ဂျိုးဘိုင်ဒန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနား လုံခြုံရေးအတွက် စိုးရိမ်စရာရှိ

ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျင်းပမယ့် ဂျိုးဘိုင်ဒန်ရဲ့ အမေရိကန်သမ္မအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားအတွက် လုံခြုံရေးပိုင်းဆိုင်ရာ စိုးရိမ်စရာတွေရှိနေတယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကွန်ဂရက်အဆောက်အဦထဲကို ဒေါ်နယ်ထရန့်ရဲ့နောက်လိုက်တွေ ဝင်ရောက်စီးနင်းမှုဖြစ်ပွားပြီးနောက် ဝါရှင်တန်ဒီစီမှာ အရေးပေါ်အခြေအနေကြေငြာထားတဲ့အပြင် အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင် ၆၂၀၀ ကို ဇန်နဝါရီလ ၂၁ ရက် အထိ...

ဖီလိုမီနာမုန်တိုင်းကြောင့် စပိန်နိုင်ငံမှာ အနည်းဆုံး လူ သုံးဦးသေဆုံး

ဖီလိုမီနာ မုန်တိုင်းကြောင့် စပိန်နိုင်ငံမှာ အနည်းဆုံး လူ သုံးဦးသေဆုံးပြီး ဆီးနှင်းတွေ အလွန်အမင်းကျဆင်းတာကြောင့် ပြည်သူတွေကို နေအိမ်ထဲမှာ နေကြဖို့ စပိန်အစိုးရက တိုက်တွန်းထားပါတယ်။ မက်ဒရစ်မြို့အပါအဝင် စပိန်နိုင်ငံတစ်ဝှမ်းမှာ ၁၉၇၁ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးဆောင်းရာသီနဲ့ရင်ဆိုင်နေရပြီး မက်ဒရစ်ဒေသမှာဆိုရင် ဆီးနှင်းထုက ၅၀ စင်တာမီတာအထိရှိနေပါတယ်။

လူ ၆၂ ဦးတင်ဆောင်လာသော အင်ဒိုနီးရှား ခရီးသည်တင်လေယာဉ် ပင်လယ်အတွင်း ပျက်ကျ

လူ ၆၂ ဦးတင်ဆောင်လာသည့် ဘိုရင်း ၇၃၇ လေယာဉ်သည် အင်ဒိုနီးရှားနိုင်ငံ ဂျာကတာမြို့မှ ပွန်တီယာနက်ခ်မြို့သို့ ပျံသန်းပြီးနောက် သိပ်မကြာမီ ပျောက်ကွယ်၊ ပျက်ကျသွားကြောင်း သိရသည်။ ၎င်းလေယာဉ်သည် Sriwijaya လေကြောင်းလိုင်းမှ ဖြစ်ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် နောက်ဆုံးအဆက်အသွယ်ရခဲ့ကာ ရေဒါပေါ်တွင်...

အီတလီဆေးရုံတစ်ရုံ၌ ဧရာမမြေကျင်းကြီး ရုတ်တရက်ဖြစ်ပေါ်ပြီး ကားအများအပြားထိုးကျ

အီတလီနိုင်ငံဆေးရုံတစ်ရုံ၏ ယာဉ်ရပ်နားရာနေရာ၌ ယမန်နေ့ကရုတ်တရက်မြေကျွံပြီး စတုရန်းပေ ၂၂၀၀ ခန့်အကျယ်နှင့် အနက် ၆၆ပေရှိ ဧရာမတွင်း‌ပေါက်ကြီးဖြစ်ပေါ်ခဲ့ကာ ကားများစွာတွင်းထိုးကျခဲ့ပြီး ဆေးရုံကိုဗစ်ကုသဆောင်မှလူနာများကိုလည်း အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရကြောင်း CNN သတင်းတစ်ရပ်အရ သိရသည်။ အဆိုပါမတော်တဆမှုမှာ နေပယ်လ်မြို့ရှိ အော်စပီဒဲလ်ဒယ်မဲ ဆေးရုံ၌‌‌ ဒေသစံတော်ချိန် နံနက် ၆ နာရီခွဲခန့်တွင်ဖြစ်ပွားခဲ့ပြီး အဆိုပါနေရာ၌ရပ်နားထားသည့် ကားအများအပြားတွင်းထဲသို့ကျသွားကြောင်း ဒေသခံမီးသတ်တပ်ဖွဲ့ကပြောသည်။

အမေရိကန်ကွန်ဂရက်စီးနင်းခံရသည့်နေ့က နန်စီပီလိုဆီ၏ ခုံပေါ် ခြေတင်ဓာတ်ပုံအရိုက်ခံသူအား ဖမ်းဆီးထိန်းသိမ်း

ဗုဒ္ဓဟူးနေ့က အမေရိကန်ကွန်ဂရက်ထဲ ဒေါ်နယ်ထရန့်ကို လိုလားသူများ စီးနင်းဝင်ရောက်ချိန်အတွင်း အောက်လွှတ်တော်ပြောရေးဆိုခွင့်ပုဂ္ဂိုလ် နန်စီပီလိုဆီ၏ ထိုင်ခုံပေါ် အခန့်သား ထိုင်ပြီး ဓာတ်ပုံအရိုက်ခံခဲ့သည့် ရစ်ချတ်ဘားနက် အမည်ရ ပုဂ္ဂိုလ်အား သောကြာနေ့နံနက်က ဖမ်းဆီးမိကြောင်း သိရသည်။ အသက် ၆၀ နှစ်အရွယ်ရှိ ၎င်းအမျိုးသားတစ်ဦးကို ကန့်သတ်နယ်မြေထဲဝင်ရောက်မှု၊ အကြမ်းဖက်ကျူးကျော်မှု၊ ပြည်သူပိုင်ပစ္စည်းခိုးယူမှုများနှင့် စွဲချက်တင်ထားပြီး ယင်းအမှုအား ပြည်ထောင်စုအဆင့်တရားရုံးက...

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ တွစ်တာအကောင့်ကို ရာသက်ပန်ပိတ်

မလိုလားအပ်တဲ့ အကြမ်းဖက်လှုံဆော်မှုတွေ ထပ်ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် တွစ်တာ ကုမ္ပဏီဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ တွစ်တာအကောင့်ကို ရာသက်ပန်ပိတ်လိုက်ကြောင်း သောကြာနေ့ညက သတင်းထုတ်ပြန်ပါတယ်။ ဗုဒ္ဓဟူးနေ့က လူ ၅ ဦးသေဆုံးပြီး တခြားလူအမြောက်အမြား ဒဏ်ရာရခဲ့တဲ့ ကွန်ဂရက်စီးနင်းခံရမှုပြဿနာမှာ သမ္မတ ဒေါ်နယ်ထရန့် က အဓိက သွေးထိုးလှုံဆော်သူတစ်ဦးဖြစ်ခဲ့တာကြောင့် တခြားလူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Facebook ကလည်း...

COVID-19 ကာကွယ်ဆေးထိုးပြီးနောက် သုံးပတ်အကြာမှာ ဝေးလ် သူနာပြုတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ

ဗြိတိန်နိုင်ငံ၊ ဝေးလ်ပြည်နယ်က သူနာပြုတစ်ဦးဟာ COVID-19 ကာကွယ်ဆေးထိုးပြီးနောက် သုံးပတ်အကြာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရကြောင်း သိရပါတယ်။ ၎င်း သူနာပြုဟာ ဖိုင်ဇာနဲ့ဘီယွန်တက်ခ်ျကုမ္ပဏီထုတ် COVID-19 ကာကွယ်ဆေးကို ပထမတစ်ကြိမ် ထိုးပြီးနောက် ဒုတိယအကြိမ်ဆေးထိုးဖို့ စောင့်ဆိုင်းနေတဲ့ကာလအတွင်းမှာပဲ ဗိုင်းရပ်စ်ကူးစက်ခံရတာဖြစ်ပါတယ်။ လောလောဆယ် ဗြိတိန်မှာ COVID-19 ကာကွယ်ဆေး ၃...

အမေရိကန်ကွန်ဂရက် အဓိကရုဏ်းတွင် ဒဏ်ရာရခဲ့သည့် ရဲအရာရှိတစ်ဦး ကွယ်လွန်

ဗုဒ္ဓဟူးနေ့က အမေရိကန်ကွန်ဂရက်အဆောက်အအုံတွင် ဖြစ်ပွားသည့် အဓိကရုဏ်းအတွင်း ဒဏ်ရာရခဲ့သည့် ရဲအရာရှိတစ်ဦးသည် ကြာသပတေးနေ့ညပိုင်းက ကွယ်လွန်သွားခဲ့ပြီဟု ကွန်ဂရက်လုံခြုံရေးရဲတပ်ဖွဲ့က အတည်ပြုထုတ်ပြန်သည်။ ဘရိုင်ယန်ဆစ်ခ်နစ်အမည်ရ ၎င်းရဲအရာရှိသည် ကွန်ဂရက်အဆောက်အအုံထဲသို့ ထရန့်ကို ထောက်ခံသူများက ဝင်ရောက်သောင်းကျန်းခဲ့သည့်ဖြစ်ရပ်တွင် ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ကြာသပတေးနေ့၊ ဒေသစံတော်ချိန် ည ၉နာရီခွဲခန့်က ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် တစ်ရာကျော်တွေ့ရှိ

တရုတ်နိုင်ငံမြောက်ပိုင်းက လူဦးရေ ၁၁ သန်းရှိ ရှီကျားကျောင်းမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသစ် အယောက်တစ်ရာကျော် တွေ့တာကြောင့် တစ်မြို့လုံးကို လော့ဒ်ဒေါင်းချပြီး ဆေးစစ်မှုတွေကို ပိုက်စိပ်တိုက် ဆောင်ရွက်နေတယ်လို့ အယ်လ်ဂျာဇီးယားသတင်းအရ သိရပါတယ်။ စာသင်ကျောင်းတွေကို ပိတ်ထားပြီး မြို့တွင်းနေထိုင်သူအားလုံးကို လွယ်လင့်တကူ ဆေးစစ်နိုင်အောင်အတွက် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတဲ့ နေရာပေါင်း ၅၀၀၀ ကျော် ထားရှိပေးထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ရာထူးကနေ ဖယ်ရှားဖို့ ဒီမိုကရက်တစ်တွေ တောင်းဆို

အမေရိကန်နိုင်ငံရေးသမိုင်းမှာ အမည်းစက်တစ်ခုအဖြစ် စွန်းထင်သွားတဲ့ ဗုဒ္ဓဟူးနေ့က ကွန်ဂရက် စီးနင်းခံရမှုအပြီးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ရာထူးကနေ ချက်ချင်းဖယ်ရှားဖို့ ဒီမိုကရက်တစ်တွေဘက်က တောင်းဆိုလာပါတယ်။ ဒီမိုကရက်တစ်လွှတ်တော်အမတ်အများစုဟာ အမေရိကန်နိုင်ငံရဲ့အခြေခံဥပဒေပြင်ဆင်ချက် ပုဒ်မ ၂၅ ကို အသုံးပြုပြီး ဒေါ်နယ်ထရန့်ကို သမ္မတရာထူးကနေ ဖယ်ရှားဖို့ စဉ်းစားနေသလို ရီပတ်ဘလင်ကန်ပါတီအမတ်တစ်ဦးကပါ ဒီအဆိုကို ထောက်ခံကြောင်း ပြောလာပါတယ်။