ဆရာဝန်ပြောကြား ကျန်းမာရေးစကား

ဒီတစ်ခါဂရုစိုက်ဖို့ အကြံပြုချင်တာကတော့ ကောင်းမွန်သောအိပ်စက်ခြင်းကို ဂရုစိုက်ပေးဖို့ပေါ့။ အိပ်စက်ခြင်းဟာ နေ့စဉ်နေ့တိုင်းလိုလို ကြုံလာခဲ့ရတော့ အဆန်းမဟုတ်သလို ဂရုစိုက်နေဖို့ မလိုသလိုမျိုး ထင်မြင်နေတတ်ကြပါတယ်။ အလွယ်တကူ ပုံမှန်အိပ်နေစဉ်မှာ အိပ်စက်ခြင်းရဲ့တန်ဖိုးကို သတိမထားမိဘဲ နေတတ်ကြပါတယ်။ Personal Hygiene ခေါ် တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်မှ ခန္ဓာကိုယ်ကျန်းမာနိုင်သလို Sleep Hygiene ခေါ် နှစ်နှစ်ခြိုက်ခြိုက် ကြည်ကြည်လင်လင် လုံလောက်စွာ သီးသန့် အိပ်စက်ခြင်းကို အိပ်စက်နိုင်ရန် ဂရုစိုက်တဲ့အလေ့အထဟာလည်း စိတ်ကျန်းမာရေးအတွက် များစွာအရေးကြီးပါတယ်။ လုံလောက်စွာမအိပ်ရခြင်း၊...

ဆီးချို၊ သွေးချိုဝေဒနာရှင်များ ကျန်းမာစေရမည်

ကမ္ဘာ့ဆီးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ ကမ္ဘာ့ဆီးချို၊ သွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့အား ဂုဏ်ပြုသောပွဲကြီးပြီးခဲ့ပေပြီ။ ဆီးချို၊ သွေးချိုရောဂါအကြောင်း ပြည့်စုံစွာနားလည်နိုင်ရေးအတွက်ဖော်ပြလိုပါသည်။ ဆီးချိုရောဂါဆိုသည်မှာ ခန္ဓာကိုယ်အတွင်းရှိ အသွေး၊ အသား၊ ဆီးများထဲတွင် အချိုသကြားဓာတ်လွန်ကဲနေခြင်းနှင့် ခန္ဓာကိုယ်အတွင်းမှ ရှိရင်းစွဲသကြားဓာတ်ကို ကုန်လွန်အောင် မသုံးစွဲနိုင်ဘဲ ပိုလျှံနေခြင်းကို ဆီးချို၊ သွေးချိုရောဂါဟုခေါ်ပါသည်။ သကြားဓာတ်မလွန်ကဲရန် ထိန်းခြင်းသဘောမှာ လုပ်အားအတွက် အသုံးကျသည့်သကြားဓာတ်အဖြစ်မှ လူကိုဒုက္ခပေးမည့် အပိုအလျှံသကြားဓာတ်အဖြစ်သို့ ခန္ဓာကိုယ်အတွင်း၌မဖြစ်ရလေအောင် "အင်ဆူလင်"ခေါ် သကြားထိန်းဓာတ်ကိုသရက်ရွက်မှ ထုတ်ပေးပါသည်။ ဆီးချိုသမား အင်ဆူလင်ဓာတ်ချို့တဲ့လျော့နည်းနေပါက ကုသရေးအတွက် အင်ဆူလင်အတုဖော်စပ်ထားသောဆေးမှာ ဆီးချို၊ သွေးချိုရောဂါကုဆေးဟုခေါ်ပါသည်။...

ဆရာဝန်ပြောကြား ကျန်းမာရေးစကား

Todays Geriatric Medicine လင့်က ဆောင်းပါးမှာဖတ်ရှုချက်American Heart Association က သွေးပေါင်ချိန် ၁၃၀/၈၀ နဲ့အထက်ဆိုရင် သွေးတိုးရောဂါလို့ ပြောင်းလဲသတ်မှတ်ပြီး စောစီးစွာကုသသင့်တယ်လို့ ကုသမှုလမ်းညွှန်အသစ်မှာ ဖော်ပြထားပါတယ်။ အရင်ကလို သွေးပေါင်ချိန် ၁၄၀/၉၀ မဟုတ်တော့ပါဘူး သွေးပေါင်ချိန် ၁၃၀/၈၀ လောက်ကစပြီး နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်တာကို တွေ့ရှိရလို့ဖြစ်ပါတယ်။ သွေးပေါင်ချိန် ၁၃၀/၈၀ ဖြစ်တာနဲ့ ဆေးသောက်ရမှာမဟုတ်ပါဘူး။ ဒါဟာ သတိပြုရမယ့်အခြေအနေတစ်ခုဖြစ်လို့ သွေးပေါင်ကျဖို့ အခြားနည်းလမ်းတွေဖြစ်တဲ့ (non-pharmacological...

ဆရာဝန်ပြောကြား ကျန်းမာရေးစကား

ဝက်သက်ရောဂါက ဟိုအရင်တုန်းကဆိုရင် တစ်နိုင်ငံလုံး ဒါနဲ့သေကြတာက အများကြီးပဲ။ ဒါပေမဲ့ ကာကွယ်ဆေးပေါ်လာတော့ ဖြစ်ပွားနှုန်းနဲ့ သေဆုံးနှုန်းတော်တော်လေး နည်းသွားတယ်။ အဲဒီနောက်ပိုင်း နှစ်ကြိမ်ပြန်ထုတ်တဲ့အခါ ပိုတောင်နည်းသွားသေးတယ်။ ဝက်သက်ကာကွယ်ဆေးဟာ အန္တရာယ်လည်း ကင်းပါတယ်။ နိုင်ငံတော်ကလည်း အခမဲ့ထိုးပေးနေတယ်။ ကိုယ့်ကလေးကို ဝက်သက်ကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေးကို ကိုးလမှာတစ်ကြိမ်၊ တစ်နှစ်ခွဲမှာတစ်ကြိမ် မပျက်မကွက်ထိုးပေးရင် ဒီရောဂါရဲ့အန္တရာယ်ကနေ ကင်းဝေးပါမယ်။ ဝက်သက်အပြင် ဂျိုက်သိုးကာကွယ်ဆေးကိုပါ ထည့်ထိုးပေးခြင်းက ဂျိုက်သိုးရောဂါကလည်း အန္တရာယ်ရှိပါတယ်။ ဂျိုက်သိုးရောဂါကျတော့ လူကြီးဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ် အသက်အရွယ်အကြီးတွေမှာဖြစ်ရင်...

ဆရာဝန်ပြောကြား ကျန်းမာရေးစကား

အမျိုးသမီးကင်ဆာရောဂါတွေထဲမှာ သားအိမ်ခေါင်းကင်ဆာအဖြစ်များနေပါတယ်။ နောက်ပြီး သားအိမ်ခေါင်းကင်ဆာက ရောဂါဖြစ်လာလို့ ဆေးရုံရောက်လာပြီဆိုရင် အဆင့်တွေမြင့်မှ ရောက်လာတာဖြစ်တယ်။ အဲဒါကို ကျွန်မတို့ အရမ်းစိတ်မကောင်းဖြစ်ပါတယ်။ ဒါကြောင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုနှုန်းလည်း ကျဆင်းအောင်၊ ဖြစ်ပြီးသားဆိုလည်း စောစောစီးစီးလာပြီးကုသပါလို့ အမျိုးသမီးထုကို တိုက်တွန်းချင်ပါတယ်။ အရေးကြီးဆုံးကတော့ မဖြစ်ခင်က ကြိုတင်ကာကွယ်ကြပါ။ မိမိပတ်ဝန်းကျင်က အမျိုးသမီးငယ်တွေကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးပေးပြီး ကာကွယ်ပေးလို့ရပါတယ်။ နောက်ပြီးတော့ အသက် ကိုးနှစ်နဲ့ (၁၄)နှစ်မှာ မမီလိုက်ရင်လည်း အသက် (၂၀)နဲ့ အသက်(၂၅)နှစ်အိမ်ထောင်မကျခင်မှာ ကာကွယ်ဆေးထိုးလို့ရပါတယ်။ နောက်တစ်ချက်က...

သတိပြုစရာဆုံဆို့နာရောဂါ

ဆုံဆို့နာဟုသိနေကြသော ဒစ်သီရီးယား(Diptheria) ရောဂါသည် ယခုကဲ့သို့ ချမ်းအေးသောဥတုအချိန်အခါတွင် သတိပြုစရာရောဂါဆိုးတစ်ခုဖြစ်သည်။ အာခံတွင်းအတွင်းတွင်ရှိနေသော ပသိ(Tonsils)၊ လည်ချောင်းပြွန်(Pharyx)၊ လည်ချောင်း၊ အသံအိုး(Laryx) နှာခေါင်း(Nose) စသောနေရာများမှ နူးညံ့သောအရေပြားများ (Membranes)၊ တစ်ခါတစ်ရံ မျက်ခွံအတွင်းသားနှင့်မိန်းမကိုယ်အရေပြား(Vulva)တို့တွင် ရုတ်တရက် ဖြစ်ပေါ်တတ်သော နာကျင်ရောင်ရမ်းပြီး အနာဖြစ်တတ်သည့် ရောဂါပိုး(Bacteria) ကြောင့်ဖြစ်သော ရောဂါတစ်မျိုးဖြစ်သည်။ ဆုံဆို့နာဟုခေါ်ကြသော်လည်း အခြားနူးညံ့သော အရေပြား(Mucous Membranes)များတွင်လည်း ဖြစ်တတ်သည်ဟုဆိုသည်။ ယခုရေးသားလိုသည့်ရောဂါသည် ကူးစက်မြန်ပြီး အန္တရာယ်ရှိသည့် ဆုံဆို့နာ(Diptheria) ရောဂါအကြောင်းဖြစ်သည်။ ဆုံဆို့နာရောဂါကို ကောရီနီဘက်တီယမ်းပိုး (Corynebucterium Diptheria)...

ဆရာဝန်ပြောကြား ကျန်းမာရေးစကား

ပြောင်းလဲလာတဲ့ ခေတ်အခြေအနေများကြားမှာ ချစ်သူစုံတွဲများ အတူနေခြင်းကိစ္စတွေနဲ့ပတ်သက်လို့ သင်္ကြန်ကာလတွေနဲ့အခြားသော ပွဲတော်ကာလတွေမှာ တွေ့မြင်ရတယ်။ အခုခေတ်မှာတော့ အရင်တုန်းက သတိမထားမိတဲ့ ချစ်သူများနေ့မှာလည်း ဒီလိုမျိုးကိစ္စတွေပါလာတယ်။ အန္တရာယ်တွေရှိလာတယ်။ ဒီအန္တရာယ်ကလည်း ချိုမြိန်လှပတဲ့ အထုပ်အပိုးအဖြစ်နဲ့ ရောက်လာတဲ့အခါကျတော့ ဒီအန္တရာယ်ကို စိတ်မဝင်စားနဲ့လို့ ပြောလို့ရမှာလည်း မဟုတ်ဘူး။ အန္တရာယ်အနည်းဆုံးဖြစ်အောင် လူငယ်၊ လူကြီးတွေက မျိုးဆက်ပွားကျန်းမာရေးအသိပညာကို သိရှိထားဖို့လိုပါတယ်။ ကွန်ဒုံးသုံးခြင်းစတဲ့ အတတ်နိုင်ဆုံးအန္တရာယ်မဖြစ်အောင် နေထိုင်နည်းတွေရှိတယ်။ နောက်ဆက်တွဲ အန္တရာယ်များဖြစ်တဲ့ ကျန်းမာရေး၊ လူမှုရေး၊ ဘ၀အချိုးအကွေ့အပြောင်းအလဲဖြစ်သွားနိုင်တဲ့ အန္တရာယ်လည်းပါပါတယ်။...

ဆရာဝန်ပြောကြား ကျန်းမာရေးစကား

ဒီကနေ့အချိန်အခါမှာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ လေထုညစ်ညမ်းခြင်းကို တော်တော်လေးခံစားနေရပါတယ်။ လူဦးရေထူထပ်လာတာနဲ့အမျှ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်လာတဲ့အခါမှာ စက်ရုံ၊ အလုပ်ရုံတွေများလာတယ်။ အခိုးအငွေ့တွေ ထွက်လာတာကတစ်ဆင့် လေထုညစ်ညမ်းမှုတွေ ဖြစ်လာတယ်။ လေထုညစ်ညမ်းခြင်းကတစ်ဆင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေဟာ တော်တော်လေးကို အဖြစ်များလာတယ်။ မြန်မာနိုင်ငံက ပြည်သူလူထုအနေနဲ့လည်း လေထုညစ်ညမ်းခြင်းပြဿနာကို အလေးထားစဉ်းစားဖို့လိုလာပြီ။ တချို့လည်း ဒါကိုဂရုစိုက်နေကြပါတယ်။ လူထုအားလုံးပါဝင်ကြဖို့လိုတယ်။ ဥပမာအားဖြင့် တစ်ယောက်ချင်းစီပြောမယ်ဆိုရင် တစ်နေ့ ဆေးလိပ် ၁၀ လိပ်လောက်သောက်တဲ့သူဆိုရင် တစ်လိပ်လောက် လျှော့သောက်မလား။ ကိုယ်ပိုင်ကားနဲ့သွားနေကျသူက တစ်ရက်လောက် ကားမမောင်းပဲအိမ်မှာပဲ...

အတက်ရောဂါအကြောင်းသိကောင်းစရာ

မြန်မာနိုင်ငံ အတက်ရောဂါစီမံချက်၏စီမံချက်မန်နေဂျာ ပါမောက္ခဒေါက်တာစမ်းဦးနှင့်တွေ့ဆုံခြင်း မြန်မာနိုင်ငံတွင် အတက်ရောဂါဖြစ်ပွားမှုနှုန်းသည် တစ်နိုင်ငံလုံးအတိုင်းအတာအရ မသိရသေးဘဲ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မြို့နယ် ၁၂ မြို့နယ်တွင် စစ်တမ်းတစ်ရပ်ပြုလုပ်ချက်အရ လူတစ်ထောင်တွင် တစ်ဦးမှနှစ်ဦးခန့်အထိ ဖြစ်ပွားမှုရှိနေသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆောင်ရွက်နေသည့် အတက်ရောဂါစီမံချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအတက်ရောဂါစီမံချက်၏စီမံချက်မန်နေဂျာပါမောက္ခဒေါက်တာစမ်းဦးနှင့်တွေ့ဆုံမေးမြန်းမှုကို ဇန်နဝါရီ ၁၆ ရက်တွင် စံတော်ချိန်သတင်းစာ၌ ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ယခုဆက်လက်၍အတက်ရောဂါအကြောင်းများကို ဆက်လက်ဖော်ပြလိုက်ပါသည်။ မေး - အတက်ရောဂါအကြောင်းကိုသိပါရစေ။ ဖြေ - အတက်ရောဂါက ဦးနှောက်အတွင်းမှာရှိတဲ့ လျှပ်စီးကြောင်းတွေ...

ဆရာဝန်ပြောကြား ကျန်းမာရေးစကား

ကလေးတစ်ယောက်က ကြီးထွားမှုနှေးတယ်။ သူ့ရဲ့ဖွံ့ဖြိုးမှုတွေသိပ်မကောင်းဘူးဆိုရင် သူဟာ မိခင်ဖြစ်လာတဲ့အခါမှာ သူ့ကလေးရဲ့ ကြီးထွားမှုတွေလည်း နှေးတယ်။ မျိုးရိုးဗီဇပေါ်မှာ မူတည်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကတည်းက ကျောက်ကပ်ရဲ့ပျက်စီးမှုတွေက စပြီးရှိလာမယ်။ အထဲမှာ ကျောက်ကပ်အဆို့လေးပျောက်သွားရမယ့်အချိန်မှာ မပျောက်ဘဲနဲ့ကျန်နေတယ်ဆိုရင် မွေးလာရင် သူက ဆီးမထွက်နိုင်တော့ဘူး။ အဆို့က ပိတ်နေမယ်။ ဆီးတွေကအပေါ်ကို ပြန်တက်တယ်။ ကျောက်ကပ်မှာ ရေအိတ်အကြီးကြီးတွေ ဖြစ်သွားတယ်။ ကျောက်ကပ်အသားတွေ ပိပိလာပြီးတော့ ကျောက်ကပ်က အလုပ်မလုပ်တော့ဘူး။ ဒါကြောင့် ဘယ်အချိန်ကတည်းကစပြီးတော့ သတိထားရမလဲဆိုရင် မိခင်၊ ဖခင်ဖြစ်မယ့်...