TikTok ကိုယှဉ်ဖို့ အင်စတာဂရမ်မှာ Reels လုပ်ဆောင်ချက် ဖေ့စ်ဘွတ်ခ်ထည့်သွင်း

တရုတ်အခြေစိုက်TikTok အက်ပလီကေးရှင်းကို ယှဉ်ဖို့ ဖေ့စ်ဘွတ်ခ်အနေနဲ့ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက Lasso ကိုစမ်းသပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေအကြား TikTok လို ရေပန်းမစားခဲ့တာကြောင့် အင်စတာဂရမ်မှာ Reels လုပ်ဆောင်ချက်ကို ဖေ့စ်ဘွတ်ခ်က ထည့်သွင်းပေးလိုက်ပါတယ်။ အင်စတာဂရမ်မှာ ထည့်သွင်းလိုက်တဲ့ Reels လုပ်ဆောင်ချက်ကတော့ TikTok လုပ်ဆောင်ချက်တွေနဲ့ ခပ်ဆင်ဆင်ဖြစ်ပြီး ၁၅ စက္ကန့်ကြာ ဗီဒီယိုဖိုင်တွေကို...

Google ကလည်း ကွေးညွတ်စမတ်ဖုန်း ထုတ်လုပ်ဖို့ ပြင်ဆင်နေ

စမတ်ဖုန်းလောကကို ခြေလှမ်းစိပ်စိပ်နဲ့ ဝင်ရောက်လာတဲ့ Google ကတော့ လာမယ့်နှစ်အတွင်းမှာ ကွေးညွတ်စမတ်ဖုန်းဈေးကွက်ကိုပါ ဝင်ရောက်လာဖို့ရှိနေပြီး ကွေးညွတ်စမတ်ဖုန်းတစ်လုံး ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ လာမယ့်နှစ်မှာ ထုတ်လုပ်သွားမယ့် Android ပစ္စည်းစာရင်းတွေ ဖော်ပြထားတဲ့ ကုမ္ပဏီရဲ့ စာရွက်စာတမ်းတစ်ခုမှာ ဒီကွေးညွတ်စမတ်ဖုန်းကို ထုတ်လုပ်သွားဖို့ရှိနေပြီး ကုဒ်နာမည်ကတော့ Passport လို့ အတိအလင်းဖော်ပြထားပါတယ်။

စမတ်ဖုန်း Chips ထုတ်လုပ်ရေး အခက်ကြုံနေရတဲ့ Huawei

အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် ထပ်မံထုတ်လုပ်မယ့် စမတ်ဖုန်းတွေအတွက် Chips တွေ ထောက်ပံ့ရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ Huawei ရဲ့ စီအီးအို ရစ်ချက်ယူက China Information Technology Summit 2020 မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီအခက်အခဲကြောင့် လာမယ့်မျိုးဆက်သစ် စမတ်ဖုန်း Mate 40 စီးရီးတွေဟာ Kirin 1000...

Galaxy Watch Active2 မှာ ECG လုပ်ဆောင်ချက်ရရှိ

Samsung က ထုတ်လုပ်ထားတဲ့ Galaxy Watch Active2 ကို လွန်ခဲ့တဲ့နှစ် ဩဂုတ်လကတည်းက ကြေညာခဲ့တာဖြစ်ပြီး နှလုံးခုန်နှုန်းတိုင်းတာပေးတဲ့ ECG Sensor ထည့်သွင်းထားပါတယ်။ ဒီလုပ်ဆောင်ချက်ကို အသုံးပြုနိုင်ဖို့အတွက် တောင်ကိုရီးယားအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကို ကာလရှည်စောင့်ဆိုင်းနေရပေမယ့် လက်ရှိမှာတော့ ခွင့်ပြုချက်ရရှိသွားပြီ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို ၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ်အတွင်း ထည့်သွင်းသွားမှာ...

မျက်နှာပြင်နှစ်ခုပါ Surface Duo စမတ်ဖုန်းသစ် ရောင်းချတော့မယ့် Microsoft

Microsof ဟာ မျက်နှာပြင်နှစ်ခုပါပြီး ခေါက်သိမ်းနိုင်တဲ့ Surface Duo ကို လာမယ့် စက်တင်ဘာ ၁၀ ရက်မှာ ရောင်းချတော့မှာ ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက Microsoft က ကြေညာခဲ့တာဖြစ်ပါတယ်။ ကွေးညွတ်နိုင်တာမျိုးမဟုတ်ဘဲ ၅ ဒသမ ၆ လက်မအရွယ်ရှိ AMOLED မျက်နှာပြင်နှစ်ခုပါဝင်တဲ့...

“တရားဥပဒေ က လူတွေကို ကာကွယ်မပေးနိုင်ဘူးလား “

ဒီမေးခွန်းကို ဖြေဖို့ရာ အတော်ခက်ပါတယ် ။ လူကောင်းသူကောင်း တွေအတွက် တကယ်ပဲ တရားဥပဒေ က အကာအကွယ် အစောင့်ရှောက် မပေးနိုင်ခဲ့ရင် လူ့အဖွဲ့ အစည်း အတွင်းမှာ ဘယ်လို အဖြစ်ဆိုးတွေ ဖြစ်လာနိုင်သလဲ ဆိုတာကို စာရေးဆရာမ က မေးခွန်း ထုတ်ထားလေရဲ့ ။ အဲဒီ စာအုပ် ကတော့...

မီနော့တ် (Me Not)

မူးယစ်ဆေးဝါး ရဲ့ ဆိုးကျိုးတွေကို ခေတ်အဆက်ဆက်က မီဒီယာတွေမှာ ဖေါ်ပြခဲ့ကြပြီးပြီ ။ သတင်းစာ ၊ ဂျာနယ်တွေနဲ့ တယ်လီဗွီးရှင်း တွေမှာရော " ရှောင်လေဝေးဝေး မူးယစ်ဆေး " ဆိုတဲ့ ကြေညာချက်တွေ လူတိုင်း အလွတ်ရနေကြပြီ.။ တကယ်ရော မူးယစ် ကင်စင်တဲ့ နိုင်ငံ ဖြစ်နေပြီလား ။ ဝေးစွခြောက်ပါးလို့ ပြောရမှာပဲ ။

အထက်အညာဒေသမှ အမည်ဆန်းသည့် ရှိမ္မကား(ရှိန်းမကား)မြို့သို့ ရောက်ခဲ့စဉ်

ယခုနှစ်ကုန်ပိုင်းခရီးစဉ်တွင် မြစ်ကြီးနားမြစ်ဆုံခရီးစဉ် အဖြစ်သွားခဲ့ကြရာ ရွှေဘိုမြို့ဘုရားစုံ၊ ဟန်လင်းမြို့လေ့လာရေး၊ မဲဇာဘေးမဲ့တောနှင့် ဗန်းမောက်ဇလုံတောင်ဘုရားဖူးခရီးစဉ်ကို နိုဝင်ဘာ (၂၀၁၉) ခရီးအဖြစ် ညီအစ်ကိုမောင်နှမများစု၍သွားခဲ့ရာ မိုးညှင်းဘုန်းတော်ကြီးကျောင်းတွင် နှစ်ညအိပ်ခရီးသတ်မှတ်ကာ လူငယ်များက 'ဇလုံတောင်'ဘုရားဖူးသွားပြီး စာရေးသူက ဒူးနာနေ၍ ကျောင်းမှာပင်နေခဲ့သည်။ နေ့လယ်ထမင်းစားအပြီး ဥပါသကာကြီးတစ်ဦးနှင့် ဒေသအကြောင်း စကားလက်ဆုံကျစဉ် အပြန်ခရီးစဉ်ကိုမေးရာ စစ်ကိုင်းမြို့တွင် ညအိပ်၍ ထူးခြားသော နေရာဒေသများသို့သွားပါမည်ဟု...

ဘယ်…ဘယ်ကို…ဘယ်ကိုရယ်ခွဲ…ရင်ကိုခွဲလို့

တစ်စုံတစ်ယောက်ရဲ့ နှလုံးသည်းပွတ် ကို ထုတ်ယူခြင်း ခံရရင် ဘယ်လို ခံစားရမလဲ။ နှလုံးသားရဲ့ အနီးတဝိုက်က နာကျင်ရခြင်းဒဏ် ပိုခံစားရပေမပေါ့။ တိုင်းပြည်တစ်ခုရဲ့ နှလုံးသည်းပွတ် ကို ထုတ်ယူခြင်း ခံရတယ် ဆိုရင်ကော။ မြန်မာပြည် ရဲ့ နှလုံးသည်းပွတ် တစ်ခု ဖြစ်တဲ့ ဝါးစိမ်းတောင် မှာ သတ္တုတူးဖော်ရေး လုပ်ငန်း အကျိုးဆက်ကြောင့် နာကျင် ခံစားခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်။