သမ္မတ ဒေါ်နယ်ထရန့်နှင့်ဇနီး အိမ်ဖြူတော်ကိုလက်ပြနှုတ်ဆက်ပြီ

ထူးခြားသည့်စရိုက်ရှိပြီး ထင်မှတ်မထားသည့်လုပ်ရပ်များလုပ်လေ့ရှိသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဇနီး First Lady မယ်လန်နီယာနှင့်အတူ ယနေ့မွန်းလွဲပိုင်း(ဒေသစံတော်ချိန်)တွင် အိမ်ဖြူတော်မှအပြီးအပိုင်ထွက်ခွာသွားပြီဖြစ်သည်။ မကြာသေးမီက အမေရိကန်လွှတ်တော်တွင်ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းကြောင့် မြို့တော် ဝါရှင်တန်ဒီစီတွင် အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင်များစွာ ချထားပြီး သမ္မတ ထရန့်နှင့်အတူ မယ်လန်နီယာထရန့်တို့သည် စစ်ရဟတ်ယာဉ်ဖြင့် ဝါရှင်တန်ဒီစီလေဆိပ်သို့ ထွက်ခွာကာ Air Force လေယာဉ်ကြီးကို နောက်ဆုံးအကြိမ်...

ရန်ကုန်ရှိ ပန်းခြံနှင့်အားကစားကွင်းများအား မနက်ဖြန်မှစ၍ အချိန်ပိုင်း ပြန်လည်ဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပန်းခြံနှင့်အားကစားကွင်းများအား မနက်ဖြန် (ဇန်နဝါရီ ၂၁ ရက်)မှစ၍ အချိန်ပိုင်းဖြင့် ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကြေညာထားသည်။ ရန်ကုန်မြို့အတွင်းရှိ ဥယျာဉ်ပန်းခြံများကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်ကစတင်၍ ပိတ်ထားခဲ့ခြင်းဖြစ်ကာ မနက်ဖြန် (ဇန်နဝါရီ ၂၁ ရက်) မှစတင်၍ နေ့စဉ် နံနက်...

COVID-19 ရောဂါအတည်ပြုလူနာ (၄၇၈) ​ဦးထပ်မံတွေ့၊ သေဆုံးလူနာစုစုပေါင်း ‌(၃၀၀၀) နီးပါးရှိ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇန်နဝါရီ ၂၀ ရက်) ည (၈)နာရီထုတ်ပြန်ချက်အရ ဓာတ်ခွဲအတည်ပြုလူနာ (၄၇၈)ဦးထပ်မံတွေ့ရှိကြောင်း သိရသည်။ ယနေ့ ပိုးတွေ့ရှိမှုရာခိုင်နှုန်းသည် ၂ ဒသမ ၃ ရာခိုင်နှုန်းဖြစ်သည်။ ယနေ့ (ဇန်နဝါရီ ၂၀ ရက်)တွင် သေဆုံးသူ (၁၁)ဦးထပ်မံတိုးပြီး...

မြန်မာအမျိုးသမီးကို အဓမ္မပြုကျင့်သည့် ထိုင်းရဲအရာရှိအား ပုဒ်မ (၃)ခု​​ဖြင့် တရားစွဲထား

ထိုင်းနိုင်ငံ၊ စူရတ်ဌာနေခရိုင်၊ ကော့စမွေ့ကျွန်းရှိ ရဲအချုပ်ခန်းတွင် မြန်မာအမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့သည့် ရဲအရာရှိအား အဓမ္မပြုကျင့်မှုအပါအ၀င် ပုဒ်မ ၃ ခုဖြင့်​ တရားစွဲဆိုထားပြီး အမှုစစ်ဆေးစဉ် ပြစ်မှုထပ်မံတွေ့ရှိပါက စွဲချက်ဖြည့်၍ တရားစွဲမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ဒုတိပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ အဆိုပါအမှုကိစ္စနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်ထားရှိမှုအခြေအနေအား ထိုင်းရဲတပ်ဖွဲ့က ယမန်နေ့(ဇန်နဝါရီ ၁၉ ရက်)က ဗန်ကောက်မြို့ရှိ မြန်မာသံရုံးသို့လာရောက်၍...

မြန်မာနှင့် COVID-19 ကိန်းဂဏန်းအခြေပြုချက် (ဇန်နဝါရီ ၂၀ ရက်၊ ညနေ ၆ နာရီအထိအချက်အလက်)

◾ ယမန်နေ့ညတွင် ရောဂါပိုးတွေ့သူ - (၄၄၈) ဦး ◾ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း - (၁၃၅၂၄၃)ဦး ◾ ရောဂါပိုးတွေ့အများဆုံး တိုင်း ၊ပြည်နယ် - ရန်ကုန် ◾ ရောဂါပိုးတွေ့အများဆုံး မြို့နယ် - မရမ်းကုန်း ယမန်နေ့ ( ဇန်နဝါရီ ၁၉ ရက်) ည ၈ နာရီတွင်...

