ချင်းမျိုးချစ်ခေါင်းဆောင် ဗိုလ်ကြွန်ဘိခ်ဇာတိ တာရွှန်းရွာသို့

မြင့်မားသော တောင်တန်းများပေါ် ဖြတ်သန်းတိုက်ခတ်လာသည့်လေက အေးတစိမ့်စိမ့် ရှိလှသည်။ ပေ၅၀၀၀ ကျော်တောင်များပေါ်က တိုက်ခတ်လာသည့်လေဆိုတော့ မအေးဘယ်ရှိလိမ့်မလဲ။ ချင်းပြည်နယ်၏ ပင်ကိုသဘာဝအတိုင်း ဆောင်းတွင်းကာလမှာ သူမတူအောင်အေးမြမြဲ ဖြစ်သည်။ ဖလမ်းမြို့ကို ကျွန်တော်နှင့်အတူ ကလေးမြို့က အမြဲတမ်း ခရီးသွားဖော် ဉီးမျိုးသိန်း(သမုတိသစ္စာ)တို့ ရောက်ရှိချိန်မှာ ညနေ...

ကိုရိုနာဗိုင်းရပ်စ်ဖြစ်စဉ် (ကိန်းဂဏန်းအခြေပြုချက်)

ပြီးခဲ့သည့်နှစ် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ဟွာနန်ပင်လယ်စာဈေးထဲမှစခဲ့သည့်ကိုရိုနာဗိုင်းရပ်စ်ဖြစ်စဉ်နှင့်ပတ်သက်၍ ကိန်းဂဏန်းအချက်အလက်များကို အခြေပြုထားချက်များဖြစ်ပါသည်။ ပြင်းထန်အဆုတ်ရောင်ရောဂါဟုလူသိများသည့် 2019 Novel Coronavirus သည် လေမှတစ်ဆင့်ကူးစက်တတ်ပြီး ရောဂါလက္ခဏာမပြမီကာလမှာပင် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည်။ ...

အကျော်အမော်ရူပဗေဒပညာရှင်ရဲ့ဘ၀တစ်ခန်းရပ်

ကမ္ဘာကျော်ရူပဗေဒပညာရှင်စတီဖင်ဟော့ကင်းကို၁၉၄၂ခုနှစ်ဇန်နဝါရီ ၈ ရက်ကအောက်စဖို့ဒ်မှာမွေးဖွားခဲ့ပြီး ယနေ့မှာတော့ဘ၀နိဂုံးချုပ်ခဲ့ပါပြီ။ဟော့ကင်းရဲ့မွေးရက်ဟာနမိတ်ကောင်းတဲ့နေ့ရက်ဖြစ်တယ်လို့ယူဆပြီးဒီရက်ဟာ တိုက်တိုက်ဆိုင်ဆိုင် နက္ခတ္တဗေဒပညာရှင်ဂယ်လီလီယိုသေဆုံးတဲ့နှစ် ၃၀၀ပြည့်နေ့လည်းဖြစ်ပါတယ်။ ဟော့ကင်းဟာအသက်၂၁နှစ်အရွယ်မှာစင်္ကြာဝဠာဗေဒကိုကင်းဘရစ်ခ်ျတက္ကသိုလ်မှာ တက်ရောက်သင်ယူခဲ့ပြီးနောက် Amyotrophic lateral Sclerosis(ALS)လို့ခေါ်တဲ့ခန္ဓာကိုယ်လှုပ်ရှားစေ တဲ့ကြွက်သားတွေကို ထိမ်းချုပ်တဲ့ အာရုံကြောပိုင်းဆိုင်ရာရောဂါကို စတင်ခံစားခဲ့ရပြီးဆရာဝန်တွေက ၂နှစ်ခန့်သာအသက်ရှင်နိုင်တော့မယ် လို့ခန့်မှန်းပြောဆိုခဲ့ပြီး အဲဒီရောဂါကြောင့်သူဟာ ယနေ့ကွယ်လွန်ချိန်အထိလက်တွန်းလှည်းပေါ်တွင် သာနေထိုင်ခဲ့ရသလိုလက်တစ်ဖက်သာလျှင်လှုပ်ရှားနိုင်ခဲ့ပါတယ်စကားပြောဆိုရာတွင်လည်းကိရိယာ အကူအညီနဲ့သာစကားပြောဆိုနိုင်ပါတယ်။ “ကျွန်တော့အခြေအနေအတွက်မစဉ်စားသလိုကျွန်တော်မလုပ်နိုင်အောင်တားဆီးထားတဲ့အရာတွေအတွက် လဲနောင်တမရပဲ လူသာမာန်တစ်ယောက်၏ ဘဝတစ်ခုအနေနဲ့သာ သွားနိုင်အောင်အမြဲကြိုးစားပါတယ်” လို့ဟော့ကင်းကဆိုခဲ့ပါတယ်။ “ကျွန်တော်ကံကောင်းခဲ့တာကတော့ကျွန်တော့အခြေအနေဟာသာမန်ထက်တိုးတက်မှုနှုန်းနှေးကွေးခဲ့တာပဲဖြစ်ပြီးဒါကဘာကိုပြလဲဆိုရင် လူတစ်ယောက်ဟာမျှော်လင့်ချက်တွေ မဆုံးရှုံးဖို့လိုအပ်ပါတယ်” လို့ဆိုပါတယ်။ ဟော့ကင်းဟာရူပဗေဒပညာရှင်တစ်ဦးအဖြစ်သာမကပဲစာအုပ်ပေါင်းများစွာကိုရေးသားခဲ့တဲ့စာရေးဆရာတစ်ယောက်အနေနဲ့ပါထင်ရှားကျော်ကြားခဲ့ပါတယ်။ သူရေးသားခဲ့တဲ့အချိန်သမိုင်းအတိုချူပ် (A Brief History of...

