iPhone 12 Series တွေ အောက်တိုဘာလမှာ ကြေညာတော့မယ်

Apple ဟာ သူ့ရဲ့ iPhone တွေကို နှစ်စဉ် စက်တင်ဘာလမှာကြေညာလေ့ရှိပေမယ့် ယခုနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေကြောင့် iPhone 12 Series တွေကို အောက်တိုဘာ ၁၂ ရက်မှာ ကြေညာသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ Apple ရဲ့ထုတ်ကုန်သစ်ကြေညာရာမှာ iPhone မော်ဒယ်သစ်လေးမျိုးဖြစ်တဲ့ iPhone 12 Pro, iPhone...

သွေးဖိအားနဲ့ နှလုံးခုန်နှုန်းတိုင်းတာပေးမယ့် တန်ဖိုးနည်းဖုန်း Lava Pulse

လူ့ခန္ဓာကိုယ်ရဲ့ သွေးဖိအားနဲ့ နှလုံးခုန်နှုန်းတွေကို တိုင်းတာနိုင်တဲ့ နည်းပညာမြင့် SmartWatch တွေ အပြိုင်အဆိုင်ပေါ်နေပေမယ့် အိန္ဒိယနိုင်ငံအခြေစိုက် Lava ကုမ္ပဏီကတော့အဲဒီလုပ်ဆောင်ချက်တွေပါဝင်တဲ့ Pulse လို့ အမည်ပေးထားတဲ့ တန်ဖိုးနည်းဖုန်းတစ်လုံးကိုထုတ်လုပ်လိုက်ပါတယ်။ အဲဒီအာရုံခံကိရိယာဟာ ဖုန်းကျောဘက်က ကင်မရာဘေးမှာတည်ရှိပြီး အာရုံခံကိရိယာအပေါ်ကို အသုံးပြုသူရဲ့လက်ချောင်းကိုတင်လိုက်တာနဲ့ သွေးဖိအားနဲ့ နှလုံးခုန်နှုန်းတွေကို တွက်ချက်ဖော်ပြပေးမှာဖြစ်ပြီး ဈေးနှုန်းကတော့၂၆ ဒေါ်လာသာရှိပါတယ်။

အထက်အညာဒေသမှ အမည်ဆန်းသည့် ရှိမ္မကား(ရှိန်းမကား)မြို့သို့ ရောက်ခဲ့စဉ်

ယခုနှစ်ကုန်ပိုင်းခရီးစဉ်တွင် မြစ်ကြီးနားမြစ်ဆုံခရီးစဉ် အဖြစ်သွားခဲ့ကြရာ ရွှေဘိုမြို့ဘုရားစုံ၊ ဟန်လင်းမြို့လေ့လာရေး၊ မဲဇာဘေးမဲ့တောနှင့် ဗန်းမောက်ဇလုံတောင်ဘုရားဖူးခရီးစဉ်ကို နိုဝင်ဘာ (၂၀၁၉) ခရီးအဖြစ် ညီအစ်ကိုမောင်နှမများစု၍သွားခဲ့ရာ မိုးညှင်းဘုန်းတော်ကြီးကျောင်းတွင် နှစ်ညအိပ်ခရီးသတ်မှတ်ကာ လူငယ်များက 'ဇလုံတောင်'ဘုရားဖူးသွားပြီး စာရေးသူက ဒူးနာနေ၍ ကျောင်းမှာပင်နေခဲ့သည်။ နေ့လယ်ထမင်းစားအပြီး ဥပါသကာကြီးတစ်ဦးနှင့် ဒေသအကြောင်း စကားလက်ဆုံကျစဉ် အပြန်ခရီးစဉ်ကိုမေးရာ စစ်ကိုင်းမြို့တွင် ညအိပ်၍ ထူးခြားသော နေရာဒေသများသို့သွားပါမည်ဟု...

