ဆိုက်ဘေးရီးယားစက်ရုံ ဒီဇယ်ဆီ ယိုစိမ့်မှုကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ပိုဆိုးလာ

ဓာတ်အားပေးစက်ရုံတစ်ရုံက ဆီသိုလှောင်ကန် ယိုစိမ့်မှုကြောင့် ဆိုက်ဘေးရီးယားဒေသရှိ မြစ်တစ်စင်းထဲ ဒီဇယ်ဆီတန် နှစ်သောင်းလောက် ဖိတ်စင်သွားရာမှာ ရေထုညစ်ညမ်းမှုတွေ ပိုမိုမြင့်တက်လာတယ်လို့ ဘီဘီစီသတင်းအရ သိရပါတယ်။ ဆိုက်ဘေးရီးယားဒေသ၊ နော်ရိစ်ခ်မြို့နားက ဓာတ်အားပေးစက်ရုံတစ်ရုံမှာ လောင်စာကန်ပြိုကျခဲ့ရာကနေ အမ်ဘန်နာယာမြစ်ထဲ ရေမိုင် ၇ မိုင်လောက်အထိ ဒီဇယ်ဆီတွေ မျောပါသွားပါတယ်။ ဒီဖြစ်ရပ်ကြောင့် ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ...

ထိုင်ဝမ်ရေလက်ကြားထဲ အမေရိကန်စစ်သင်္ဘော ထပ်မံခုတ်မောင်း

တိန့်အန်မင်ရင်ပြင် အရေးအခင်း ၃၁ နှစ်မြောက် နှစ်ပတ်လည်နေ့နဲ့ တိုက်ဆိုင်ခဲ့တဲ့ ကြာသပတေးနေ့မှာ ထိုင်ဝမ်ရေလက်ကြားထဲ အမေရိကန်စစ်သင်္ဘောတစ်စင်း ဖြတ်သန်းခုတ်မောင်းခဲ့ကြောင်း အမေရိကန်နဲ့ထိုင်ဝမ် စစ်တပ်တို့က အတည်ပြု သတင်းထုတ်ပြန်ခဲ့ပါတယ်။ အစောပိုင်းကတည်းက ထိုင်ဝမ်အစိုးရကို လက်နက်ရောင်းချတာတွေ၊ ထိုင်ဝမ်ကျွန်းအနီး အမေရိကန်စစ်သင်္ဘော ကင်းလှည့်တာတွေနဲ့ပတ်သက်လို့ ဒေါ်နယ်ထရန့် ဦးဆောင်တဲ့ အမေရိကန်အစိုးရအပေါ် တရုတ်အစိုးရက မကျေနပ်ခဲ့ပါဘူး။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ နိုဝင်ဘာတွင် ကျင်းပမည် ပါတီသစ်များအတွက် စည်းရုံးရေးကာလ အခက်အခဲရှိဟု ပြည်သူ့ရှေ့ဆောင်ပါတီ ဒုဥက္ကဌပြော

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအား မူလသတ်မှတ်ထားသည့် နိုဝင်ဘာလ၌သာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ယနေ့ (ဇွန် ၄ရက်)တွင် သတင်းမီဒီယာများအား ပြောကြားလိုက်သည်။ ရွေးကောက်ပွဲကျင်းပမည့်အချိန်တွင် ကိုဗစ်-၁၉ရောဂါဆက်လက်ဖြစ်ပွားနေပါက မဲဆွယ်ကာလအတွင်း လိုက်နာရမည့် စည်းကမ်းချက်အသစ်များ ထပ်မံရှိလာနိုင်ကြောင်း ၎င်းကပြောသည်။ ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်နှင့်...

ထိုင်းပွဲစားများ၏ လိမ်လည်မှုကြောင့် နေရပ်ပြန် မြန်မာအလုပ်သမားတစ်ရာကျော် မဟာချိုင်တွင် ပိတ်မိနေဟုဆို

ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့တွင် ထိုင်းပွဲစားများမှ လိမ်လည်ခေါ်ဆောင်လာသည့် မြန်မာအလုပ်သမား ၁၀၀ကျော် ပိတ်မိနေကြောင်း မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ (AAC)မှ တာဝန်ခံ ကိုရဲမင်းက စံတော်ချိန်သို့ ပြောသည်။ "အဓိကကတော့ နေရပ်ပြန်လိုတဲ့ အထောက်အထားမရှိတဲ့ မြန်မာတွေကို ထိုင်းပွဲစားတွေက လူလည်လုပ်ပြီးတော့ တစ်ယောက်ကို ဘတ်လေးထောင်ကျော် ယူပြီး နေရာတစ်ခုမှာ လာစုထားတာပါ။ ခြံကြီးတစ်ခုထဲက ဂိုဒေါင်တစ်လုံးမှာ တစ်လကနေ...