စားစရိတ်ရလိုမှုနှင့် ဖခင်တာဝန်

မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင်ဖခင်မယ်တို့တာ။ ဤကဗျာလေးကို ကျွန်တော်တို့ကလေးဘ၀က ဗလာစာအုပ်နောက်ကျောဖုံးတွင် ပုံနှိပ်ပါရှိသည်။ မိဘကျင့်ဝတ်ငါးပါးဟုလည်း ခေါင်းစီးပေးထားသည်။ အခြားသော သားသမီးကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်တို့ကိုလည်း တွေ့ရ၏။ ကျွန်တော်တင်ပြလိုသည်မှာ မိဘကျင့်ဝတ်များအနက် အနည်းငယ်မျှသာဖြစ်ပေသည်။ ကျွန်တော်တို့ မူလတန်းကျောင်းသားဘ၀က မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သည့် ၃၈ ဖြာမင်္ဂလာတရားတော်များကို လင်္ကာဖွဲ့သီထားသည့် ကဗျာလေးများကိုလည်း သင်ကြားရသည်။ ကလေးဘ၀ပေမို့လား၊ ကဗျာလေးများ ဆိုကောင်းအောင် သီဖွဲ့ထား၍လားမသိ။ ရလွယ်၊ မှတ်မိလွယ်ခဲ့ကြသည်။ ယနေ့တိုင် မမေ့နိုင်သေး။...

မီးလောင်ပြင်များကို ဖြတ်သန်းခြင်း(၂)

(၂၂- ၁-၂၀၁၈ ရက်မှအဆက်) မောင်တောမြို့တွင် တစ်ညတာတည်းခိုပြီး နောက်တစ်နေ့မနက်ပိုင်း (ဇန်နဝါရီ ၈ ရက်)တွင် ကျွန်တော်တို့ သတင်းမီဒီယာအဖွဲ့သည် ဘင်္ဂါလီအများစုနေထိုင်သည့် မောင်တောဒေသတောင်ပိုင်းသို့ ခရီးဆက်ခဲ့ကြသည်။ အကြမ်းဖက်ဖြစ်စဉ်များနှင့်အတူ လူသိများသည့် ငါးခူရကျေးရွာနှင့် တောင်ပြိုလက်ဝဲကျေးရွာများသို့ သွားရောက်သတင်းရယူရန် ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း ဆက်လက်ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။ ပထမဆုံးအနေဖြင့် ကျီးကန်းပြင်ကျေးရွာရှိ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးသို့ ရောက်ရှိခဲ့ပြီး ယင်းစခန်းရှေ့တွင် သတင်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ စခန်းရှေ့တွင် ကျီးကန်းပြင်ကျေးရွာအခြေခံပညာ အထက်တန်းကျောင်းခွဲရှိသည်။ အဆိုပါကျောင်းတွင် ပညာသင်ကြားကြသူများအနက် မွတ်စလင်ကျောင်းသားများမှာ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးမှုများကြောင့် ကျောင်းသားဦးရေလျော့နည်းသွားသော်လည်း အကြမ်းဖက်မှုဖြစ်စဉ်ကြောင့်တိမ်းရှောင်လာသည့်...

