လွှတ်တော်အဆောက်အုံအတွင်း အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်မှုနဲ့ ဒေါ်နယ်ထရန့် စွဲချက်တင်ခံရ

လွန်ခဲ့တဲ့သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ အမေရိကန်ကွန်ဂရက်လွှတ်တော်ကို ဆန္ဒပြသူတွေ အကြမ်းဖက်ဝင်ရောက် စီးနင်းမှုမှာ အဓိကသွေးထိုးလှုံ့ဆော်သူအဖြစ် သမ္မတဒေါ်နယ်ထရန့်ကို အမေရိကန်အောက်လွှတ်တော်က စွဲချက်တင်လိုက်ပြီဖြစ်ပါတယ်။ ဒေါ်နယ်ထရန့်ဟာ ရွေးကောက်ခံသမ္မတသစ် ဂျိုးဘိုင်ဒန် အနိုင်ရသွားတဲ့ ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး ဆန့်ကျင်ဖို့ ပြည်သူတွေကို စည်းရုံးလှုံ့ဆော်ခဲ့တာကြောင့် ဒီမိုကရက်တစ်ကိုယ်စားလှယ်အရေအတွက်များတဲ့ အောက်လွှတ်တော်ကနေ စွဲချက်တင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဘရာဇီးနိုင်ငံ ရလဒ်အရ တရုတ်ကိုဗစ်ကာကွယ်ဆေး ဆိုင်နိုဗက်အကျိုးသက်ရောက်မှု ၅၀ ရာခိုင်နှုန်းကျော်သာရှိ

ဘရာဇီးနိုင်ငံမှာ စမ်းသပ်စစ်ဆေးမှုရလဒ်တွေအရ တရုတ်ကုမ္ပဏီ ဆိုင်နိုဗက်မှ ထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးဟာ ရောဂါကာကွယ်နိုင်မှု ၅၀ ဒသမ ၄ ရာခိုင်နှုန်းပဲ ရှိတယ်လို့ လေ့လာမှုစစ်တမ်းများအရ သိရပါတယ်။ ဘရာဇီးနိုင်ငံမှာ COVID-19 ကာကွယ်ဆေးရလဒ်ကို သုတေသနပြုနေတဲ့ Butantan Institute ရဲ့ အရင်တစ်ပတ်က ထုတ်ပြန်ချက်မှာ ဆိုင်နိုဗက်ကုမ္ပဏီထုတ် ကာကွယ်ဆေးဟာ ၇၈...

ဒေါ်နယ်ထရန့်ကို သမ္မတရာထူးမှဖယ်ရှားမယ့်အစီအစဉ် ဒုသမ္မတ မိုက်ပန့်စ် ငြင်းဆို

အမေရိကန်အခြေခံဥပဒေပြင်ဆင်ချက် ၂၅ ကို အသုံးချပြီး သမ္မတဒေါ်နယ်ထရန့်ကို ရာထူးကနေဖယ်ရှားမယ့် အစီအစဉ်ကို ဒုတိယသမ္မတ မိုက်ပန့်စ် က ငြင်းပယ်လိုက်ပါတယ်။ မယ်ရီလန်းပြည်နယ်ကိုယ်စားပြု ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် ဂျေမီရက်စ်ကင် က ဒုတိယသမ္မတ မိုက်ပန့်စ် အနေနဲ့ ဥပဒေပြင်ဆင်ချက် ၂၅ ရဲ့ အပိုဒ်ခွဲ ၄ ပါ စည်းမျဉ်းကို အသုံးပြုပြီး...

ဆန်ဒီယေဂို တိရစ္ဆာန်ရုံတစ်ရုံမှ ဂေါ်ရီလာ ရှစ်ကောင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

အမေရိကန်နိုင်ငံ ဆန်ဒီယေဂိုမြို့ရှိ ဆာဖာရီတိရစ္ဆာရုံမှ ဂေါ်ရီလာ ရှစ်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ AP သတင်းတစ်ရပ်အရ သိရပါတယ်။ တစ်ရုံတည်းမှာ အတူနေတဲ့ ဂေါ်ရီလာမျောက်အားလုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ဂေါ်ရီလာတချို့ ချောင်းဆိုးနေတာကို စစ်ဆေးတွေ့ရှိရတယ်လို့ တိရစ္ဆာန်ရုံ အမှုဆောင်ဒါရိုက်တာ လီဆာပီတာဆင် က ဆိုပါတယ်။

ဝါရှင်တန်ဒီစီမှာ လုံခြုံရေးအရေးပေါ်အခြေအနေ ဒေါ်နယ်ထရန့် အတည်ပြုကြေညာ

ဝါရှင်တန်ဒီစီမြို့မှာ လုံခြုံရေးအရေးပေါ်အခြေအနေတစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က အတည်ပြုထုတ်ပြန်ကြေညာလိုက်ပြီဖြစ်တာကြောင့် မြို့တော်အတွင်း အရေးပေါ်ကိစ္စအရပ်ရပ်ကို ပြည်ထောင်စုအရေးပေါ် စီမံခန့်ခွဲမှု အေဂျင်စီက ကြီးကြပ်သွားတော့မယ်လို့ အယ်လ်ဂျာဇီးယားသတင်းက ဆိုပါတယ်။ ဒေါ်နယ်ထရန့်ကို လိုလားထောက်ခံသူတွေ လွှတ်တော်ထဲ ဝင်ရောက်သောင်းကျန်းခဲ့မှုအခြေအနေအရ ဇန်နဝါရီ ၂၀ ရက်မှာ ကျင်းပမယ့် သမ္မသသစ်ဂျိုးဘိုင်ဒန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားအတွက် လုံခြုံရေးစိုးရိမ်စရာရှိတယ်လို့...

အမျိုးသားအဖော်ကို ခွေးလည်ပတ်စွတ်ကာ အပြင်ထွက်တဲ့စုံတွဲ ဒဏ်ရိုက်ခံရ

ကနေဒါနိုင်ငံ ကွီးဗက်ပြည်နယ်မှာ ကိုဗစ်-၁၉ ကာကွယ်ထိမ်းချူပ်ရေးအတွက် ည ၈နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ညမထွက်ရအမိန့်စတင်အသက်ဝင်ပြီး ၁ နာရီအကြာမှာ ကွီးဗက်ပြည်နယ်ရဲတပ်ဖွဲ့က စုံတွဲတစ်တွဲကို ဖမ်းစီးရမိခဲ့ပါတယ်။ ဒီစုံတွဲဟာ ပလက်ဖောင်းပေါ်ကနေ မြို့ထဲဘက်ဆီ လမ်းလျှောက်နေစဉ်မှာ ဖမ်းစီးခဲ့တာဖြစ်ပါတယ်။...

မြန်မာသင်္ဘောသား ၁၁ ဦးပါ သင်္ဘောပြန်လွှတ်ပေးရေကိစ္စဆွေးနွေးမှု မအောင်မြင်၍ တောင်ကိုရီးယားနှင့် အီရန်တို့အကြား တင်းမာမှုမြင့်တက်

အီရန်နိုင်ငံတွင် ဖမ်းဆီးခံထားရသော ဓာတုပစ္စည်းတင် တောင်ကိုရီးယားသင်္ဘောနှင့်တကွ ဝန်ထမ်းများအား အမြန်ပြန်လွှတ်ပေးရန် တောင်ကိုရီးယားနှင့် အီရန် ကိုယ်စားလှယ်များအကြား ယနေ့ဆွေးနွေးမှု မအောင်မြင်၍ နှစ်နိုငံအကြား တင်းမာမှုပိုမြင့်တက်လာခဲ့သည်။ မြန်မာသင်္ဘောသား ၁၁ ဦးအပါအဝင် သင်္ဘောဝန်ထမ်းအားလုံးနှင့် သင်္ဘောပြန်လွှတ်ရေးကိစ္စကို ဆွေးနွေးရန် တနင်္ဂနွေနေ့က အီရန်နိုင်ငံသို့ တောင်ကိုရီးယားနိုင်ငံ၏ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ချွိုင်ဂျောင်ကန်းနှင့်အဖွဲ့ရောက်ရှိခဲ့ပြီး အီရန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး...

အမေရိကန်လွှတ်တော်အဓိကရုဏ်းနဲ့ဆက်စပ်ပြီး နောက်ထပ်ရဲဝန်ထမ်းတစ်ဦးသေဆုံး

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ထောက်ခံသူတွေ လွှတ်တော်ထဲ ဝင်စီးတဲ့နေ့က လွှတ်တော်လုံခြုံရေးကို တာဝန်ယူထားရတဲ့ ရဲဝန်ထမ်းတစ်ဦးဟာ တာဝန်ချိန်ပြင်ပမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြောင်း CNN သတင်းမှာ ဖော်ပြထားပါတယ်။ ဟောင်းဝပ်လီဘင်ဂွတ်ဒ်အမည်ရ အသက် ၅၁ နှစ်အရွယ်ရှိ အဲဒီရဲဝန်ထမ်းဟာ ၂၀၀၅ ခုနှစ် ဧပြီလကတည်းက လွှတ်တော်ရဲ တပ်ဖွဲ့ထဲကိုရောက်လာပြီး အဓိကရုဏ်းဖြစ်တဲ့နေ့ကတော့ အထက်လွှတ်တော်ဘက်အခြမ်းမှာ တာဝန်ကျခဲ့ပါတယ်။ လွှတ်တော်ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ...

အိန္ဒိယမှာ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်

အိန္ဒိယနိုင်ငံတစ်ဝန်း ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း သိသိသာသာ မြင့်တက်လာပြီး အနည်းဆုံး ပြည်နယ်ကိုးခုမှာ ရောဂါဖြစ်ပွားမှုကို အတည်ပြုထားသလို တခြားပြည်နယ်တွေမှာလည်း ရောဂါစမ်းသပ်စစ်ဆေးမှုကို စောင့်ဆိုင်းနေရတယ်လို့ အယ်လ်ဂျာဇီးယားသတင်းတစ်ရပ်အရ သိရပါတယ်။ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုကို နောက်ဆုံးအတည်ပြုတာကတော့ မြို့တော် နယူးဒေလီနဲ့ အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရာရှာထရာပြည်နယ်တို့ဖြစ်ပါတယ်။ နယူးဒေးလီဒေသအနီးတစ်ဝိုက်မှာ ငှက်အကောင် ၂၀၀...

မြန်မာ အပါအဝင် အရှေ့တောင်အာရှဒေသတွင်း လေးနိုင်ငံသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး သွားရောက်လည်ပတ်မည်

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည် ဇန်နဝါရီ ၁၁ ရက်မှ ၁၆ ရက်အတွင်း မြန်မာ၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့ကို အလည်အပတ်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ဟွာချန်ယင်းက ယနေ့တွင် ပြောသည်။ ဟွာ က ဆက်လက်ပြောကြားရာတွင် မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ရခြင်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏...