အီရန်မြို့ကြီးများတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများပေါ်ပေါက်

ရတ်ရှ်၊ ဒီဇင်ဘာ-၃၀ အီရန်နိုင်ငံရှိ အထင်ကရမြို့ကြီးများတွင် ပြည်သူတို့က ဒီဇင်ဘာ၂၈ရက်မှ စတင်ကာ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။ နိုင်ငံ၏မြောက်ပိုင်းရှိ ရတ်ရှ်မြို့နှင့် အနောက်ဘက်ကာမန်ရှာမြို့တွင် လူများစွာ စုဝေးဆန္ဒပြလျက်ရှိသည်ဟု ထုတ်ပြန်ထားပြီး အစ်ဖာဟန်၊ဟာမာဒန်နှင့် အခြားနေရာဒေသများတွင်လည်း ဆန္ဒပြမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ဆန္ဒပြမှုများသည် ကုန်ဈေးနှုန်းများမြင့်တက်လျက်ရှိသည်ကို ဆန့်ကျင်ကန့် ကွက်ရာမှ စတင်ခဲ့ခြင်းဖြစ်သော်လည်း ဈေးနှုန်းများမငြိမ်သက်မှုက စာရေးစာချီဆိုင်ရာ စည်းမျဉ်းနှင့် အစိုးရမူဝါဒများကို ဆန့်ကျင်သည့် ပြင်းထန်သော လူထုဆန္ဒပြပွဲတစ်ရပ်ကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ မြို့တော်တီဟီရန်တွင် လူအနည်းငယ် ဖမ်းဆီးခံခဲ့ရသည်ဟု...

ဘရပ်ဆယ်ရှိ အိမ်ရာမဲ့များအား ကတ်ထူရွက်ဖျင်တဲများဝေငှ

ဘရပ်ဆယ်၊ ဒီဇင်ဘာ-၃၀ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆယ်မြို့ရှိ စီမံကိန်းလုပ်ငန်းတစ်ခုသည် မြို့တွင်းရှိ အိမ်ရာမဲ့များအတွက် သယ်ရလွယ်ကူသော ကတ်ထူစက္ကူဖြင့်ပြုလုပ်ထားသည့် ရွက်ဖျင်တဲများကို ပေးဝေ လျက်ရှိကြောင်း သိရသည်။ ORIG-AMIလုပ်ငန်းဟုခေါ်ဆိုသော ကတ်ထူစက္ကူရွက်ဖျင်တဲများသည် အမိုးအကာရှာဖွေလျက်ရှိသည့် အိမ်ရာမဲ့များအဖို့ နောက်ကျောတွင် အလွယ်တကူ သယ်ဆောင်သွားနိုင်သည်။ ဘရပ်ဆယ်တွင် ပုံမှန်ရွက်ဖျင်တဲများအသုံးပြုခြင်းကို ခွင့်မပြုခြင်းကြောင့် အိမ်ရာမဲ့များအနေဖြင့် မကြာခဏဆိုသလို ရဲတပ်ဖွဲ့၏ နှင်ထုတ်ခြင်းကို ခံနေရသည်။ ကတ်ထူရွက်ဖျင်တဲစီမံကိန်းသည် အိမ်ရာမဲ့များ မည်သည့်နေရာတွင်မဆို လုံခြုံစွာ အိပ်စက်ခွင့်ရနိုင်ရန် မျှော်မှန်းချက်ဖြင့် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ အဆိုပါကတ်ထူရွက်ဖျင်တဲများကို ရဲတပ်ဖွဲ့အနေဖြင့်လည်း ခွင့်ပြုနိုင်လိမ့်မည်ဟု ယင်းစီမံကိန်းကိုလုပ်ဆောင်သူများက...

