သင်္ကြန်အထူးအစီအစဉ်အနေဖြင့် ရေလယ်ကျောက်တန်းခရီးစဉ် ပြေးဆွဲပေးမည်

ရန်ကုန်၊ ဧပြီ-၁၁ Yangon Water Bus မှ သင်္ကြန်အထူး အစီအစဉ်အနေဖြင့် အပတ်စဉ်ပြေးဆွဲပေးနေသည့် ဗိုလ်တထောင်မှ ရေလယ် ကျောက်တန်းခရီးစဉ်ကို ဧပြီ ၁၃ ရက် နံနက် ၁၀ နာရီတွင် ပြေးဆွဲပေးမည်ဖြစ်ကြောင်း ဗိုလ်တထောင်ဆိပ်ကမ်းဂိတ်မှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၁၁ ရက်တွင် စံတော်ချိန်သို့ပြောသည်။ အဆိုပါနေ့တွင်ပြေးဆွဲမည့် နှစ်ထပ်ရေယာဉ်မှာ လူဦးရေ ၆၀၀၀ ကျသင့်မည်ဖြစ်ကာ နေ့လယ်စာ၊ ရေသန့်နှင့် ကော်ဖီများ တည်ခင်းဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ "သောကြာနေ့(သင်္ကြန်အကြိုနေ့) မှာ...

မင်းသားဟယ်ရီနှင့်မီဂန်မာကယ်တို့၏ တော်ဝင်မင်္ဂလာပွဲ နိုင်ငံရေးခေါင်းဆောင်များအား ဖိတ်ကြားခြင်းမပြုဟုဆို

လန်ဒန်၊ ဧပြီ-၁၁ ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် မီဂန်မာကယ်တို့သည် ၀န်ကြီးချုပ်ထရီဆာမေ သို့မဟုတ် ဂျရေမီကိုဘရိုင်ယန်တို့အား ၎င်းတို့၏မင်္ဂလာပွဲသို့ ဖိတ်ကြားခြင်းပြုမည်မဟုတ်ကြောင်း ဘီဘီစီသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မင်္ဂလာပွဲတက်ရောက်မည့် နိုင်ငံရေးခေါင်းဆောင်များ၏ တရားဝင်စာရင်းတစ်ခု မပါရှိသော အဆိုပါဆုံးဖြတ်ချက်အရ အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည်လည်း ဖိတ်ကြားခံရမည်မဟုတ်သည့် သဘောပင်ဖြစ်သည်။ ယင်းဆုံးဖြတ်ချက်သည် ဘုရားကျောင်းအကျယ်အ၀န်းနှင့် မင်းသားဟယ်ရီသည် ပဉ္စမမြောက်ဆက်ခံသူသာဖြစ်ခြင်း စသည့်အချက်တို့အပေါ်တွင် အခြေခံပြုလုပ်ထား ခြင်းဖြစ်သည်။ မင်းသားဟယ်ရီ၏ မိတ်ရင်းများဖြစ်ကြသော ဘားရက်အိုဘားမားနှင့် မီရှဲအိုဘားမားတို့လည်း ဖိတ်ကြားထားသော ဧည့်သည်စာရင်းတွင် မပါဝင်သည်ကို ဖော်ပြပါဆုံးဖြတ်ချက်က အတည်ပြုထားကြောင်း သိရသည်။ မေ၁၉ရက်တွင် ၀င်းဆာဘုရားကျောင်းပရ၀ဏ်၌ ပြုလုပ်မည့်...

ခိုကိုးရာမဲ့ တိရစ္ဆာန်လေးများအား ကယ်ဆယ်ရန်အတွက် ရန်ပုံငွေပန်းချီပြပွဲ ပြုလုပ်မည်

ရန်ကုန်၊ ဧပြီ-၁၇ ခိုကိုးရာမဲ့ တိရစ္ဆာန်လေးများအား ကယ်ဆယ်ရန်နှင့် ကူညီကယ်ဆယ်ပေးလျက်ရှိသော အဖွဲ့အစည်းများသို့ လှူဒါန်းရန်အတွက် ရန်ပုံငွေပန်းချီပြပွဲကို ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၃ လမ်း အမှတ်(၁၀၁) ဒုတိယထပ်ရှိ 43 Gallery တွင် မေ ၅ ရက်မှ ၇ရက်အထိ သုံးရက် ကြာပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါရန်ပုံငွေပန်းချီပြပွဲသည် ဒုတိယအကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး ယင်းပြပွဲတွင် လှူဒါန်းရန်အတွက် ပန်းချီဆရာ၊ ဆရာမများအနေဖြင့် အရေအတွက် အကန့်အသတ်မရှိ ပန်းချီကားများကို ဧပြီလကုန်နောက်ဆုံးထား၍...

