ဩစတြေးလျရှိ မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်

ဩစတြေးလျရှိ မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ယနေ့ ( ဩဂုတ် ၃ ရက်) နံနက် (၁၁) နာရီတွင် တတိယအကြိမ် ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ လေယာဉ်တွင် လိုက်ပါခဲ့သည့်မြန်မာနိုင်ငံသား ( ၁၄၁ )ဦးအား မြန်မာအမျိုးသားလေကြောင်း Myanmar National Airlines (MNA) UB-9802 ဖြင့်ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှ...

လေဖြတ်ထားသူများကို ကူညီနိုင်သော အာရုံခံကိရိယာ အမေရိကန်သိပ္ပံပညာရှင်များတီထွင်

နယူးယောက်၊ ဖေဖော်ဝါရီ-၂၅ အမေရိကန်နိုင်ငံရှိ သိပ္ပံပညာရှင်များသည် လေဖြတ်ထားသောလူနာများ မြန်မြန်ဆန်ဆန်ပြန်လည်လှုပ်ရှားလာစေနိုင်မည့် ၀တ်ဆင်၍ရသော အာရုံခံကိရိယာများကို တီထွင်လျက်ရှိကြောင်း သိရသည်။ အဆိုပါအာရုံခံကိရိယာများသည် ဆရာဝန်များထံ သတင်းအချက်အလက်များကို အဆက်မပြတ်ပေးပို့ပေးနိုင်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းအာရုံခံကိရိယာသည် ဆရာဝန်များ၏ ထိရောက်မှုရှိသော ကုသမှုအတွက် ပို၍အနီးကပ်စောင့်ကြည့်ပေးနိုင်မည့် ကုထုံးနည်းလမ်းများကို ရရှိစေနိုင်မည်ဟုလည်း အာရုံခံစနစ်အား တီထွင်သည့်အဖွဲ့က ပြောကြားထားသည်။ လေ့လာသုတေသနပြုချက်အသေးစိတ်များကို မကြာသေးမီက တက္ကဆက်ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် ခေတ်မီ သိပ္ပံဆိုင်ရာ အမေရိကန်အဖွဲ့အစည်း၏ နှစ်ပတ်လည်ဆွေးနွေးပွဲတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။ လစ်ဇီမက်အန်အင့်ခ်ျဆိုသူ အမျိုးသမီးတစ်ဦးသည်...

သရုပ်ဆောင် မိုးအောင်ရင်နှင့်တွေ့ဆုံခြင်း

"အဓိကနဲ့ သာမညကို ကျွန်တော် တော်တော်ကြီး ခွဲတတ်သွားတယ်" လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာနေပိုင်ရိုက်ကူးပုံဖော်မည့် အောက်ဆီဂျင်ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင် မြင့်မြတ်၊ မိုးအောင်ရင်နှင့် ရွှေမှုံရတီတို့ ပါဝင်သရုပ်ဆောင်ကြမည် ဖြစ်သည်။ ယင်းရုပ်ရှင်ဇာတ်ကားသည် အနုပညာလောကထဲသို့ ဒုတိယအကျော့အနေဖြင့် ပြန်လည်ဝင်ရောက်ကာ ဇာတ်ကားများရိုက်ကူးတော့မည့် သရုပ်ဆောင် မိုးအောင်ရင်၏ ပွဲဦးထွက် ဇာတ်ကားတစ်ကားလည်းဖြစ်သည်။ ယင်းဇာတ်ကားနှင့်ပတ်သက်သည့် အကြောင်းအရာများကို တွေ့ဆုံမေးမြန်းဖော်ပြလိုက်ပါသည်-

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လျူရှောက်ဘို၏ဇနီး ဂျာမနီနိုင်ငံသို့ ရောက်ရှိလာဟုဆို

ဘာလင်၊ ဇူလိုင်-၁၁ နေအိမ်အကျယ်ချုပ်တွင် နှစ်ပေါင်းများစွာ ဖမ်းဆီး ခြင်းခံထားရာမှ ပြန်လွတ်လာပြီးနောက် တရုတ်ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ လျူရှောက်ဘို၏ဇနီး မီးစ်လျူရှာသည် ဂျာမနီနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။ လျူရှောက်ဘို၏ဇနီး လျူရှာသည် ဘာလင်မြို့သို့ ဇူလိုင် ၁၀ ရက်က ရောက်ရှိလာခြင်းဖြစ်သည်။ သူမသည် ပန်းစည်းတစ်စည်းကိုကိုင်ဆောင်၍ ကားတစ်စီးအတွင်းသို့ ဝင်သွားသည်ကို မြင်တွေ့ခဲ့ရသည်ဟုဆိုသည်။ မီးစ်လျူရှာသည် ဂျာမနီအစိုးရ၏ အစောင့်အရှောက်ဖြင့် ဂျာမနီနိုင်ငံတွင် ဆေးဝါးကုသမှုခံယူမည်ဟု မျှော်လင့်ရသည်။ သူမ၏အမျိုးသားဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ လျူရှောက်ဘိုသည် ထောင်ကျနေစဉ်အတွင်း ၂၀၁၀ ပြည့်နှစ်တွင်...

