်ပါဝင်လာမည်ဖြစ်ကြောင်း ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က သတင်းမီဒီယာများအားပြောကြားခဲ့သည်။ လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ၂၄ ခုရှိပြီး ပြည်ထောင်စုဝန်ကြီး ၂၃ ဦး၊ ဒုဝန်ကြီး ၂၇ ဦးရှိသည်။...

ကိုဗစ်တိုက်ပွဲကြား အထိနာလာတဲ့ တိုက်စစ်မှူးများ

ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID-19 ကို တခြားသောနိုင်ငံများနည်းတူ မြန်မာနိုင်ငံသည်လည်း ကြံ့ကြံခံရင်ဆိုင်နေရတာဟာ အခုဆိုရင် ၉ လကျော် ကာလကို ကျော်လွန်ရောက်ရှိလာခဲ့ပါပြီ။ တစ်ကျော့ပြန် COVID-19 ကြောင့် မြန်မာမှာ ဓာတ်ခွဲအတည်ပြုလူနာတွေဟာ နေ့စဉ်ထောင်နဲ့ချီ တိုးလာနေသလို သေဆုံးမှုကလည်း နေ့စဉ်နဲ့အမျှ ရှိလို့နေပါတယ်။ စက်တင်ဘာလကနေ လက်ရှိ ဒီဇင်ဘာလဆန်းပိုင်းအထိ နေ့စဉ် လူနာသစ်ဦးရေ ၁,၀၀၀...

ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်း ဥပဒေအတိုင်ပင်ခံ ဒုတိယဥက္ကဋ္ဌ ဦးမျိုးကြီးနှင့်ဆက်သွယ်မေးမြန်းခြင်း

"ခရီးသွားမယ့်သူက ပိုက်ဆံပိုမှ သွားမှာ၊ အခုကျတော့ အားလုံးကလည်း ဘယ်သူမှမပိုဘူး။ ဖြေလျှော့ခွင့်ပေးလိုက်ရင်တောင် ပိုက်ဆံရှာဖွေရဦးမယ်" ကိုဗစ်(၁၉)ကပ်ရောဂါကြောင့် ထိခိုက်မှုအများဆုံးလုပ်ငန်းများထဲတွင် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများလည်း အပါအဝင်ဖြစ်သည်။ အဆိုပါလုပ်ငန်းများ၏ ကိုဗစ်ကာလအခက်အခဲများကို ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း ဥပဒေ အတိုင်ပင်ခံ ဒုတိယဥက္ကဋ္ဌ ဦးမျိုးကြီးနှင့် စံတော်ချိန်က ဆက်သွယ်မေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်-

ရတနာနတ်မယ် (သို့) လျှို့ဝှက်ခြင်းရဲ့သတို့သမီး

အာဏာရှင်ဟောင်းမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌဦးနေဝင်း၏ ဇနီး ဟောင်း ဒေါ်ရတနာ နတ်မယ်(ခ)June Rose Bellamy သည် ယမန် နေ့ (ဒီဇင်ဘာ၁ရက်)က ၎င်းနေထိုင်ရာအီတလီနိုင်ငံ၊ ဖလော်ရင့်စ်မြို့ ၌ သက်ကြီး ရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း၎င်း၏သားဖြစ်သူMichele Bellamy Postiglione ကလူမှုကွန်ရက်ပေါ်တွင်ဖော်ပြခဲ့သည်။ ကွယ်လွန်ချိန်တွင်အသက်(၈၈)နှစ်ရှိပြီဖြစ်သည့်ဒေါ်ရတနာနတ်မယ်ကိုမြန်မာနိုင်ငံ၌နှစ်ရှည်ကြာနေထိုင်ခဲ့သည့်သစ်ခွစုဆောင်းသူ ဩစတြေးလျ နိုင်ငံသား၊ အင်္ဂလိပ်လူမျိုး ဟားဘတ် ဘယ်လာမီ (Herbert...

တပ်မတော်၏ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ထုတ်ပြန်ချက်အပေါ် သူတို့ ဘယ်လိုမြင်သလဲ

"တပ်မတော် ခေါင်းဆောင်ပိုင်း က ပြည်သူလူထုကို အာမခံပြောကြားထားတဲ့ တပ်မတော်သားများသည် မိမိတို့ နှစ်သက်ရာနိုင်ငံရေးပါတီကိုလွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိသည်ဆိုတဲ့ ညွှန်ကြားချက်ကို ဆန့်ကျင်ခြင်းမရှိဘူးဆိုရင် တစ်စုံတစ်ရာ ဝေဖန်ခြင်းမရှိပါဘူး" ဒေါက်တာမျိုးညွန့် ( အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြောရေးဆိုခွင့်ရှိသူ) နိုဝင်ဘာ ၃၀ ရက်ညပိုင်းတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်ပတ်သက်၍ ရွေးကောက်ပွဲ ဖြစ်စဉ်များသည် ဥပဒေနှင့်အညီ နည်းလမ်းတကျ...

၂၀၂၀ အလွန် တပ်ချုပ် အလားအလာ

နေပြည်တော်ကောင်စီနယ်မြေရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အခြေစိုက်ရာဝင်းအတွင်း တစ်ခုသော အစည်းအဝေး ခန်းမထဲတွင် သူက သူ၏တိုင်းစစ်ဌာနချုပ်တိုင်းမှူးများကို ရွေးကောက်ပွဲနှင့်ပတ်သက်၍ အဓိကအချက်နှစ်ချက်ကို Video Conferencing မှတစ်ဆင့်မှာကြားနေသည်။ ‘ကိုယ်စားလှယ်များကိုမဲပေးရွေးချယ်ရာတွင် ဒို့တာဝန်အရေးသုံးပါးကို လိုက်နာဆောင်ရွက်သူ’၊ ‘ဒေသအကျိုးကို သယ်ပိုး နိုင်သူကို ရွေးချယ်ရန်’ဆိုသည့်အချက်နှစ်ချက်ကို အဓိကထားမှာကြားခြင်းဖြစ်သည်။ တိုင်းမှူးများကလည်း သူပြောသမျှကို မှတ်စုစာအုပ်များထဲတွင်ရေးမှတ်နေကြသည်။

NLD ဒုတိယအစိုးရသက်တမ်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးနှင့် သူတို့အမြင်

"စည်းလုံးညီညွတ်ရေးအတွက် တိုင်းရင်းသားတွေလည်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ တတပ်တအား ပါဝင်စေချင်တယ်ဆိုလို့ရှိရင် ဖြိုခွဲရေးတော့မဖြစ်စေနဲ့" ဦးရဲထွန်း(မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ) သီပေါမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမကျင်းပမီ နိုဝင်ဘာ ၄ ရက်တွင် သမ္မတအိမ်တော်၌ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံ‌တော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နိုင်ငံတော်အစိုးရအနေနှင့် ၂၀၂၀ အလွန်တွင် အမျိုးသားညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို သိသိသာသာဦးစားပေးလုပ်ဆောင်သွားဖို့ရှိကြောင်း သတင်းမီဒီယာများကိုပြောကြားခဲ့သည်။