စစ်ကိုင်းမှ အိန္ဒိယပြန်နှစ်ဦးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့

ယနေ့အတွက် ကိုဗစ်-၁၉ရောဂါဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ရာ စစ်ကိုင်းမှ အိန္ဒိယပြန်အမျိုးသားနှစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။ ယနေ့အတွက် ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးရာတွင် ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၀၇) ခု၊အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၇၄၂)ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL...

တနင်္သာရီကမ်းခြေများ တရားဝင် ပြန်လည်ပတ်ခွင့်ပြု

ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ယာယီပိတ်ထားသည့် တနင်္သာရီတိုင်းအတွင်းရှိ ကမ်းခြေများကို ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ တိုင်းအတွင်းရှိ ကမ်းခြေများကို ဇွန်လ ၃ ရက်နေ့မှ စတင်ကာ လည်ပတ်ခွင့်ပြုလိုက်ကြောင်း ၎င်းကဆိုသည်။ ကိုဗစ်ကူးစက်ပြန့်ပွားခြင်းကို ထိန်းချုပ်ကန့်သတ်နိုင်ရန် မတ်လ ၂၇...

မြန်မာနှင့် ကိုဗစ်-၁၉ ကိန်းဂဏန်းအခြေပြုချက်

(ဇွန် ၄ ရက်၊ နံနက် ၈ နာရီထိအချက်အလက်) ◾ ယနေ့နံနက်ရောဂါတွေ့သူ - ၁ ဦးတွေ့။ ◾ ရောဂါတွေ့ရှိသူ စုစုပေါင်း - ၂၃၄ ဦး။ ◾ ရောဂါပိုးတွေ့အများဆုံးတိုင်း/ပြည်နယ်...

ဂျာမနီနိုင်ငံတွင်ရောက်ရှိနေသော သ‌င်္ဘောသားများအပါအ၀င် မြန်မာနိုင်ငံသား( ၉၅ ) ဦး ပြန်လည်ရောက်ရှိ

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ဂျာမနီနိုင်ငံတွင် ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား( ၉၅ ) ဦးသည် ယနေ့ ( ဇွန် ၄ ရက်) တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဂျာမနီနိုင်ငံအခြေစိုက် AIDA သင်္ဘောကုမ္ပဏီမှ သင်္ဘောခရီးစဉ်များ ရပ်ဆိုင်းထားသဖြင့်...

Covid- 19 ကြောင့် အမေရိကမယ်ဘွဲ့ကို ၂ နှစ်ကြာ ထိန်းသိမ်းထားနိုင်တော့မယ့် ကာမိုင်းလ်ရှာရီယာ

လွန်ခဲ့တဲ့ ဒီဇင်ဘာလကမှ ၂၀၂၀ ခုနှစ်အတွက် အမေရိကမယ် (Miss America)ဘွဲ့ကို ဆွတ်ခူးခဲ့တဲ့ ပူပူနွေးနွေးအလှမယ် ကာမိုင်းလ်ရှာရီယာဟာ နောက်နှစ်အတွက်လည်း မပြိုင်ရဘဲနဲ့ ဒီဘွဲ့ကို ဆက်လက် ပိုင်ဆိုင်ခွင့်ရရှိသွားခဲ့ပြီလို့ သိရပါတယ်။ Covid-19 ရောဂါကြောင့် လာမယ့် ၂၀၂၁ ခုနှစ်အတွက် ပြိုင်ပွဲ မကျင်းပဖို့ Miss America ရွေးချယ်ရေးအဖွဲ့ကြီးက ယခုသီတင်းပတ်မှာပဲ ဆုံးဖြတ်လိုက်တာကြောင့် ကာမိုင်းလ်ရှာရီယာဟာ ၂၀၂၀ နဲ့...

အံဝင်ဂွင်ကျကစားနိုင်ဖို့အရေးကြီးကြောင်း ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ တိုနီခရူးစ် သုံးသပ်

ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ တိုနီခရူးစ်က လာလီဂါပွဲစဉ်တွေပြန်လည်စတင်ချိန်မှာ ၎င်းတို့အသင်းအနေနဲ့ အံဝင်ဂွင်ကျကစားနိုင်ဖို့ အရေးကြီးကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲစဉ်တွေရပ်နားထားခဲ့ပြီး ယခုလ ၁၁ ရက်နေ့မှာတော့ လာလီဂါပွဲစဉ်တွေပြန်လည် ကစားတော့မှာဖြစ်ပါတယ်။ တိုနီခရူးစ်ရဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အီဘာအသင်းကို အိမ်ကွင်းမှာဧည့်ခံကစားရမှာဖြစ်ပေမယ့် ပရိသတ်မပါဘဲ တံခါးပိတ်ကစားရမှာဖြစ်တာကြောင့် အခက်အခဲတွေ ကြုံတွေ့ရဖို့ရှိနေပါတယ်။ “ ပွဲစဉ်တွေပြန်အစမှာ အခက်အခဲတွေကို အသင်းတိုင်းလိုလိုကြုံကြမှာပါ။...