အင်းစိန်၌ အငှားယာဉ်မောင်းအား သတ်ခဲ့သူ ငါးရက်အတွင်း ရန်ကုန်ရဲဖော်ထုတ်ဖမ်းဆီးနိုင်

ရန်ကုန်၊ ဇန်နဝါရီ-၁၉ အင်းစိန်မြို့နယ် အင်းစိန်လမ်းမကြီး စိုက်ပျိုးရေးဝင်းရှေ့၌ အငှား ယာဉ်အမှတ် BB---- တိုယိုတာကိုရိုလာဘင် (အဖြူရောင်) ယာဉ်မောင်းအား သတ်သည့်အမှုမှ ပြစ်မှုကျူးလွန်သူ ကိုကိုနိုင်ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ငါးရက်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၄ ရက် ည ၉ နာရီခန့်က အငှားယာဉ်အမှတ် BB---- ယာဉ်မောင်း ဦးထွန်းထွန်းလင်းသည် အင်းစိန်လမ်းမ စိုက်ပျိုးရေး ဝင်းရှေ့တွင် ဓားဒဏ်ရာများရရှိကာ အင်းစိန်ဆေးရုံကြီးသို့ ရောက်ရှိနေ ကြောင်း...

ဥတ္တရသီရိ၌ အမြန်လမ်းတံတားပေါင် ပရိုဘောက်ဝင်တိုက်၍ နှစ်ဦးဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ-၂၃ ဒီဇင်ဘာ ၂၂ ရက် နံနက် ၃ နာရီ မိနစ် ၄၀ခန့်က ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ မန္တလေး ဘက်သို့ မောင်းနှင်လာသည့် ပရိုဘောက်အမျိုးအစား ယာဉ်တစ်စီး တံတားပေါင်ဝင်တိုက်မိရာ နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ သိရသည်။ ယာဉ်မောင်းအောင်မိုးထူး (၅၃)နှစ် မောင်းနှင်လာသည့် အဆိုပါယာဉ် သည် ဥတ္တရသီရိမြို့နယ် ပန်းတင်အမြန်လမ်းမကြီး ရဲစခန်းအပိုင် နယ်မြေမိုင်တိုင် အမှတ် ၂၁၇/၀-၁ ကြား၌ ယင်းသို့ဖြစ်ပွားကြောင်း...

အမည်မသိသေနတ်သမားများ ပစ်ခတ်မှုကြောင့် ဖားကန့်၌ ယာဉ်လိုင်းကြီးကြပ်ရေးဥက္ကဋ္ဌ သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ-၁၉ ဖားကန့်မြို့၌ အမည်မသိသေနတ်သမားများ ပစ်ခတ်မှုကြောင့် ပုဂ္ဂလိကမော်တော်ယာဉ်လိုင်းကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌဦးခင်စိုး သေဆုံးသွားခဲ့ရာ ရုပ်အလောင်းအား ၎င်း၏မိသားစုများရှိရာ မန္တလေးမြို့သို့ပို့ဆောင်ပေးခဲ့ကြောင်း ဝိသာခါလူမှုကူညီရေးအသင်းမှ သိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၉ ရက် မွန်းတည့် ၁၂ နာရီခန့်က ဖားကန့်မြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်ကြီးကြပ်ရေးကော်မတီ(ရ.က.တ)ဥက္ကဋ္ဌ ဦးခင်စိုး (၅၇)နှစ်သည် ဖားကန့်မြို့ရှိ မရှီကထောင်ရပ်ကွက် ဘေလီတံတားထိပ်ရှိ ၎င်းပိုင်မော်တော်ယာဉ်ဂိတ်၌ ထိုင်နေစဉ် 125 ဆိုင်ကယ်နှစ်စီးဖြင့် အမည် မသိသေနတ်သမားလေးဦးရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဦးခေါင်းတွင်...

