ဆရာဝန်ပြောကြား ကျန်းမာရေးစကား

ဦးနှောက်အမြှေးပါးရောင်တဲ့အုပ်စုဖြစ်တဲ့ (Neisseria Meningitdis) ကူးစက်မြန် ဦးနှောက်အမြှေးရောင်လို့ခေါ်ပြီး ဗက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပါတယ်။ ဖြစ်ရင်လည်း အရမ်းမြန်တယ်။ သေရင်လည်း အရမ်းမြန်တယ်။ အဖြစ်အများဆုံး ရာသီဥတုရယ်လို့ မရှိပေမယ့် အဖြစ်များတာက ပွဲလမ်းသဘင်များတဲ့အချိန်အခါမျိုးတွေမှာ ဖြစ်တတ်ပါတယ်။ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးတာဆိုတော့ လူထူထပ်တဲ့နေရာတွေမှာ ရောဂါပိုးကပျံ့နှံ့တတ်ပါတယ်။ သူက ဖျားမယ်၊ သတိလစ်မယ်၊ တက်မယ်၊ သူရဲ့အုပ်စုက ဖြစ်တာအရမ်းမြန်တယ်။ မနက်ကအကောင်းကြီး ညနေသေသွားပြီ။ အရမ်းဆိုးပြီး အရမ်းမြန်တယ်။ ကာကွယ်ဆေးရှိတယ်။ ကာကွယ်ဆေးက အစိုးရထိုးပေးတဲ့အထဲတော့...

ဆင်ခြေထောက်ရောဂါကာကွယ်ဆေး (Filiariasis)

ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၈၀ ကျော်မှာ ဆင်ခြေထောက်ရောဂါဖြစ်ပွားနေပြီး လူဦးရေ သန်းပေါင်း ၁၁၀၀ ခန့် ကူးစက်နိုင်ကာ ရောဂါကူးစက်သူ သန်း ၁၂၀ ကူးစက်ခံရပြီး သန်း ၄၀ ကျော်မှာ ကိုယ်လက်အင်္ဂ gချို့ယွင်းကာ ၂၅ သန်းကျော်မှာ ရေမုတ်ကြီးကာ ၁၅ သန်းမှာ ခြေလက်ရောင်ရမ်းရောဂါခံစားနေရပါတယ်။ ဆင်ခြေထောက်ရောဂါဟာ ခြင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါဖြစ်တယ်။ ရောဂါရှိတဲ့ ခြင် "မ"ကိုက်ပြီး ကျန်းမာသူတစ်ဦးထံ ထပ်မံကိုက်ခြင်းဖြင့် ဆင်ခြေထောက်ရောဂါ ဖြစ်ပွားတယ်။...

ပါမောက္ခဒေါက်တာစမ်းဦးနှင့်တွေ့ဆုံခြင်း

စီမံကိန်းအသွင်ဖြင့် လုပ်ဆောင်သွားမည့် အတက်ရောဂါစီမံချက်အကြောင်း အတက်ရောဂါသည် စိတ်ရောဂါမဟုတ်ဘဲ ဦးနှောက်နှင့်သက်ဆိုင်သောရောဂါတစ်မျိုးသာဖြစ်ကြောင်းသိရသည်။ လူမှုဝန်းကျင်တွင် ရုတ်တရက် အတက်ရောဂါဝေဒနာဖြစ်ပေါ်လာပါက အရေးပေါ်ပြုစုမှုအပိုင်း၌ အသိပညာအားနည်းမှုရှိနေသကဲ့သို့ အတက်ရောဂါဝေဒနာရှင်များကို ခွဲခြားဆက်ဆံမှုများလည်း ယနေ့အချိန်အထိရှိနေသည်ဟု သိရသည်။ အရွယ်မရွေးဖြစ်ပွားနိုင်သော အတက်ရောဂါနှင့်ပတ်သက်၍သိထားသင့်သည့်အရာများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့လုပ်ဆောင်နေသော အတက်ရောဂါစီမံချက်အကြောင်းကို နှစ်ပိုင်းခွဲ၍ စံတော်ချိန်သတင်းစာက ဖော်ပြသွားမည်ဖြစ်ပါသည်။ ယခုတစ်ပတ်တွင် အတက်ရောဂါစီမံချက် လုပ်ဆောင်နေမှုများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြောဆေးကုသဌာန ပါမောက္ခ၊ မြန်မာနိုင်ငံ အတက်ရောဂါစီမံချက်မှ စီမံချက်မန်နေဂျာ ဒေါက်တာစမ်းဦးနှင့် စံတော်ချိန်က တွေ့ဆုံမေးမြန်းမှုများကို...

ဆရာဝန်ပြောကြား ကျန်းမာရေးစကား

နားကြပ်တစ်ခုကို မျှဝေသုံးခြင်းအန္တရာယ် နားကြပ်တစ်ခုတည်းကို လူပေါင်းစုံသုံးရင် ရောဂါကူးနိုင်ပါတယ်။ အခုခေတ်မှာ နားကြပ်လေးကိုတပ်ပြီး သီချင်းနားထောင်ကြတယ်။ ဘယ်လိုပြောမလဲဆိုရင် သွားပွတ်တံလိုပါပဲ။ သွားပွတ်တံကို ကိုယ်တိုင်ပဲသုံးတာ ကောင်းပါတယ်။ သူများသွားပွတ်တံယူပြီး သွားတိုက်ရင် မကောင်းသလိုပါပဲ။ နားကြပ်က မသိလို့ယူတပ်မိရင်လည်း ယူတပ်မိမှာပေါ့။ နားကြပ်ကို လူစုံသုံးတာ မကောင်းဘူးဆိုတဲ့နေရာမှာ အသုံးပြုသူမှာ ဘာရောဂါရှိနေမလဲဆိုတာမသိနိုင်ပါဘူး။ နာတာရှည် နားပြည်ယိုတာမျိုးရှိသူလား၊ နားထဲမှာ မှိုစွဲနေတဲ့သူလားဆိုတာ ကိုယ်မသိဘူးလေ။ နားထဲမှာ မှိုစွဲနေတဲ့လူက ယူတပ်လိုက်ရင် ကိုယ့်နားလည်း မှိုစွဲသွားမှာဖြစ်ပါတယ်။ ဖြစ်နိုင်ရင် နားကြပ်တစ်ခု ဘယ်လောက်မှပေးရတာလည်းမဟုတ်ပါဘူး။...

အရိုးနုရောင်ပြီး ပုပ်သွားနိုင်သည့် နားနောက်ကြောဖြတ်ခြင်း

မကြာသေးမီက သွေးတိုးရောဂါအပါအဝင် အခြားရောဂါများလည်း ပျောက်ကင်းသည်ဟူ၍ နား၏နောက်ဘက်အကြောကို ဘလိတ်ဓားဖြင့် အစိမ်းလိုက်ခွဲသည့် အယူအဆမှား ဖြစ်စဉ်တစ်ခု လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။ ယင်းသို့ သော လုပ်ဆောင်ချက်များကြောင့် အကြားအာရုံတစ်ခုလုံး၏ အဓိကကျသောနားတွင် ဘေးထွက်ဆိုးကျိုးများစွာဖြစ်ပေါ်နိုင်သည့် အခြေအနေ၊ နာတာရှည်ရောဂါများ၏ နောက်ဆက်တွဲများကြောင့် နားအကြားအာရုံထိခိုက်သည့်အခြေအနေများကို နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းရောဂါပညာဌာန ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ပါမောက္ခဒေါက်တာခင်လှလှနှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည် - "နားအပြင်ဘက် ခွဲလိုက်ပြီး သွေးထွက်သွားရင် သွေးတိုးပျောက်တယ်ဆိုတာဟာ လုံးဝမဟုတ်ပါဘူး။...