မလေးရှားနိုင်ငံရှိ မြန်မာသင်္ဘောသားများအပါအ၀င် မြန်မာနိုင်ငံသား ( ၁၅၃ )ဦးကို ပြန်လည်ခေါ်ဆောင်

မလေးရှားနိုင်ငံတွင် စောင့်ဆိုင်းလျက်ရှိသည့် မြန်မာသင်္ဘောသားများအပါအ၀င် မြန်မာနိုင်ငံသား(၁၅၃)ဦးကို ယနေ့ ( ဇန်နဝါရီ ၂၀ )ရက်တွင် မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း မလေးရှားနိုင်ငံရှိ မြန်မာသံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်သည် (၄၄) ကြိမ်မြောက် ပြေးဆွဲပေးခြင်းဖြစ်ပြီး ယင်းလေယာဉ်ပေါ်တွင် ပြစ်ဒဏ်များကျခံပြီး ထိန်းသိမ်းရေးစခန်း၌ စောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံသား(၂၃)ဦး နှင့် မလေးရှားနိုင်ငံ၌ စောင့်ဆိုင်းနေသည့်...

မွန်ပြည်နယ်၌ ယခုလအတွင်း COVID-19 ဖြစ်ပွားမှု ပြန်လည်မြင့်တက်

မွန်ပြည်နယ်၌ COVID-19 ဖြစ်ပွားမှု ဒီဇင်ဘာလတွင် လျော့ကျခဲ့သော်လည်း ယခုလတွင် COVID-19 ဖြစ်ပွားနှုန်းနှင့် သေဆုံးနှုန်း အနည်းငယ် ပြန်လည်မြင့်တက်လာကြောင်း မွန်ပြည်နယ် ဒုတိယ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝတ်မှုံ က စံတော်ချိန်သို့ ပြောသည်။ ဓာတ်ခွဲစစ်ဆေးမှု အရေအတွက် များလာသည့်အတွက် ရောဂါပိုးတွေ့ရှိသူများလာခြင်း ဖြစ်နိုင်ကြောင်း ဒေါက်တာဝတ်မှုံ က ပြောသည်။

ရန်ကုန်’ရေ’ သတိပြုပါ

ရေးသူ - ဒေါက်တာအေးမြင့် လွန်ခဲ့တဲ့၂၀၂၀ ပြည့်နှစ်မိုးဥတုမှာ ရန်ကုန်မြို့ကို ရေပေးဝေတဲ့ ရေလှောင်ကန်များရှိရာ အရပ်မှာ မိုးရွာသွန်းမှုဟာ ပုံမှန်ထက်လျော့နည်းခဲ့တဲ့အတွက် အဆိုပါ ရေလှောင်ကန်များမှာရေဝင်လျော့နည်းခဲ့တယ်လို့ တာဝန်ရှိသူများက ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ယခင်နှစ်တွေကလို နွေစပါးစိုက်ပျိုးရေး အတွက် ရေလွှတ်ပေးဖို့ မဖြစ်နိုင်တဲ့အတွက် ရေအနည်းငယ်သာလိုအပ်တဲ့ ပဲစင်းငုံ၊ မြေပဲတို့ကိုသာ စိုက်ပျိုးကြဖို့ စိုက်ပျိုးရေးသမားတွေကို ကြိုတင်နှိုးဆော်ထားတာကိုလည်း...

အိန္ဒိယနိုင်ငံထုတ် COVID-19 ကာကွယ်ဆေး မြန်မာနိုင်ငံ မကြာမီ ရရှိတော့မည်

အိန္ဒိယနိုင်ငံထုတ် COVID-19 ကာကွယ်ဆေးများကို မြန်မာနိုင်ငံအပါအဝင် ဘူတန် ၊ မော်ဒိုက် ၊ ဘင်္ဂလားဒေ့ရှ် ၊ နီပေါနှင့် ဆေးရှဲလ်နိုင်ငံများသို့ ယနေ့ (ဇန်နဝါရီ ၂၀ ရက်) မှ စတင်ပြီး ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာနက (ဇန်နဝါရီ ၁၉ ရက်) က ထုတ်ပြန်ထားသည်။ အဆိုပါ...

ရခိုင်စစ်ရှောင်အလုပ်သမားလေးဦး လှည်းကူးရှိ ဘဲမွေးမြူရေးခြံ၌ လှောင်ပိတ်ခံထားရမှုရှိနေဟုဆို

လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်ရှိ ဘဲမွေးမြူရေးခြံတစ်ခု၌ အလုပ်လုပ်ကိုင်နေသည့် ရခိုင်စစ်ဘေးရှောင် အလုပ်သမားလေးဦးသည် အချိန်ပိုအလုပ်ခိုင်းစေခံရခြင်းများနှင့် ခြံအပြင်သို့မထွက်နိုင်ရန် ၎င်းတို့၏ ဖုန်း၊ မှတ်ပုံတင်ကတ်ပြား၊ အိမ်ထောင်စုစာရင်းများကို အလုပ်ရှင်က သိမ်းဆည်းထားကြောင်း ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ စုံစမ်းသိရသည်။ အဆိုပါအလုပ်သမားလေးဦးသည် ဘဲမွေးမြူရေးခြံသို့ လွန်ခဲ့သည့် ရက် ၂၀ ကျော်က အကျိုးဆောင်မှတစ်ဆင့် အလုပ်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အလုပ်ဝင်စဉ်က နေ့လည်ပိုင်းတွင်သာ...