ဆရာဝန်ပြောကြား ကျန်းမာရေးစကား

အတက်ရောဂါရှိတဲ့သူတွေအနေနဲ့ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနဲ့အလုပ်ပင်ပန်းနွမ်းနယ်မှုတို့က အတက်ရောဂါကို လှုံ့ဆော်နိုင်လို့ ပုံမှန်လှုပ်ရှားသွားလာနေရင်း အလွန်ပင်ပန်းလာလို့ တက်ချင်သလို ခံစားရမယ်ဆိုရင် ဂရုပြုအနားယူသင့်ပါတယ်။ အိပ်ရေးပျက်ခံခြင်း၊ ကောင်းမွန်စွာ အိပ်မပျော်ခြင်း၊ အစားပုံမှန်မစားခြင်းတို့က တက်ခြင်းကို လှုံ့ဆော်နိုင်တဲ့အတွက် အိပ်ချိန်ပုံမှန်ထားပါ။ အိပ်ရေးဝအောင်အိပ်ပါ။ အစားပုံမှန်စားပါ။ တီဗွီဂိမ်း အလွန်အကျွံကစားခြင်း၊ စူးရှတဲ့ (Disco light)တွေအောက်မှာ ကြာမြင့်စွာနေခြင်းတို့ကို ရှောင်ရပါမယ်။ အရက်အလွန်အကျွံ သောက်ခြင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများသုံးစွဲခြင်းဖြင့် အတက်ရောဂါကုဆေးတွေရဲ့အာနိသင်ကို ပြောင်းလဲစေနိုင်တာကြောင့် ပိုမိုတက်နိုင်ပါတယ်။ အမျိုးသမီးတွေဆိုရင်...

အရိုးနုရောင်ပြီး ပုပ်သွားနိုင်သည့် နားနောက်ကြောဖြတ်ခြင်း

မကြာသေးမီက သွေးတိုးရောဂါအပါအဝင် အခြားရောဂါများလည်း ပျောက်ကင်းသည်ဟူ၍ နား၏နောက်ဘက်အကြောကို ဘလိတ်ဓားဖြင့် အစိမ်းလိုက်ခွဲသည့် အယူအဆမှား ဖြစ်စဉ်တစ်ခု လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။ ယင်းသို့ သော လုပ်ဆောင်ချက်များကြောင့် အကြားအာရုံတစ်ခုလုံး၏ အဓိကကျသောနားတွင် ဘေးထွက်ဆိုးကျိုးများစွာဖြစ်ပေါ်နိုင်သည့် အခြေအနေ၊ နာတာရှည်ရောဂါများ၏ နောက်ဆက်တွဲများကြောင့် နားအကြားအာရုံထိခိုက်သည့်အခြေအနေများကို နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းရောဂါပညာဌာန ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ပါမောက္ခဒေါက်တာခင်လှလှနှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည် - "နားအပြင်ဘက် ခွဲလိုက်ပြီး သွေးထွက်သွားရင် သွေးတိုးပျောက်တယ်ဆိုတာဟာ လုံးဝမဟုတ်ပါဘူး။...

သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင်နှင့်တွေ့ဆုံခြင်း

"အမျိုးသမီးများအတွက် တန်ဆေးလွန်ဘေး အရေးပေါ်သန္ဓေတားဆေး" "တစ်ခုစိတ်ပူစရာရှိတာက တစ်ခါတလေ ပျို့အန်တက်တော့ ဒီဆေးသောက်ပြီး နှစ်နာရီအတွင်း အန်သွားရင် လုံးဝကာကွယ်မှုမရှိတော့ဘူး။ မြန်မြန်ပြန်သောက်ရတယ်။ နောက်တစ်ခုက မကြာခဏသောက်ရင် ရာသီခွင်တွေမှာ နောက်ဆုတ်တတ်တယ်။ အဲဒီတော့ လစဉ်ရာသီအချိန်မှန်လာနေတဲ့ မိန်းကလေးဟာ ရာသီတွေ နောက်ဆုတ်သွားတတ်တယ်။" ရည်မှန်းချက်အမျိုးမျိုးနှင့်ရှင်သန်နေကြသော လူမှုအသိုင်းအဝိုင်းတွင် အမျိုးမျိုးသော အကြောင်းအရာများကြောင့် ကိုယ်ဝန်မယူလိုသည့် အမျိုးသမီးများအတွက် သန္ဓေတားဆေးများသည် များစွာအဓိကကျလျက်ရှိသည်။ ထိုကဲ့သို့ သန္ဓေတားဆေးမျိုးစုံ ပေါ်ပေါက်လာသော်လည်း မွေးကင်းစကလေးငယ် စွန့်ပစ်မှုများကို မကြာခဏတွေ့နေရသည်။ အကြောင်းအမျိုးမျိုးကြောင့် အရေးပေါ်သည့်အချိန်တွင်...

ဆရာဝန်ပြောကြား ကျန်းမာရေးစကား

အမျိုးသမီးကင်ဆာရောဂါတွေထဲမှာ သားအိမ်ခေါင်းကင်ဆာအဖြစ်များနေပါတယ်။ နောက်ပြီး သားအိမ်ခေါင်းကင်ဆာက ရောဂါဖြစ်လာလို့ ဆေးရုံရောက်လာပြီဆိုရင် အဆင့်တွေမြင့်မှ ရောက်လာတာဖြစ်တယ်။ အဲဒါကို ကျွန်မတို့ အရမ်းစိတ်မကောင်းဖြစ်ပါတယ်။ ဒါကြောင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုနှုန်းလည်း ကျဆင်းအောင်၊ ဖြစ်ပြီးသားဆိုလည်း စောစောစီးစီးလာပြီးကုသပါလို့ အမျိုးသမီးထုကို တိုက်တွန်းချင်ပါတယ်။ အရေးကြီးဆုံးကတော့ မဖြစ်ခင်က ကြိုတင်ကာကွယ်ကြပါ။ မိမိပတ်ဝန်းကျင်က အမျိုးသမီးငယ်တွေကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးပေးပြီး ကာကွယ်ပေးလို့ရပါတယ်။ နောက်ပြီးတော့ အသက် ကိုးနှစ်နဲ့ (၁၄)နှစ်မှာ မမီလိုက်ရင်လည်း အသက် (၂၀)နဲ့ အသက်(၂၅)နှစ်အိမ်ထောင်မကျခင်မှာ ကာကွယ်ဆေးထိုးလို့ရပါတယ်။ နောက်တစ်ချက်က...

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် ၄၂ ဦးမြောက် ကျောက်ကပ်အစားထိုး လဲလှယ်ကုသမှု အောင်မြင်

မန္တလေး၊ ဒီဇင်ဘာ-၁၄ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး ဆီးနှင့် ကျောက်ကပ်ခွဲစိတ်ကုဌာန၊ ဆေးတက္ကသိုလ်(မန္တလေး)နှလုံးခွဲ စိတ်ကုပညာဌာန၊ မေ့ဆေးပညာဌာန၊ ရောဂါဗေဒတို့မှ ဆရာဝန်ကြီးများပူးပေါင်း၍ ၄၂ ဦးမြောက် ကျောက်ကပ်အစားထိုးလဲလှယ်ကုသမှုကို ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီခွဲက မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် ဆောင်ရွက်ရာ နံနက် ၁၁ နာရီ ၃၅မိနစ်တွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ၄၂ ဦးမြောက် ကျောက်ကပ်အစားထိုးလဲလှယ်ကုသမှုတွင် ကျောက်ကပ်ပျက်စီး၍ ဆေးကုသမှုခံယူနေသော မောင်ဇော်ငယ်ချစ်(၂၉)နှစ်၏ ကျောက်ကပ်ကို အလှူရှင်၏ကျောက်ကပ်နှင့်...

ဆရာဝန်ပြောကြား ကျန်းမာရေးစကား

နားကြပ်တစ်ခုကို မျှဝေသုံးခြင်းအန္တရာယ် နားကြပ်တစ်ခုတည်းကို လူပေါင်းစုံသုံးရင် ရောဂါကူးနိုင်ပါတယ်။ အခုခေတ်မှာ နားကြပ်လေးကိုတပ်ပြီး သီချင်းနားထောင်ကြတယ်။ ဘယ်လိုပြောမလဲဆိုရင် သွားပွတ်တံလိုပါပဲ။ သွားပွတ်တံကို ကိုယ်တိုင်ပဲသုံးတာ ကောင်းပါတယ်။ သူများသွားပွတ်တံယူပြီး သွားတိုက်ရင် မကောင်းသလိုပါပဲ။ နားကြပ်က မသိလို့ယူတပ်မိရင်လည်း ယူတပ်မိမှာပေါ့။ နားကြပ်ကို လူစုံသုံးတာ မကောင်းဘူးဆိုတဲ့နေရာမှာ အသုံးပြုသူမှာ ဘာရောဂါရှိနေမလဲဆိုတာမသိနိုင်ပါဘူး။ နာတာရှည် နားပြည်ယိုတာမျိုးရှိသူလား၊ နားထဲမှာ မှိုစွဲနေတဲ့သူလားဆိုတာ ကိုယ်မသိဘူးလေ။ နားထဲမှာ မှိုစွဲနေတဲ့လူက ယူတပ်လိုက်ရင် ကိုယ့်နားလည်း မှိုစွဲသွားမှာဖြစ်ပါတယ်။ ဖြစ်နိုင်ရင် နားကြပ်တစ်ခု ဘယ်လောက်မှပေးရတာလည်းမဟုတ်ပါဘူး။...

ပတ်ဝန်းကျင်နှင့် ကျန်းမာရေး

ဥပမာဆိုရသော် အိုင်အိုဒင်းဓာတ်ချို့တဲ့ သော ရေများကို သောက်သုံးနေကြရသူများတွင် လည်ပင်းကြီးရောဂါ ဖြစ်ပွားတတ်ခြင်းနှင့် ခဲမှုန့်၊ ခဲငွေ့များပါသောလေကို ရှူရှိုက်မိပါကလည်း ခဲဆိပ်သင့်သည့် ရောဂါဝေဒနာများ ခံစားကြရမည် ဖြစ်ပါသည်။ လောကတွင် လူမျိုး၊ ဘာသာ၊ အသက်အရွယ်၊ ကျားမ မရွေး လူမှန်သမျှ ဆေးပညာရှုထောင့်ကကြည့်လျှင် ခန္ဓာကိုယ်တည်ဆောက်ထားပုံမှာ အခြေခံအားဖြင့် အတူတူပင်ဖြစ်ပါသည်။ သို့သော် အချို့လူမျိုးများမှာ ကျန်းမာအသက်ရှည်ကြ၍ အချို့လူမျိုးများမှာ ရောဂါဝေဒနာများ များစွာခံစားကြရပြီး အသက်တိုကြရသည်။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းရင်းကိုလေ့လာကြည့်ရာတွင် နေထိုင်သည့်ပတ်ဝန်းကျင်အပေါ်တွင် များစွာတည်မှီမှုရှိနေသည်ကို တွေ့ရပါသည်။ ပတ်ဝန်းကျင်ဟုဆိုရာတွင် ပတ်ဝန်းကျင်အမျိုးမျိုးရှိသည့်အနက် ကျန်းမာရေးနှင့်သက်ဆိုင်သော ပတ်ဝန်းကျင်မှာ...

ဆင်ခြေထောက်ရောဂါကာကွယ်ဆေး (Filiariasis)

ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၈၀ ကျော်မှာ ဆင်ခြေထောက်ရောဂါဖြစ်ပွားနေပြီး လူဦးရေ သန်းပေါင်း ၁၁၀၀ ခန့် ကူးစက်နိုင်ကာ ရောဂါကူးစက်သူ သန်း ၁၂၀ ကူးစက်ခံရပြီး သန်း ၄၀ ကျော်မှာ ကိုယ်လက်အင်္ဂ gချို့ယွင်းကာ ၂၅ သန်းကျော်မှာ ရေမုတ်ကြီးကာ ၁၅ သန်းမှာ ခြေလက်ရောင်ရမ်းရောဂါခံစားနေရပါတယ်။ ဆင်ခြေထောက်ရောဂါဟာ ခြင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါဖြစ်တယ်။ ရောဂါရှိတဲ့ ခြင် "မ"ကိုက်ပြီး ကျန်းမာသူတစ်ဦးထံ ထပ်မံကိုက်ခြင်းဖြင့် ဆင်ခြေထောက်ရောဂါ ဖြစ်ပွားတယ်။...

ဆီးချို၊ သွေးချိုဝေဒနာရှင်များ ကျန်းမာစေရမည်

ကမ္ဘာ့ဆီးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ ကမ္ဘာ့ဆီးချို၊ သွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့အား ဂုဏ်ပြုသောပွဲကြီးပြီးခဲ့ပေပြီ။ ဆီးချို၊ သွေးချိုရောဂါအကြောင်း ပြည့်စုံစွာနားလည်နိုင်ရေးအတွက်ဖော်ပြလိုပါသည်။ ဆီးချိုရောဂါဆိုသည်မှာ ခန္ဓာကိုယ်အတွင်းရှိ အသွေး၊ အသား၊ ဆီးများထဲတွင် အချိုသကြားဓာတ်လွန်ကဲနေခြင်းနှင့် ခန္ဓာကိုယ်အတွင်းမှ ရှိရင်းစွဲသကြားဓာတ်ကို ကုန်လွန်အောင် မသုံးစွဲနိုင်ဘဲ ပိုလျှံနေခြင်းကို ဆီးချို၊ သွေးချိုရောဂါဟုခေါ်ပါသည်။ သကြားဓာတ်မလွန်ကဲရန် ထိန်းခြင်းသဘောမှာ လုပ်အားအတွက် အသုံးကျသည့်သကြားဓာတ်အဖြစ်မှ လူကိုဒုက္ခပေးမည့် အပိုအလျှံသကြားဓာတ်အဖြစ်သို့ ခန္ဓာကိုယ်အတွင်း၌မဖြစ်ရလေအောင် "အင်ဆူလင်"ခေါ် သကြားထိန်းဓာတ်ကိုသရက်ရွက်မှ ထုတ်ပေးပါသည်။ ဆီးချိုသမား အင်ဆူလင်ဓာတ်ချို့တဲ့လျော့နည်းနေပါက ကုသရေးအတွက် အင်ဆူလင်အတုဖော်စပ်ထားသောဆေးမှာ ဆီးချို၊ သွေးချိုရောဂါကုဆေးဟုခေါ်ပါသည်။...

သတိပြုစရာဆုံဆို့နာရောဂါ

ဆုံဆို့နာဟုသိနေကြသော ဒစ်သီရီးယား(Diptheria) ရောဂါသည် ယခုကဲ့သို့ ချမ်းအေးသောဥတုအချိန်အခါတွင် သတိပြုစရာရောဂါဆိုးတစ်ခုဖြစ်သည်။ အာခံတွင်းအတွင်းတွင်ရှိနေသော ပသိ(Tonsils)၊ လည်ချောင်းပြွန်(Pharyx)၊ လည်ချောင်း၊ အသံအိုး(Laryx) နှာခေါင်း(Nose) စသောနေရာများမှ နူးညံ့သောအရေပြားများ (Membranes)၊ တစ်ခါတစ်ရံ မျက်ခွံအတွင်းသားနှင့်မိန်းမကိုယ်အရေပြား(Vulva)တို့တွင် ရုတ်တရက် ဖြစ်ပေါ်တတ်သော နာကျင်ရောင်ရမ်းပြီး အနာဖြစ်တတ်သည့် ရောဂါပိုး(Bacteria) ကြောင့်ဖြစ်သော ရောဂါတစ်မျိုးဖြစ်သည်။ ဆုံဆို့နာဟုခေါ်ကြသော်လည်း အခြားနူးညံ့သော အရေပြား(Mucous Membranes)များတွင်လည်း ဖြစ်တတ်သည်ဟုဆိုသည်။ ယခုရေးသားလိုသည့်ရောဂါသည် ကူးစက်မြန်ပြီး အန္တရာယ်ရှိသည့် ဆုံဆို့နာ(Diptheria) ရောဂါအကြောင်းဖြစ်သည်။ ဆုံဆို့နာရောဂါကို ကောရီနီဘက်တီယမ်းပိုး (Corynebucterium Diptheria)...