International

International News

Battle of the Sexes ဇာတ်ကားအတွက် လန်ဒန်ရုပ်ရှင်ပြပွဲကို ဂုဏ်ယူဝင့်ကြွားစွာ တက်ရောက်လာခဲ့တဲ့ အမ်မာစတုန်း

  အောက်တိုဘာ ၇ ရက်က ပြုလုပ်တဲ့(၆၁)ကြိမ်မြောက် BFI လန်ဒန်ရုပ်ရှင် ပွဲတော် အတွင်း Battle of the Sexes ရုပ်ရှင်ဇာတ်ကားကို ဥရောပ တစ်ဝန်း ပထမဆုံး စတင်ပြသတဲ့ပွဲမှာ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင် မင်းသမီးဖြစ်တဲ့ အမ်မာစတုန်းက ဂုဏ်ယူဝင့်ကြွားစွာနဲ့ တက်ရောက် လာခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားထဲမှာ အမ်မာက၀ါရင့်တင်းနစ်မယ် Billie Jean Kingအဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ပြိုင်ဘက်အမျိုးသား တင်းနစ်ကစား သမား Bobby...

ကိုရီးယားကျွန်းဆွယ်တွင် ရှောင်လွှဲမရသည့် စစ်ဖြစ်ရန် အမေရိကန် ခြိမ်းခြောက်မှုများ တွန်းပို့လျက်ရှိဟုဆို

ကိုရီးယားကျွန်းဆွယ်တွင် ရှောင်လွှဲမရသည့် စစ်ဖြစ်ရန် အမေရိကန် ခြိမ်းခြောက်မှုများ တွန်းပို့လျက်ရှိဟုဆို ဆိုးလ်၊ ဒီဇင်ဘာ-၇ မြောက်ကိုရီးယားအပေါ် အမေရိကန်ပြည်ထောင်စု၏ ခြိမ်းခြောက်မှုများနှင့် အမေရိကန်-တောင်ကိုရီးယား အကြီးစား ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်နေခြင်းတို့က ကိုရီးယားကျွန်းဆွယ်တွင် စစ်ဖြစ်ပွားစေရန် တွန်းပို့နေကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုသည်။ အမေရိကန်တာဝန်ရှိသူများ၏ ကိုရီးယားကျွန်းဆွယ်ကို စစ်နှုတ်ခမ်းဝသို့ တွန်းပို့စေသည့် ထိပ်တိုက်ရင်ဆိုင်ရေး စစ်သွေး ဆာသည့် လှုံ့ဆော်ပြောဆိုမှုများကို မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကလည်း ပြစ်တင်ပြောဆိုသည်။ ယခုအခါ မည်သည့်အချိန်တွင် စစ်ပွဲဖြစ်မည်နည်းဟူသည့် မေးခွန်းတစ်ခုသာ ကျန်ရှိတော့ကြောင်း အဆိုပါပြောခွင့်ရ...

အီရန်တွင် ပြင်းအား ၆ ဒသမ ၂ရှိ မြေငလျင်လှုပ်၊ လူ ၁၈ ဦး ဒဏ်ရာရပြီး အဆောက်အအုံများပြိုကျပျက်စီး

တီဟီရန်၊ ဒီဇင်ဘာ-၁၃ ပြင်းအားရစ်ခ်ျတာစကေး ၆ ဒသမ ၂ရှိသည့် မြေငလျင်တစ်ခု အီရန်နိုင်ငံအရှေ့တောင်ဘက်ရှိ ကာမန်ပြည်နယ်တွင် ဒီဇင်ဘာ ၁၂ ရက်က လှုပ်ခေတ်သွားရာ ပျက်စီးမှုအနည်းအကျဉ်းသာရှိခဲ့ကြောင်း အီရန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေး ဌာနက ကြေညာသည်။ ကာမန်ပြည်နယ်ရှိ ဟက်ဒက်နှင့်ရေဘာကျေးရွာများတွင် ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အီရန်နိုင်ငံ အရေးပေါ်ဌာန(အိုင်အာရ်အိုင်ဘီ) အသံလွှင့်ဌာနသို့ ပြောဆိုသည်။ ငလျင်လှုပ်ခတ်မှုကြောင့် ကျေးရွာခြောက်ရွာရှိ အိုဟောင်းနေသည့် အိမ်ကြီးများမှာပျက်စီးသွားကြောင်း၊ စာသင်ကျောင်း များနှင့် တက္ကသိုလ်များကို ပိတ်ထားရသည်ဟု...

