ကျောက်ဆည်၌ အုပ်စုဖွဲ့ ဓားဖြင့်အထိုးခံရ၍ ဂျီတီအိုင်ကျောင်းသားသေဆုံး

ရန်ကုန်၊ဩဂုတ်-၃၀ ကျောက်ဆည်မြို့၌ အမည်မသိလူသုံးဦးနှင့် စကားများပြီး ဓားဖြင့်ထိုးခံရသဖြင့် ဂျီတီအိုင်ကျောင်းသားတစ်ဦး သေဆုံသွားကြောင်း ကျောက်ဆည်မြို့မရဲစခန်းမှသိရသည်။ ဖြစ်စဉ်မှာ ဩဂုတ် ၂၉ ရက် ည ၁၀နာရီခန့်က ကျောက်ဆည်မြို့ အေးမြကြည်လင်ရပ်ကွက်ရှိ "ဇူ"အဆောင်နေ သန့်ဇင်မင်းမောင်းနှင်သောဆိုင်ကယ်ကို သူငယ်ချင်းဖြစ်သူ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှ AGTIကျောင်းသား နေမင်းထက်က နောက်မှထိုင်လိုက်ခဲ့ကြောင်း၊ ကျောက်ဆည်မြို့ညောင်ခြောက်ပင်ရပ်ကွက် မေသောင်းအဆောင်ရှေ့အရောက် ဆိုင်ကယ်ကွေ့စဉ်အမည်မသိလူသုံးဦးစီးလာသော ဆိုင်ကယ်ဖြင့် တိုက်မိမလိုဖြစ်ခဲ့ပြီး ဆိုင်ကယ်အား ဆက်လက်မောင်းနှင်ခဲ့ကြောင်း၊ စည်းစိမ်ကြွယ်အရက်ဆိုင်သို့ရောက်ရှိပြီး ဆိုင်ကယ်အားရပ်တန့်အမည်မသိလူသုံးဦးက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး"မင်းတို့ဘာဖြစ်လို့ဆိုင်ကယ်အရမ်းမောင်းတာလဲ၊ ဆိုင်ကယ်ပေါ်က ဆင်းလိုက်"ဟု ပြောဆိုကြောင်း၊ သန့်ဇင်မင်းက ဆိုင်ကယ်ပေါ်မှဆင်းပြီးနေမင်းထက်က ဆိုင်ကယ်ပေါ်၌ထိုင်နေစဉ်အဆိုပါ...

အမြန်လမ်း၌ ဆိုင်ကယ်ကို ရှောင်တိမ်းရာမှ ရှမ်းမလေးယာဉ် တံတားဝင်တိုက်၊ နှစ်ဦးဒဏ်ရာရ

ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီး၌ ရုတ်တရက် ကန့်လန့်ဖြတ် လမ်းဖြတ်ကူးမောင်းနှင်သည့် ဆိုင်ကယ်ကို ရှမ်းမလေး ခရီးသည်တင်မှန်လုံယာဉ်က ရှောင်တိမ်းရာမှ တံတားဝင်တိုက်မိမှု ဖြစ်စဉ်တွင် ယာဉ်မောင်းနှင့် ယာဉ်မောင်းအကူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ဖြစ်စဉ်မှာ ဧပြီ ၁ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က မိုင်တိုင်အမှတ် ၄၀^၃-၄ ကြား၌ ရန်ကုန်ဘက်မှ နေပြည်တော် ဘက်သို့ မင်းမင်းလတ် (၃၄) နှစ်...

မြင်းခြံ၌ မိသားစုလိုက်ဓားခုတ်ခံရ၊ တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ခေါင်းကွဲကျေးရွာတွင် အိပ်ပျော်နေသူအား ဓားဖြင့် ခုတ်ခံရသဖြင့် တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရမှု ဩဂုတ် ၁၃ ရက် ည ၉ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်ပွားပုံမှာ ခေါင်းကွဲကျေးရွာနေ ဦးဝင်းညွန့်သည် အိမ်ရှေ့ရေစပ်ရှိ လှေပေါ်တွင် အိပ်ပျော်နေပြီး ဇနီးဖြစ်သူ ဒေါ်မြင့်မာ၊ သမီး မခိုင်ဇင်ဦးနှင့် မအေးသူဇာတို့သုံးဦးမှာ အိမ်ပေါ်တွင်...

