အငြင်းပွားဖွယ် ရုပ်ရှင်ဇာတ်ကားကြောင့် အိန္ဒိယ၌ လုံခြုံရေးတိုးမြှင့်ထား

ဒေလီ၊ ဇန်န၀ါရီ-၂၅ အကြမ်းဖက်ဆန္ဒပြမှုများ ယခင်ကတည်းက ပေါ်ပေါက်ခဲ့သည့် ဘောလီးဝုဒ်ရုပ်ရှင်ဇာတ်ကားတစ်ကားမထွက်ရှိမီ အိန္ဒိယနိုင်ငံရှိ ပြည်နယ်အများအပြားတွင် လုံခြုံရေးတင်းကျပ်စွာ ချထားလိုက်သည်။ ကျောင်းကားတစ်စီးပေါ်တွင် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဒေလီမြို့ ဆင်ခြေဖုံးရှိ ကျောင်းများအားလုံးကို ပိတ်ထားလိုက်ပြီး ယင်းရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသမည်မဟုတ်ကြောင်း ပြည်နယ် သုံးလေးပြည်နယ်ရှိ ရုပ်ရှင်ရုံများက ပြောဆိုသည်။ ပက်မားဗက်ရုပ်ရှင်ဇာတ်ကားသည် မွတ်စလင်ဘုရင်တစ်ပါးနှင့် ဟိန္ဒူ မင်းသမီးတစ်ပါးတို့အကြား အချစ်ဇာတ်လမ်းကို ဖော်ကျူးထားသည်ဟု ယုံကြည်သည့်အတွက် ဆန္ဒပြသူများက အမျက်ဒေါသထွက်ခဲ့ကြသည်။ ဆန္ဒပြပွဲများကြောင့် ယင်းရုပ်ရှင်ဇာတ်ကားထွက်ရှိရန် နှစ်လခန့် နှောင့်နှေးခဲ့သည်။ ဟိန္ဒူလက်ယာအုပ်စုများက မော်တော်ယာဉ်များကို...

ပါလက်စတိုင်းဒုက္ခသည် ရန်ပုံငွေမပေးဘဲနေမှု အကူအညီပေးရေးအုပ်စုများက ပြစ်တင်ဝေဖန်

ဝါရှင်တန်၊ ဇန်န၀ါရီ -၂၅ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအုပ်စု ၂၀ မှ ခေါင်းဆောင်များက ထရန့်အစိုးရအား ပြင်းပြင်း ထန်ထန်ကန့်ကွက်သည့် စာတစ်စောင်ကို ရေးသားပေးပို့ခဲ့သည်။ အဆိုပါစာတွင် ကုလသမဂ္ဂ၌ ပါလက်စတိုင်း ဒုက္ခသည်များအတွက် အမေရိကန်က ထည့်ဝင်သည့် ငွေဒေါ်လာ ၆၅ သန်းကို မပေးဘဲထားရန် အမေရိကန်၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ကြသည်။ ကုလသမဂ္ဂပါလက်စတိုင်းဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် လုပ်ငန်း အဖွဲ့(ယူအင်န်အာရ်ဒဗလျူအေ)သို့ ထောက်ပံ့ရန် စီစဉ်ထားသည့် ဒေါ်လာ ၆၅ သန်းအား အမေရိကန်က...

စောကျင်းပမည့် ဗင်နီဇွဲလားသမ္မတရွေးကောက်ပွဲ လက်ရှိသမ္မတမာဒူရို ယှဉ်ပြိုင်ရန်အသင့်ရှိဟုဆို

