သူ့အမှားကြောင့် မန်စီးတီးကို အာဆင်နယ် ရှုံးခဲ့ရတာလို့ ဘရာဇီးနောက်ခံလူ ဒေးဗစ်လူးဝစ် ဝန်ခံ

ဗုဒ္ဓဟူးနေ့က မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲကျန်မှာ အာဆင်နယ်အသင်း (၃)ဂိုးပြတ်ရှုံးခဲ့တာဟာ သူ့အမှားကြောင့်ဖြစ်တယ်လို့ ဘရာဇီးနောက်ခံလူ ဒေးဗစ်လူးဝစ်က ပွဲအပြီးမှာ ဝန်ခံသွားခဲ့ပါတယ်။ ဒေးဗစ်လူးဝစ်ဟာ ပထမပိုင်းမှာ ဒဏ်ရာရသွားတဲ့ နောက်ခံလူ ပါဘလိုမာရီအစား လူစားဝင်ကစားခဲ့တာဖြစ်ပြီး မန်စီးတီးကို အာဆင်နယ် ပေးခဲ့ရတဲ့ ပထမ ၂ ဂိုးက သူ့အမှားတွေကြောင့်ပါ။

ကျန်းမာရေးဝန်ထမ်းများတွင် COVID-19 ရောဂါဖြစ်ပွားမှုများရှိနေ

ကျန်းမာရေးဝန်ထမ်းများတွင် COVID-19 ရောဂါဖြစ်ပွားသူ ဆယ်ဂဏန်းအထိရှိနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှုးဒေါက်တာသန်းနိုင်စိုးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ ပြောသည်။ “ဒီတစ်ခေါက်ကူးစက်မြန်တဲ့ အမျိုးအစားဆိုတော့ဆယ်ဂဏန်းအထိတော့ထိတာပေါ့။ ရာဂဏန်းအထိတော့မရောက်သေးပါဘူး။ ဂဏန်းနှစ်လုံးလို့ပြောရမှာပေါ့”ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှုးဒေါက်တာသန်းနိုင်စိုးကပြောသည်။ လက်ရှိတွင် ကျန်မာရေးဝန်ထမ်းများနှင့် GP များကို Positive လူနာထိတွေ့ထားပါက Surgical gown face...

ကားဗုံးထောင်လုပ်ကြံမှုကြောင့် ကဘူးလ်လက်ထောက်ပြည်နယ်အုပ်ချုပ်ရေးမှူး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှာ ယမန်နေ့က ဖြစ်ခဲ့တဲ့ ကားဗုံးထောင် လုပ်ကြံမှုတစ်ရပ်ကြောင့် လက်ထောက်ပြည်နယ် အုပ်ချုပ်ရေးမှူး မိုဟီဘီ သေဆုံးသွားကြောင်း အယ်လ်ဂျာဇီးယားသတင်းက ဆိုပါတယ်။ လုပ်ကြံသူဟာ ကဘူးလ်ပြည်နယ်ရဲ့ လက်ထောက်ပြည်နယ်အုပ်ချုပ်ရေးမှူး မိုဟီဘီရဲ့ မော်တော်ယာဉ်ကို ကပ်မိုင်းနဲ့ ဖောက်ခွဲ လုပ်ကြံခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

နေ့စဉ် အောက်ဆီဂျင်အလုံး ၁၀၀ ကျော် ဝေဘာဂီအထူးကုဆေးရုံကြီးတွင်လိုအပ်နေ

COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေးအတွက် ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ကိုဗစ်ပိုးတွေ့ရှိသူလူနာများအသုံးပြုရန် အောက်စီဂျင်အိုး ၁၀၀ ခန့်နေ့စဉ် အသုံးပြုနေရကြောင် ဝေဘာဂီအထူးကုဆေးရုံမှ သိရသည်။

အ.ထ.က (၁) ဒဂုံမှ ကျောင်းသားတစ်ဦး Home Quaratine ဝင်ရခြင်းမှာ မဟုတ်ဟုဆို

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ (၁) မှ ကျောင်းသားတစ်ဦး Home Quaratine ဝင်ရခြင်းမဟုတ်ကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်း က ပြောသည်။ အဆိုပါကျောင်းသား၏ မိခင်သည် ကျန်းမာရေးဝန်ထမ်းဖြစ်ကာ အတည်ပြုလူနာနှင့် Contact ရှိခြင်းဖြစ်ပြီး ၎င်းသည် မိခင်နှင့်ထိတွေခြင်းမရှိသလို အခြား ဆရာ/ဆရာမ ၊ ကျောင်းသူ၊ ကျောင်းသားများနှင့်လည်း ထိတွေ့မှုမရှိကြောင်း...

