ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို အားစွပ်စွဲပြစ်တင်မှု ခုံရုံးတွင် အပြီးသတ်အမိန့်ချမှတ်

ဖွဲ့စည်းပုံအခြေခံဥပဒေများကို ဖောက်ဖျက်သည်ဟုဆိုကာ ရာထူးမှဖြုတ်ချခံ ရသော ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုနှင့် ကယား ပြည်နယ်လွှတ်တော်တို့အကြား အငြင်းပွားနေသည့်ကိစ္စရပ်များကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက e-courtစနစ်ဖြင့် ယနေ့(အောက်တိုဘာ ၂၇ရက်)က အပြီးသတ်အမိန့်ချလိုက်သည်။ ဦးအယ်လ်ဖောင်းရှိုက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ လျှောက်ထားချက်များတွင် ၎င်းသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဆိုင်ရာခုံရုံး သို့တင်သွင်းလွှာ တင်သွင်းခွင့်ရှိသူဟုတ်မဟုတ်၊ စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ်ငါးဦးအနက် တစ်ဦး...

ရှမ်းပြည်နယ်ရှိ ရက်ကွက်တစ်ခုနှင့် ကျေးရွာအုပ်စုနှစ်စုကို ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော နယ်မြေစာရင်းမှပယ်ဖျက်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရန်အခြေအနေမရှိသောကြောင့် ရွေးကောက်ပွဲမကျင်းပဟုကြေညာထားသော နယ်မြေများမှ မူဆယ်မြို့နယ်ရှိ ရက်ကွက် တစ်ခုနှင့် လားရှိုး၊ကွမ်းလုံရှိကျေးရွာ အုပ်စုတို့ကို ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသော နယ်မြေစာရင်းမှပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ယ​​နေ့ (အောက်တိုဘာ ၂၇ ရက်)ညပိုင်းကကြေညာလိုက်သည်။ အဆိုပါထုတ်ပြန်ကြေညာချက်အရ အဆိုပါနယ်မြေများတွင်...

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲ မကျင်းပဟု ရွေး/ကော်ကြေညာ

ချင်းပြည်နယ်ပလက်ဝမြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ (အောက်တိုဘာ ၂၇ ရက်)ညပိုင်းတွင် ‌​ကြေညာလိုက်သည်။ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု...

ကျောက်ဖြူမှ ကျေးရွာအုပ်စု (၃)ခုနှင့် အမ်းမှ ကျေးရွာအုပ်စု (၄)ခုတို့ကို ရွေးကောက်ပွဲ ကျင်းပခြင်းမပြုမည့် နယ်မြေစာရင်းမှ ပယ်ဖျက်

ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူမြို့နယ်မှ ရပ်ကွက်/ကျေးရွာအုပ်စု (၃)ခုနှင့် အမ်းမြို့နယ်မှ ရပ်ကွက်/ကျေးရွာအုပ်စု (၄)ခုတို့ကို ရွေးကောက်ပွဲများ ကျင်းပခြင်း မပြုမည့် နယ်မြေစာရင်းမှ ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ယနေ့ (အောက်တိုဘာ ၂၇ ရက်) ညပိုင်းတွင် ကြေညာချက်အမှတ် (၂၀၁/၂၀၂၀) ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ ထုတ်ပြန်ချက်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌...

COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၁၄၆၆) ဦးထပ်တိုး၍ (၂၅) ဦးသေဆုံး

ယနေ့အတွက် COVID-19ရောဂါဓာတ်ခွဲနမူနာ (၁၅၇၉၈) ခုအားစစ်ဆေးရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၁၄၆၆) ဦးထပ်တိုးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။ ရောဂါပိုးတွေ့လူနာများထဲမှ (၂၅) ဦးထပ်မံသေဆုံးပြီး သေဆုံးသူလူနာစုစုပေါင်း (၁၁၄၇) ဦးရှိနေပြီဖြစ်ကြောင်းထုတ်ပြန်ချက်အရသိရသည်။ ယနေ့သေဆုံးသူ (၂၅) ဦးထဲတွင်ရောဂါအခံရှိသူ (၂၃) ဦးပါဝင်ကြောင်းသိရသည်။

ရွေးကောက်ပွဲကျင်းပရန် ( ၁၂ ) ရက်အလို

Election_Focus စံတော်ချိန်သတင်းဌာနက တင်ဆက်လျက်ရှိသော သတင်း၊ သတင်းဆောင်းပါး၊ တွေ့ဆုံမေးမြန်းခန်းနှင့် ရုပ်သံအစီအစဉ်များအား ပူးတွဲဖော်ပြပါ Link (Viber) တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://tinyurl.com/y5vtkrh7

ပါကစ္စတန်ဘာသာရေးစာသင်ကျောင်းဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူရှစ် ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ၊ပက်ရှ်ဝါမြို့ရှိဘာသာရေးစာသင်ကျောင်းတစ်ကျောင်းကိုပစ်မှတ်ထားပြီး ဒေသစံတော်ချိန် ယနေ့ နံနက် ၈ နာရီခွဲခန့်က ဗုံး ခွဲ တိုက်မှုတစ်ရပ်ဖြစ်ခဲ့ရာ အနည်းဆုံး သေဆုံးသူရှစ် ဦးနှင့် ဒဏ်ရာ ရသူ ၁၁၀ ဦးရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ဆေးရုံတာဝန်ခံများ၏ ပြောကြားချက်အရ သေဆုံးခဲ့သူများသည် အသက် ၂၀မှ ၃၀နှစ်အကြားအရွယ်ရှိသူများ ဖြစ်ကြပြီး...

Photo_NEWS

ပျဉ်းမနားမြို့နယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဝန်းရံထောက်ခံသူများက လူအင်အားအများအပြားဖြင့် မြို့အတွင်းလှည့်လည်ခဲ့သည်ကို ယနေ့ (အောက်တိုဘာ ၂၇ ရက်) တွင်တွေ့ရသည်။

မြန်မာနှင့် COVID-19 ကိန်းဂဏန်းအခြေပြုချက်

(အောက်တိုဘာ ၂၇ရက်၊ ညနေ ၅ မိနစ် ၃၀အထိအချက်အလက်) ယမန်နေ့ညတွင်ရောဂါပိုးတွေ့ရှိသူ - (၁၄၂၆)ဦး ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း - (၄၆၂၀၀)ဦး ရောဂါပိုးတွေ့အများဆုံးတိုင်း၊ပြည်နယ် - ရန်ကုန်။