အမေရိကန်ဂျက်လေယာဉ်တစ်စင်း ပေါက်ကွဲ အမျိုးသမီးတစ်ဦး သေဆုံး၊ ခုနစ်ဦးဒဏ်ရာရ

နယူးယောက်၊ ဧပြီ-၁၈ အမေရိကန်ခရီးသည်တင် ဂျက်လေယာဉ်ပေါ်မှ အင်ဂျင်တစ်လုံးသည် လေထုထဲတွင် ပေါက်ကွဲသွားခဲ့ပြီးနောက် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အခြားသူခုနစ်ဦးလည်း ထိခိုက်ဒဏ်ရာများရရှိကာ ဆေးကုသမှုခံယူရကြောင်း သိရသည်။ အနောက်တောင်လေကြောင်းလိုင်း လေယာဉ် ၁၃၈၀သည် အင်ဂျင်ပေါက်ကွဲမှုကြောင့် ပြတင်းပေါက်တစ်ခု၊ လေယာဉ်တောင်ပံများနှင့် လေယာဉ်ကိုယ် ထည်ပိုင်းတို့ပျက်စီးသွားခဲ့ပြီးနောက် ဖီလာဒယ်ဖီးယားတွင် အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း အရာရှိများက ပြောသည်။ လေကြောင်းလိုင်းယာဉ် ထိန်းချုပ်ရေးမှတ်တမ်းတစ်ခုတွင် 'ဒီနေရာမှာ အပေါက်တစ်ခုဖြစ်နေပြီး တစ်စုံတစ်ယောက်ထွက်ကျသွားတယ်'ဟု ပြောဆိုနေသော အသံကို လေယာဉ်မှူးတစ်ယောက်ကြားသိနိုင်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အမေရိကန်ခရီးသည်တင် လေယာဉ်တစ်စင်းပေါ်တွင် ခရီးသည်သေဆုံးမှုတစ်ခု နောက်ဆုံးအကြိမ်ဖြစ်ပေါ်ခဲ့သည်မှာ...

တူရကီရွေးကောက်ပွဲ ဇွန် ၂၄တွင် ကျင်းပမည်

အန်ကာရာ၊ ဧပြီ-၁၉ တူရကီနိုင်ငံ၏ သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲများကို ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် ပြုလုပ်ရန် စီစဉ်ထားရာမှ ဇွန် ၂၄ ရက်တွင် ကျင်းပရန် သမ္မတ အာဒိုဂန်က ပြောင်းလဲစီစဉ်လိုက်သည်။ သမ္မတအာဒိုဂန်သည် ၂၀၀၂ခုနှစ်ကတည်းက တူရကီသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လွန်ခဲ့သည့် နှစ်က ဆန္ဒခံယူပွဲတွင် လုပ်ပိုင်ခွင့်တိုးမြှင့်ထားခြင်းနှင့်အတူ နောက်ထပ်ငါးနှစ်ဆက်လက်တာဝန်ထမ်းဆောင်ရေးကို ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်သည်။ စနစ်ဟောင်းမှ မကောင်းသည်များကိုဖယ်ရှားပစ်ရန်၊ နိုင်ငံတွင် ရွေးကောက်ပွဲ ထပ်မံကျင်းပရန် လိုအပ်နေကြောင်း ရုပ်မြင်သံကြားမိန့်ခွန်းတစ်ရပ်တွင် မစ္စတာအာဒိုဂန်က ပြောဆိုသည်။ ဆီးရီးယားနှင့် အခြားနေရာများ၏...

ပျောက်ဆုံး ကန်သတင်းထောက်ကိစ္စ သတင်းပေးနိုင်သူ ဒေါ်လာတစ်သန်းချီးမြှင့်ရန် အမေရိကန်ကမ်းလှမ်းထား

ဝါရှင်တန်၊ ဧပြီ-၂၁ ဆီးရီးယားနိုင်ငံတွင် ၂၀၁၂ ခုနှစ်ကတည်းက ပျောက်ဆုံးနေသည့် အမေရိကန်သတင်းထောက် အော်စတင်တိုက်စ်နှင့် ပတ်သက်၍ သတင်းပေးနိုင်သူအား ဆုတော်ငွေ ဒေါ်လာတစ်သန်းပေးရန် အမေရိကန်ပြည်ထောင်စုက ကမ်းလှမ်းထားကြောင်း အေအက်ဖ်ပီသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ အချိန်သတ်မှတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းချက်တစ်စုံတစ်ရာ ပေးထားခြင်းမရှိဘဲ ပြည်ထောင်စုထောက်လှမ်းရေးအဖွဲ့ (အက်ဖ်ဘီအိုင်)က ယခုသီတင်းပတ်အတွင်း ဆုတော်ငွေထုတ်ပြန်ထားခြင်းဖြစ်သည်။ ဆုတော်ငွေနှင့်ပတ်သက်၍ အချိန်သတ်မှတ်ချက်ကို သီးခြားဖော်ပြထားခြင်း မရှိဟု အက်ဖ်ဘီအိုင် ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောဆိုသည်။ အသက် (၃၆)နှစ်ရှိ တိုက်စ်သည် အမေရိကန်သတင်းထောက်တစ်ဦးဖြစ်ပြီး သတင်းမီဒီယာသမားများအတွက် အန္တရာယ်အများဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည့်...