၂၀၁၈ခုနှစ်ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲအတွက် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ မြောက်ကိုရီးယားစေလွှတ်မည်

ပြုံယမ်း၊ ဇန်န၀ါရီ-၉ တောင်ကိုရီးယားနိုင်ငံတွင် ဖေဖော်ဝါရီလအတွင်း၌ပြုလုပ်မည့် ၂၀၁၈ခုနှစ်ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲများသို့ မြောက်ကိုရီး ယားမှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့စေလွှတ်မည်ဟု ပြောကြားထားကြောင်း တောင်ကိုရီးယားက ပြောဆို သည်။ အဆိုပါနောက်ဆုံးကြေညာချက်သည် နှစ်ပေါင်းနှစ်ဆယ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ် နှစ်နိုင်ငံအဆင့်မြင့် တွေ့ဆုံဆွေးနွေးမှုပြုချိန်တွင် ပေါ် ထွက်လာခြင်းဖြစ်သည်။ ကိုယ်စားလှယ်အဖွဲ့တွင် အားကစားသမားများနှင့် အခြားတာဝန်ရှိသူများအပြင် ပရိတ်သတ်များလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကာလအတွင်း ကိုရီးယားစစ်ပွဲကြောင့် ကွဲကွာနေသော ပြည်သူများအတွက် မိသားစု ပြန်လည်ပေါင်းစည်းရေးများကိုလည်း ပြုလုပ်ပေးရန် တောင်ကိုရီးယားက အဆိုပြုထားသည်ဟု သိရသည်။ မိသားစုပေါင်းစည်းရေးသည် နှစ်နိုင်ငံစလုံးအတွက်...

အဓမ္မပြုကျင့်မှုတိုက်ဖျက်ရေးပထမဆုံး ဥပဒေဆိုမာလီလန်တွင် အတည်ပြု

ဟာဂေစီ၊ ဇန်န၀ါရီ-၉ ဆိုမာလီလန်နိုင်ငံသည် အဓမ္မပြုကျင့်မှု ဆန့်ကျင်တိုက်ဖျက်ရေးဥပဒေ တစ်ရပ်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း ယင်းဖြစ်ရပ်သည် သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ ယခင်က ထိုသို့အဓမ္မပြုကျင့်ခံရသည့် မိသားစုတစ်စုသည် အရှက်ရစေသည့် ကိစ္စရပ်မှ ရှောင်ရှားရန်အတွက် ထိုသို့ မတရားပြုကျင့်သူကို လက်ထပ်ရန် ဖိအားပေးခံရနိုင်သည်။ ယခုအခါ ယင်းအဓမ္မပြုကျင့်သူများအနေဖြင့် ထောင်ဒဏ်နှစ် ၃၀ထက်မနည်း ပြစ်ဒဏ်ချခံရနိုင်သည့်အနေအထားရှိသည်။ ဆိုမာလီလန်နယ်မြေကို ၁၉၉၁ခုနှစ်တွင် ဆိုမာလီယာနိုင်ငံမှလွတ်လပ်သော နယ်မြေအဖြစ် ၎င်းတို့ဘာသာကြေညာလိုက်သော်လည်း ဆိုမာလီလန်ကို နိုင်ငံတစ်နိုင်ငံအဖြစ် နိုင်ငံတကာအသိုင်းအ၀န်းက အသိအမှတ်မပြုပေ။ ဆိုမာလီယာတွင် အဓမ္မပြုကျင့်မှုနှင့်ပတ်သက်၍ ယနေ့ထိအောင် ဥပဒေမရှိ...