ကရာကာ့စ်၊ ဇန်န၀ါရီ-၂၄ ဗင်နီဇွဲလားနိုင်ငံ၏ အစိုးရလိုလားသော တိုင်းပြုပြည်ပြုဥပဒေလွှတ်တော်က ဧပြီလမကုန်မီ ရွေးကောက်ပွဲများကျင်းပရန် အမိန့်ထုတ်ပြန်လိုက်သည်။ သမ္မတနီကိုလတ်စ်မာဒူရိုသည် လာမည့် ခြောက်နှစ်သမ္မတသက်တမ်း အတွက် ၀င်ရောက်ယှဉ်ပြိုင်ရန် အသင့်ရှိသည်ဟု ထောင်နှင့်ချီသော ၎င်းအား ထောက်ခံသူများကို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတစ်ရပ်တွင် ပြောကြားသည်။ ယင်းမှာမှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ပြီး နယ်ချဲ့နှင့်လက်ယာဝါဒီများက စီးပွားရေးကိုဝါးမျိုရန် ကြံစည်နေကြောင်း မစ္စတာမာဒူရိုက ပြောသည်။ ဗင်နီဇွဲလားအတိုက်အခံအဖွဲ့သည် အားနည်းသွားကာ အကွဲကွဲအပြား ပြားဖြစ်နေကြောင်း၊ သမ္မတ၏ အဓိက စိန်ခေါ်သူများဖြစ်လာဖွယ်ရှိသူ အများစုသည် ပြည်ပတွင် သွားရောက်ရှောင်တိမ်းနေရခြင်း...

အာဖဂန်ရှိ ကလေးသူငယ်အကူအညီပေးရေးအဖွဲ့ရုံး တိုက်ခိုက်ခံရ

ကဘူး၊ ဇန်န၀ါရီ-၂၄ အာဖဂန်နစ္စတန်ရှိ ကလေးသူငယ်ဆိုင်ရာ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ရုံးကို တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး လူ ၁၁ဦး ဒဏ်ရာရရှိကြောင်း သိရသည်။ ဂျာလာလာဘတ်ရှိ အဆိုပါအဖွဲ့၏ခြံဝင်းပြင်ပ၌ ပေါက်ကွဲ မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်များကပြောသည်။ ထို့နောက် သေနတ်သမားများက အဆောက်အအုံအတွင်းသို့ ၀င်ရောက်သွားကြသည်။ ယင်းသို့ တိုက်ခိုက်သူများကို မသိရှိရသေးသော်လည်း ဂျာလာလာဘတ်သည် တာလီဘန်စစ်သွေးကြွများ မကြာခဏ ပစ်မှတ်ထားတိုက်ခိုက်ရာနေရာ ဖြစ်သည်။ နိုင်ငံခြားသားများ အများဆုံးပါဝင်ပြီး အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့သည့်...

ပြုံချန်းအိုလံပစ်အားကစားပွဲ ဂျပန်ဝန်ကြီးချုပ်အဘေး တက်ရောက်မည်

တိုကျို၊ ဇန်န၀ါရီ-၂၄ တောင်ကိုရီးယားနိုင်ငံတွင် ဖေဖော်ဝါရီလ၌ကျင်းပမည့် ပြုံချန်းအိုလံပစ် အားကစားပွဲသို့ ၎င်းအနေဖြင့် တက်ရောက်မည် ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက ဇန်န၀ါရီ ၂၃ ရက်တွင် ပြောကြားလိုက်သည်။ စစ်အတွင်းက ဂျပန်စစ်တပ်တွင် ဇိမ်မယ်များအဖြစ် အဓမ္မစေခိုင်းခဲ့မှုနှင့်ပတ်သက်၍ ဂျပန်နှင့်တောင်ကိုရီးယားတို့ အကြား ဖြစ်ပွားသည့် ပြဿနာကြောင့် အဆိုပါအိုလံပစ်အားကစားပွဲသို့ ဂျပန်ဝန်ကြီးချုပ် တက်ရောက်မည်မဟုတ်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့အကြား ခါးသီးသည့်သမိုင်းကြောင်းများ ရှိခဲ့ရာတွင် ၁၉၁၀-၄၅...

