မြောက်ကိုရီးယားသို့ သွားရောက်ရန် ဆန္ဒရှိကြောင်း ကုလသမဂ္ဂအကြီးအကဲ ဂူတာရက်စ် ထုတ်ဖော်ပြောဆို

တိုကျို၊ ဩဂုတ်-၉ မြောက်ကိုရီးယား၏ နျူကလီးယားစွန့်လွှတ်ရေး ကူညီနိုင်သည့် အခွင့်အလမ်းရှိလျှင် မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တို နီယိုဂူတာရက်စ်က ထုတ်ဖော် ပြောဆိုသည်။ ဂူတာရက်စ်သည် ဩဂုတ် ၉ ရက်က ပြုလုပ်ခဲ့သည့် ၁၉၄၅ ခုနှစ်က ဂျပန်နိုင်ငံ နာဂါဆာကီမြို့အဏုမြူဗုံးကြဲခြင်းဒဏ်ကို ခံစားရသူများအတွက် နှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်း အနားသို့ တက်ရောက်ခဲ့သည်။ နျူကလီးယားစွန့်လွှတ်ရေးလမ်းကြောင်းတစ်လျှောက် အခက်အခဲနှင့် အတက်အကျများရှိမည်ကို ၎င်းအနေဖြင့် သိရှိကြောင်း၊ မြောက် ကိုရီးယား၏ ငြိမ်းချမ်းစွာ နျူကလီးယားစွန့်လွှတ်ရေးအောင်မြင်ရန်...

လူသားချင်းစာနာသည့် ကြက်ခြေနီအကူအညီ ဗင်နီဇွဲလားနိုင်ငံသို့ ပထမဆုံးရောက်ရှိလာ

ဗင်နီဇွဲလားနိုင်ငံ စီးပွားရေးအကျပ်အတည်း သက်သာစေရန်ရည်ရွယ်လျက် နိုင်ငံတကာကြက်ခြေနီမှ ပထမဆုံးအကြိမ် တင်ပို့လိုက်သည့် လူသားချင်းစာနာ ထောက်ထားသည့် အထောက်အပံ့များမှာ တစ်ချိန်က ရေနံပေါကြွယ်ဝသည့် ဗင်နီဇွဲလားနိုင်ငံသို့ ဧပြီ ၁၆ ရက် က ရောက်ရှိလာပြီဖြစ်ကြောင်း ကြက်ခြေနီကိုယ်စားလှယ် တစ်ဦးနှင့် အမတ်တစ်ဦးက ပြောသည်။ဲ မာဒူရိုဆိုရှယ်လစ်အစိုးရက လူသားချင်းစာနာ ထောက်ထားသည့် အကူအညီအထောက်အပံ့များ ဗင်နီဇွဲလားနိုင်ငံသို့ပေးရန် နိုင်ငံတကာကြက်ခြေနီအဖွဲ့နှင့် သဘောတူညီမှုရရှိထားကြောင်းသမ္မတနီကိုလပ်မာဒူရို ကပြောဆိုကာ သဘောထားပြောင်းလဲပြီးနောက် အဆိုပါ အကူအညီများ ရောက်ရှိလာခြင်းဖြစ်သည်။ သမ္မတမာဒူရိုသည် လူသားချင်း စာနာထောက်ထားမှု...

ယူကရိန်းအစိုးရအဖွဲ့စကားပြန် ရုရှားသူလျှိုအဖြစ် ဖမ်းဆီးခံရ

ကိယက်ဗ်၊ ဒီဇင်ဘာ-၂၂ ရုရှားနိုင်ငံ၏ သူလျှိုအဖြစ်စွပ်စွဲခဲ့ပြီး ယူကရိန်းအစိုးရ၏ ထိပ်တန်းစကားပြန်ဖြစ်သူတစ်ဦးကို ယူကရိန်းလုံခြုံရေးအေဂျင်စီက ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ ယူကရိန်းဝန်ကြီးချုပ်၏ ခရီးစဉ်အမြောက်အမြားတွင်လိုက်ပါခဲ့သည့် စတိန်းလက်ယီဇော့ဗ်ကို ဒီဇင်ဘာ ၂၀ ရက်က ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော်တွင် ထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။ မစ္စတာ ယီဇော့ဗ်သည် ယူကရိန်းအစိုးရ၏ လုပ်ဆောင်ချက်များဆိုင်ရာ သတင်းအချက်အလက်များကို စုဆောင်းခဲ့ကြောင်း လုံခြုံရေးအဖွဲ့က ပြောသည်။ ဇူလိုင်လအတွင်းက ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေထံ သွားရောက်ခဲ့သည့် ကိုယ်စားလှယ်အဖွဲ့တွင်လည်း ၎င်းပါဝင်ခဲ့သည်။ နိုင်ငံတော်ပုန်ကန်မှုဖြင့် စွဲချက်တင်ခြင်းခံရသူ မစ္စတာယီဇော့ဗ်သည် သတင်းအချက်အလက်စုဆောင်းပြီးနောက် ရုရှားဘက်သို့ ပေးပို့ခဲ့ကြောင်း လုံခြုံရေးအဖွဲ့က ပြောသည်။ မစ္စတာ...

