သရုပ်ဆောင် စဝ်ယွန်းဝတီဦးနှင့်တွေ့ဆုံခြင်း

အလှမယ်တစ်ဦးအဖြစ်မှ သရုပ်ဆောင်လောကထဲသို့ ခြေချလာပြီဖြစ်သည့် သရုပ်ဆောင် စဝ်ယွန်းဝတီဦးသည် onf Stellar Seven Entertainment နှင့် စာချုပ်ချုပ်ဆိုထားပြီး ဇာတ်လမ်းတွဲများတွင် ပါဝင်ရိုက်ကူးနေပြီဖြစ်သည်။ ဟစ်တိုင်ရုပ်ရှင်ဇာတ်ကားကြီးတွင်လည်း ပါဝင်သရုပ်ဆောင်ထားပြီး အဆောင်ဇာတ်လမ်းတွဲ အတွဲ(၁)တွင်လည်း ပါဝင်သရုပ်ဆောင်ထားသည်။ လက်ရှိတွင် အဆောင်(အိပ်မက်နိဒါန်း) အတွဲ(၂)ကို ဆက်လက်ရိုက်ကူးတော့မည်ဖြစ်ပြီး ယင်းဇာတ်လမ်းတွဲနှင့်ပတ်သက်၍ သိရှိလိုသမျှ မေးမြန်းထားသည်များကို ဖော်ပြပေးလိုက်ပါသည်- မေး...

မြန်မာနိုင်ငံ၌ ကျင်းပမည့် Man of the Year ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၇နိုင်ငံ ပါဝင်ယှဉ်ပြိုင်မည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Man of the Year 2019 ပြိုင်ပွဲတွင် ဩစတြေးလျ၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား ၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ စပိန်၊ ထိုင်း၊ ကိုရီးယား အစရှိသည့် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ အလှမောင်များ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း Myanmar Beauty Paradise Organization မှ...

ဝက်ဖို့ဒ်နှင့် သရေကျခဲ့ခြင်းအတွက် အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းပေါက်ကွဲ ပြိုင်ဘက်များကို အတိအကျဂိုးများပေးနေသည်ဟုပင် ထင်ကြောင်း ပြောကြားသွား

စက်တင်ဘာ ၁၅ ရက်ညတွင် အမှတ်ပေးဇယားအောက်ဆုံးမှ ဝက်ဖို့ဒ်နှင့်ယှဉ်ပြိုင်ခဲ့ရာ ပထမပိုင်းတွင် ၁၁ မိနစ်အတွင်း နှစ်ဂိုးသွင်းနိုင်ခဲ့သော အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းက ပွဲချိန်ဒုတိယပိုင်း၌ ခံစစ်မှူးများအမှားမှ နှစ်ဂိုးပြန်ပေးပြီး သရေသာ ကစားနိုင်ခဲ့သည့်အတွက် ဒေါသထွက်ပေါက်ကွဲကာ မိမိခံစစ်ကစားသမားများသည် ပြိုင်ဘက်များကို အတိအကျဂိုးများပေးနေသည်ဟုပင် ထင်ရကြောင်း ပြောသွားသည်။ အာဆင်နယ်အသင်းသည် ပွဲချိန်ပထမပိုင်းတွင် အထူးကောင်းမွန်စွာ ကစားနိုင်ခဲ့သော်လည်း ဒုတိယပိုင်း၌...

ဘရီဇစ်ဆိုင်းငံ့ရန် ကမ်းလှမ်းမှုမှန်သမျှ ဗြိတိန်ပယ်ချမည်ဟု ဝန်ကြီးချုပ်ဆို

ဗြိတိန်သည် ဘရီဇစ်အား အောက်တိုဘာ ၃၁ရက်ထက် ကျော်လွန်ဆိုင်းငံ့ရန် ပြင်ဆင်ထားခြင်းမရှိကြောင်း ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က စက်တင်ဘာ ၁၆ ရက် ဆွေးနွေးပွဲ၌ ဥရောပကော်မရှင်ဥက္ကဋ္ဌ ဂျင်ကလောက်ဂျန်ကာအား ပြောမည်ဟု ဆိုသည်။ လူဇင်ဘတ်တွင် နေ့လယ်ပိုင်းတွေ့ဆုံမှုသည် ဇူလိုင်လတွင် ဗြိတိန်ဝန်ကြီးချုပ်ရာထူး ရယူပြီးနောက်ပိုင်း ၎င်းတို့နှစ်ဦး၏ ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပေမည်။

စတာလင်း အင်္ဂလန်ဂန္ထဝင်ကစားသမားဖြစ်လာနိုင်ဟု အက်ရှ်လေကိုး ချီးကျူးစကားဆို

အင်္ဂလန်နောက်ခံလူဟောင်းဖြစ်သူ အက်ရှ်လေကိုးက မန်စီးတီးအသင်း၏ တိုက်စစ်မှူး စတာလင်းကို အင်္ဂလန်၏ ဂန္ထဝင်ကစားသမားဖြစ်လာနိုင်သည်ဟု သုံးသပ်ပြောကြားသွားခဲ့သည်။ စတာလင်းသည် ပြီးခဲ့သည့် ၁၂ လအတွင်း မန်စီးတီးနှင့် အင်္ဂလန်အသင်းတို့အတွက် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့သော်လည်း အက်ရှ်လေကိုးကမူ လက်ရှိ စတာလင်း၏ပုံစံမှာ အစပိုင်းသာရှိသေးပြီး အနာဂတ်၌ ပိုမိုကောင်းမွန်သည့်ပုံစံကို မြင်တွေ့ရနိုင်သည်ဟု ပြောကြားသွားခဲ့သည်။ ၂၀၁၂ ခုနှစ်က အင်္ဂလန်အသင်းအတွက် စတာလင်းပွဲထွက်ကစားချိန်တွင်...

ဂျင်နရယ်မော်တော်ကားစက်ရုံတွင် ဝန်ထမ်း ငါးသောင်းနီးပါး သပိတ်မှောက်

အမေရိကန်၏ အကြီးဆုံးကားစက်ရုံဖြစ်သည့် General Motors ကားစက်ရုံသည် ယူနိုက်တက်အော်တို အလုပ်သမားသမဂ္ဂ(ယူအေဒဗလျူ)နှင့် သဘောတူညီထားသော အခြေအနေများအတိုင်း လစာပေးရန်နှင့် လုပ်ငန်းခွင်အခြေအနေကောင်းများ ဖန်တီးပေးရန် ပျက်ကွက်မှုကြောင့် အလုပ်သမား ၅၀၀၀၀ နီးပါး သပိတ်မှောက်ဆန္ဒပြလျက်ရှိသည်ဟု သိရသည်။ မိမိတို့အနေဖြင့် ယင်းကိစ္စအား ပေါ့ပေါ့တန်တန်သဘောထားမည်မဟုတ်ကြောင်း၊ ယခုကဲ့သို့ပြုလုပ်ခြင်းသည် မိမိတို့၏ နောက်ဆုံးရွေးချယ်စရာဖြစ်ကြောင်း ယူအေဒဗလျူ၏ ဒုတိယဥက္ကဋ္ဌ တာရီဒစ်တက်စ်က...

အင်းတော်ကြီးဒေသတွင် တရားမဝင် ရွှေတူးဖော်နေသော ဘက်ဟိုး ၁၂ စီးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးမြို့ အင်းတော်ကြီးဒေသတွင် တရားမဝင် ရွှေတူးဖော်နေသော ဘက်ဟိုးယာဉ် ၁၂ စီး၊ အင်ဂျင်မျိုးစုံအပါအဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများကို စက်တင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း အင်းတော်ကြီးဒေသ လုံးတုံနယ်မြေရဲတပ်ဖွဲ့စခန်းမှ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၂ ရက်နှင့်...

ဗင်နီဇွဲလား စေ့စပ်ညှိနှိုင်းပွဲ ပြီးဆုံးဟု ပြောဆို

ဗင်နီဇွဲလားသမ္မတ မာဒူရိုအစိုးရက စေ့စပ်ညှိနှိုင်းမှုတွင် ပူးပေါင်းပါဝင်မှုရပ်ဆိုင်းလိုက်ပြီးနောက် သီတင်းခြောက်ပတ်အကြာတွင် ဗင်နီဇွဲလားနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းပေးရန် နော်ဝေနိုင်ငံခြားရေးဝန်ကြီး ကြိုးပမ်းဆောင်ရွက်သည့် စေ့စပ်ညှိနှိုင်းပွဲ အဆုံးသတ်သွားပြီဖြစ်ကြောင်း ဗင်နီ ဇွဲလားအတိုက်အခံ ဂွိုက်ဒိုက စက်တင်ဘာ ၁၅ ရက်တွင် ပြောဆိုသည်။ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုဦးဆောင်၍ မာဒူရိုအား ဧပြီလအတွင်းက စစ်ဘက်မှအာဏာသိမ်းရန် ကြိုးပမ်းမှုမအောင်မမြင်ဖြစ်ခဲ့ပြီးနောက် စတင်သည့် ဆွေးနွေးပွဲ...