အတိုက်အခံနှင့်ဆွေးနွေးပွဲများ ဇန်န၀ါရီတွင် ပြန်စမည်ဟု ဗင်နီဇွဲလားဆို

ကရာကာ့စ်၊ ဒီဇင်ဘာ-၁၆ ရေနံတင်ပို့ရောင်းချသည့်နိုင်ငံများ(အိုပက်)အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဗင်နီဇွဲလားနိုင်ငံတွင် နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းမှ လွတ်မြောက်ရေး သဘောတူညီချက်ရရှိရန်မှာ ဒီဇင်ဘာ ၁၆ ရက် ဆွေးနွေးပွဲ မအောင်မမြင်ဖြစ်ခဲ့ ပြီးနောက် ဗင်နီဇွဲလားအစိုးရနှင့် အတိုက်အခံခေါင်းဆောင်များက ဇန်န၀ါ ရီလတွင် ထပ်မံတွေ့ဆုံဆွေးနွေးမည်ဟု သိရသည်။ ဒိုမီနီကန်သမ္မတနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများမှာ မျှော်လင့်ချက် နည်းပါးကြောင်း သိရသည်။ ကျွန်ုပ်တို့အနေဖြင့် ဇန်န၀ါရီ ၁၁ ရက်တွင် ဗင်နီဇွဲလားအတိုက်အခံတို့နှင့် ထပ်မံ တွေ့ဆုံရန် ရှိသည်ဟု ဗင်နီဇွဲလားအစိုးရ...

အမေရိကန်နှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီးများ နယ်စပ်လုံခြုံရေးနှင့် အခြားပြဿနာရပ်များ ဆွေးနွေးမည်

ဝါရှင်တန် ၊ ဒီဇင်ဘာ-၁၉ နယ်စပ်လုံခြုံရေးကိစ္စနှင့် အခြားသောပြဿနာရပ်များကိုဆွေးနွေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်သည် ကနေဒါနိုင်ငံခြားရေးဝန်ကြီး ခရစ္စတီယာဖရီလင်းနှင့် ဒီဇင်ဘာ ၁၉ ရက်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်နှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီး ခရစ္စတီယာဖရီလင်းတို့သည် အမေရိကန်-ကနေဒါကမ္ဘာလုံးအတိုင်းအတာဒေသဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို အော့တ၀ါမြို့တွင် တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ တေလာဆန်နှင့်ဖရီလင်းတို့သည် မြောက်ကိုရီးယား၊ ယူကရိန်းနှင့် ဗင်နီဇွဲလားအပါအ၀င် အခြားသောအရေးကိစ္စများကို ဆွေးနွေးကြလိမ့်မည်ဟု အမည်မဖော်လိုသူ အဆင့်မြင့်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။ ကနေဒါနှင့် အမေရိကန်နိုင်ငံတို့သည်...