အာရှကို ထပ်မံခြိမ်းခြောက်လာတဲ့ တရုတ်ရဲ့ ပင်လယ်ပြင်လှုပ်ရှားမှု

နိုင်ငံတကာရေးရာသုံးသပ်ဆောင်းပါး မြောက်ကိုရီးယားနဲ့အမေရိကန်တို့ရဲ့ ဆက်ဆံရေးတင်းမာမှုကနေ အာရှတခွင်မှာ စစ်ရိပ်စစ်ငွေ့တွေ ယှက်သန်းနေတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒီအချိန်မှာ ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းဒေသတွေက အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေအတွက် နောက်ထပ်ခြိမ်းခြောက်မှုတစ်ခုလည်း ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ ပင်လယ်ပြင်အတွင်း နယ်မြေပိုင်ဆိုင်မှုတွေမှာ ဖိအားပေးခြိမ်းခြောက်မှုတွေ ဆက်တိုက်ပြုလုပ်လာတဲ့ တရုတ်နိုင်ငံရဲ့ခြေလှမ်းတွေပဲဖြစ်ပါတယ်။ မကြာသေးမီကာလအတွင်းမှာ တရုတ်နိုင်ငံဟာ ဂျပန်နဲ့ထိုင်ဝမ်နိုင်ငံတွေအနီးက ရေကြောင်းနယ်နမိတ် တွေမှာ နယ်မြေချဲ့ထွင်မှုတွေကို အရှိန်မြှင့်ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ပစိဖိတ်သမုဒ္ဒရာအတွင်း လှုပ်ရှားသွား လာမှုတွေကနေ တစ်ဆင့်ပိုတိုးပြီး စစ်ရေးလှုပ်ရှားမှုအသွင်ကိုပြောင်းလဲလာတာကိုလည်း တွေ့ရပါ တယ်။ ဒါ့ကြောင့် ဂျပန်နဲ့ထိုင်ဝမ်အစိုးရက နယ်မြေကာကွယ်ရေးလှုပ်ရှားမှုတွေကို...

မလေးရှားအခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီ SunCon က မြန်မာနှင့်အင်ဒိုနီးရှားနိုင်ငံများ၌ဈေးကွက်ချဲ့ရန်စီစဉ်နေ

  ကွာလာလမ်ပူ၊ ဇန်န၀ါရီ ၂၄ မလေးရှားနိုင်ငံအခြေစိုက်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Sunway Construction GroupBhd (SunCon) က ၎င်းတို့၏ ရည်ရွယ်ချက်ဖြစ်သော အာဆီယံဒေသတွင်း နိုင်ငံများဖြစ် သည့်မြန်မာနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံများ တွင် ကျယ်ပြန့်စွာ ခြေလှမ်းချနိုင်ရေးအစီအစဉ်များရေးဆွဲနေကြောင်း The Star Online သတင်းအေဂျင်စီ၏ သတင်းတစ်ရပ် တွင်ဖော်ပြသည်။ SunCon ၏ မန်နေးဂျင်းဒါရိုက်တာတစ်ဦးဖြစ်သည့် Chung Soo Kiong ၏ အဆိုအရခိုင်မာသည့်ဆောက်လုပ်ရေး လုပ်ငန်း အစီအစဉ်များမှာ ဖွံ့ဖြိုးဆဲအခြေခံအဆောက်အဦ စီမံကိန်းများ အပါအ၀င်...

ဖိလစ်ပိုင် မိုင်းယင်မီးတောင်ပေါက်ကွဲနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်

မနီလာ၊ ဇန်နဝါရီ-၂၃ မီးတောင်ပေါက်ကွဲမှုကဲ့သို့ အန္တ ရာယ်ရှိသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီးနောက် ဖိလစ်ပိုင်နိုင်ငံရှိ မိုင်းယင်မီးတောင် သတိပေးချက်အဆင့်ကို တိုးမြှင့်လိုက်ပြီး အဆိုပါဒေသရှိ ကျောင်းများအားလုံးကို ချက်ချင်းပိတ်ထားလိုက်ကာ ဒေသခံများကို နေအိမ်များအတွင်း၌သာ နေထိုင်ကြရန် အာဏာပိုင်များက တိုက်တွန်းလိုက်သည်။ ဖိလစ်ပိုင်နိုင်ငံရှိ လှုပ်ရှားမှုအရှိဆုံး အဆိုပါ မီးတောင်သည် ဇန်နဝါရီ ၁၃ ရက်ကတည်းက ပြာ၊ ချော်ရည်ပူများ ထုတ်လွှတ်ခဲ့ပြီး အယ်လ်ဘေးစီရင်စု အလယ်ပိုင်းရှိ ဒေသခံ ၄၀၀၀၀ နီးပါး နေရပ်စွန့်ခွာခဲ့ရသည်။ ဖိလစ်ပိုင်နိုင်ငံ မီးတောင်နှင့်...

ဟောင်ကောင်တွင် လေထုညစ်ညမ်းမှု ဆိုးရွားစွာဖြစ်ပေါ်နေ

ဟောင်ကောင်၊ ဇန်န၀ါရီ-၂၃ ဟောင်ကောင်တွင် လေထုညစ်ညမ်းမှုဆိုးရွားစွာ ဖြစ်ပေါ်နေကြောင်း ဟောင်ကောင်သတင်းဌာနက ပထမဆုံးဖော်ပြပြီး ငါးရက်အကြာ ဇန်န၀ါရီ ၂၂ ရက်တွင် ဟောင်ကောင်ရှိ ဒေသအများအပြား၌ မီးခိုးမြူထူထပ်စွာကျဆင်းမှု ပေါ်ပေါက်ခဲ့ သည်။ လေထုညစ်ညမ်းမှုအဆင့်သည် ပုံမှန်ထက် ပိုမိုမြင့်မားပြီး စံချိန်တင်ခဲ့ကြောင်း ဟောင်ကောင်သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးဌာနက ဇန်န၀ါရီ ၂၂ ရက်တွင် ဖော်ပြသည်။ အိုဇုန်းလွှာအဆင့်မြင့်မားမှုလည်း နိုက်ထရိုဂျင်အောက်ဆိုက်ဓာတ်ငွေ့ ပိုမို ဖြစ်ပေါ်စေကြောင်း အာဏာပိုင်များက ပြောဆိုသည်။ ကျန်းမာရေးဆိုင်ရာအန္တရာယ်များ နေရာအများအပြားတွင် ဖြစ်ပေါ်နေပြီး ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများတွင် နှလုံးရောဂါနှင့်...

အလက်စကာပင်လယ်ကွေ့ကို ဗဟိုပြု၍ အင်အားပြင်းငလျင်လှုပ်၊ ဆူနာမီသတိပေးချက်ထုတ်ပြန်

ဝါရှင်တန်၊ ဇန်န၀ါရီ ၂၃ အမေရိကန်နိုင်ငံ အနောက်ဖက်ကမ်းခြေ အလက်စကာပင်လယ်ကွေ့ကို ဗဟိုပြု၍  အင်အား ရစ်ခ်ျတာစကေး ၇ ဒသမ ၉ အဆင့်ရှိ ငလျင်တစ်ခု ဒေသစံတော်ချိန် နံနက် ၁၂ ခွဲခန့်က လှုပ်ခတ်ခဲ့သည်။ အမေရိကန်ဘူမိဗေဒဌာန၏ ထုတ်ပြန်ချက်အရ အလက်စကာပင်လယ်ကွေ့အတွင်း အနက်ခြောက်မိုင်ကျော် တွင် လှုပ်ခတ်ခြင်းဖြစ်သည်။ အမေရိကန်အနောက်ဘက်ကမ်းခြေမြို့များဖြစ်သည့် ကယ်လီဖိုးနီးယား အိုရီဂွန်၊ ဝါရှင်တန်နှင့် ဟာဝိုင်အီတို့ တွင် ဆူနာမီသတိပေးချက်ထုတ်ပြန်ထားကာ အလက်စကာပြည်နယ်၏ အကြီးဆုံး မြို့ဖြစ်သော အန်ကောရေ့တွင် အထူးသတိပေးချက်ထုတ်ပြန်ထားသည်။...