မိတ္ထီလာတွင်လူသတ်၍ကားနောက်ဖုံးအတွင်း ထည့်ထားသည့်အမှုမှပြစ်မှုကျုးလွန်သူများဖမ်းဆီးမိ

မန္တလေး၊ ဒီဇင်ဘာ ၁၄ မိတ္ထီလာမြို့၊ဈေးရှေ့ရပ်၊ကားဝပ်ရှော့တွင်နိုဝင်ဘာ၁၁ရက်နံနက်ကဖြစ်ပွား ခဲ့သောပြုပြင်ရန်အပ်နှံထားသည့်အဖြူရောင်ဆလွန်းအတွင်းအမျိုးသား အလောင်းတစ်လောင်းနှင့်အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိမှုမှပြစ်မှုကျုးလွန်သူများဖော်ထုတ်ဖမ်းဆီးမိခဲ့ကြောင်းမန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရသိရသည်။ မိတ္ထီလာမြို့၊ ဈေးရှေ့ရပ်၊ ကားဝပ်ရှော့တွင်နိုဝင်ဘာ ၁၇ရက်နံနက် ၂ နာရီ ၃၀မိနစ်အချိန်တွ င်ပြုပြင်ရန် လာရောက်အပ်နှံထားသည့်NISSAN FUGA ယာဉ်အမှတ် 9J/xxxxx အဖြူရောင် စလွန်းကား ယာဉ်နောက်ဖုံး အတွင်းမှ အပုပ်နံ့ရရှိရ၍ မိတ္ထီလာမြို့မရဲစခန်းသို့ သတင်းပို့ချက်အရ ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ရာယာဉ်နောက်ဖုံးအခန်းအတွင်း အသက်၃၀နှစ်ခန့် အမျိုးသားတစ်ဦးအားခန္ဓာအနှံပေါက်ပြဲထိုးသွင်းဒဏ်ရာ (၁၂)ချက်ဖြင့် အလောင်း(၁)လောင်းနှင့် အသက် ၃၀နှစ်ခန့် အမျိုးသမီးတစ်ဦးအား ခန္ဓာကိုယ်အနှံ့ပေါက်ပြဲ ထိုးသွင်းဒဏ်ရာ (၅)ချက်ဖြင့်...

ကသာမြို့နယ်၌ တရားမဝင်ကျွန်းသစ်လုံးနှင့် ကျွန်းခွဲသားများ သိမ်းဆည်းရမိ

ကသာ၊ ဒီဇင်ဘာ-၁၁ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့နယ် ရေပုတ်ကျေးရွာအနီး ဧရာဝတီမြစ်အတွင်း ဒီဇင်ဘာ ၉ ရက်က တရားမဝင် ကျွန်းသစ်လုံးနှင့် ကျွန်းခွဲသားများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ကသာမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ထွဏ်းခေါင်းဆောင်သော သစ်တောဝန်ထမ်းများသည် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များလိုက်ပါလျက် သက်သေများနှင့်အတူ ကသာမြို့နယ် ရေပုတ်ကျေးရွာအနီး ဧရာဝတီမြစ်အတွင်းရှိ ပျဉ်ပကာသစ်ဖောင်အား သတင်းအရ တက်ရောက်ရှာဖွေရာ ၎င်းဖောင်အတွင်းမှ တရားမဝင်ကျွန်းသစ်လုံးများနှင့် ကျွန်းခွဲသားဆိုက်စုံ ၈ ဒသမ ၇၇၈ တန်နှင့်...

မြောင်းမြ သုံးလောင်းပြိုင်လူသတ်မှု လင်မယားစကားများရာမှ ခင်ပွန်းက ယောက္ခမ၊ဇနီးနှင့်တူကို ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်းပေါ်ပေါက်

ရန်ကုန်၊ ဒီဇင်ဘာ-၁၁ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်၊ တောင်ကလေးကျေးရွာ၌ ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင်လူသတ်မှုမှာ လင်မယားစကားများရန်ဖြစ်စဉ် ခင်ပွန်းဖြစ်သူက ဇနီးနှင့် (၁၀) နှစ်အရွယ်တူကို ဓားမဖြင့်ခုတ်နေခြင်းကြောင့် အော်ဟစ်အကူအညီတောင်းခံသဖြင့်လာရောက် သူယောက္ခမကိုပါ ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။ ဒီဇင်ဘာ ၁၀ ရက် ညနေ ၃ နာရီခွဲခန့်က အဆိုပါကျေးရွာနေ သန်းဇော်(၄၅)နှစ်(စိစစ်ဆဲ)သည် နေအိမ်၌ ဇနီးဖြစ်သူ မတင်တင်စန်း (၃၃)နှစ်နှင့်အတူ ကွမ်းရွက်များစီနေစဉ် စကားများရန်ဖြစ်ရာ သန်းဇော်က မတင်တင်စန်းအား ဓားမဖြင့် ခုတ်ပြီး...