ဆန္ဒပြသူများ၏ ညလုံးပေါက်အကြမ်းဖက်မှုအပြီး တက္ကသိုလ်နယ်မြေကို ဟောင်ကောင်ရဲတပ်ဖွဲ့ဝိုင်းထား

ဟောင်ကောင်တက္ကသိုလ်နယ်မြေတစ်ခုအတွင်း ရာနှင့်ချီသော ဆန္ဒပြသူများသည် တစ်ညလုံး ပြင်းထန်သည့် အကြမ်းဖက်ဆန္ဒပြမှုများပြုလုပ်ပြီးနောက် ရဲတပ်ဖွဲ့က ယင်းတက္ကသိုလ်နယ်မြေကို ဝိုင်းထားကြောင်း သိရသည်။ ဒါဇင်နှင့်ချီသော ဆန္ဒပြသူများသည် ယင်းနေရာမှထွက်ခွာရန် ကြိုးပမ်းသော်လည်း ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ ရော်ဘာကျည်ဆန်များနှင့် ပစ်ခတ်ခြင်းကြောင့် ပြန်မထွက်နိုင်ကြဟု သိရသည်။ အစောပိုင်းတွင် ရဲတပ်ဖွဲ့က ပိုလီတက္ကနစ်တက္ကသိုလ်အတွင်း...

ဟေတီ၏ စားနပ်ရိက္ခာအကျပ်အတည်း နိုင်ငံတကာထောက်ပံ့မှုများ လိုအပ်နေ

အမေရိကတိုက်၏ အဆင်းရဲဆုံးနိုင်ငံ ဟေတီတွင် စားနပ်ရိက္ခာဖူလုံမှုကို ပိုမိုဆိုးရွားစေခဲ့သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ နှစ်လကြာ ဖြစ်ပွားပြီးနောက် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကို ဖြေရှင်းရန်အတွက် နိုင်ငံတကာ ထောက်ပံ့မှုများ လိုအပ်နေကြောင်း ဟေတီသမ္မတ ဂျိုဗန်နယ်မွိုင်ဆီက ထုတ်ဖော်ပြောဆိုလိုက်သည်။ ညီညွတ်သောအစိုးရတစ်ရပ်ကို ဖန်တီးခြင်းဖြင့် နိုင်ငံရေးအရပိတ်ဆို့မှုများကို ဖယ်ရှားရေးတွင် အစွန်းရောက်နှင့် အလယ်အလတ် အတိုက်အခံအဖွဲ့ဝင်များ အပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊...

အီရန်တွင် မြို့ကြီး ၁၀၀ အထိ ဆန္ဒပြပွဲများပျံ့နှံ့လာမှု ဘာသာရေးခေါင်းဆောင် အလီခါမေနီ သတိပေးပြောကြား

အီရန်နိုင်ငံ အနှံ့အပြားတွင် ဆန္ဒပြပွဲများ ရက်အတန်ကြာ ဖြစ်ပွားခဲ့ပြီးနောက် ဓာတ်ဆီဈေးနှုန်းကို ၅၀ ရာခိုင်နှုန်းတိုးမြှင့်ရန် အစိုးရ၏ဆုံးဖြတ်ချက်ကို အီရန် ဘာသာရေးခေါင်းဆောင် အယာတိုလာအလီခါမေနီက နိုဝင်ဘာ ၁၇ ရက်တွင် သတိကြီးစွာဖြင့် ထောက်ခံပြောကြားလိုက်ပြီး ဆန္ဒပြပွဲများတွင် ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးသူများအား လူရမ်းကားများအဖြစ် ပြောဆိုလိုက်ရာ ၎င်းတို့ကို နှိမ်နင်းသွားမည့်လက္ခဏာဖြစ်သည်။ မြို့ကြီးများနှင့် မြို့ငယ် ၁၀၀...