မြောက်ကိုရီးယားသို့ တရုတ်ရေနံတင်ပို့မှု အမေရိကန်သမ္မတထရန့် အလွန်စိတ်ပျက်မိဆို

ဝါရှင်တန်၊ ဒီဇင်ဘာ-၂၉ တရုတ်အစိုးရသည် မြောက်ကိုရီးယားသို့ ရေနံတင်ပို့ခွင့်ပြုထားသည်ဟု ထုတ်ပြန်ချက်တစ်ရပ် ထွက်ပေါ်လာပြီးနောက် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တရုတ်အစိုးရအား အလွန်ပင်စိတ်ပျက်မိသည်ဟု ပြောကြားလိုက်ကြောင်း သိရသည်။ တရုတ်အစိုးရ၏လုပ်ရပ်ကို လက်ပူးလက်ကြပ်ဖမ်းမိခြင်းဖြစ်သည်ဟုလည်း မစ္စတာထရန့်က တွစ်တာပေါ်တွင် ပြောကြားလိုက်သည်။ မြောက်ကိုရီးယားကို ရေနံတင်ပို့ရန် တရုတ်နိုင်ငံက ခွင့်ပြုထားသည်ဆိုလျှင် မြောက်ကိုရီးယားပြဿနာအား မည်သည့်အခါမျှ ရင်းနှီးစွာ ဆွေးနွေးအဖြေရှာနိုင်တော့မည်မဟုတ်ကြောင်း မစ္စတာထရန့်က ပြောသည်။ တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံအကြား ရေနံတင်ပို့မှုနှင့်ပတ်သက်သည့် ကုလသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုကို တစ်စုံတစ်ရာချိုးဖောက်ခြင်းမရှိဟု တရုတ်အစိုးရက အစောပိုင်းကပင် ငြင်းဆိုထားသည်။ တရုတ်အစိုးရသည် အမေရိကန်ဦးဆောင်သော ကုလသမဂ္ဂ၏...

မွမ်ဘိုင်းတိုက်ခန်းတွဲမီးလောင်မှုဖြစ်ပွား၊ လူ ၁၅ ဦးသေဆုံး

မွမ်ဘိုင်း၊ ဒီဇင်ဘာ-၂၉ မွမ်ဘိုင်းတိုက်ခန်းတွဲတစ်ခု၌ ညသန်းခေါင်ယံအချိန်တွင် မီးလောင်ကျွမ်းမှုကြီးတစ်ခု ဖြစ်ပွားခဲ့ရာ လူပေါင်း ၁၅ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။ အဆိုပါမီးလောင်ကျွမ်းမှုသည် ကာမာလာမီးလ်စားသောက်ဆိုင်နှင့် ဈေးဝယ်စင်တာတည်ရှိရာ ခြံဝင်းအတွင်း အဆောက်အအုံတစ်ခု၌ သန်းခေါင်ကျော်အချိန်တွင် စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ မီးတောက်များသည် မိနစ် ၃၀ အတွင်း အဆောက်အအုံကို ကူးစက်ပျံ့နှံ့လောင်ကျွမ်းသွားခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယမီဒီယာက ထုတ်ပြန်ထားသည်။ လူခြောက်ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးထားရကြောင်း မွမ်ဘိုင်းမြို့ဘေးအန္တရာယ်ထိန်းချုပ်ရေးဌာနက ဘီဘီစီကို ပြောကြားသည်။ မီးများသည် စားသောက်ဆိုင် ခေါင်မိုးထပ်အပေါ်မှ စတင်လောင်ကျွမ်းခြင်းဖြစ်သည်ဟု အိန္ဒိယမီဒီယာက...

လိုင်ဘေးရီးယား သမ္မတရွေးကောက်ပွဲ ဘောလုံးသမားဟောင်း ဂျော့ဝီအက်ရွေးချယ်ခံရ

မွန်ရိုးဗီးယား၊ ဒီဇင်ဘာ-၂၉ လက်ရွေးစင်ဘောလုံးသမားဟောင်း ဂျော့ဝီအက်သည် လိုင်ဘေးရီးယားနိုင်ငံ၏ သမ္မတအဖြစ် ရွေးချယ်ခံလိုက်ရပြီဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာ၂၆ရက်တွင် ဒုတိယအကျော့ပြန်လည်ပြုလုပ်သော ရွေးကောက်ပွဲ မဲရလဒ်အားလုံးနီးပါးကို ရေတွက်ပြီးချိန်တွင် မစ္စတာဝီအက်သည် ပြိုင်ဘက် ဂျိုးဆက်ဘုတ်ကိုင်ကို ထောက်ခံမဲရာခိုင်နှုန်း ၆၀ ကျော်ဖြင့် အသာရဦးဆောင်နေကြောင်း ဘီဘီစီက ထုတ်ပြန်ထားသည်။ မစ္စတာဝီအက် အနိုင်ရရှိသည့် သတင်းများထွက်ပေါ်လာချိန်တွင် ၎င်းအားထောက်ခံသူများသည် မွန်ရိုးဗီးယားမြို့တော်အတွင်း အောင်ပွဲခံပျော်ရွှင်လျက်ရှိကြသည်။ မစ္စတာဝီအက်သည် အာဖရိကတွင် ပထမဆုံးရွေးကောက်ခံရသော အမျိုးသမီးသမ္မတ အယ်လင်ဂျွန်ဆင်ဆာလိဖ်၏နေရာကို ဆက်ခံမည်ဖြစ်ပြီး ဆယ်စုနှစ်များစွာအတွင်း လိုင်ဘေးရီးယားနိုင်ငံ၏ ပထမဆုံး ဒီမိုကရက်တစ်အာဏာလွှဲပြောင်းမှုလည်း...

ကဘူးရှိ ရှီးယိုက်စင်တာ ဗုံးကွဲမှု လူ ၄၀ ကျော်သေ၊ ၈၄ ဦး ဒဏ်ရာရ

ကဘူး၊ ဒီဇင်ဘာ-၂၉ အာဖဂန်နစ္စတန်နိုင်ငံ၏မြို့တော် ကဘူးရှိ ရှီးယိုက်ယဉ်ကျေးမှုဌာနနှင့် သတင်းဌာနကို အသေခံဗုံးဖောက်ခွဲရေးသမားများက ဒီဇင်ဘာ ၂၈ ရက်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ညီလာခံသို့တက်ရောက်နေသည့် ကျောင်းသားများ အပါအဝင် လူ ၄၀ ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ အဆိုပါတိုက်ခိုက်မှုတွင် ၎င်းတို့၌တာဝန်ရှိသည်ဟု အစ္စလမ္မစ်နိုင်ငံက ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြသည်။ ယဉ်ကျေးမှုဌာနသည် အီရန်နိုင်ငံမှ အထောက်အပံ့ယူထားသည့် ဌာနဖြစ်သည်ဟု သိရသည်။ အဆိုပါတိုက်ခိုက်မှုသည် ကဘူးရှိ ရှီးယိုက်မွတ်စလင်များအား ပစ်မှတ်ထားသည့်နောက်ဆုံးတိုက်ခိုက်မှုဖြစ်သည်ဟု သိရသည်။ အဆိုပါတိုက်ခိုက်မှုတွင် အမျိုးသမီးလေးဦးနှင့် ကလေးငယ်နှစ်ဦးအပါအဝင် လူ...

ဂျီဟတ်များဟုယူဆရသူ ကလေးငယ်များ ပြင်သစ်က ပြန်လည်ပေးပို့

ပါရီ၊ ဒီဇင်ဘာ-၂၉ အီရတ်အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံထားရသည့် အစ္စလမ္မစ်စစ်သွေးကြွများဟု ယူဆရသူများ၏ ပြင်သစ်နိုင်ငံတွင်မွေးဖွားသည့် ကလေးငယ်သုံးဦးကို ပြင်သစ်က ပြန်လည်ပို့ပေးလိုက်ပြီဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၈ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။ အဆိုပါ ကလေးငယ်များအား အီရတ်နိုင်ငံသို့ ပြန်ပို့ပေးလိုက်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု နိုင်ငံတကာကြက်ခြေနီကော်မတီ (အိုင်စီအာစီ)က ကြေညာသည်။ ၎င်းတို့အား ပြန်လည်ပို့ပေးလိုက်ခြင်းသည် အီရတ်ရှိ အာဏာပိုင်များနှင့် ပူးပေါင်းညှိနှိုင်း၍ ပြန်လည်ပို့ပေးလိုက်ခြင်းဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ရိုက်တာသတင်းဌာနအား ပြောကြားခဲ့သည်။ အဆိုပါမိသားစုသည် ပြင်သစ်နိုင်ငံမှ အီရတ်နိုင်ငံသို့ ၂၀၁၅ ခုနှစ်တွင်...

မြောက်ကိုရီးယားက နောက်ထပ်ဒုံးပျံပစ်ရန် စီစဉ်နေ

ဝါရှင်တန်၊ ဒီဇင်ဘာ-၂၉ မြောက်ကိုရီးယားအနေဖြင့် နောက်ထပ်ဒုံးပျံတစ်စင်း ထပ်မံပစ်လွှတ်ရန် စီစဉ်နေသည့် ပဏာမလက္ခဏာများက ပြသနေကြောင်း အမေရိကန်ထိပ်တန်းအရာရှိများက ပြောဆိုသည်။ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့နှင့်အတူ အမေရိကန်၏ စစ်ရေးလေ့ကျင့် မှုများနှင့်ပတ်သက်ပြီး လူသိရှင်ကြားထုတ် ဖော်ပြောဆိုမှုများကို ပိုမိုသတိထားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စီစဉ်နေကြောင်း အဆိုပါအရာရှိများက ပြောဆိုသည်။ မြောက်ကိုရီးယားက ၎င်း၏အင်အားကို ပြသသည့်အနေဖြင့် အမေရိကန် သည် မြောက်ကိုရီးယားနယ်စပ်တွင် မဟာမိတ်နိုင်ငံများနှင့်အတူ စစ်ရေးလေ့ ကျင့်မှုများ လုပ်ဆောင်ခဲ့သည်။ မည်သည့်ပစ္စည်းကိရိယာအမျိုးအစားဆိုသည်ကို အတိအကျမပြောနိုင် သော်လည်း ဂြိုဟ်တုသို့မဟုတ် အခြားဒုံးပျံတစ်စင်းကို များမကြာမီရက်များ သို့မဟုတ် သီတင်းပတ်များအတွင်း ပစ်လွှတ်နိုင်ခြေရှိသည်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ သမ္မတဒေါ်နယ်ထရန့်နှင့် အမေရိကန်တပ်ဖွဲ့များသည်...

မက္ကဆီကို မူးယစ်ဆေးဂိုဏ်း အဖွဲ့ဝင်တစ်ဦး ဘရာဇီးနိုင်ငံက ဖမ်းဆီးထား

စောပေါလို၊ ဒီဇင်ဘာ-၂၈ ဘရာဇီးရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် မက္ကဆီကို မူးယစ်ရာဇာတစ်ဦးကို ဖမ်းဆီးရမိလိုက်ခြင်းသည် မက္ကဆီကိုနိုင်ငံ၏ဒုစရိုက် လောကရှိ အင်အားအကြီးဆုံးအဖွဲ့အစည်းများထဲမှတစ်ခုကို ထိုးနှက်လိုက် ခြင်းပင်ဖြစ်သည်ဟု ပြည်ထောင်စုအစိုးရရှေ့နေများက ဒီဇင်ဘာ ၂၇ ရက်၌ ပြောဆိုသည်။ အမေရိကန်နိုင်ငံ၏ တရားခံလွှဲပြောင်းပေးပို့ရေး မေတ္တာရပ်ခံချက်ကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ဂျာလစ်စကို နယူး ဂျင်နရေးရှင်းကာနယ် (စီဂျေအင်န်ဂျီ)အဖွဲ့ခေါင်းဆောင်ဂျိုစ်ဂွန်ဇာလက်ဗာလင်စီယာ(၄၂)နှစ်ကို ရဲတို့က ဖမ်းဆီးမိန့်ဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။ ဂွန်ဇာလက်ဗာလင်စီယာကို ဖော်တာလီဇာကမ်းခြေမြို့အနီး အပန်း ဖြေကမ်းခြေတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ၎င်းအား ဆီရာပြည်နယ် ရဲတပ်ဖွဲ့ဌာနချုပ်သို့...

ရွှေ့ပြောင်းဝင်ရောက်သူ ၁၄၂ဦးကို ဂီနီသို့ လေယာဉ်ဖြင့် လစ်ဗျားပြန်ပို့ပေး

မစ်ရာတာ၊ ဒီဇင်ဘာ-၂၈ ထိန်းသိမ်းရေးစခန်းများတွင် ရွှေ့ပြောင်းဝင်ရောက်သူများ များပြားနေမှုကို ဖြေလျှော့သည့်အနေဖြင့် မြောက် အာဖရိက နိုင်ငံများက နေရင်းနိုင်ငံသို့ ပြန်လည်ပို့ပေးမှုများ အရှိန်မြှင့်ဆောင်ရွက်နေစဉ် လစ်ဗျားနိုင်ငံက တရားမ၀င်ရွှေ့ပြောင်း ၀င်ရောက်သူ ၁၄၂ဦးကို လေယာဉ်ဖြင့် ဂီနီနိုင်ငံသို့ ဒီဇင်ဘာ ၂၇ ရက်က ကုလသမဂ္ဂရွှေ့ပြောင်း ၀င်ရောက်သူများ အေဂျင်စ်ီ၏ အကူအညီဖြင့် ပြန်လည်စေလွှတ်လျက်ရှိသည်ဟု တာဝန်ရှိသူများက ပြောသည်။ လူမှောင်ခိုမှုအချက်အချာကျရာ ဆာဘရာသာမှ အီတလီနိုင်ငံသို့ လူမှောင်ခိုနေမှုကို လက်နက်ကိုင်အုပ်စုများက ရေကြောင်းလမ်းကိုပိတ်ဆို့ခဲ့ပြီးနောက် လစ်ဗျားနိုင်ငံ ထိန်းသိမ်းရေးစခန်းများတွင်...