အယ်ဆာဗေဒို ရွှေ့ပြောင်းနေထိုင်သူ နှစ်သိန်း၏နေထိုင်ခွင့် အမေရိကန်ရုပ်သိမ်း

ဝါရှင်တန်၊ ဇန်န၀ါရီ-၉ လူဝင်မှုကြီးကြပ်ရေးပြဋ္ဌာန်းချက်များကို တင်းကျပ်ရန် သမ္မတထရန့်အစိုးရ၏ နောက်ဆုံးလုပ်ဆောင်မှုအဖြစ် ၂၀၀၁ ခုနှစ်ကတည်းက အမေရိကန် ပြည်ထောင်စုတွင် နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ပြုထားသော အယ်ဆာဗေဒို ရွှေ့ပြောင်းနေထိုင်သူ ၂၀၀၀၀၀သည် ၂၀၁၉ခုနှစ်မှစ၍ အဆိုပါအခွင့်အရေးရှိတော့မည်မဟုတ်ကြောင်း အမေရိကန် တာဝန်ရှိသူများက ဇန်န၀ါရီ ၈ရက်တွင် ပြောဆိုသည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် အယ်ဆာဗေဒိုနိုင်ငံသားများအတွက် ယာယီကာကွယ်လက်ခံပေးထားခြင်းကို ၂၀၁၉ခုနှစ် စက်တင်ဘာလတွင် အဆုံးသတ်မည်ဖြစ်ပြီး ၁၈လအတွင်း နိုင်ငံမှထွက်ခွာရန် သို့မဟုတ် တရားဝင် နေထိုင်ခွင့်လျှောက်ထားရန်နှင့် ယင်းကိစ္စနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရန် အုပ်ချုပ်ရေးအရာရှိများက...

အီရန်ရေနံတင်သင်္ဘော တတိယမြောက်နေ့ထိ မီးဆက်လောင်

ပေကျင်း၊ ဇန်န၀ါရီ-၉ ကယ်ဆယ်ရေးရေယာဉ် ဒါဇင်ပေါင်းများစွာတို့က ရေနံတင်သင်္ဘောမီးစွဲ လောင်နေမှုကို တတိယမြောက်နေ့အဖြစ် ထိန်းချုပ်ရန် ကြိုးပမ်းနေစဉ် အီရန်ရေနံများကို သယ်ဆောင်လာသည့် ရေနံသင်္ဘောသည် တရုတ်ကုန်တင်သင်္ဘောနှင့် အရှေ့တရုတ်ပင်လယ်တွင် တိုက်မိခဲ့ရာ ဇန်န၀ါရီ ၉ ရက် နံနက်ပိုင်းအထိ မီးလောင်နေဆဲဖြစ်သည်ဟု တရုတ်အစိုးရက ကြေညာသည်။ လေများမှာ ပြင်းထန်စွာတိုက်ခတ်နေပြီး မိုးနှင့်လှိုင်းလုံးကြီးများကြောင့် အခြေအနေမှာ ဆိုးရွားလျက်ရှိသည်။ လောင်ကျွမ်းနေသည့်မီးကို ထိန်းချုပ်နိုင် ရန် ဆက်လက်ကြိုးပမ်းလျက်ရှိပြီး ရေနံတင်သင်္ဘောမှ သင်္ဘောသား ၃၁ဦး၏ ရုပ်အလောင်းများကို ဆက်လက်ရှာဖွေလျက်ရှိသည်ဟု...

ထိုင်းဝန်ကြီးချုပ်ဟောင်းယင်လပ် ဗြိတိန်၌တိမ်းရှောင်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး အတည်ပြုပြောဆို