အရွယ်ရောက်ပြီးသူ ၁၁ ဦးတွင် တစ်ဦးနှုန်း ဆီးချိုရောဂါ ခံစားနေရ

ကမ္ဘာပေါ်တွင် အရွယ်ရောက်ပြီးသူ ၁၁ ဦးတွင် တစ်ဦးမှာ ဆီးချိုရောဂါ ခံစားနေရပြီး ဆီးချိုရောဂါဝေဒနာသည် သန်း ၄၆၀ ကျော်ရှိပြီး ကိုယ်လက်လှုပ်ရှားပြုလုပ်ရန် အချိန်နည်းပါးသည့် အလွန်ချမ်းသာသော လူနေမှုပုံစံကြောင့် ဆီးချိုရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ဆီးချိုရောဂါ အဖွဲ့ချုပ်က နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သည်။ လက်ရှိတွင် ဆီးချိုရောဂါဝေဒနာသည် ၄၆၃...

ဗင်းနစ်မြို့ရေကြီးမှု အရေးပေါ်အခြေအနေ ကြေညာထားရ

အီတလီနိုင်ငံ ဗင်းနစ်မြို့ရှိ ဘုရားကျောင်းများ၊ ဈေးဆိုင်များနှင့် လူနေအိမ်များတွင် ထူးကဲဒီရေမြင့်တက်လာမှုကြောင့် ရေလွှမ်းမိုးမှုဖြစ်ပွားနေပြီး ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်မြို့တွင် ယူရိုသန်းချီ ပျက်စီးမှုများဖြစ်ပွားပြီးနောက် အရေးပေါ်အခြေအနေကို နိုဝင်ဘာ ၁၄ ရက်တွင် ကြေညာလိုက်သည်။ အရေးပေါ်အခြေအနေကြေညာရန် အစိုးရအဖွဲ့က အတည်ပြုခဲ့ပြီး နိုဝင်ဘာ ၁၂ ရက်တွင် ရေလွှမ်းမိုးမှု ဖြစ်ပွားပြီးနောက် ဗင်းနစ်မြို့တွင် အရေးပေါ်သုံးစွဲမှုအတွက် ရန်ပုံငွေ ယူရိုသန်း...

အသက်(၆၃)နှစ်ရှိ ရုရှားသမိုင်းပါမောက္ခ ဆိုကိုလော့ဗ် ရည်းစားကိုသတ်ပြီး အလောင်းဖျောက်ရန်ကြိုးပမ်း

လူသိများသည့် ရုရှားသမိုင်း ပါမောက္ခတစ်ဦးမှာ အမျိုးသမီးတစ်ဦး၏ လက်မောင်းများထည့်ထားသော ကျောပိုးအိတ်တစ်လုံးနှင့်အတူ မြစ်အတွင်း၌ ၎င်းအားတွေ့ရှိပြီးနောက် သူ့ချစ်သူကို သူကိုယ်တိုင် သတ်ပစ်မိကြောင်း ဝန်ခံထားသည်ဟု ၎င်း၏ရှေ့နေများက ပြောဆိုသည်။ အသက် (၆၃) နှစ်ရှိ ပါမောက္ခအို လက်ဆိုကိုလော့ဗ်မှာ အရက်သောက်ထားပြီး အမျိုးသမီး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖျောက်ဖျက်ရန် ကြိုးပမ်းစဉ် မြစ်ထဲသို့ကျသွားခြင်းဖြစ်ကြောင်း ရုရှားမီဒီယာများက ဖော်ပြသည်။

သမ္မတအီဗိုမော်ရယ်လက်စ်အား ထောက်ခံရန် ဘိုလီးဗီးယားအာဏာရပါတီ တိုက်တွန်းပြောဆို

ဘိုလီးဗီးယားသမ္မတ အီဗိုမော်ရယ်လက်စ်အား ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် အချို့သောမြို့များရှိ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်လာခြင်းကြောင့် သမ္မတကို ကာကွယ်ရန် အာဏာရပါတီက ၎င်းတို့ကို ထောက်ခံသူများအား တိုက်တွန်းပြောဆိုလိုက်သည်။ မစ္စတာ မော်ရယ်လက်စ်သည် လက်တင်အမေရိက၏ သက်တမ်းအရှည်ကြာဆုံးခေါင်းဆောင်ဖြစ်ပြီး ၎င်းသည်ပြီးခဲ့သောလက ပြုလုပ်သည့် ရွေးကောက်ပွဲတွင် စတုတ္ထသက်တမ်းဆက်ခံရရှိရေး ကြိုးပမ်းရန် အပြောင်းအလဲများ ပြုလုပ်ထားသည်ဟု ဆန္ဒပြသူများက စွပ်စွဲပြောဆိုသည်။