ဆရာဝန်ပြောကြား ကျန်းမာရေးစကား

အတက်ရောဂါရှိတဲ့သူတွေအနေနဲ့ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနဲ့အလုပ်ပင်ပန်းနွမ်းနယ်မှုတို့က အတက်ရောဂါကို လှုံ့ဆော်နိုင်လို့ ပုံမှန်လှုပ်ရှားသွားလာနေရင်း အလွန်ပင်ပန်းလာလို့ တက်ချင်သလို ခံစားရမယ်ဆိုရင် ဂရုပြုအနားယူသင့်ပါတယ်။ အိပ်ရေးပျက်ခံခြင်း၊ ကောင်းမွန်စွာ အိပ်မပျော်ခြင်း၊ အစားပုံမှန်မစားခြင်းတို့က တက်ခြင်းကို လှုံ့ဆော်နိုင်တဲ့အတွက် အိပ်ချိန်ပုံမှန်ထားပါ။ အိပ်ရေးဝအောင်အိပ်ပါ။ အစားပုံမှန်စားပါ။ တီဗွီဂိမ်း အလွန်အကျွံကစားခြင်း၊ စူးရှတဲ့ (Disco light)တွေအောက်မှာ ကြာမြင့်စွာနေခြင်းတို့ကို ရှောင်ရပါမယ်။ အရက်အလွန်အကျွံ သောက်ခြင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများသုံးစွဲခြင်းဖြင့် အတက်ရောဂါကုဆေးတွေရဲ့အာနိသင်ကို ပြောင်းလဲစေနိုင်တာကြောင့် ပိုမိုတက်နိုင်ပါတယ်။ အမျိုးသမီးတွေဆိုရင်...

သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင်နှင့်တွေ့ဆုံခြင်း

"အမျိုးသမီးများအတွက် တန်ဆေးလွန်ဘေး အရေးပေါ်သန္ဓေတားဆေး" "တစ်ခုစိတ်ပူစရာရှိတာက တစ်ခါတလေ ပျို့အန်တက်တော့ ဒီဆေးသောက်ပြီး နှစ်နာရီအတွင်း အန်သွားရင် လုံးဝကာကွယ်မှုမရှိတော့ဘူး။ မြန်မြန်ပြန်သောက်ရတယ်။ နောက်တစ်ခုက မကြာခဏသောက်ရင် ရာသီခွင်တွေမှာ နောက်ဆုတ်တတ်တယ်။ အဲဒီတော့ လစဉ်ရာသီအချိန်မှန်လာနေတဲ့ မိန်းကလေးဟာ ရာသီတွေ နောက်ဆုတ်သွားတတ်တယ်။" ရည်မှန်းချက်အမျိုးမျိုးနှင့်ရှင်သန်နေကြသော လူမှုအသိုင်းအဝိုင်းတွင် အမျိုးမျိုးသော အကြောင်းအရာများကြောင့် ကိုယ်ဝန်မယူလိုသည့် အမျိုးသမီးများအတွက် သန္ဓေတားဆေးများသည် များစွာအဓိကကျလျက်ရှိသည်။ ထိုကဲ့သို့ သန္ဓေတားဆေးမျိုးစုံ ပေါ်ပေါက်လာသော်လည်း မွေးကင်းစကလေးငယ် စွန့်ပစ်မှုများကို မကြာခဏတွေ့နေရသည်။ အကြောင်းအမျိုးမျိုးကြောင့် အရေးပေါ်သည့်အချိန်တွင်...

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် ၄၂ ဦးမြောက် ကျောက်ကပ်အစားထိုး လဲလှယ်ကုသမှု အောင်မြင်

မန္တလေး၊ ဒီဇင်ဘာ-၁၄ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး ဆီးနှင့် ကျောက်ကပ်ခွဲစိတ်ကုဌာန၊ ဆေးတက္ကသိုလ်(မန္တလေး)နှလုံးခွဲ စိတ်ကုပညာဌာန၊ မေ့ဆေးပညာဌာန၊ ရောဂါဗေဒတို့မှ ဆရာဝန်ကြီးများပူးပေါင်း၍ ၄၂ ဦးမြောက် ကျောက်ကပ်အစားထိုးလဲလှယ်ကုသမှုကို ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီခွဲက မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် ဆောင်ရွက်ရာ နံနက် ၁၁ နာရီ ၃၅မိနစ်တွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ၄၂ ဦးမြောက် ကျောက်ကပ်အစားထိုးလဲလှယ်ကုသမှုတွင် ကျောက်ကပ်ပျက်စီး၍ ဆေးကုသမှုခံယူနေသော မောင်ဇော်ငယ်ချစ်(၂၉)နှစ်၏ ကျောက်ကပ်ကို အလှူရှင်၏ကျောက်ကပ်နှင့်...

ဆရာဝန်ပြောကြား ကျန်းမာရေးစကား

  အခုဆောင်းဝင်လာပြီ။ အေးလာပြီ။ နိုဝင်ဘာလကုန်ကတည်းက အေးနေပါပြီ။ အဲဒီတော့ ရာသီပြောင်းတုပ်ကွေးလို့ခေါ်တဲ့ Seasonal Influenza ဝင်ပါလိမ့်ဦးမယ်။ H1N1 ဟုတ်ချင်မှဟုတ်မယ်။ ဟုတ်ဖို့လည်းများတယ်။ သူကရှိပြီးပြီ။ သူကမိုးလယ်မှာဝင်ချသွားပြီးပြီ။ မြန်မာနိုင်ငံထဲမှာ ကျန်နေတယ်။ ကျန်းမာရေးဌာနကတော့ ဝန်ထမ်းတွေကို ကာကွယ်ဆေးတွေထိုးပေးနေတယ်။ ဒါပေမဲ့ ရာသီဥတုအေးပြီဆိုတာနဲ့ Seasonal Influenza ဟုတ်ချင်မှဟုတ်မှာပါ။ H5N1 ကြောင့်လည်း ဖြစ်ချင်ဖြစ်မယ်။ H7N9 ကြောင့်လည်း ဖြစ်ချင်ဖြစ်မယ်။ မိုးယွန်းကြီးတို့၊ အင်းတော်ကြီးတို့မှာ ဆောင်းခိုငှက်တွေလာပြီ။ ဆောင်းခိုငှက်တွေလာရင် H7N9...

ဒီဇင်ဘာ ၁၁ရက်မှ ၂၀ရက်အထိ ထိုးနှံပေးနေသည့် ပြည်သူလူထုအခြေပြု ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးအကြောင်း သိကောင်းစရာ “ပြောချင်တာကတော့ ဘယ်ရောဂါအခြေအနေမျိုးမှာမဆို လက္ခဏာရှိနေသေးရင် မထိုးပါနဲ့။ နားကိုက်နေတယ်၊ ပြည်ယိုနေတယ်ဆိုတာမျိုး...

  ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး အစုလိုက်ထိုးနှံပေးခြင်းလုပ်ငန်းကို ကျောင်းအခြေပြုကာကွယ်ဆေးထိုးအစီအစဉ်နှင့် ပြည်သူလူထုအခြေပြုကာကွယ်ဆေးထိုးအစီအစဉ်ဟု နှစ်ပိုင်းခွဲ၍ တစ်နိုင်ငံလုံးတွင် ဆောင်ရွက်လျက်ရှိသည်။ နိုဝင်ဘာ ၁၅ရက်မှ ၂၃ရက်အထိ ကျောင်းအခြေပြုကာကွယ်ဆေးထိုးအစီအစဉ်ကို ဆောင်ရွက်ခဲ့ပြီး ယခုဒီဇင်ဘာ ၁၁ ရက်မှ ၂၀ရက်အထိ ပြည်သူလူထုအခြေပြုကာကွယ်ဆေးထိုးအစီအစဉ် ဆောင်ရွက်လျက်ရှိသည်။ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်တွင် ကလေးဦးရေ ၈ ဒသမ ၆သန်းခန့်အနက် ၈ ဒသမ ၃ သန်းခန့်ကို ထိုးနှံပေးနိုင်ခဲ့သည်ဟုသိရသည်။ ယခုအစီအစဉ်တွင် အသက်ကိုးလမှ ငါးနှစ်အထိ ကလေးငယ်များ၊ (၁၅)နှစ်အထိ ကျောင်းမနေသော...