ဓားတောင်ကိုဖြတ်ကျော်နေသူ (သို့) မြင့်မြတ်အောင်မြင်

ချိုင်းထောက်နှစ်ခုပေါ်တွင် လက်ကိုထိန်းတင်ထားရင်း ဆရာအောင်ဌေး (ဥက္ကလာ) ၏ ဖြေကြားချက်များကို အသံဖမ်းယူနေသည့် လူတစ်ဦး။ ထိုသူက ခပ်နက်နက် အသားအရေပေါ်တွင် အင်္ကျီအစိမ်းရောင်ကို ဆင်မြန်းထားပြီး လျှာထိုးဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားသဖြင့် အနည်းငယ် ထူးဆန်းသလိုပင်။ မြန်မာကဗျာလေ့လာနည်း စာအုပ်မိတ်ဆက်ပွဲသို့ တက်ရောက်လာသည့် ထိုသူက ခြေထောက်နှစ်ဖက်စလုံးအားအင်မရှိသည့် ပုံသဏ္ဌာန်ဖြစ်နေသော်လည်း သတင်းထောက်များ လုပ်လေ့လုပ်ထရှိသည့် မှတ်စုလိုက်ခြင်း၊ အသံဖမ်းခြင်း၊ ဓာတ်ပုံမှတ်တမ်းရယူခြင်း လုပ်ငန်းများကို ချိုင်းထောက်ကိုအားပြုရင်း လုပ်ကိုင်လျက်ရှိ၏။ "မသန်စွမ်းဖြစ်နေလို့ဆိုပြီး သတင်းထောက်အလုပ်ကို မလုပ်နိုင်ဘူးဆိုတာကို ကျွန်တော်လက်မခံပါဘူး။ ဒါကိုသက်သေပြတာပါပဲ"...

မီးလောင်ပြင်များကို ဖြတ်သန်းခြင်း(၁)

မီးလောင်ပြင်များဖြင့် ကြေမွပျက်စီးနေသည့်ကျေးရွာများက လမ်းဘေးတစ်လျှောက် နေရာယူထားကြသည်။ လူသုံးကုန် အိုးခွက်၊ ပန်းကန်များ၊ ထိုင်ခုံအကျိုးအပဲ့များ၊ ဗီရိုအကျိုးအပဲ့၊ စက်ဘီးများနှင့် အမည်းရောင်ပြောင်းနေသည့် ကွမ်းသီးပင်များ၊ အုန်းပင်များက မီးလောင်ပြင်များအကြားတွင် နေရာယူလျက်ရှိသည်။ ကားလမ်းဘေးတစ်လျှောက်ရှိ ကျေးရွာအချို့တွင်သာ လူများနေထိုင်သည်ကိုတွေ့ရပြီး ကျေးရွာအများစုမှာ လူမနေသည့်မီးလောင်ပြင်ရွာများအဖြစ်သာ တွေ့ရပြီး တချို့မှာ သစ်ပင်ချုံနွယ်များပင် စတင်ဖုံးလွှမ်းစပြုနေပြီဖြစ်သည်။ အဆိုပါ မြင်ကွင်းမှာ ၂၀၁၇ခုနှစ် ဩဂုတ်လအတွင်းက မောင်တောဒေသတွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များနှင့် နေအိမ်မီးရှို့ထွက်ပြေးမှုများ၏ နောက်ဆက်တွဲအခင်းအကျင်းများပင်။ အကြမ်းဖက်တိုက်ခိုက်ခံရမှုများနှင့်အတူ နိုင်ငံတကာ၏ ဖိအားပေးဝေဖန်မှုများ ကြုံတွေ့နေရသည့် ဖြစ်စဉ်များတည်ရှိရာ ရခိုင်ပြည်နယ်...

ဟို….အဝေးမှာ လရောင်က မပြယ်

သူသည် စာရေးသည်၊ သီချင်းဆိုသည်၊ ဒါရိုက်တာလုပ်သည်၊ မဂ္ဂဇင်းထုတ်သည်၊ သူလုပ်သည့် အလုပ်တိုင်း အောင်မြင်ခဲ့သည်။ သီချင်းအနည်းငယ် ရေးခဲ့သော်လည်း 'သန်းမြတ်စိုး'အတွက် ရေးပေးခဲ့သော 'ထီးကလေးနဲ့ နှစ်ကိုယ်ယှဉ်'က ကျွန်တော့်ရင်ကို အတည့်မတ်ဆုံးထိသွားသော သီချင်းဖြစ်သည်။ 'ဘ၀ဆိုသည်မှာ မွေးဖွားခြင်းနှင့် သေဆုံးခြင်းကြားထဲက ကွက်လပ်လေးတစ်ခု'ဟု ကျွန်တော်နားလည်ထားသည်။ ထို့ကြောင့် အသက်ရှင်ခွင့်ရသည့် ထိုကွက်လပ်လေးထဲတွင် ကျွန်တော်တို့၏ ဘ၀နေနည်းသည်ပင် ကျွန်တော်တို့၏ သမိုင်းဖြစ်သည်။ ကျွန်တော်တို့ မြန်မာစကားတွင် 'လူသေသော်လည်း နာမည်မသေသူနှင့် လူမသေသော်လည်း နာမည်သေသူ' ဆိုသော...