ကိုလံဘီယာကွင်းလယ်လူ ဂျက်ဖာဆန်လာမာကို ဘုန်းမောက်အသင်း ပေါင် ၂၅ သန်းဖြင့်ခေါ်ယူ

ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကိုလံဘီယာအသင်းအတွက် ခြေစွမ်းပြ ကစားခဲ့သော ကွင်းလယ်ကစားသမား ဂျက်ဖာ ဆန်လာမာကို အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်အသင်းက အသင်းစံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းဖြင့် ခေါ်ယူရန် လီဗန်တေးအသင်းနှင့် သဘောတူညီမှုရရှိခဲ့ ကြောင်းသိရသည်။ လာမာသည် အသက် (၂၃)နှစ်သာ ရှိသေးပြီး လီဗန်တေးအတွက် ၈၉ ပွဲ ကစားပေးခဲ့ကာ ၂၀၁၈ ကမ္ဘာ့ဖလားတွင် ကိုလံဘီယာအသင်း၏ ပွဲတိုင်း၌ ပါဝင်ခဲ့သူ ဖြစ်ခြင်းကြောင့်...

အင်န်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ၁၂ ဦး အပြောင်းအလဲပြုလုပ်

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများထဲမှ ၁၂ ဦးကို အပြောင်းအလဲ ပြုလုပ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာ(ဦး)အောင်ရှင်က ဩဂုတ် ၁ ရက်တွင် စံတော်ချိန်သို့ ပြော ဆိုသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ဇူလိုင် ၂၃...

ကော်တွိုက်စ်ကို ပေါင် ၃၅ သန်းဖြင့် ရီးရဲလ်အသင်း တရားဝင်ခေါ်ယူ ကီပါကို ပြောင်းရွှေ့ကြေးပေါင် ၇၂ သန်းဖြင့် ချယ်လ်ဆီးအစားထိုး

ရီးရဲလ်အသင်းသည် ချယ်လ်ဆီးအသင်းမှ ဘယ်လ်ဂျီယံလက်ရွေး စင်ဂိုးသမား ကော်တွိုက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းဖြင့် ခြောက် နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ပြီဖြစ်ကြောင်း ဩဂုတ် ၈ ရက်၌ အတည်ပြုကြေညာခဲ့သည်။ ကော်တွိုက်စ်သည် ချယ်လ်ဆီးနှင့်စာချုပ်သက်တမ်း တစ်နှစ်သာ ကျန် တော့ပြီး ယခုအချိန် ရောင်းထုတ်ခြင်း မရှိလျှင် ရာသီကုန်ချိန်၌ ရီးရဲလ်သို့ အလွတ်ပြောင်းရွှေ့သွားနိုင်မည်ဖြစ်၍ ချယ်လ်ဆီးအသင်းက ၎င်းကိုရောင်း ထုတ်ရန် ဆုံးဖြတ်ခဲ့ပြီး အဆိုပါ အပြောင်းအရွှေ့တွင် ရီးရဲလ်အသင်းမှ ခရိုအေးရှားကွင်းလယ်ကစားသမား...

ကမ္ဘောဒီးယား အဆောက်အအုံအပြိုအပျက်ထဲမှ လူနှစ်ဦး အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ဟုဆို

ကမ္ဘောဒီယားနိုင်ငံတွင် ဇွန်၂၂ ရက်က အဆောက်အအုံပြိုကျမှုဖြစ်ပေါ် ခဲ့ပြီးနောက် နှစ်ရက်ကျော်အကြာတွင် ပြိုကျအဆောက်အအုံ၏ အပျက်အစီး များထဲမှ လူနှစ်ဦးကို အသက်ရှင်လျက် ဆွဲထုတ်နိုင်ခဲ့ကြောင်း ဘီဘီစီက ထုတ်ပြန်သည်။အဆိုပါ အသ က်ရှင်ကျန်သူနှစ်ဦး ကို ရေတိုက်၍ သီဟာနုဗီးလ်ကမ်းရိုးတန်း မြို့တွင်းဆေးရုံသို့ ပို့ဆောင်ပေးလိုက် သည်ဟု သိရသည်။တရုတ်ပိုင်ဆောက်လုပ်ရေးလုပ်ငန်းခွင်နေရာ၌ ဖြစ်ပေါ်ခဲ့သည့် အဆောက်အအုံပြိုကျမှုတွင် သေဆုံးသူ စာရင်းမှာ ၂၅ ဦးထိအောင် မြင့်တက်ခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူမှာလည်း...

မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျင်သိန်းအား ဆက်သွယ်မေးမြန်းခြင်း

"လက်ရှိမှာ ကုန်တင်ကားတွေက လမ်းမှာ အခက်အခဲရှိပါတယ်။ ၇၂နာရီကိုလည်း ခရီးစဉ်တစ်ခုအနေနဲ့ ဖြေလျှော့ပေးစေချင်တယ်" ကိုဗစ်(၁၉)ဒုတိယလှိုင်း ပြင်းထန်လာသည့်အချိန်တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့တွင် ရောဂါပိုးတွေ့ရှိလာခြင်းနှင့် တစ်ဖက်တွင် ကုန်စည်စီးဆင်းရေးကို မပြတ်တောက်စေရန်အတွက် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို RDT Antigen Test Kit များအသုံးပြု၍ စစ်ဆေးလျက်ရှိသည်။ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ထုတ်ပေးမည့် COVID-19...