ဖီလိုမီနာမုန်တိုင်းကြောင့် စပိန်နိုင်ငံမှာ အနည်းဆုံး လူ သုံးဦးသေဆုံး

ဖီလိုမီနာ မုန်တိုင်းကြောင့် စပိန်နိုင်ငံမှာ အနည်းဆုံး လူ သုံးဦးသေဆုံးပြီး ဆီးနှင်းတွေ အလွန်အမင်းကျဆင်းတာကြောင့် ပြည်သူတွေကို နေအိမ်ထဲမှာ နေကြဖို့ စပိန်အစိုးရက တိုက်တွန်းထားပါတယ်။ မက်ဒရစ်မြို့အပါအဝင် စပိန်နိုင်ငံတစ်ဝှမ်းမှာ ၁၉၇၁ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးဆောင်းရာသီနဲ့ရင်ဆိုင်နေရပြီး မက်ဒရစ်ဒေသမှာဆိုရင် ဆီးနှင်းထုက ၅၀ စင်တာမီတာအထိရှိနေပါတယ်။

ဖားကန့်​၌မြေပြိုမှု မွန်းတည့် ၁၂ နာရီ ၅ မိနစ်ထိ သေဆုံးသူ ၁၁၃ ဦးအထိရှိလာ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၌ ယနေ့ (ဇူလိုင် ၂ ရက်) နံနက် ၈ နာရီခန့်က ရေမဆေးသမားများ ရေမဆေးကျောက်ဝင်ရောက်တူးဖော်နေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှု ဖြစ်ပေါ်ခဲ့ရာ မွန်းတည့် ၁၂ နာရီ ၅ မိနစ်ထိ သေဆုံးသူရုပ်အလောင်း ၁၁၃ ဦးရှာဖွေတွေ့ရှိထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ ဖားကန့်၌မြေပြိုကျမှုသတင်းသည် လတ်တလောအချိန်တွင်...

SNLD ပါတီဝန်းရံသူတစ်ဦး နမ့်ခမ်းမြို့နယ်၌ သေနတ်ပစ်ခံရ

ခွဲစိတ်မှုပြီး၍ အသက်အန္တရာယ်စိုးရိမ်စရာမရှိဟုဆို နမ့်ခမ်းမြို့နယ်၌ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဝန်းရံသူတစ်ဦးဖြစ်သူ ဦးစိုင်းအောင်ဝင်းအား ယမန်နေ့ (နိုဝင်ဘာ ၄ ရက်) ညနေက ဆိုင်ကယ်စီးလာသူတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ပြီး လက်ရှိ ခွဲစိတ်မှုအပြီးတွင် အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာမရှိကြောင်း နမ့်ခမ်းမြို့နယ် ရှမ်းတိုင်းရင်းသားမှာဒီမိုကရက်တစ်(SNLD) ပါတီဥက္ကဋ္ဌ ဦးစိုင်းကျော်အုန်းကယနေ့(နိုဝင်ဘာ ၅ ရက်) တွင်စံတော်ချိန်ဒစ်ဂျစ်တယ်သို့ ပြောသည်။ "လက်ရှိမှာစိုးရိမ်စရာမရှိတော့ဘူး။...

နောက်ကျောဒဏ်ရာကြောင့် ဗြိတိန် Got Talent အစီအစဉ်မှာ ဆိုင်မွန်ကောင်ဝဲလ် ပါနိုင်မှာမဟုတ်

ဗြိတိန် Got Talent အစီအစဉ်ထုတ်လုပ်ရေးမှူး ဆိုင်မွန်ကောင်ဝဲလ်ဟာ ဒီနှစ်ဆန်းပိုင်းကရခဲ့တဲ့နောက်ကျော ဒဏ်ရာကို သြဂုတ်လက ခွဲစိပ်ကုသမှုခံယူခဲ့ပြီးဖြစ်ပေမယ့် နောက်ဆက်တွဲဝေဒနာတွေခံစားနေရသေးတာကြောင့် နောက် ၆ လလောက်အထိ သူ့အစီအစဉ်မှာ ပါဝင်နိုင်ဦးမှာမဟုတ်ဘူးလို့ သိရပါတယ်။ လောလောဆယ်မှာ ဆိုင်မွန်ကောင်ဝဲလ်ဟာ အပြင်းစား အကိုက်အခဲပျောက်ဆေးတွေကိုသုံးနေရသလို သူနာပြုတွေရဲ့စောင့်ရှောက်မှုကိုလည်း အချိန်ပြည့်ခံယူနေရပါတယ်။ အသက်...

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်စာရင်းကို အွန်လိုင်းမှ စတင်ကြည့်ရှုနိုင်

၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုသူများ၏ အမှတ်စာရင်းများကို ယနေ့(ဇန်နဝါရီ ၁၇ရက်) နံနက် ၆ နာရီမှစတင်၍ Website တွင် အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် https://mmexamscore.org တွင် ဝင်ရောက်ပြီး မိမိ၏ခုံအမှတ် နှင့်...