ဧရာဝတီမြစ်ရေနှင့် ငဝန်မြစ်ရေသည် မြို့လေးမြို့တွင် နောက်သုံးရက်အတွင်း စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိမည်

ဧရာဝတီမြစ်ရေနှင့် ငဝန်မြစ်ရေသည် မြို့လေးမြို့တွင် နောက်သုံးရက်အတွင်း စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ ယနေ့နံနက် ၁၀ နာရီခွဲအချိန်တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် (၁)ပေခွဲခန့် ၊ ဟင်္သာတမြို့တွင် (၁)ပေခန့်၊ ဇလွန်မြို့တွင် (၁)ပေခန့် ၎င်းတို့၏ စိုးရိမ်ရေမှန်အထက်ကျော်လွန်ရောက်ရှိနေသည်။ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ပေဝက်ခန့်၊ သာပေါင်းမြို့တွင်...

ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ကို တရားစွဲလိုက်တဲ့ အဆိုတော်ကြီး နေးလ်ယန်း

ကနေဒါ ရော့ခ်အဆိုတော်ကြီး နေးလ်ယန်းဟာ သူ့ရဲ့နာမည်ကျော်သီချင်းနှစ်ပုဒ်နဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖွဲ့ကို တရားစွဲဆိုလိုက်ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဟာ လတ်တလောပြုလုပ်ခဲ့တဲ့ မဲဆွယ်စည်းရုံးရေးအစီအစဉ်တွေမှာ နေးလ်ယန်းရဲ့သီချင်းတွေဖြစ်တဲ့ Rockin’ in the Free World နဲ့ Devil’s Sidewalk တို့ကို ကာယကံရှင်ထံခွင့်ပြုချက်မတောင်းဘဲ အသုံးပြုခဲ့ပါတယ်။

အသုံးစရိတ်ချွေတာရေး ဝန်ထမ်း ၅၅ ဦးအထိလျှော့ချဖို့ အာဆင်နယ်အသင်း စီစဉ်

Covid-19 ကပ်ရောဂါကြောင့် ဘဏ္ဍာရေးအကျပ်အတည်းကြုံတွေ့နေတဲ့ ပရိးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းဟာ အသုံးစရိတ်ချွေတာနိုင်ရေးအတွက် ဝန်ထမ်း ၅၅ ဦးအထိလျှော့ချဖို့ စီစဉ်နေကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ယမန်နေ့က အာဆင်နယ်ဘောလုံးအရာရှိချုပ် ရာအူးလ်ဆန်လီဟီနဲ့ မန်းနေးဂျင်းဒါရိုက်တာ ဗန်ကာတီရှမ်တို့ရဲ့ ပူးတွဲကြေညာချက်ထွက်ရှိခဲ့ပြီး အဆိုပါကြေညာချက်မှာ အသင်းဝန်ထမ်း ၅၅ ဦးအထိ လျှော့ချဖို့ အဆိုပြုထားကြောင်း ပါဝင်ခဲ့ပါတယ်။

ဗလင်စီယာအသင်းကနေ ‌မောင်းထုတ်ခံရခြင်းဖြစ်ကြောင်း မန်စီးတီးကစားသမားသစ် တောရက်စ်ဖွင့်ဟ

မန်စီးတီးအသင်းက စာချုပ်ခေါ်ယူလိုက်တဲ့ စပိန်တောင်ပံကစားသမား ဖာရန်တောရက်စ်က သူ့ရဲ့အသင်းဟောင်း ဗလင်စီယာက တာဝန်ရှိသူတွေက မိမိကို ဇွတ်အတင်းမောင်းထုတ်လိုက်ခြင်းသာဖြစ်ကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ မန်စီးတီးအသင်းနဲ့လက်မှတ်မရေးထိုးမီ Marca(မာကာ)သတင်းစာနဲ့ တွေ့ဆုံရာမှာတော့ တောရက်စ်က “ကျွန်တော်က ပဉ္စမမြောက်ဦးစားပေး တောင်ပံကစားသမားသာဖြစ်တယ်လို့ ဗလင်စီယာတာဝန်ရှိသူတွေက အသိပေးခဲ့ဖူးပါတယ်။ ပိုဆိုးတာက လက်ရှိဈေးကွက်မှာ ကျွန်တော့်ကို အရောင်းစာရင်းတင်လိုက်တာပါပဲ။ တကယ်ဆိုရင် အသင်းဟေင်းဗလင်စီယာမှာပဲ ကျွန်တော်ဆက်နေချင်ခဲ့တာပါ”...

TikTok ပုံစံဗီဒီယိုဝန်ဆောင်မှုကို ဖေ့စ်ဘွတ်ခ်စတင်မိတ်ဆက်

ကမ္ဘာ့အကြီးဆုံးလူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ဟာ တရုတ်အခြေစိုက် ဗီဒီယိုဆိုရှယ် မီဒီယာတစ်ခုဖြစ်တဲ့ TikTok နဲ့ ပုံစံတူဝန်ဆောင်မှုတစ်မျိုးကို ဩဂုတ် ၄ ရက်က စတင်မိတ်ဆက်လိုက်ပါတယ်။ ဒါပေမဲ့ ဖေ့စ်ဘွတ်ခ်ဟာ ရီးလ်စ်(Reels) လို့ အမည်ပေးထားတဲ့ အဲဒီဗီဒီယိုဖန်တီးခြင်းဝန်ဆောင်မှုအသစ်ကို အနောက်တိုင်းမှာ လူသုံးများတဲ့ Instagram လူမှုကွန်ရက်မှာသာ စတင်ထည့်သွင်းမိတ်ဆက်လိုက်တာဖြစ်ပါတယ်။

ဘေရွတ်ပေါက်ကွဲမှု ဖြေရှင်းချက်ပေးဖို့ ပြည်သူများ ပြင်းပြင်းထန်ထန်တောင်းဆို

ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်က လက်ဘနွန်နိုင်ငံရဲ့မြို့တော် ဘေရွတ်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြီးနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ဖြေရှင်းချက်ပေးဖို့ မြို့ခံပြည်သူတွေက ဒေါသတကြီးတောင်းဆိုနေကြောင်း BBC သတင်းတစ်ရပ်အရ သိရပါတယ်။ အဆိုပါပေါက်ကွဲမှုဟာ အနည်းဆုံးလူ ၁၃၅ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၄၀၀၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့တဲ့အထိ ပြင်းထန်ခဲ့ပါတယ်။ ဒါကြောင့် လက်ဘနွန်အစိုးရအနေနဲ့ နိုင်ငံတော်အဆင့်...

စောဒေးဗစ်လားနှင့် ဦးဝေထွန်းအား စွဲဆိုထားသည့် ပုဒ်မပြောင်းလဲ၍ အလုပ်နှင့်ထောင်ဒဏ် သုံးလချမှတ်

လွတ်ရက်စေ့ရန် အများဆုံး နှစ်ပတ်ခန့်သာ လိုဟုဆို တရားဟောဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်း(နဝရတ်)တို့အား သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၃၀(က)အရ အလုပ်နှင့် ထောင်ဒဏ် သုံးလကျခံရန် မရမ်းကုန်းမြို့နယ် တရားရုံးက ယနေ့( ဩဂုတ် ၆ ရက်)တွင် အမိန့်ချမှတ်ခဲ့သည်။ စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့၏ ရှေ့နေ...

ရှေ့နေများကောင်စီရွေးကောက်ပွဲတွင် NLD ပါတီမှ ဥပဒေအထောက်အကူပြုအဖွဲ့ဝင် လေးဦး ရွေးချယ်ခံရ

ပြည်သူလူထုမှ တရားရေးမဏ္ဍိုင်အား ယုံကြည်အားကိုးလာစေရန် ကြိုးပမ်းမည်ဟု ကောင်စီဝင် ဦးကျော်ဟိုး ပြော ရှေ့နေများကောင်စီရွေးကောက်ပွဲတွင် NLD ပါတီမှ ဥပဒေအထောက်အကူပြုအဖွဲ့ဝင် လေးဦး ရွေးချယ်ခံရကြောင်း သိရသည်။ ဩဂုတ် ၂ရက်တွင် ကျင်းပခဲ့သည့် တရားလွှတ်တော်ရှေ့နေများကောင်စီရွေးကောက်ပွဲတွင် တရားလွှတ်တော်ရှေ့နေ (၁၁)ဦးအား ကောင်စီဝင်များအဖြစ် ရွေးကောက်တင်မြှောက်ခံရကြောင်း တရားလွှတ်တော်...

ကျန်းမာအောင်ကြိုးစားနေမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

"ကျန်းမာပါစေ"ဟု ဆုတောင်းပြီး ထောက်ခံအားပေးသူများကိုကျေးဇူးတင်ကြောင်းနှင့် ကျန်းမာအောင်ကြိုးစားနေပါမည်ဟု Chair NLD Facebook Page အဖွင့်အနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ ယမန်နေ့က သန်လျင်ခရိုင်အုပ်ချုပ်ရေးရုံးသို့ ကော့မှူးမြို့နယ်အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ကိုယ်စားလှယ်လောင်းအဖြစ် နာမည်သွင်းခဲ့ကြောင်း ထည့်သွင်း ရေးသားထားသည်။ ထို့ပြင် ပြည်သူများကိုလည်း ကျန်းမာစွာနေထိုင်ရန်၊ပြည်သူများ...

အောင်ဆန်းရုပ်ရှင်ပြန်လည်ရိုက်ကူး

"အောင်ဆန်း " ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းများကို ယနေ့ ( ဩဂုတ် ၅ ရက်)တွင် ပြန်လည်ရိုက်ကူးနေကြောင်း အောင်ဆန်းရုပ်ရှင်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ ရုပ်ရှင်ပြန်လည်ရိုက်ရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ပြန်လည်ရိုက်ကူးနေခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ပရိသတ်များနှင့် လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ရွှေတိဂုံစေတီတော်ပိတ်ရက်အတွင်း...