TikTok ကိုယှဉ်ဖို့ အင်စတာဂရမ်မှာ Reels လုပ်ဆောင်ချက် ဖေ့စ်ဘွတ်ခ်ထည့်သွင်း

တရုတ်အခြေစိုက်TikTok အက်ပလီကေးရှင်းကို ယှဉ်ဖို့ ဖေ့စ်ဘွတ်ခ်အနေနဲ့ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက Lasso ကိုစမ်းသပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေအကြား TikTok လို ရေပန်းမစားခဲ့တာကြောင့် အင်စတာဂရမ်မှာ Reels လုပ်ဆောင်ချက်ကို ဖေ့စ်ဘွတ်ခ်က ထည့်သွင်းပေးလိုက်ပါတယ်။ အင်စတာဂရမ်မှာ ထည့်သွင်းလိုက်တဲ့ Reels လုပ်ဆောင်ချက်ကတော့ TikTok လုပ်ဆောင်ချက်တွေနဲ့ ခပ်ဆင်ဆင်ဖြစ်ပြီး ၁၅ စက္ကန့်ကြာ ဗီဒီယိုဖိုင်တွေကို...

မျက်နှာပြင်နှစ်ခုပါ Surface Duo စမတ်ဖုန်းသစ် ရောင်းချတော့မယ့် Microsoft

Microsof ဟာ မျက်နှာပြင်နှစ်ခုပါပြီး ခေါက်သိမ်းနိုင်တဲ့ Surface Duo ကို လာမယ့် စက်တင်ဘာ ၁၀ ရက်မှာ ရောင်းချတော့မှာ ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက Microsoft က ကြေညာခဲ့တာဖြစ်ပါတယ်။ ကွေးညွတ်နိုင်တာမျိုးမဟုတ်ဘဲ ၅ ဒသမ ၆ လက်မအရွယ်ရှိ AMOLED မျက်နှာပြင်နှစ်ခုပါဝင်တဲ့...

ပစ္စည်းပို့စက်ရုပ်တွေကို ဂျပန်နိုင်ငံမှာ စမ်းသပ်အသုံးပြုတော့မယ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေ့စဉ်လူမှုဘ၀မှာ ခပ်ခွာခွာနေရေး ကန့်သတ်ချက်တွေ ရှိနေချိန်မှာ အလိုအလျောက် ပစ္စည်းပို့ဆောင်ပေးတဲ့စက်ရုပ်တွေကို ဂျပန်နိုင်ငံက လာမယ့်လကစပြီး စတင်အသုံးပြုတော့မှာဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ရေးမှာ လူမှုဆက်သွယ်မှုကိုလျှော့ချပေးနိုင်တဲ့ စက်ရုပ်ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အများပြည်သူတွေရဲ့တောင်းဆိုမှုတွေလည်း မြင့်တက်နေကာ အနီးအနားရှိ ကုန်ပစ္စည်းသိုလှောင်ရုံတွေနဲ့ ဈေးဆိုင်တွေကနေ ဖောက်သည်တွေဆီကို ပို့ဆောင်နိုင်ဖို့ ဂျပန်နည်းပညာကုမ္ပဏီက စီစဉ်နေတာ ဖြစ်ပါတယ်။

PUBG Corporation အမှတ်တံဆိပ်ကို အလွဲသုံးစား မပြုလုပ်ရန်သတိပေး

နာမည်ကြီး မိုဘိုင်းဂိမ်း PUBG အမှတ်တံဆိပ်ကို ဆင်တူယိုးမှာဖြစ်စေ အတုအပဖြစ်စေ ကုန်ပစ္စည်းတံဆိပ်၊ ကုန်ပစ္စည်းအမှတ်အသား ပုံစံတူမလုပ်ရန် တောင်ကိုရီးယားရှိ PUBG လုပ်ငန်းအစုအဖွဲ့ကော်ပိုရေးရှင်းက နိုင်ငံတကာသို့ သတိပေးချက်ထုတ်ပြန်ခဲ့သည်။ တောင်ကိုရီးယားအခြေစိုက် လုပ်ငန်းစုတစ်ခုဖြစ်သည့် PUBG Corporation သည် ၎င်း၏ အမှတ်တံဆိပ်များ အား ကွန်ပြူတာဂိမ်းအပါအ၀င် အခြားသော ဆော့ဖ်ဝဲလ်၊ ပစ္စည်း၊ အ၀တ်အထည်၊...