သန်လျင် ပဲခူးစုရပ်ကွက်တွင် ဘုန်းကြီးတစ်ပါး ရေခပ်ရာမှ ရေတွင်းထဲပြုတ်ကျ ပျံလွန်တော်မူ

သန်လျင်မြို့ ပဲခူးစုရပ်ကွက် ဘုန်းကြီးကျောင်းတစ်ကျောင်းမှ ဘုန်းကြီးတစ်ပါးရေတွင်း၌ရေခပ်နေရာမှ ရေတွင်းထဲပြုတ်ကျ၍ ပျံလွန်တော်မူခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အောက်တိုဘာ ၄ ရက် ည ၇ နာရီ ၁၀ မိနစ်ခန့်က သန်လျင်မြို့ ပဲခူးစုရပ်ကွက် မဂ္ဂင်ရိပ်သာဘုန်းကြီးကျောင်းမှ ဘုန်းကြီးတစ်ပါး ရေတွင်းထဲပြုတ်ကျ၍ ပျံလွန်တော်မူကြောင်း သတင်းအရ သန်လျင်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊...

မိတ္ထီလာတွင်လူသတ်၍ကားနောက်ဖုံးအတွင်း ထည့်ထားသည့်အမှုမှပြစ်မှုကျုးလွန်သူများဖမ်းဆီးမိ

မန္တလေး၊ ဒီဇင်ဘာ ၁၄ မိတ္ထီလာမြို့၊ဈေးရှေ့ရပ်၊ကားဝပ်ရှော့တွင်နိုဝင်ဘာ၁၁ရက်နံနက်ကဖြစ်ပွား ခဲ့သောပြုပြင်ရန်အပ်နှံထားသည့်အဖြူရောင်ဆလွန်းအတွင်းအမျိုးသား အလောင်းတစ်လောင်းနှင့်အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိမှုမှပြစ်မှုကျုးလွန်သူများဖော်ထုတ်ဖမ်းဆီးမိခဲ့ကြောင်းမန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရသိရသည်။ မိတ္ထီလာမြို့၊ ဈေးရှေ့ရပ်၊ ကားဝပ်ရှော့တွင်နိုဝင်ဘာ ၁၇ရက်နံနက် ၂ နာရီ ၃၀မိနစ်အချိန်တွ င်ပြုပြင်ရန် လာရောက်အပ်နှံထားသည့်NISSAN FUGA ယာဉ်အမှတ် 9J/xxxxx အဖြူရောင် စလွန်းကား ယာဉ်နောက်ဖုံး အတွင်းမှ အပုပ်နံ့ရရှိရ၍ မိတ္ထီလာမြို့မရဲစခန်းသို့ သတင်းပို့ချက်အရ ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ရာယာဉ်နောက်ဖုံးအခန်းအတွင်း အသက်၃၀နှစ်ခန့် အမျိုးသားတစ်ဦးအားခန္ဓာအနှံပေါက်ပြဲထိုးသွင်းဒဏ်ရာ (၁၂)ချက်ဖြင့် အလောင်း(၁)လောင်းနှင့် အသက် ၃၀နှစ်ခန့် အမျိုးသမီးတစ်ဦးအား ခန္ဓာကိုယ်အနှံ့ပေါက်ပြဲ ထိုးသွင်းဒဏ်ရာ (၅)ချက်ဖြင့်...

ကျိုက်ထိုမြို့နယ် သုံးခွကျေးရွာတွင် ပထွေးဖြစ်သူက စိတ်ကျန်းမာရေးမကောင်းသူ အသက် (၁၅) နှစ်အရွယ် မယားပါသမီးကို သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွား

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သုံးခွကျေးရွာ တွင် ပထွေးဖြစ်သူက စိတ်ကျန်းမာရေးမကောင်းသူ အသက် (၁၅) နှစ်အရွယ် မယားပါသမီးကို သားမယား အဖြစ် ပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း သိမ်ဇရပ်နယ်မြေ ရဲစခန်းမှ သိရသည်။သုံးခွကျေးရွာနေ ဒေါ်---- (၅၁) နှစ်သည် ဇွန် ၁၀ ရက် ညနေပိုင်းက သိမ်ဇရပ်နယ်မြေရဲစခန်းသို့ ရောက်ရှိ လာကာ သမီးဖြစ်သူ မ---- (၁၅) နှစ်...

