မန္တလေးကျုံးဘေးတွင် အအေးဆိုင်ထိုင်နေသည့်တက္ကသိုလ်ကျောင်းသားများထံမှ ဆေးခြောက်ဖမ်းမိ

မန္တလေးကျုံးဘေး အအေးဆိုင်ထိုင်နေသည့် တက္ကသိုလ်ကျောင်းသားများထံမှ ဆေးခြောက်များ ဖမ်းဆီးရမိသဖြင့် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် သက်ဆိုင်ရာနယ်မြေရဲစခန်း၌ အမှုဖွင့် အရေးယူထား ကြောင်း သိရသည်။ မူးယစ်တပ်ဖွဲ့စု(၁၇)မန္တလေး (မြောက်ပိုင်း)မှတပ်ဖွဲ့ဝင်များ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက် နေစဉ် ဇွန် ၁၉ ရက် မွန်းလွဲ ၂ နာရီက အောင်မြေသာစံမြို့နယ် အနှိပ်တော်ရပ်ကွက်...

ပဲနွယ်ကုန်း၌ ပိုက်ဆံပျောက်သည့် ကိစ္စ မကျေမနပ်ဖြစ်ကာ လူသတ်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့ သံမဏိရပ်ကွက်၌ ဇွန် ၁၄ ရက် ည ၇ နာရီ ၁၅ မိနစ်က လူသတ်မှုဖြစ်ပွားသဖြင့် အမျိုးသားတစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ပဲနွယ်ကုန်းမြို့ သံမဏိရပ်ကွက် (၆)လမ်းတွင် နေထိုင်သော မအေးသန္တာသည် ဇွန် ၁၄ ရက် ည ၇ နာရီခန့်တွင်...

ကျောက်ပန်းတောင်းမြို့နယ် အိုးအိုင်ကျေးရွာတွင် လူသတ်မှုဖြစ်ပွား၊ တရားခံကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် သဲဗုမ္မကျေးရွာအုပ်စု အိုးအိုင်ကျေးရွာတွင် ဇွန် ၁၄ ရက် ည ၁၀ နာရီခန့်က လူသတ်မှုဖြစ်ပွားပြီး ပြစ်မှုကျူးလွန်သူတရားခံကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ အိုးအိုင်ကျေးရွာနေ ဒေါ်လှဝင်းရီ (၄၂)နှစ်သည် သမီးနှစ်ဦးနှင့်အတူ နေအိမ်မြောက်ဘက် တစ်ဝိုင်းကျော်ရှိ ကိုရဲမင်းသန့်၏နေအိမ်သို့ သွားရောက်တီဗွီကြည့်ပြီး ည ၁၀ နာရီခန့်တွင်...

ကျောက်တံခါးမြို့နယ်၌ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အောင်မြင်မြို့ တောကျွဲအင်းနယ်မြေရဲစခန်းအပိုင် အထက (တောကျွဲအင်း)ကျောင်းဝင်းအတွင်း၌ ဇွန် ၈ ရက် ည ၁၀ နာရီ ခွဲက နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်နေစဉ် မီးချောင်းထိုးပြရာမှ လျှပ်စစ်ဝိုင်ယာကြိုးအနီ/အနက်အဆက်အား လက်နှင့်ကိုင်မိသဖြင့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့သည်။ အောင်မြင်တိုက်နယ်ဆေးရုံသို့ လူတစ်ဦး ဓာတ်လိုက်သေဆုံး၍ရောက်ရှိနေကြောင်း ဒေါက်တာ သီဟအောင်က တောကျွဲအင်းနယ်မြေရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခဲ့ရာ တောကျွဲအင်း...

မဟာဓာတ်အားလိုင်းအဖွဲ့ယာဉ် ချောက်ထဲကျ၊ နှစ်ဦးသေ၊ ၂၄ ဦးဒဏ်ရာရ

ရှမ်းပြည်နယ် မိုင်းပျဉ်းမြို့နယ်တွင် ၂၃၀ ကေဗွီ မဟာဓာတ် အားလိုင်းအဖွဲ့မှ အမျိုးသား ၂၈ ဦး၊ အမျိုးသမီးတစ်ဦး လိုက်ပါလာသော မော်တော်ယာဉ် ချောက်ထဲထိုးကျတိမ်းမှောက်မှုကြောင့် အလုပ်သမားနှစ်ဦးသေဆုံးခဲ့ကြောင်း ကျိုင်းတုံ ခရိုင်မီးသတ်စခန်းမှ သိရသည်။ ဇွန် ၄ ရက် နံနက် ၁၁ နာရီခွဲခန့် ကျိုင်းတုံမြို့မှ တုံတာမြို့ သို့ ၂၃၀...

ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန်သွားရောက်သည့် မြန်မာနိုင်ငံသား ၃၅ ဦးအား ထိုင်းပွဲစားသုံးဦးနှင့်အတူ ဖမ်းမိ

ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန်ထိုင်းပွဲစားသုံးဦးနှင့်အတူသွားရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၃၅ ဦးအား စံခလပူရီမြို့၌ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း မဲဆောက်မြို့အခြေစိုက်မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှု ကော်မတီ (JACBA)အဖွဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။ထိုသို့ ဖမ်းဆီးခံရသည့် ထိုင်းပွဲစားသုံးဦးနှင့် မြန်မာနိုင်ငံသား ၃၅ ဦးအား ထိုင်းနိုင်ငံ၏လူကုန်ကူးမှုဥပဒေအပြင်ကိုဗစ်အရေးပေါ်ကာလဥပဒေဖြင့် အရေးယူရခံရမည်ဟု သိရသည်။" ထိုင်းနိုင်ငံသားတွေက မြန်မာတစ်ယောက်ကို ဘတ် ၅၀၀၀ ယူတယ်။ မွန်ပြည်နယ်နဲ့ ကပ်လျက်ရှိတဲ့ ကန်ချနဘူရီခရိုင်၊ ရပ်ခ်ျဘူရီ၊...

လှည်းကူးမြို့နယ် အမြန်လမ်းမကြီးအနီး တောထဲ၌ ခိုးဝင်ဘင်္ဂါလီ ၅၄ ဦးဖမ်းမိ

လှည်းကူးမြို့နယ် စာဘူးတောင်းကျေးရွာအုပ်စု ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးအနီး တောထဲတွင် တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုးများ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။ အမှုမှာ ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ ခန့်တွင် လှည်းကူးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမောင်မောင်ဦးနှင့်အဖွဲ့သည် လှည်းကူးမြို့နယ် စာဘူးတောင်းကျေးရွာအုပ်စု...

လူမှုရေးကိစ္စဖြင့် ဒုတိယခင်ပွန်းကို ခင်ပွန်းဟောင်းက ဓားဖြင့် ထိုးသတ်မှုဖြစ်ပွား

သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက်တွင် လူမှုရေးကိစ္စဖြင့် စကားများရာမှ လူသတ်မှုဖြစ်ပွားခဲ့ရာ ပြစ်မှုကျူးလွန်သူကို ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သုဝဏ္ဏနယ်မြေရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ တရားလို ဒေါ်လဲ့ရည် (၃၃)နှစ် စံပြ(၄)လမ်း စံပြရပ်ကွက် သင်္ဃန်းကျွန်းမြို့နယ်နေသူသည် ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းက နေအိမ်၌ရှိနေစဉ် တစ်အိမ်တည်းနေမောင်ဖြစ်သူ အောင်ကိုကို(၂၈)နှစ်သည် သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက်အမှတ်(၂)လမ်းမကြီးဘေး...

ကျောက်မဲမြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စု မန်ဆန်းကျေးရွာအနီး လယ်ကွက်ထဲတွင် အမျိုးသားတစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၁၀ နာရီဝန်းကျင်က မန်ဆန်းကျေးရွာအနီး လယ်ကွက်ထဲတွင် အဆိုပါကျေးရွာမှ ရွာသားတစ်ဦးဖြစ်သူ စိုင်းကောထို့(ခ) အိုက်ကောသည် လယ်ထဲတွင် အလုပ်လုပ်နေစဉ် အမည်မသိသေနတ်သမားက လာရောက်ပစ်ခတ်သွားသဖြင့်...

မိုးညှင်းမြို့တွင် လူသတ်မှုကျူးလွန်သူကို ၂၄ နာရီအတွင်း ဖမ်းဆီးရမိ

ကချင်ပြည်နယ် မိုးညှင်းမြို့ ရေလည်ကျွန်းရပ်ကွက်တွင် အမျိုးသားတစ်ဦး လည်ပင်း၌ ထိုးသွင်းဒဏ်ရာနှင့် ပခုံးတွင် ပြတ်ရှဒဏ်ရာတို့ဖြင့် လမ်းပေါ်တွင်လဲကျသေဆုံးနေသဖြင့် တရားခံကိုဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် စုံစမ်းရှာဖွေခဲ့ရာ အခင်းဖြစ်ပွားပြီး ၂၄ နာရီအတွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ဖြစ်ပွားပုံမှာ ဖေဖော်ဝါရီ ၄ ရက်ည ၇ နာရီခွဲတွင် မိုးညှင်းမြို့ ရေလည်ကျွန်းရပ်ကွက်နေ ဒေါ်ခင်ရွှေသည် မိုးညှင်းဘူတာအနီး ဖွင့်လှစ်ထားသည့်ခေါက်ဆွဲဆိုင်၌...