မြန်မာနှင့်တရုတ်နှစ်နိုင်ငံကြား ကိုဗစ်ကာလအလွန် စီးပွားရေးဆိုင်ရာ ကုစားမှု အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်၍ အာဆီယံ(မြန်မာ) အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု ဒစ်ဂျစ်တယ်ကုန်စည်ပြပွဲကို အွန်လိုင်းစနစ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအသင်းချုပ်မှကြီးမှူး၍ ၂၀၂၀ ပြည့်နှစ်...

ပြပွဲတွင် Consumer Electronic Products အမျိုးအစားမှ အိမ်သုံးလျှပ်စစ်ပစ္စည်း၊ စမတ်ဖုန်းဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ်နှင့်ဆက်စပ်ပစ္စည်းများမှ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ လျှပ်စစ်ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းများ၊ တာယာ၊ ကားအတွင်းအလှဆင်ပစ္စည်း၊ ကားအတွင်းခန်းအထောက်အကူ ပြုပစ္စည်းများ။ အိမ်ဆောက်ပစ္စည်းနှင့် အိမ်တွင်းအလှဆင်ပစ္စည်းများအုပ်စုမှ အိမ်တွင်းအလှဆင်ပစ္စည်း၊ DIY အိမ်တွင်းမှု ပစ္စည်း၊ အသေးစားစက်ပစ္စည်း၊ အသေးစားသတ္တုအလှဆင်ပစ္စည်း၊ ရေချိုးခန်းသုံးပစ္စည်း။စက်ပစ္စည်းအမျိုးမျိုးအုပ်စုမှ နေ့စဉ်သုံးစက်ပစ္စည်း၊ အစားအသောက်အချောထုတ်ပစ္စည်း၊ အစားအသောက်ထုပ်ပိုးပစ္စည်း၊ ဆောက်လုပ်ရေးသုံးစက်ပစ္စည်း၊ စက်မှုလယ်ယာသုံးစက်ပစ္စည်း၊ စွမ်းအင်သုံးစက်ပစ္စည်း၊...

စမတ်ဖုန်း Chips ထုတ်လုပ်ရေး အခက်ကြုံနေရတဲ့ Huawei

အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် ထပ်မံထုတ်လုပ်မယ့် စမတ်ဖုန်းတွေအတွက် Chips တွေ ထောက်ပံ့ရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ Huawei ရဲ့ စီအီးအို ရစ်ချက်ယူက China Information Technology Summit 2020 မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီအခက်အခဲကြောင့် လာမယ့်မျိုးဆက်သစ် စမတ်ဖုန်း Mate 40 စီးရီးတွေဟာ Kirin 1000...

Google ကလည်း ကွေးညွတ်စမတ်ဖုန်း ထုတ်လုပ်ဖို့ ပြင်ဆင်နေ

စမတ်ဖုန်းလောကကို ခြေလှမ်းစိပ်စိပ်နဲ့ ဝင်ရောက်လာတဲ့ Google ကတော့ လာမယ့်နှစ်အတွင်းမှာ ကွေးညွတ်စမတ်ဖုန်းဈေးကွက်ကိုပါ ဝင်ရောက်လာဖို့ရှိနေပြီး ကွေးညွတ်စမတ်ဖုန်းတစ်လုံး ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ လာမယ့်နှစ်မှာ ထုတ်လုပ်သွားမယ့် Android ပစ္စည်းစာရင်းတွေ ဖော်ပြထားတဲ့ ကုမ္ပဏီရဲ့ စာရွက်စာတမ်းတစ်ခုမှာ ဒီကွေးညွတ်စမတ်ဖုန်းကို ထုတ်လုပ်သွားဖို့ရှိနေပြီး ကုဒ်နာမည်ကတော့ Passport လို့ အတိအလင်းဖော်ပြထားပါတယ်။