ကရင်အမျိုးသား အသတ်ခံရမှု ထိုင်းနိုင်ငံသားလေးဦးကို တရားရုံး ဆင့်ခေါ်

ထိုင်းနိုင်ငံ ကမ်ကရချန် အမျိုးသားသစ်တောကြိုးဝိုင်းအတွင်း အသတ်ခံခဲ့ရသည့် ကရင်အမျိုးသား နိုင်ဘီလီ အသတ်ခံရမှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံသားလေးဦးကို စက်တင်ဘာ ၁၆ ရက်က တရာရုံးသို့ ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။ ၂၀၁၄ ခုနှစ် ဧပြီ ၁၇ ရက်က ထိုင်းနိုင်ငံ ဖက်ခ်ျဘူရီခရိုင် ကမ်ကရချန် အမျိုးသားသစ်တောကြိုးဝိုင်းအတွင်း အသတ်ခံရသည့် နိုဖော်ရကြည်ရပ် ကျုံကျလန်(ဘီလီ) Porlajee...

မိုင်းဖြတ်မြို့၌ မိသားစုဝင်ခြောက်ဦး အဆိပ်သောက်သေကြောင်းကြံ၊ လေးဦးသေဆုံး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့၌ စက်တင်ဘာ ၁၂ ရက် ည ၉ နာရီခန့်က မိသားစုဝင်ခြောက်ဦး အဆိပ်သောက်ကာ သေကြောင်းကြံစည်မှုတွင် မိဘနှစ်ပါးနှင့် သားနှစ်ဦး သေဆုံးခဲ့ပြီး မောင်နှမနှစ်ဦး အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။ အသက်ရှင်ကျန်ရစ်သူ သမီးဖြစ်သူကို စစ်ဆေးချက်အရ သေဆုံးသူမိဘများမှာ စားဝတ်နေရေးအဆင်မပြေသည့်ကိစ္စနှင့်ပတ်သက်၍ မကြာခဏ ညည်းတွားသည်ကို ကြားသိရကြောင်းသိရသည်။

ဖခင်နှင့်အပေါင်းအပါလေးဦးကို သမီးဖြစ်သူက ခိုးမှုဖြင့်အမှုဖွင့်

မွန်ပြည်နယ် ပေါင်မြို့နယ် ကဒါရပ်ကွက်နေအမျိုးသမီးတစ်ဦးသည် ၎င်းနေအိမ်ကို ကျူးကျော်ဝင်ရောက်ဖြိုဖျက်ပြီး နေအိမ်မှ ပစ္စည်းများ ပျောက်ဆုံးအောင် ပြုလုပ်သည်ဟုဆိုကာ ၎င်း၏ ဖခင်ဖြစ်သူ အပါအဝင် လေးဦးကို ခိုးမှုဖြင့် အမှုဖွင့်လိုက်ကြောင်း ပေါင်မြို့မရဲစခန်းမှ သိရသည်။ ကဒါရပ်ကွက်နေ အမျိုးသမီးတစ် ဦးသည် မတ် ၄ ရက် ညပိုင်းက ပေါင်မြို့မရဲစခန်း သို့လာရောက်ကာ ၎င်း၏နေအိမ်အား ဖခင်ဖြစ်သူနှင့်အတူ လူလေးဦးက ဝင်ရောက် ဖြိုဖျက်ပြီး ရွှေထည်ပစ္စည်းများနှင့် ငွေများပျောက်ဆုံးအောင် ပြုလုပ်သဖြင့် အရေးယူ...

မလှိုင်-မိတီလ္ထာသွားကားလမ်း ရေကျော်ချောင်းတွင် ခရီးသည်ယာဉ်တိမ်းမှောက်၍ လူ ၁၃ ဦး ဒဏ်ရာရ

မိတ္ထီလာခရိုင် မလှိုင်မြို့နယ် မလှိုင် -မိတ္ထီလာသွားကားလမ်း ရေကျော်ချောင်းတွင် စက်တင်ဘာ၂၅ ရက် နံနက် ၂ နာရီခွဲခန့်တွင် ခရီးသည်ယာဉ် တိမ်းမှောက်၍ လူ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မလှိုင်မြို့မရဲစခန်းမှသိရသည်။ ဖြစ်စဉ်မှာ မလှိုင်-မိတ္ထီလာသွားကားလမ်း မိုင်တိုင်အမှတ် (၁၀/၇) နှင့် (၁၁/၀) အကြား ရေကျော်ချောင်း (ဒေသအခေါ်...