International

International News

နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွားဆုံး မုန်တိုင်းဒဏ်နဲ့ ဗီယက်နမ် ရင်ဆိုင်နေရ

ဗီယက်နမ်နိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွားဆုံး မုန်တိုင်းအဖြစ် တိုင်ဖွန်းမုန်တိုင်း မိုလာဗီကြောင့် ဗုဒ္ဓဟူးနေ့က ရွာသားတစ်ဦးသေဆုံးပြီး ပျက်စီးဆုံးရှုံးမှုများစွာနဲ့ ရင်ဆိုင်နေရတယ်လို့ CNA သတင်းဌာနက ဖော်ပြသွားပါတယ်။ မိုလာဗီ မုန်တိုင်းဟာ လွန်ခဲ့တဲ့ ၃ ပတ်နီးပါးအတွင်း ဗီယက်နမ်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်တဲ့...

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းပြန်မြင့်လာလို့ စားသောက်ဆိုင်နဲ့ဘားတွေကို ပြန်ပိတ်ဖို့ ဂျာမနီဝန်ကြီးချုပ် စီစဉ်နေ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ တစ်ကျော့ပြန် မြင့်တက်လာတာကြောင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်ဟာ နိုင်ငံအတွင်းရှိ စားသောက်ဆိုင်နဲ့ဘားတွေကို နိုဝင်ဘာလ ၄ ရက်နေ့ကစပြီး ပြန်လည်ပိတ်သိမ်းခိုင်းဖို့ စီစဉ်နေပါတယ်။ ဘိုင်းလ်သတင်းစာရဲ့အဆိုအရ ဝန်ကြီးချုပ် မာကယ်ဟာ ဂျာမနီပြည်နယ် ၁၆ ခုစလုံးမှ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ဒီနေ့(အောက်တိုဘာလ ၂၈ ရက်) မှာ အစည်းအဝေးပွဲထိုင်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရေး အစီအစဉ်သစ်တွေကို ချမှတ်သွားမယ်လို့...

ပါကစ္စတန်ဘာသာရေးစာသင်ကျောင်းဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူရှစ် ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ၊ပက်ရှ်ဝါမြို့ရှိဘာသာရေးစာသင်ကျောင်းတစ်ကျောင်းကိုပစ်မှတ်ထားပြီး ဒေသစံတော်ချိန် ယနေ့ နံနက် ၈ နာရီခွဲခန့်က ဗုံး ခွဲ တိုက်မှုတစ်ရပ်ဖြစ်ခဲ့ရာ အနည်းဆုံး သေဆုံးသူရှစ် ဦးနှင့် ဒဏ်ရာ ရသူ ၁၁၀ ဦးရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ဆေးရုံတာဝန်ခံများ၏ ပြောကြားချက်အရ သေဆုံးခဲ့သူများသည် အသက် ၂၀မှ ၃၀နှစ်အကြားအရွယ်ရှိသူများ ဖြစ်ကြပြီး...

ထိုင်ဝမ်အတွက် ကမ်းရိုးတန်းကာကွယ်ရေးဒုံးကျည်တွေရောင်းချဖို့ အမေရိကန် အတည်ပြု

ဘေဂျင်းအစိုးရနဲ့ အငြင်းပွားမှုတွေမြင့်တက်နေတဲ့ကြားက အမေရိကန်နိုင်ငံခြားရေးဌာနဟာ ထိုင်ဝမ်အစိုးရကို ဘိုးရင်း ကုမဏီထုတ် Harpoon ကမ်းရိုးတန်းကာကွယ်ရေးစနစ် အခုတစ်ရာနဲ့အထက် ရောင်းချဖို့ အတည်ပြုလိုက်ကြောင်း ပင်တဂွန်က တနင်္လာနေ့က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကမှ ဝေဟင်မှ မြေပြင်ဒုံးကျည်တွေ အပါအဝင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံတန် စစ်လက်နက်ပစ္စည်းတွေကို ထိုင်ဝမ်အစိုးရကို ရောင်းချဖို့...

အေမီကွန်နေးကို တရားသူကြီးချုပ်အဖြစ် အမေရိကန်အထက်လွှတ်တော် အတည်ပြု

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရွေးချယ်တင်မြှောက်ထားတဲ့ အေမီကွန်နေးဘာရက်ကို တရားသူကြီးချုပ်အဖြစ် တနင်္လာနေ့က အထက်လွှတ်တော်မှာ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ဒါဟာ ရွေးကောက်ပွဲကျင်းပဖို့ တစ်ပတ်လောက်အလိုမှာ သမ္မတဒေါ်နယ်ထရန့်ရဲ့ အောင်ပွဲတစ်ရပ်ဖြစ်ကြောင်း နိုင်ငံရေး သုံးသပ်တွေက ဆိုပါတယ်။ အေမီကွန်နေးဘာရက်ကို တရားသူကြီးချုပ်အဖြစ် ခန့်အပ်မယ့်အဆိုကို အမေရိကန်အထက်လွှတ်တော်မှာ ထောက်ခံမဲ ၅၂ မဲ၊...

အခြေခံဥပဒေသစ်ရေးဆွဲရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲမှာ ချီလီနိုင်ငံသားတွေ အနိုင်ရ

အာဏာရှင်စနစ်ကရေးဆွဲခဲ့တဲ့ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အခြေခံဥပဒေသစ်ရေးဆွဲဖို့အတွက် တနင်္ဂနွေနေ့က ကျင်းပတဲ့ ပြည်သူ့ဆန္ဒခံယူပွဲမှာ အနိုင်ရသွားပြီးနောက် ထောင်ပေါင်းများစွာသော ချီလီနိုင်ငံသားတွေဟာ ဆန်ဒီယေဂိုမြို့မှာ မီးရှူး မီးပန်းတွေ ပစ်ဖောက်ပြီး အောင်ပွဲခံကြပါတယ်။ အာဏာရှင် ဗိုလ်ချုပ် အော်ဂက်စ်တိုပီနိုချက် လက်ထက်က ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေဟာ ချီလီနိုင်ငံသားတွေရဲ့ လူမှုရေးနဲ့ စီးပွားရေးအဆင့်အတန်းတွေကို နိမ့်ကျစေတဲ့ အဓိက အကြောင်းအရင်းလို့...

အာမေနီးယားနဲ့ အဇာဘိုင်ဂျန်တို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုယူနိုင်ပြီလို့ အမေရိကန်ထုတ်ပြန်

အမေရိကန်အစိုးရရဲ့ကြားဝင်စေ့စပ်ပေးမှုနဲ့အတူ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့အကြား တနင်္လာနေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီကတည်းက စတင် အကျိုးသက်ရောက်မယ့် လူသားချင်းစာနာထောက်ထားမှု အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ရယူနိုင်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုဟာ သောကြာနေ့က ဝါရှင်တန်မြို့မှာ အာမေနီးယားနဲ့ အဇာဘိုင်ဂျန်တို့က နိုင်ငံခြားရေးဝန်ကြီးတွေကို သီးခြားလက်ခံတွေ့ဆုံခဲ့ပြီး ၎င်းအစည်းအဝေးပွဲမှာ ဥရောပလုံခြုံရေးနဲ့ပူးပေါင်းဆောင်ရွက်ရေး (OSCE...

နိုင်ဂျီးရီးယားမှာ ဆန္ဒပြရမ်းကားမှုတွေကို ထိန်းသိမ်းဖို့ ရဲတပ်ဖွဲ့အရင်းအမြစ်အားလုံးသုံးလာ

နိုင်ဂျီးရီးယားနိုင်ငံမှာ အထူးရဲတပ်ဖွဲ့ကို ဖျက်သိမ်းပေးဖို့ ဆန္ဒပြတောင်းဆိုရာကနေ အကြမ်းဖက်တဲ့အဆင့်ကို ရောက်လာတာကြောင့် နိုင်ဂျီးရီးယားရဲချုပ် မိုဟာမက်အဒါမူဟာ ယမန်နေ့က ရဲတပ်ဖွဲ့ဝင်အရင်းအမြစ်အားလုံးကို လိုက်လံစုစည်းပြီး ရမ်းကားမှုကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားလာရကြောင်း နယူးယောက်တိုင်းမ်စ်သတင်းစာက ဆိုပါတယ်။ ဆန္ဒပြသူတွေဟာ လာဂို့စ်မြို့က ရဲစခန်း ၁၇ ခုလောက်ကို ဖျက်ဆီးခဲ့သလို...

အာဖဂန်နစ္စတန်နိုင်ငံမှာ အသေခံဗုံးဖောက်ခွဲမှုကြောင့် လူ ၁၈ ဦးထက်မနည်းသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့က ပုဂ္ဂလိကပိုင် ပညာရေးစင်တာတစ်ခုရဲ့အပြင်မှာ အသေခံဗုံးဖောက်ခွဲမှုတစ်ရပ်ဖြစ်ခဲ့တာကြောင့် လူ ၁၈ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဘီဘီစီသတင်းတစ်ရပ်က ဆိုပါတယ်။ အသေခံဗုံးဖောက်ခွဲမှုဖြစ်တဲ့နေရာမှာ ရှီအိုက်မွတ်စလင်အများစု နေထိုင်ပြီး အစ္စလာမ္မစ်နိုင်ငံတော်(IS) အကြမ်းဖက်အဖွဲ့က သူတို့လက်ချက်လို့ လူမှုကွန်ရက်မှာ ပို့စ်တင်ခဲ့ပေမယ့် ခိုင်လုံတဲ့ သက်သေအထောက်အထားတော့ မတွေ့ရသေးပါဘူး။ ဗုံးဖောက်ခွဲမှုပြင်းထန်တာကြောင့် ဒဏ်ရာရသူအများအပြားရှိပြီး...

အမေရိကန်နဲ့ ပဋိပက္ခတွေကို ရင်ဆိုင်ဖို့ လက်တွန့်နေမှာမဟုတ်ကြောင်း တရုတ်သမ္မတပြော

အမေရိကန်အစိုးရဘက်က သဘောထားတင်းမာလာချိန်မှာ ပဋိပက္ခတွေကို ရင်ဆိုင်ဖို့ လက်တွန့်နေမှာမဟုတ်ဘူးလို့ တရုတ်သမ္မတ ရှီကျင်းဖျင်က ဘေဂျင်းမြို့မှာ ယမန်နေ့က ကျင်းပတဲ့ ကိုရီးယားစစ်ပွဲ နှစ်(၇၀)ပြည့် အခမ်းအနားမှာ ပြောလိုက်တာဖြစ်ပါတယ်။ တရုတ်သမ္မတရှီကျင်းဖျင်က “တရုတ်နိုင်ငံသားတွေဘက်က ပြဿနာကို စတင်ဖန်တီးမှာမဟုတ်ပေမယ့် ပြဿနာဖြစ်လာရင် ရင်ဆိုင်ဖို့ ကြောက်နေမှာမဟုတ်ပါဘူး။ အခက်အခဲနဲ့ စိန်ခေါ်မှု ဘယ်လောက်ပဲ ရင်ဆိုင်ပါစေ ကျွန်တော်တို့ရဲ့ ခြေထောက်တွေ...