ကနေဒါနိုင်ငံသား နှစ်ဦးကို သူလျှိုမှုနဲ့ တရုတ်အစိုးရ စွဲချက်တင်

တရုတ်အစိုးရရှေ့နေတွေဟာ ၂၀၁၈ ခုနှစ်က ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ကနေဒါနိုင်ငံသား နှစ်ဦးကို သူလျှိုမှုနဲ့ စွဲချက်တင်လိုက်ပြီလို့ သောကြာနေ့က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ကနေဒါနိုင်ငံသားတွေဖြစ်ကြတဲ့ သံတမန်ဝန်ထမ်းဟောင်း မိုက်ကယ်ကော့ဗ်ရစ်နဲ့ စီးပွားရေးသမား မိုက်ကယ်စပါဗာတို့ကို ၂၀၁၈ ခုနှစ်နှောင်းပိုင်းက နိုင်ငံတော်လုံခြုံရေးစွဲချက်တွေနဲ့ တရုတ်အစိုးရက ဖမ်းဆီးခဲ့ပါတယ်။ ၎င်းတို့နှစ်ယောက်ဟာ ဟာဝေးနည်းပညာကုမ္ပဏီရဲ့ ဘဏ္ဍာရေးအရာရှိ မန်ဝမ်ကျိုကို ဗန်ကူးဗားမြို့မှာ ကနေဒါအာဏာပိုင်တွေက...

ဂျပန်ကျည်ဆန်ရထားပေါ် ဓားထိုးမှုဖြစ်ပွားခဲ့ရာ ခရီးသည်တစ်ဦးသေဆုံး

တိုကျို၊ ဇွန်-၁၀ ဂျပန်နိုင်ငံတွင် ကျည်ဆန်ရထားတစ်စင်းပေါ်၌ ဓားဖြင့်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ ခရီးသည်တစ်ဦးသေဆုံးခဲ့ပြီး အခြားသူနှစ်ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် သံသယဖြစ်ဖွယ်အမျိုးသားကိုမူ ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ အဆိုပါဓားထိုးမှုသည် ဇွန် ၉ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီခန့်တွင် တိုကျို မြို့မှ အိုဆာကာသို့သွားသော ရှင်ကန်ဆန်မီးရထားပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းမီးရထားသည် အိုဒါဝါရာဘူတာရုံတွင် ရပ်နားချိန်၌ တွဲတစ်တွဲပေါ်တွင် ထိုကဲ့သို့ တစ်ဟုန်ထိုးဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တရားခံကိုမူ ရဲတပ်ဖွဲ့က ထိန်း သိမ်းလိုက်ပြီဖြစ်သည်။ တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် အဆိုပါမီးရထားပေါ်၌...

ဂျပန်အာကာသစူးစမ်းရေးယာဉ်ကပို့လိုက်တဲ့ ဂြိုဟ်သိမ်တစ်ခုရဲ့ နာမူနာအပိုင်းအစတွေ ကမ္ဘာမြေဆီ ရောက်ရှိ

ဂျပန်အာကာသစူးစမ်းရေးယာဉ်က ဂြိုဟ်သိမ်တစ်ခုရဲ့ မျက်နှာအောက်ခြေကို တူးယူစုဆောင်းထားတဲ့ နမူနာ အပိုင်းအစတွေကို ဒီနေ့ နံနက်ပိုင်းက ကမ္ဘာမြေပြင်ဆီ ပထမဆုံးအကြိမ် အောင်မြင်စွာ ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ BBC သတင်းတစ်ရပ်အရ သိရပါတယ်။ ဂျပန်အာကာသစူစမ်းလေ့လာရေးအဖွဲ့ရဲ့ ဟာယာဘူဆာ-၂ အာကာသယာဉ်ဟာ တခြားဂြိုဟ်သိမ်၊ ဂြိုဟ်မွှားတွေကို ကူးပြောင်း မစူးစမ်းခင် သူတို့တစ်နှစ်ကျော်ကြာ စူးစမ်းလေ့လာထားတဲ့ ဂြိုဟ်သိမ်တစ်ခုက နမူနာ ပစ္စည်းအပိုင်းအစတွေကို...

ပြင်သစ်နိုင်ငံမှာ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး သေနတ်နဲ့ ပစ်ခံရပြန်

ပြင်သစ်နိုင်ငံ၊ နိုက်စ်မြို့က ခရစ်ယာန်ဘုရားကျောင်းမှာ ဘုရားကျောင်းစောင့်ဝန်ထမ်းတစ်ဦးအပါအဝင် လူ ၃ ဦး ကို အသက် ၂၁ နှစ်အရွယ်ရှိ အစ္စလာမ်မစ်အစွန်းရောက်အကြမ်းဖက်သမားတစ်ဦးက သတ်ဖြတ်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာတင် လိုင်ယွန်မြို့က ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။ သေနတ်နဲ့ပစ်ခံရတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးဟာ ဂရိလူမျိုးတစ်ဦးဖြစ်ပြီး ဘယ်လိုရည်ရွယ်ချက်နဲ့ ပစ်ခတ်သလဲကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် လာမည့်သီတင်းပတ်တွင် ရုရှားသွားဖွယ်ရှိ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် လာမည့်သီတင်းပတ်တွင် ရုရှားနိုင်ငံသို့ သွားရောက်ဖွယ်ရှိကြောင်း ရုရှားအရှေ့ဖျား ဗလာဒီဗော့စတော့ရှိ သံတမန်များနှင့် အခြားသတင်းရင်းမြစ်များက ပြောသည်။ ယင်းသို့ သွားရောက်ဖြစ်ပါက ကင်ဂျုံအန်၏ ပထမဆုံး ရုရှားခရီးစဉ်ဖြစ်လိမ့်မည်။ယခုလအစောပိုင်း က ဗလာဒီဗော့စတော့သို့ မြောက်ကိုရီးယားထိပ်တန်း တာဝန်ရှိသူများနှင့် သံရုံးတာဝန်ရှိသူများသွားရောက်ခဲ့ကြောင်း ရုရှားသမ္မတရုံးနှင့် သံတမန်သတင်းရင်းမြစ်များက ပြောသည်။ ကြီးမားသည့် နိုင်ငံတကာညီလာခံများကို ယခင်က လက်ခံကျင်းပခဲ့သည့် တက္ကသိုလ်တစ်ခု၏ စာသင်ခန်းများကို နိုင်ငံခြားကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ လာရောက်ရန်ရှိသည့်အတွက် ဧပြီ ၂၄...

ထရန့်၏ ရွေးကောက်ပွဲမဲဆွယ်မှုအတွင်း လျှို့ဝှက်စုံစမ်းခြင်း အမေရိကန်တရားရေးဌာန စစ်ဆေးသွားမည်

ဝါရှင်တန်၊ မေ-၂၁ သမ္မတဒေါ်နယ်ထရန့်၏ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲလှုပ်ရှားမှုအား အက်ဖ်ဘီအိုင်အေးဂျင့်များက မလျော်ကန်သော ရည် ရွယ်ချက်များအတွက် လျှို့ဝှက်စုံစမ်းခဲ့ခြင်းရှိ၊မရှိကို အမေရိကန်တရားရေးဌာနက စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယခင်သမ္မတဟောင်းအိုဘားမား၏ အစိုးရအဖွဲ့သည် ထိုကဲ့သို့သောလှုပ်ရှားမှုမျိုးကို အမိန့်ပေးညွှန်ကြားခဲ့ခြင်း ရှိ၊မရှိ သိလိုလှသည်ဟုလည်း မစ္စတာထရန့်က တွစ်တာပေါ်တွင် ပြောကြားထားသည်။ အက်ဖ်ဘီအိုင်တွင် ရွေးကောက်ပွဲလှုပ်ရှားမှုဆိုင်ရာ လက်ထောက်အရာရှိများနှင့် တွေ့ဆုံနေသော သတင်းပေးတစ်ဦး ရှိကြောင်း အမေရိကန်မီဒီယာက သတင်းထုတ်ပြန်ခဲ့ပြီးနောက် ဖော်ပြပါတောင်းဆိုမှုများ ပေါ်ထွက်လာခြင်းဖြစ်သည်။ လျှို့ဝှက်ဝင်ရောက်စုံစမ်းမှု တစ်စုံတစ်ရာ တွေ့ရှိပါက အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု...

နယူးယောက်ပြည်နယ်တွင် ဇိမ်ခံကားတစ်စီးယာဉ်တိုက်မှုဖြစ်ပွား၊ လူ ၂၀ သေဆုံး

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်အတွင်းရှိ ပါတီပွဲတစ်ခုသို့သွားမည့်သူများ လိုက်ပါလာသည့် ဇိမ်ခံ မှန်လုံကားတစ်စီး ယာဉ်တိုက်မှုဖြစ်ပွားရာ လူပေါင်း ၂၀ ခန့် သေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ အောက်တိုဘာ ၆ ရက်မွန်းလွဲပိုင်းက စကိုဟာရီမြို့ တွင် ဖြစ်ပွားခဲ့သော ယင်းဖြစ်ရပ်၌ မှန်လုံကားအတွင်းရှိ လူ၁၈ ဦးစလုံးနှင့် လမ်းသွားလမ်းလာနှစ်ဦးတို့ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။ အက်စ်ယူဗွီပုံစံမှန်လုံဇိမ်ခံကားသည် လမ်းဆုံတစ်ခု ကို ဖြတ်စဉ် အခြားကားတစ်စီးနှင့် တိုက်မိပြီးနောက် အရှိန်ဖြင့် ကားပါကင်တစ်ခုအတွင်းရှိ...