ကိုဗစ်(၁၉)ကို ကာကွယ်ရန် အိမ်မှာနေရင်း နေ့စဉ်ဂရုစိုက်ရမည့် နေထိုင်စားသောက်မှုများအကြောင်း

အထွေထွေရောဂါကုဆရာဝန် ဒေါက်တာရွှေဝါအောင်နှင့် တွေ့ဆုံခြင်း ယခုအခါတွင် COVID-19 ကပ်ရောဂါကြောင့် လူတိုင်း အိမ်မှာသာနေရသော ကာလဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် နေထိုင်မကောင်းမဖြစ်ရန် ဂရုစိုက်ရမည့်ကာလဖြစ်၍ နေ့စဉ် နေထိုင်စားသောက်မှုများအကြောင်းကို အထွေထွေရောဂါကုဆရာဝန် ဒေါက်တာရွှေဝါအောင်နှင့် စံတော်ချိန်က ဆက်သွယ်မေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်- အေးမြတ်မွန်(ယုဇန)-မေးမြန်းသည်

သတိပြုရမည့် ရန်ကုန်လေထု (ဖေဖော်ဝါရီ ၁၇– ၂၃ ကိန်းဂဏန်းအခြေပြုချက်)

ယနေ့ ရန်ကုန်မြို့၏ လေထုအရည်အသွေးသည် တစ်နေ့ထက်တစ်နေ့ဆိုးဝါးသည့်အခြေအနေတစ်ရပ်သို့ ဆိုက်ရောက်လာခဲ့ပါပြီ။ တစ်နည်းဆိုရလျှင် ရန်ကုန်လေထုညစ်ညမ်းမှုသည် ကလေးသူငယ်၊ သက်ကြီးရွယ်အိုတို့သာမက အရွယ်စုံ မြို့နေလူထု၏ ကျန်းမာရေးကို ခြိမ်းခြောက်လာခြင်းဖြစ်သည်။ အထူးသဖြင့် နံနက်ပိုင်းအချိန်များသည် မြို့နေလူထုအတွက် ကျန်းမာရေးကို လွန်စွာထိုက်ခိုက်စေသော အဆင့်အထိ လေထုညစ်ညမ်းမှုက သက်ရောက်လာခြင်းဖြစ်သည်။ http://datawrapper.dwcdn.net/0dbsl/1/?fbclid=IwAR26U9j-GeY11UrfQAtq8GMTQwS8xHFdGK7H8vNc2klEmWUdG_o_tQs3mcQ
video

ညစာစားပြီး ဘယ်လိုဝိတ်ချမလဲ…

စံတော်ချိန်_ကျန်းမာရေးရပ်ဝန်း ပျိုမေတွေရော အိမ်ထောင်ရှိပြီးသား မေမေတွေအတွက် ၀လာတယ်၊ ၀ိတ်တက်လာတယ်လို့ ဘယ်သူမှ အပြောမခံချင်ကြပါဘူး။ ဒီနေ့ခေတ်မှာလည်း အစားသောက်တွေက စားချင်စဖွယ်ဖြစ်အောင်လို့ ရောင်းချနေတာကြောင့် အစားကြိုက်တဲ့သူတွေအတွက်တော့ ၀ိတ်ချဖို့က တော်ရုံမလွယ်ကူပါဘူး။ ဒါပေမယ့် အားလုံးနီးပါက ၀ိတ်ချဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတဲ့နေရာမှာ ဆရာဝန်တွေ၊ အာဟာရဗေဒပညာရှင်တွေက ညစာစားတာရှောင်ဖို့နဲ့ ညစာစောစောစားဖို့ အကြံပေးကြလေ့ရှိပါတယ်။ ဒါပေမဲ့ ညစာစားပြီး...
video

နွေရာသီအပူပြင်းချိန်မှာ ဖြစ်တတ်သောရောဂါများ

အခုအချိန်ဟာ မြန်မာနိုင်ငံမှာအပူဆုံးလတစ်လဖြစ်တဲ့ ဧပြီလထဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒီလိုရာသီမှာ ပူပြင်းတဲ့နေရောင်ခြည်ကြောင့် ဖြစ်ပွားတတ်တဲ့ ရောဂါတွေအကြောင်းကို အရေပြားနှင့် အလှအပဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦးကို စံတော်ချိန်က မေးမြန်းတင်ဆက်ပေးထားပါတယ်။   တွေ့ဆုံမေးမြန်း၊ ရိုက်ကူး - ဖြူဖြူခိုင်/ စံတော်ချိန်

ပတ်ဝန်းကျင်နှင့် ကျန်းမာရေး

ဥပမာဆိုရသော် အိုင်အိုဒင်းဓာတ်ချို့တဲ့ သော ရေများကို သောက်သုံးနေကြရသူများတွင် လည်ပင်းကြီးရောဂါ ဖြစ်ပွားတတ်ခြင်းနှင့် ခဲမှုန့်၊ ခဲငွေ့များပါသောလေကို ရှူရှိုက်မိပါကလည်း ခဲဆိပ်သင့်သည့် ရောဂါဝေဒနာများ ခံစားကြရမည် ဖြစ်ပါသည်။ လောကတွင် လူမျိုး၊ ဘာသာ၊ အသက်အရွယ်၊ ကျားမ မရွေး လူမှန်သမျှ ဆေးပညာရှုထောင့်ကကြည့်လျှင် ခန္ဓာကိုယ်တည်ဆောက်ထားပုံမှာ အခြေခံအားဖြင့် အတူတူပင်ဖြစ်ပါသည်။ သို့သော် အချို့လူမျိုးများမှာ ကျန်းမာအသက်ရှည်ကြ၍ အချို့လူမျိုးများမှာ ရောဂါဝေဒနာများ များစွာခံစားကြရပြီး အသက်တိုကြရသည်။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းရင်းကိုလေ့လာကြည့်ရာတွင် နေထိုင်သည့်ပတ်ဝန်းကျင်အပေါ်တွင် များစွာတည်မှီမှုရှိနေသည်ကို တွေ့ရပါသည်။ ပတ်ဝန်းကျင်ဟုဆိုရာတွင် ပတ်ဝန်းကျင်အမျိုးမျိုးရှိသည့်အနက် ကျန်းမာရေးနှင့်သက်ဆိုင်သော ပတ်ဝန်းကျင်မှာ...

ပဲခူး ကလျာဏီရေဘေးကယ်ဆယ်ရေးစခန်းရှိပြည်သူ ၄၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား

ပဲခူးမြို့ရှိရေဘေးကယ်ဆယ်ရေးစခန်း၌ ရောက်ရှိနေသော ရေဘေးသင့်ပြည်သူ ၄၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး ယင်းအနက်မှ ထက်ဝက်ခန့်မှာ ပဲခူးဆေးရုံကြီးသို့တက်ရောက်၍ ဆေးကုသမှု ခံယူနေရကြောင်း ဆေးရုံတာဝန်ရှိသူထံမှ သိရသည်။ ပဲခူးမြို့ ကလျာဏီရေဘေးကယ်ဆယ်ရေးစခန်းတွင်ရောက်ရှိနေသော ဒေသခံများမှာ ဇူလိုင် ၂၉ ရက် နံနက်ပိုင်း၌ အလှူရှင်များကျွေးမွေးသော ကြက်ဥ၊ ဘဲဥဟင်းများကိုစားသုံးပြီး နေ့လယ်ပိုင်းတွင် လာလှူသော ရေခဲချောင်း(နို့စတော်ဘယ်ရီ) များကို စားသုံးခဲ့ကာ ညနေပိုင်းတွင် အော့အန်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းနှင့် အနီးဆုံးဖြစ်သည့် အာနန္ဒာဘုရားဝင်းအတွင်း ဖွင့်လှစ်ထားသောကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းသို့...

ဆရာဝန်ပြောကြား ကျန်းမာရေးစကား

သွေးလွန်တုပ်ကွေးကူးစက်မှုက တစ်နှစ်ပတ်လုံးမှာ ရှိနေပါတယ်။ လူထုကိုအသိပေး ချင်တာက သွေးလွန်တုပ်ကွေးရာသီရယ်လို့ မသတ်မှတ်သင့်တော့ပါဘူး။ ကလေးသူငယ်တွေ ဖျားနာရင် မဟုတ်တော့ဘဲ လူကြီးဖျားရင်လည်း သွေးလွန်တုပ်ကွေးဖြစ်တတ်တယ်ဆိုတာ သိဖို့လိုလာပြီ။ သွေးလွန်တုပ်ကွေးကို ကာကွယ်နှိမ်နင်းတဲ့နေရာမှာ အဓိကရည်မှန်းထားတာ နှစ်မျိုးရှိပါတယ်။ ရေထဲမှာနေတဲ့ ခြင်ကျားပိုးလောက်လမ်းကနေ သက်ကြီးခြင်မ,ဖြစ်ပြီဆိုရင် သူက နောက်ထပ်ရန်သူတစ်မျိုး ဖြစ်တယ်။ ဒါကြောင့်ခြင်ကျားပိုးလောက် လမ်း နှိမ်နင်းရေးအနေနဲ့ အစိုးရနဲ့ပုဂ္ဂလိကရုံးဌာနတွေမှာ ခြင်ကျားပိုးလောက် လမ်းမရှိအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဖုံး၊ သွန်၊ လဲ၊ စစ်...

ဆရာဝန်ပြောကြား ကျန်းမာရေးစကား

အသည်းရောင်အသားဝါ A နဲ့ E ဟာ ရေမသန့်ုခြင်းနဲ့ အစားအသောက်မသန့်ရှင်းရာကနေ ဖြစ်တတ်ပါတယ်။ ဘယ်လို မသန့်ရှင်းတဲ့ရေလဲဆိုရင် အချို့ဒေသတွေမှာ မြစ်၊ ချောင်းဘေးတွေမှာ အိမ်သာတွေဆောက်ကြတာမျိုးရှိတယ်။ အသည်း ရောင်အသားဝါ A နဲ့ E ဖြစ်နေတဲ့သူက ဝမ်းသွားလိုက်ရင် မစင်ကတစ်ဆင့် ဗိုင်းရပ်စ်ပိုးတွေ ရေထဲမှာပါလာတယ်။ ဒီရေကိုပြန်သောက်ရင် ကူးပါတယ်။ ပိုးကပါးစပ်ထဲကဝင်သွားပြီး ဝမ်းဗိုက်ထဲမှာ အဓိကကျတဲ့ အသည်းကိုသွားတယ်။ အသည်းကိုဦးစားပေးသွားတယ်။ အဲဒီမှာ အသည်းရောင်တာတွေဖြစ်တယ်။ ပြီးရင်...

ဆရာဝန်ပြောကြား ကျန်းမာရေးစကား

ရာသီတုပ်ကွေးက မိုးရောက်ရင် တစ်ကျော့ပြန်လာတော့မယ်။ မကြာခင်လည်း ကြုံတွေ့ရတော့မယ်လို့ မှန်းထားတယ်။ သုံးချက်ပဲရှိတာ။ သူက လေထဲကနေ ကူးစက်တဲ့ရောဂါဖြစ်တယ်။ လေထဲမှာ နှာချေ၊ ချောင်းဆိုးလိုက်တဲ့ နှပ်မှုန်တွေ၊ သလိပ်မှုန်တွေ အဲဒီအမှုန်တွေကတစ်ဆင့် လေစီးကြောင်းနဲ့ပါသွားပြီး ကျန်တဲ့သူတွေကို ကူးတဲ့ရောဂါဖြစ်တဲ့အတွက် အဲဒီ လို နှာစေး၊ ချောင်းဆိုးနေတဲ့လူတွေကတော့ ဘယ်သွားသွား သတိထားသင့်ပါတယ်။ လူထူထပ်တဲ့နေရာမှာ ချောင်းဆိုးတယ်၊ နှာချေတယ်ဆိုရင်တောင် ကိုယ့်မှာဘာမှမရှိရင် ကိုယ့်အင်္ကျီစလေး၊ စက္ကူစလေးနဲ့ အုပ်ပြီးတော့ ဆိုးကြပါ။ နှာခေါင်းစည်းသုံးပါ။ အဓိကအရေးအကြီးဆုံးအချက်က...

ဆရာဝန်ပြောကြား ကျန်းမာရေးစကား

ဒီတစ်ခါဂရုစိုက်ဖို့ အကြံပြုချင်တာကတော့ ကောင်းမွန်သောအိပ်စက်ခြင်းကို ဂရုစိုက်ပေးဖို့ပေါ့။ အိပ်စက်ခြင်းဟာ နေ့စဉ်နေ့တိုင်းလိုလို ကြုံလာခဲ့ရတော့ အဆန်းမဟုတ်သလို ဂရုစိုက်နေဖို့ မလိုသလိုမျိုး ထင်မြင်နေတတ်ကြပါတယ်။ အလွယ်တကူ ပုံမှန်အိပ်နေစဉ်မှာ အိပ်စက်ခြင်းရဲ့တန်ဖိုးကို သတိမထားမိဘဲ နေတတ်ကြပါတယ်။ Personal Hygiene ခေါ် တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်မှ ခန္ဓာကိုယ်ကျန်းမာနိုင်သလို Sleep Hygiene ခေါ် နှစ်နှစ်ခြိုက်ခြိုက် ကြည်ကြည်လင်လင် လုံလောက်စွာ သီးသန့် အိပ်စက်ခြင်းကို အိပ်စက်နိုင်ရန် ဂရုစိုက်တဲ့အလေ့အထဟာလည်း စိတ်ကျန်းမာရေးအတွက် များစွာအရေးကြီးပါတယ်။ လုံလောက်စွာမအိပ်ရခြင်း၊...