ဘန်ကောက်၊ ဇန်န၀ါရီ-၉ ဒေါ်လာဘီလီယံများစွာဆုံးရှုံးခဲ့သည့် ဆန်ခွဲတမ်းအစီအစဉ်ကြောင့် ထောင်ဒဏ်မှ ရှောင်ရှားရန် ထိုင်းနိုင်ငံမှ ထွက်ပြေး သွားသည့် ၀န်ကြီးချုပ်ဟောင်းယင်လပ်ရှင်နာဝပ်သည် ဗြိတိန်နိုင်ငံ၌ ရောက်ရှိနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။ ယင်လပ်ပါဝင်သည့် ဓာတ်ပုံနှစ်ပုံကို လူမှုကွန်ရက်များတွင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေမှုများဖြစ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးက ယင်းသို့မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။ ၀န်ကြီးချုပ်ဟောင်းယင်လပ်သည် အနီရောင်ကုတ်အင်္ကျီဝတ်ဆင်ထားသော အမျိုးသမီးအဖော်တစ်ဦးနှင့်အတူ ရိုက်ကူး ထားသော ဓာတ်ပုံပေါ်ထွက်ခဲ့ခြင်းဖြစ်ပြီး လန်ဒန်မြို့ရှိ ဟားရော့စတိုးဆိုင်ပြင်ပ၌ ရိုက်ကူးထားသောပုံဖြစ်သည်ဟု ပုံစာရေးထိုးထားသည်။ အခြားဓာတ်ပုံတစ်ပုံမှာ လန်ဒန်မြို့ရှိ ၀က်စ်ဖီးကုန်တိုက်တွင် ရိုက်ထားသောပုံ ဖြစ်သည်ဟု...

ဘီဘီစီ ယုံကြည်မှုအကျပ်အတည်းနှင့် ကြုံတွေ့ဟူ၍ ပေကျင်းဗျူရိုအယ်ဒီတာ မီးစ်ဂရေစီ ကောက်ချက်ချ

လန်ဒန်၊ ဇန်နဝါရီ-၈ ဘီဘီစီ၏ ပေကျင်းဗျူရိုအယ်ဒီတာ မီးစ်ကယ်ရီဂရေစီသည် လုပ်ဖော်ကိုင်ဖက်အမျိုးသား အယ်ဒီတာများနှင့် လစာအညီအမျှ မရရှိခြင်းကြောင့် ရာထူးမှ နုတ်ထွက်လိုက်ပြီဟု သိရသည်။ ဘီဘီစီတွင်အနှစ် ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သူ မီးစ်ဂရေစီက ဘီဘီစီအနေဖြင့် ယုံကြည်မှုအကျပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ၎င်း၏အိတ်ဖွင့်ပေးစာတွင် ဖော်ပြလိုက်သည်။ တစ်နှစ် ပေါင် ၁၅၀၀၀၀ ကျော်ရရှိသည့် အတော်ဆုံးဝန်ထမ်းသုံးပုံနှစ်ပုံမှာ အမျိုးသားများဖြစ်ကြောင်း ဖော်ပြပြီးနောက် မီးစ်ဂရေစီက ဘီဘီစီနှင့်ပတ်သက်၍ အထက်ပါအတိုင်း ကောက်ချက်ချလိုက်ခြင်းဖြစ်သည်။ အမျိုးသမီးများအား စနစ်တကျ ခွဲခြားဆက်ဆံမှု အလျဉ်းမရှိကြောင်း ဘီဘီစီကထုတ်ပြန်ကြေညာသည်။ ၂၀၁၀...

၂၀၁၇ ဧပြီလအတွင်းက ပစ်လွှတ်ခဲ့သည့် မြောက်ကိုရီးယားဒုံးကျည် ပစ်မှတ်လွဲချော်မှုကို ထုတ်ဖော်

