လားရှိုးမြို့တွင် မူးယစ်ဆေးဝါးဖမ်းဆီးရာ၌ ပြန်လည်ခုခံသောကြောင့် ပစ်ခတ်ဖမ်းဆီး၊ တစ်ဦးသေဆုံး

လားရှိုးမြို့ အမှတ်(၅)ရပ်ကွက်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရာ၌ ပြန်လည်ခုခံသောကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ တရားခံတစ်ဦးသေဆုံးခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး(ဗဟို)မှသတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လားရှိုးမြို့၊ အမှတ်(၅)ရပ်ကွက်၊ နယ်မြေ(၂)၊ ခိုင်ရွှေဝါလမ်းနေ နော်အောင်(ခ) လမုန်နော်အောင် (၅၃)နှစ်၏ နေအိမ်အား သတင်းအရဝင်ရောက်ရှာဖွေစဉ် နေအိမ်ဧည့်ခန်း၌ အိမ်ရှင်နှင့်အတူ စိုင်းနော်(ခ)ဒီလာ(၃၀)နှစ်နှင့် ခွန်ဖုန်း(၄၆)နှစ်တို့အားတွေ့ရှိပြီး ငြိမ်နေရန်နှင့်...

သီပေါတံတားအဝင်၌ ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး၊ တရားခံနှစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ

မူးယစ်ဆေးဝါးဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦးကျဆုံး၍ တရားခံနှစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စက်တင်ဘာ ၂၈ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲဇာနည်ဖေ့စ်ဘွတ်ခ်မှ သတင်းထုတ်ပြန်သည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သီပေါမြို့နယ် သီပေါတံတားအဝင် လားရှိုးမြို့မှ သီပေါမြို့ဘက်သို့...

ပန်းတောင်း ညောင်းကျိုးဂိတ်တွင် ကျပ်သိန်းသုံးသောင်းကျော်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ညောင်ကျိုးစစ်ဆေးရေးစခန်းတွင် ငွေကျပ် ၃၀၂၄၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၂၆ ရက် ည ၉ နာရီခွဲတွင် ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာအုပ်စု ညောင်ကျိုး (မကဖ) ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပိတ်ဆို့စစ်ဆေးဆောင်ရွက်နေစဉ် ပြည်ဘက်မှ...

ပျဉ်းမနားတွင် မိုက်ကြေးခွဲ ပိုက်ဆံတောင်းနေသူ သုံးဦးကို စိတ်ကြွဆေးပြားများ၊ လက်နက်အစိတ်အပိုင်းအချို့နှင့်အတူ ဖမ်းမိ

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်တွင် မိုက်ကြေးခွဲ ပိုက်ဆံတောင်းနေသူသုံးဦးကို စိတ်ကြွဆေးပြားများ၊ လက်နက်အစိတ်အပိုင်းအချို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၂၅ ရက် နံနက် ၇ နာရီခွဲတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေကြောင်း သတင်းရရှိသဖြင့် နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ ပျဉ်းမနားမြို့နယ် ရွာကောက်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းရရှိသော ပျဉ်းမနားမြို့ ဘောဂဝတီရပ်ကွက်...

မုဒိမ်းကျင့်၊ လူသတ်မှုကြောင့် ထောင်ဒဏ်ကျခံခဲ့ပြီး ပြန်လည်လွတ်မြောက်လာသူက အသက်(၁၃)နှစ်အရွယ် ကလေးတစ်ဦးကို မုဒိမ်းကျင့်၊ လူသတ်မှု ထပ်မံကျူးလွန်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် မုဒိမ်းကျင့်၊ လူသတ်မှုကြောင့် ထောင်ဒဏ်ကျခံခဲ့ပြီး ပြန်လည်လွတ်မြောက်လာသူက အသက်(၁၃)နှစ်အရွယ် ကလေးငယ်တစ်ဦးကို မုဒိမ်းကျင့်၊ လူသတ်မှု ထပ်မံကျူးလွန်မှုဖြစ်ပွားခဲ့ရာ ပြစ်မှုကျူးလွန်သူအားဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ရွှေဘိုမြို့မရဲစခန်းမှ သိရသည်။ ရွှေဘိုမြို့ အမှတ်(၇)ရပ်ကွက် ဝက်လည်ရွဲရပ် ဈေးတောင်ဘက်လမ်းကြားတွင် စက်တင်ဘာ ၂၁ ရက် နံနက် ၂ နာရီ ၄၅ မိနစ်ခန့်က အသက်(၁၃)နှစ်အရွယ်...

ငွေကျပ် သိန်း ၂၄၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

တာချီလိတ်မြို့နယ် ဝှေရဲကျေးရွာ၌ ငွေကျပ်သိန်း ၂၄၀၀ ကျော်ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိရမိကြောင်း စက်တင်ဘာ ၂၄ တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဝှေရဲကျေးရွာနေ စိုင်းခွန်း၏နေအိမ်အား စက်တင်ဘာ ၂၃ ရက် ညနေ ၃ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက သတင်းအရ ဝင်ရောက်ရှာဖွေရာ...

မြ၀တီမြို့နယ်အတွင်း မူးယစ်ဆေးဝါးကျပ်သိန်းပေါင်း ၂၃၄၆၀၀ ဖိုးခန့်သိမ်းဆည်းရမိ

မြ၀တီခရိုင် စုကလိမြို့နယ် ဘလက်ဒိုကျေးရွာ၌ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးတွင် တင်ဆောင်လာသည့် လက်ဖက်ခြောက်အိတ်အတွင်းမှ မက်အက်ဖီတမင်း ဟိုက်ဒရိုကလိုရိုက် (ICE) အဖြူရောင် ပုံဆောင်ခဲ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂၃၄၆၀၀ ဖိုးခန့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဩဂုတ် ၁၀ ရက် နံနက် ၁၀ နာရီ ခန့်တွင် နယ်မြေခံတိုင်းစစ်ဌာနချုပ်မှ...

တောင်ဥက္ကလာပမြို့နယ်၌ ပန်းထိမ်လုပ်ငန်းလုပ်ကိုင်သည့် လင်မယားနှစ်ဦး အသတ်ခံရ

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ (၇)ရပ်ကွက်၊ မင်းရဲကျော်စွာ (၆)လမ်း (ခ)ရှိ တိုက်ခန်းတစ်ခု၌ ပန်းထိမ် လုပ်ငန်းလုပ်ကိုင်သည့် လင်မယားနှစ်ဦး အသတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း (၇)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ သေဆုံးသူနှစ်ဦးမှာ ပန်းထိမ်လုပ်ငန်းလုပ်ကိုင်သည့် လင်မယားနှစ်ဦးဖြစ်ပြီး အခင်းဖြစ်ပွားရာ တိုက်အမှတ် (….)၊လေးလွှာတွင် နေထိုင်သူများဖြစ်ကြောင်း (၇)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးလှမြင့်က စံတော်ချိန်သို့ ပြောသည်။

ပင်လောင်း၌ မောင်းနှင်ထွက်ပြေးသောကားကို လိုက်လံဖမ်းဆီးရာ သင်္ကန်းဝတ်တစ်ဦးနှင့်အတူ စိတ်ကြွဆေးပြား ၁၀ သိန်းခန့်ဖမ်းမိ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ် လိန်းလီ တံတားထိပ်တွင် ပိတ်ဆို့ရှာဖွေရေးပြုလုပ်နေစဉ် မောင်းနှင် ထွက်ပြေးသော မော်တော်ယာဉ်တစ်စီးကို ဖမ်းဆီးရမိခဲ့ပြီး သင်္ကန်းဝတ်တစ်ဦးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းခန့် သိမ်းဆည်းရမိခဲ့ကြောင်း ပေါင်းလောင်းမြို့မရဲတပ်ဖွဲ့မှ သိရသည်။ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီခွဲခန့်က ပင်လောင်းမြို့နယ် လိန်းလီ...

မြောင်းမြထောင်ဝန်ထမ်းထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မြောင်းမြအကျဉ်း ထောင်ဝန်ထမ်းတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၄ ပြားနှင့်အတူ Ice မူးယစ်ဆေးများကို ဇူလိုင် ၆ ရက် ညနေ ၅ နာရီခွဲက အကျဉ်းထောင်အတွင်း ခိုးဝှက်သယ် ဆောင်လာစဉ် မြောင်းမြရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ ဖြစ်စဉ်မှာ မြောင်းမြအကျဉ်းထောင်၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးတွင် မူး ယစ်ဆေးဝါးဟုယူဆရသော ပစ္စည်းများ ခိုးဝှက်သယ်ဆောင်လာသည်ကို...