ပိုလန်တရားရေးပြုပြင်မှုထိန်းသိမ်းခြင်း ပြု၊ မပြု ဥရောပကော်မရှင် ဆွေးနွေးမည်

ဝါဆော၊ ဒီဇင်ဘာ-၂၀ ပိုလန်နိုင်ငံအား ၎င်း၏တရားရေးပြုပြင်ပြောင်းလဲမှုနှင့်စပ်လျဉ်း၍ စည်းကမ်း ထိန်းသိမ်းရေးအစီအစဉ်ကို ထောက်ခံခြင်း ပြုမပြုနှင့်ပတ်သက်၍ ဥရောပကော်မရှင်က ဘရပ်ဆဲမြို့တွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ တရားသူကြီးများအား မည်သို့ခန့်အပ်ထားရှိမည်ဟူသော အချက်အပါအ၀င် ပိုလန်နိုင်ငံ၏ ဥပဒေသစ်များကြောင့် နိုင်ငံတွင်းဒီမိုကရေစီအား ခြိမ်းခြောက်နေခြင်းကို အီးယူကော်မရှင်က စိုးရိမ်ပူပန်လျက်ရှိသည်။ အကျင့်ပျက်ခြစားမှုများနှင့် အရည်အချင်းမပြည့်မီခြင်းများကို လျှော့ချရန်အတွက် အဆိုပါ ပြုပြင်ပြောင်းလဲမှုများ လိုအပ်ကြောင်း ပိုလန်ကွန်ဆာဗေးတစ်အစိုးရအဖွဲ့က ပြောသည်။ နိုင်ငံတစ်ဝန်းရှိ ထောင်နှင့်ချီသော ပြည်သူများသည် ယင်းသို့တရားရေးပြုပြင်ပြောင်းလဲမှုများအား ဆန့်ကျင်ဆန္ဒပြမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံကြရသည်။ ပိုလန်နိုင်ငံအတွင်းရှိအခြေအနေများကို ဥရောပကော်မရှင်က လေ့လာစောင့် ကြည့်လျက်ရှိသည်မှာ...

အမေရိကန်ဒုတိယသမ္မတမိုက်ပင့်စ် အာဖဂန်နစ္စတန်သို့ လည်ပတ်ရောက်ရှိ

ကဘူး၊ ဒီဇင်ဘာ-၂၂ အမေရိကန်တပ်ဖွဲ့ဝင်များ၏ ချေမှုန်းမှုကြောင့် တာလီဘန်အကြမ်းဖက်သမားများ မခံရပ်နိုင်ဘဲ ထွက်ပြေးနေရပြီဖြစ်ကြောင်း အမေရိကန်ဒုတိယသမ္မတ မိုက်ပင့်စ်က အာဖဂန်နစ္စတန်ရှိ အမေရိကန်တပ်ဖွဲ့များအား ဒီဇင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်တို့၏အရှည်ကြာဆုံးစစ်ပွဲကို တိုက်ခိုက်နေကြသည့် အမျိုးသား၊ အမျိုးသမီးများထံ ထရန့်အစိုးရ၏ အဆင့်မြင့်တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးအဖြစ် မစ္စတာပင့်စ်အာဖဂန်နစ္စတန်သို့ လာရောက်ခြင်းဖြစ်သည်။ ၁၇ နှစ်ကြာ အာဖဂန်ပဋိပက္ခတွင် အမေရိကန်တပ်ဖွဲ့ဝင် ၁၂၀၀၀မှာ ယခုထိ ပါဝင်တိုက်ခိုက်နေမှုကို ဂုဏ်ပြုရန်အတွက် အမေရိကန်လေတပ် စီ-၁၇ ဖြင့် တစ်နေ့နှင့်တစ်ည စီးနင်းလိုက်ပါလာသည့် မိုက်ပင့်စ်သည်...

လူမျိုးရေးဝါဒအသွင်ဆောင်သည့် ရင်ထိုးဝတ်ဆင်မှု တော်ဝင်မင်းသမီးကြီး မိုက်ကယ်တောင်းပန်

လန်ဒန်၊ ဒီဇင်ဘာ-၂၃ အင်္ဂလန်အရှေ့တောင်ပိုင်းကမ်းရိုးတန်းပေါ်ရှိ ကန့်မြို့မှ တော်ဝင်မင်း သမီးကြီးမိုက်ကယ်သည် အွန်လိုင်းပေါ်တွင် လူအချို့က အစွန်းရောက်လူမျိုးရေးဝါဒဟုပြောဆိုနေသော ရင်ထိုးတစ်ခုကို ၀တ်ဆင်ထားမိသည့်အတွက် တောင်းပန် လိုက်ကြောင်း သိရသည်။ ဗြိတိန်ဘုရင်မကြီး၏ တစ်ဝမ်းကွဲမောင်နှင့်လက်ထပ်ထားသော တော်ဝင် မင်းသမီးကြီးမိုက်ကယ်သည် ဒီဇင်ဘာ ၂၀ရက်တွင် ဘက်ကင်ဟမ်နန်းတော်၌ပြုလုပ်သော ခရစ္စမတ်ပွဲတော်သို့ တက် ရောက်လာစဉ်တွင် အာဖရိကန်လူမည်း အမျိုးသားတစ်ဦးပုံ ရင်ထိုးကို တပ်ဆင်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါ နေ့လယ်စာစားပွဲ၌ မင်းသားဟယ်ရီနှင့် စေ့စပ်ထားသူ မီဂန် မာကယ်သည်လည်း ဧည့်သည်တော်တစ်ဦးအဖြစ် ရှိနေခဲ့သည်။ မင်းသမီးကြီးမိုက်ကယ်သည် သူမ၀တ်ဆင်ထားသောရင်ထိုးမှာ...

ကာတာလိုနီးယားပြည်သူတို့အတူ ယှဉ်တွဲနေထိုင်ရေး စပိန်ဘုရင်ဆဋ္ဌမမြောက်ဖိလစ် ထပ်မံတိုက်တွန်း

မဒရစ်၊ ဒီဇင်ဘာ-၂၅ ကာတာလိုနီးယား လွတ်လပ်ရေးဆန္ဒခံယူပွဲ တရားမ၀င်ကြောင်း ကြေညာခဲ့ပြီး ယင်းမှတစ်ဆင့် ဆိုးရွားသည့် အခြေအနေများ ဆက်လက်ဖြစ်ပွားနေစဉ် စည်းလုံးညီညွတ်ရေးအတွက် စပိန်ဘုရင် ဆဋ္ဌမမြောက်ဖိလစ်က ထပ်မံတိုက်တွန်းလိုက်သည်။ ထိပ်တိုက်ရင်ဆိုင်ရေးထက် အတူယှဉ်တွဲနေထိုင်ရေးမူကို ကာတာလိုနီးယားပြည်သူများအနေဖြင့် ရွေးချယ်ကြရန် ခရစ္စမတ်မိန့်ခွန်းတွင် စပိန်ဘုရင်က တိုက်တွန်းခဲ့သည်။ သို့သော် ကာတာလိုနီးယား ခွဲထွက်ရေးလှုပ်ရှားမှုခေါင်းဆောင်များကိုမူ ၎င်းက တိုက်ရိုက်ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိပေ။ အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သည့် ဆန္ဒခံယူပွဲပြီးနောက် ကာတာလိုနီးယားလွတ်လပ်ရေးကြိုးပမ်းမှု ဦးဆောင် သူများကို စပိန်ဘုရင်က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။ မဲပေးခြင်းကိုတားမြစ်ခဲ့သည့် စပိန်ရဲတပ်ဖွဲ့၏ ဆိုးရွားသည့် စစ်ဆင်ရေးများကို စပိန်ဘုရင်က...

အမေရိကန်နှင့် မြောက်ကိုရီးယားအကြား တင်းမာမှုလျော့ရေး ကြားဝင်ဆောင်ရွက်ပေးရန် ရုရှားအသင့်ရှိဟုဆို

မော်စကို၊ ဒီဇင်ဘာ-၂၇ အမေရိကန်နှင့် မြောက်ကိုရီးယားနှစ်ဖက်စလုံးက တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိပါက ရုရှားနိုင်ငံအနေဖြင့် ဆွေးနွေးမှု အဆင်ပြေရန် ဖျန်ဖြေသူအနေဖြင့် ဆောင်ရွက်ရန်အသင့်ရှိကြောင်း ရုရှားနိုင်ငံက ဒီဇင်ဘာ ၂၆ ရက်တွင် ထုတ်ဖော် ကြေညာလိုက်သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ဖီဆန်၍ မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးပျံ အစီအစဉ်ကြောင့် နှစ်နိုင်ငံအကြား တင်းမာနေမှုကိုလျှော့ချရန် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေး ဖြေရှင်းရန် ရုရှားအနေဖြင့် အချိန်ကြာမြင့်စွာကပင် တိုက်တွန်းလာခဲ့သည်။ စေ့စပ်ညှိနှိုင်းမှုများစတင်ရန် အမေရိကန်နှင့် မြောက်ကိုရီးယားတို့ကို ဒီဇင်ဘာ ၂၅ရက်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး...