ချုံကင်းမြို့ ကျောက်မီးသွေးမိုင်းတွင်းထဲ ပိတ်မိသူ ၁၈ ဦးသေဆုံး
ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီဝန်းကျင်က တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ချုံကင်းမြို့ ကျောက်မီးသွေး မိုင်းတွင်း တစ်တွင်းမှာ မတော်တဆမှုကြောင့် ပိတ်မိသူ ၂၄ ဦးရှိခဲ့ပြီး ၁၈ ဦးသေဆုံးခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။
ပိတ်မိနေသူတွေထဲက တစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေပါတယ်။
ဂျပန်၊ တရုတ်၊ အမေရိကန်နှင့် ဗြိတိန်သံရုံးရှေ့ဆန္ဒပြသူများကို ဖမ်းဆီးမည်
ယနေ့ (ဒီဇင်ဘာ ၆ ရက်) နံနက်ပိုင်းတွင် ဂျပန်၊ တရုတ်၊ အမေရိကန်နှင့် ဗြိတိန်သံရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသူများအား အမှုဖွင့်ဖမ်းဆီး၍ အရေးယူသွားရန် စီစဉ်နေကြောင်း ဒဂုံမြို့မရဲစခန်းမှ စုံစမ်းသိရသည်။
အဆိုပါ သံရုံးရှေ့များ၌ ဆန္ဒပြခဲ့သူများသည် ၂၀၂၀ အထွေအထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကျေနပ်မှုမရှိသည့်အတွက် " ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အလိုမရှိ" " ပြည်သူ့ဆန္ဒ အမှန်မဟုတ်သော...
ပွဲအပေါ်အာရုံစိုက်မှုအားနည်းလို့ ကာဒစ်ဇ်ကို ရှုံးခဲ့ရတာလို့ ဘာစီလိုနာနည်းပြ ပြစ်တင်ဝေဖန်
ယမန်နေ့က စပိန်လာလီဂါပွဲစဉ်မှာ တန်းတက် ကာဒစ်ဇ်ကို နှစ်ဂိုး၊ တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဟာ ပွဲအပေါ် အာရုံစိုက်မှု အားနည်းခဲ့တာကြောင့်ဖြစ်တယ်လို့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ကစားသမားတွေကို ပြစ်တင် ဝေဖန်လိုက်ပါတယ်။
ဘာစီလိုနာအသင်းဟာ ကာဒစ်ဇ်ကို ရှုံးခဲ့တာကြောင့် လာလီဂါအမှတ်ပေးဇယားမှာ အဆင့်(၁)က အက်သလက်တီကိုမက်ဒရစ်နဲ့ ၁၂ မှတ်အထိကွာသွားပြီး အဆင့်(၇)ကိုရောက်နေပါတယ်။
မြန်မာနှင့် COVID-19ကိန်းဂဏန်းအခြေပြုချက်
(ဒီဇင်ဘာ ၇ ရက်၊ ညနေ ၅နာရီခွဲအထိအချက်အလက်)
ယမန်နေ့ညတွင်ရောဂါပိုးတွေ့သူ - (၁၁၀၈)ဦး
ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း - (၉၉၁၅၅) ဦး
ရောဂါပိုးတွေ့အများဆုံးတိုင်း၊ပြည်နယ် - ရန်ကုန်။
မန္တလေးဆေးရုံကြီး၌ COVID-19 ရောဂါဖြစ်ပွားသည့် ကျန်းမာရေးဝန်ထမ်း ၁၁၇ ဦးရှိ
မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ COVID -19 ရောဂါဖြစ်ပွားသည့် ကျန်းမာရေးဝန်ထမ်း ၁၁၇ ဦးရှိကြောင်း အဆိုပါဆေးရုံအုပ်ကြီး ဒေါက်တာ စုစုဒွေးက စံတော်ချိန်သို့ အတည်ပြုပြောကြားသည်။
"ဆရာဝန်က အယောက် ၂၀၊ သူနာပြုဆရာမက ၂၅ ယောက်၊ ကျွမ်းကျင်ဝန်ထမ်း ၂၀၊ ၀န်ထမ်းအငယ်က ၅၂ ယောက် ကူးစက်ခံရတယ်။ စုစုပေါင်းဆို ကျန်းမာရေးဝန်ထမ်း...
ချဲလ်ဆီးတောင်ပံကစားသမား ဇီယက်ခ်ျနဲ့ အိုဒွိုင်းတို့ ဒဏ်ရာကြောင့် နှစ်ပတ်ခန့်နားရမည်
ချဲလ်ဆီးတောင်ပံကစားသမား ဟာကင်မ်ဇီယက်ခ်ျနဲ့ အိုဒွိုင်းတို့ဟာ ဒဏ်ရာအသီးသီးကြောင့် အနည်းဆုံး နှစ်ပတ်လောက် နားရမယ်လို့ နည်းပြ ဖရန့်လမ်းပတ်က ပြောလိုက်ကြောင်း ဒေးလီးမေးလ်သတင်းမှာ ဖော်ပြထားပါတယ်။
မော်ရိုကိုလက်ရွေးစင် ဇီယက်ခ်ျဟာ အရင်တစ်ပတ်က လိဒ်ယူနိုက်တက်ကို ၃ ဂိုး၊ ၁ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာတစ်ရပ်ရပြီး ပွဲအစပိုင်းမှာတင် လူစားလဲခဲ့ရပါတယ်။
COVID-19 ရောဂါပိုးတွေ့ သမ္မတရုံးဝန်ထမ်းများနှင့် ထိစပ်သူ ဝန်ထမ်း (၈၀) ဦးအား စစ်ဆေးရာ ရောဂါပိုးမတွေ့
COVID-19 ရောဂါပိုးတွေ့ရှိသော သမ္မတရုံးမှဝန်ထမ်းများနှင့် ထိစပ်သူ (၈၀) ဦးကို စစ်ဆေးရာ COVID-19 ရောဂါပိုး မတွေ့ရှိကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုး က စံတော်ချိန်သို့ ပြောသည်။
" ပြီးခဲ့တဲ့ရက်ပိုင်းက လူပျိုဆောင်က သမ္မတရုံး ၀န်ထမ်းမှာ ပိုးတွေ့တယ်။ ထိစပ်ခဲ့သူ အယောက် ၈၀...
“ချစ်ကြတုန်း”
မောင်သိန်းနိုင်
ဦးသိန်းနိုင်
ဂုဏ်ထူး ဦးသိန်းနိုင်
မြန်မာစာ ဂုဏ်ထူးဦးသိန်းနိုင်။
သူနဲ့ ကျွန်တော်က တစ်ခုတည်းမွေး
၁၉၃၆ . . . .
သူက မတ်လ
ကျွန်တော်က ဩဂုတ်လ။
အိုကုန်ကြပြီ။
နာကုန်ကြပြီ။
သေကုန်ကြပြီ။
အသက်(၇၀) ကျော်တွေ
နေသွားကြတဲ့ လူတွေ။
အခု အသက်ရှိနေသေးတဲ့ လူတွေ။
ကျွန်တော်တို့ အုပ်စုဗျာ။
ချစ်လိုက်ကြတာ ချစ်လိုက်ကြတာ။
မြင်သူတိုင်း အားကျကြပါရဲ့။
တောင်သမန်မှာ ဝိုင်းပြီး အကြော်စားနေတုန်း၊ ကျွန်တော်တို့နောက် တစ်ဆက်က ညီငယ်လေးတွေ(ညီငယ်တွေလို့ပြောရပေမယ့်တွဲဖက်ပါမောက္ခ တွေ၊ ပါမောက္ခတွေ) မျက်ရည်လေး စမ်းစမ်းစမ်းစမ်းနဲ့-
'ဆရာတို့တစ်တွေ ချစ်လိုက်ကြတာ၊ ကျွန်တော်တို့များ ဒီလိုချစ်ရမယ့် သူတွေ...
အစိုးရသစ်တွင်ပါဝင်မည့်သူများအား စုံစမ်းစိစစ်မှု ဒီချုပ်စတင်
အစိုးရသစ်ဖွဲ့စည်းမှုတွင်ပါဝင်မည့်သူများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စုံစမ်းစိစစ်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်ပြီး မည်သူအား အတည်ပြုမည်ဆိုသည့် ဆုံးဖြတ်ချက်မချသေးကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးညွန့် က စံတော်ချိန်ကိုပြောသည်။
“စုံစမ်းမေးမြန်းတာရှိပေမယ့် ဘာမှဆုံးဖြတ်ချက်မချရသေးဘူးခင်ဗျ။ စဉ်းစားတာ စိစစ်တာ ဒါကိုပဲ အဓိကထားလုပ်နေသေးတာဆိုတော့ ပြောလို့မရသေးပါဘူး။ ဒုဥက္ကဌ ၂ ဦးဇော်မြင့်မောင်လည်း ပြောပြီးသွားပြီ။ NLD က ချမှတ်ထားတဲ့မူဒါဒတွေအတိုင်း...
ယီမင်အစိုးရအဖွဲ့သစ် စီးနင်းလိုက်ပါလာသော လေယာဉ်အေဒင်လေဆိပ်တွင် အကြမ်းဖက်တိုက်ခိုက်ခံရ
မကြာသေးမီကမှ အသစ်ဖွဲ့စည်းလိုက်သည့် ယီမင်အစိုးရသစ်အဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသော လေယာဉ်ကို အေဒင်လေဆိပ်တွင်အကြမ်းဖက်တိုက်ခိုက်ခံရ၍ အနည်းဆုံး လူ ငါးဦးသေဆုံးပြီး ဒဏ်ရာရသူဒါဇင်နှင့်ချီရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
လေယာဉ်သည် ဆော်ဒီအာရေဗျမှ ယီမင်နိုင်ငံ၏ မြို့တော်အဖြစ် ယာယီသတ်မှတ်ထားသော အေဒင်မြို့သို့ ယနေ့တွင် ပျံသန်းရောက်ရှိလာခြင်းဖြစ်ပြီး မျက်မြင်သက်သေများ၏ ပြောကြားချက်အရ လေယာဉ်ဆိုက်ရောက်ပြီးမကြာမီ လေဆိပ်ထဲမှ ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ သေနတ်ပစ်သံများကြားရသည်ဟု...