ဧပြီလအတွင်းက ပစ်လွှတ်ခဲ့သည့် မြောက်ကိုရီးယားဒုံးကျည်ပစ်လွှတ်ပြီး မကြာမီတွင် ထိန်းချူပ်နိုင်ခြင်းမရှိတော့ဘဲ ပြုံယမ်းမြို့အရှေ့မြောက်ဘက်ကီလိုမီတာ ၁၀၀အကွာရှိ လူဦးရေနှစ်သိန်းသုံးသောင်းခန့်နေထိုင်သည့် တော့ချွန်မြို့ကို ထိမှန်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ The Diplomat မဂ္ဂဇင်းက ဇန်န၀ါရီ ၅ ရက်(သောကြာနေ့)က ထုတ်ဖော်လိုက်သည်။ ယင်းသို့ထိမှန်ခဲ့ရာတွင် လူအသေအပျောက်နှင့်ထိခိုက်ပျက်စီးမှုအခြေအနေအတိအကျကိုမူ မသိရှိရကြောင်း ယင်းမဂ္ဂဇင်းက ဖော်ပြသည်။ အဆိုပါဒုံးကျည်ကို ပတ်ချန်လေဆိပ်အနီး ပစ်လွှတ်စင်မှ ပစ်နေကျနေရာဖြစ်သည့် ဂျပန်ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ပစိဖိတ်စစ်ဌာနချူပ်က ဆိုသည်။ ယင်းဒုံးကျည်သည် လေထဲ၌ တစ်မိနစ်ခန့်ပျံသန်းခဲ့ပြီးနောက် ၄၀ကီလိုမီတာခန့်အကွာတွင် ပထမအဆင့်ဒုံးကျည်အင်ဂျင်ပျက်ယွင်းကာ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ အဆိုပါအချက်ကို ဂြိုဟ်တုဓာတ်ပုံအဟောင်းများမှ...

အမေရိကန်အာကာသယာဉ်မှူး ဂျွန်ယန်း အသက် (၈၇) နှစ်တွင် ကွယ်လွန်

နယူးယောက်၊ ဇန်နဝါရီ-၇ လကမ္ဘာသို့ နှစ်ကြိမ်သွားရောက်ခဲ့ပြီး ပထမဆုံးအာကာသလွန်းပြန်ယာဉ်ခရီးကို ထိန်းချုပ်ဦးဆောင်ခဲ့သူ အမေရိကန်အာကာသယာဉ်မှူး ဂျွန်ယန်းသည် အသက် (၈၇) နှစ်ဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း နာဆာအဖွဲ့က ကြေညာသည်။ ယနေ့တွင် နာဆာနှင့် ကမ္ဘာလောကအနေဖြင့် ရှေ့ဆောင်တစ်ဦးကို ဆုံးရှုံးသွားပြီဖြစ်ကြောင်း အေဂျင်စီအကြီးအကဲ ရောဘတ်လိုက်ဖုက ကြေညာချက်တစ်စောင်တွင် ပြောကြားထားသည်။ ဂျွန်ယန်းသည် ဂီမီနီ၊ အပိုလိုနှင့် အာကာသလွန်းပြန်ယာဉ်အစီအစဉ်များနှင့်ပတ်သက်သည့်ခရီးစဉ်များကို ပျံသန်းခဲ့သည့် တစ်ဦးတည်းသောပုဂ္ဂိုလ် ဖြစ်သည်။ ၎င်းသည် တစ်ချိန်က အာကာသယာဉ်တစ်စင်းပေါ်တွင် အဖော်အာကာသယာဉ်မှူးတစ်ဦးအတွက် လက်ဆောင်အဖြစ် ဆားရည်စိမ်ထားသော အမဲသား၊ အသားညှပ်ပေါင်မုန့်ကို...

ကုန်သေတ္တာတင်သင်္ဘောနှင့် ရေနံတင်သင်္ဘောတိုက်မိ သဘောင်္သား၃၂ဦးပျောက်ဆုံးနေ

အီရန်ရေနံတန်ချိန်၁၃၆,၀၀၀ကိုသယ်ဆောင်လာတဲ့ပနားမားရေနံတင်သင်္ဘောSanchiဟာယမန်နေ့ညနေပိုင်းက တရုတ်နိုင်ငံအရှေ့ပိုင်းကမ်းခြေမှာတန်ချိန်၆၄၀၀၀တင်ဆောင်လာတဲ့ဟောင်ကောင်မှတ်ပုံတင်ကုန်သေတ္တာတင်သင်္ဘော CFCrystalနှင့်တိုက်မိကာမီးလောင်မှုဖြစ်ပွားနေတယ်လို့ ဘီဘီစီသတင်းတစ်ရပ်မှာဖေါ်ပြထားပါတယ်။ တရုတ်နိုင်ငံပို့ဆောင်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ အီရန်သင်္ဘောသားအယောက် ၃၀နှင့် ဘင်္ဂလားဒေ့ရှ်သင်္ဘောသားနှစ်ယောက်ပျောက်ဆုံးနေတယ်လို့သိရပါတယ်။ ကုန်သေတ္တာတင်သင်္ဘောမှသင်္ဘောသား၂၁ ယောက်ကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ Sanchiဟာလက်ရှိအချိန်မှာရေဝင်နေပြီးမီးလဲလောင်နေပါတယ်။ထို့အတူရေနံတွေလဲဖိတ်ကျနေတာကြောင့် ကယ်ဆယ်ရေးအလျှင်အမြန်လုပ်ဆောင်ပေးနေတယ်လို့တရုတ်ပို့ဆောင်ရေးဝန်ကြီးဌာနကဆိုပါတယ်။ရှန်ဟိုင်းကမ်းခြေကနေရေမိုင်၁၆၀အကွာမှာတိုက်မိတာဖြစ်တယ်လို့သိရပါတယ်။ တရုတ်သင်္ဘော၈စီးခန့်ကိုရှာဖွေကယ်ဆယ်ရေးအတွက်စေလွှတ်ထားတယ်လို့တရုတ်အစိုးရသတင်းဌာနတခုဖြစ်တဲ့ဆင်ဟွာကဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံကလဲကမ်းခြေစောင့်သင်္ဘောတစ်စီးနဲ့ရဟတ်ယာဉ်တစ်စီးကိုကယ်ဆယ်ရေးအတွက်စေလွှတ်ထားတယ်လို့သိရပါတယ်။ Sanchiဟာအမေရိကန်ဒေါ်လာသန်း၆၀တန်ဖိုးရှိရေနံတွေကိုအီရန်ကနေတောင်ကိုရီးယားကိုသယ်ဆောင်လာစဉ်တိုက်မိ ခဲ့တာဖြစ်ပါတယ်။ Ref; BBC

အခွန်ဥပဒေသစ်အတွက် နိုင်ငံ့ဝန်ထမ်းများကို ဆော်ဒီအစိုးရ လျော်ကြေးများပေးမည်

ရီယတ်၊ ဇန်န၀ါရီ-၆ ဆော်ဒီအာရေဗျအစိုးရသည် ရောင်းဝယ်ခွန်ဥပဒေသစ်နှင့် ရေနံဈေးနှုန်းများမြင့်တက်မှုတို့အတွက် နိုင်ငံပိုင်လုပ်ငန်းများမှ အလုပ်သမားများကို လျော်ကြေးငွေပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ လာမည့်နှစ်အတွက် လစဉ်လစာငွေ ဒေါ်လာ ၂၆၀ကျော်တိုးပေးရန် ဘုရင် ဆယ်လ်မန်က အမိန့်ထုတ်ထားကြောင်း ဘီဘီစီသတင်းတွင်ပါရှိသည်။ ဆော်ဒီအာရေဗျနိုင်ငံ၌ ပြည်တွင်းရေနံဈေးနှုန်းများသည် အကြမ်းဖျင်းအားဖြင့် နှစ်ဆတက်လျက်ရှိပြီး အစိုးရအနေဖြင့် အစားအစာနှင့် အခြေခံလူသုံးကုန်ပစ္စည်းများအပါအ၀င် ကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှုအများစုအပေါ်တွင် ၅ ရာခိုင်နှုန်း အခွန်သတ်မှတ်လိုက်ပြီဖြစ်သည်။ မကြာသေးမီကာလအတွင်း ရေနံစိမ်းဈေးကွက်တွင် မတည်မငြိမ်ဖြစ်မှုများပေါ်ပေါက်ခဲ့ပြီးနောက် နိုင်ငံအနေဖြင့် ရေနံပေါ်တွင် မှီခိုနေမှုကို လျှော့ချရန် ဆော်ဒီအစိုးရက ဆန္ဒရှိနေသည်။ ယူအေအီးနိုင်ငံအတွင်း...