ဗြိတိန်တော်ဝင်တပ်မဟာ၏ အောက်မေ့ခြင်းဂုဏ်ပြုအထိမ်းအမှတ်ပွဲ ဆာဆက်နှင့် ကင်းဘရစ်မြို့စားမိသားစုများ ပြန်လည်ပေါင်းဆုံ

ကင်းဘရစ်မြို့စား၊ မြို့စားကတော်နှင့် ဆာဆက်မြို့စား၊ မြို့စားကတော်တို့သည် ဗြိတိန်တော်ဝင် တပ်မဟာ၏ အောက်မေ့တသခြင်း နှစ်ပတ်လည်ပွဲအခမ်းအနားအတွက် ပြန်လည်ပေါင်းဆုံနေကြပြီဖြစ်ကြောင်း သိရသည်။ ၎င်းတို့သည် တိုက်ပွဲများအတွင်း အသက်စွန့်လွှတ်ခဲ့ကြရသော တပ်ဖွဲ့ဝင်များကို အောက်မေ့ခြင်းအထိမ်းအမှတ်ဖြင့် ဂုဏ်ပြုရန် တော်ဝင်အဲလ်ဘတ်ခန်းမ၌ ပြုလုပ်သော ယင်းအခမ်းအနားသို့ ဘုရင်မကြီးနှင့် အခြားသောတော်ဝင်မိသားစုဝင်များနှင့်အတူ တက်ရောက်ခဲ့ကြသည်ဟုသိရသည်။ မင်းသားဟယ်ရီနှင့်...

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်ကင်ဆိုခါ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာ

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ကင်ဆိုခါသည် နိုင်ငံတော် ပုန်ကန်မှုဖြင့် အဖမ်းခံရပြီး နှစ်နှစ်အကြာတွင် နိုဝင်ဘာ ၁၀ ရက်က နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။ သို့သော် ၎င်းသည် နိုင်ငံရေးလုပ်ကိုင်ခြင်းနှင့် နိုင်ငံအတွင်းမှ ထွက်ခွာခွင့်ကို တားမြစ်ခံထားရဆဲဖြစ်ကြောင်း တရားရုံးက ပြောသည်။ ပြည်ပသို့ ကိုယ့်သဘောနှင့် ထွက်ခွာသွားပြီး လက်ရှိတွင် ပြည်ဝင်ခွင့် တားမြစ်ခံထားရသော...

6G မိုဘိုင်းကွန်ရက်နည်းပညာ ဖန်တီးရန် တရုတ်နိုင်ငံက သုတေသနပြုနေဟုဆို

တရုတ်နိုင်ငံသည် 6G မိုဘိုင်း ဆက်သွယ်ရေး ကွန်ရက်စနစ်ကို တရားဝင် စတင်သုတေသနပြုလုပ်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနက နိုဝင်ဘာ ၇ ရက်တွင် ဖော်ပြထားပြီး နောက်ဆုံးပေါ် ကြိုးမဲ့ဆက်သွယ်ရေးစနစ်ကို အဆင့်မြှင့်တင်ရန် ရည်ရွယ်ထားသည်ဆို၏။ တရုတ်အစိုးရဝန်ကြီးဌာနများနှင့် သုတေသနဌာနများသည် 6G နည်းပညာသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဖွဲ့ရန် ယခုသီတင်းပတ်အတွင်းက တွေ့ဆုံခဲ့ကြကြောင်း တရုတ်နိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ...