လွိုင်ကော်မြို့၌ ဖြစ်ပွားနေသည့် အာဖရိက၀က်အပြင်းဖျားရောဂါမှာ လူသို့မကူးစက်နိုင်ဟုဆို

ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၌ ဖြစ်ပွားနေသည့် အာဖရိက၀က်အပြင်းဖျားရောဂါ (African Swine Fever) မှာ ၀က်များတွင်သာကူးစက်ဖြစ်ပွားသောရောဂါဖြစ်ပြီး လူများထံသို့ ကူးစက်နိုင်သောရောဂါမဟုတ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ “ဒီဗိုင်းရပ်စ်က လုံးဝလူကိုမကူးဘူး။ ရောဂါပျံ့နှံ့တာကလည်း တိုက်ရိုက်ထိတွေ့မှုရှိမှပျံ့နှံ့တယ်။ လေထဲကနေပျံ့နှံ့တာမဟုတ်ဘူး။ ဒါပေမယ့် ရောဂါကူးပြီးရင်တော့ သေနှုန်းက ၁၀၀ ရာခိုင်နှုန်းရှိတယ်။ African...

အနည်းဆုံးတစ်ပတ်တစ်ကြိမ် ချစ်တင်းနှောခြင်းက ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးမှုကို လျှော့ချနိုင်ဟုဆို

လေ့လာတွေ့ရှိမှုများအရ အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ် ချစ်တင်းနှောခြင်းသည် အသက်ငယ်ငယ်ရွယ်ရွယ်နှင့်သေဆုံးမည့် ရာခိုင်နှုန်းကို တစ်ဝက်ခန့်အထိ လျှော့ချနိုင်ကြောင်း သိရသည်။ သုတေသီများက စိတ်ဆန္ဒပြင်းပြစွာ ပုံမှန် ချစ်တင်နှောခြင်းသည် ကင်ဆာရောဂါ၊ နှလုံးရောဂါနှင့် အခြားရောဂါများကြောင့် သေဆုံးရန် အခွင့်အရေးကို များစွာ လျှော့ချပေးခြင်းနှင့်ဆက်စပ်နေသည်ဟု ဆိုထားသည်။

အိမ်မွေးကြောင် အကောင် ၂၀ မြိုခဲ့သည့် စပါးအုံးမြွေကို ဘန်ကောက်မြို့တွင် ဖမ်းမိ

မြွေဖမ်းသူများသည် ဘန်ကောက်မြို့၊ တီဝမ်နွန်လမ်းပေါ်က အိမ်တစ်အိမ်၏ အကြောင်းကြားမှုအရ သွားရောက်ခဲ့ရာ အရှည် ၄ မီတာ (၁၂ ပေ)ခန့်ရှည်သည့် စပါးအုံးမြွေကြီးတစ်ကောင်ကို ဖမ်းမိခဲ့ကြောင်း သိရသည်။ အကြောင်းကြားသည့်နေရာသို့ မြွေဖမ်းသူများ သွားရောက်ခဲ့ပြီးနောက် ၁၅ မိနစ်အကြာတွင် ၁၅ ကီလိုဂရမ်လေးသည့်...

COVID-19 ကြောင့် တရုတ်နိုင်ငံရဲ့အကြီးဆုံး ရုပ်ရှင်ကုမ္ပဏီ ပထမနှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ သန်း၂၀၀ ကျော်အရှုံးပေါ်

COVID-19 ကြောင့် ရုပ်ရှင်ရုံအများစု ပိတ်ခဲ့ရတဲ့အတွက် နောက်ဆက်တွဲအနေနဲ့ ၂၀၂၀ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း အသားတင် အရှုံးငွေ အမေရိကန်ဒေါ်လာ ၂၁၄ သန်းမှ ၂၂၈ သန်းအထိရှိကြောင်း တရုတ်ရုပ်ရှင်ကုမ္ပဏီ Wanda Film က သတင်းထုတ်ပြန်ခဲ့ပါတယ်။ Wanda Film ဟာ တရုတ်နိုင်ငံအတွင်း အကြီးဆုံး ရုပ်ရှင်လုပ်ငန်းဖြစ်ပြီး ၂၀၁၉...

ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင် အက်ဒီးဒက်စ်နဲ့ စပွန်ဆာစာချုပ်ကနေ ပေါင် ၂၅ သန်းအထိ မန်ယူ ဆုံးရှုံးနိုင်

လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင် မန်ချက်စတာယူနိုက်တက်အသင်းအတွက် အက်ဒီးဒက်စ်ကုမ္ပဏီနဲ့ ချုပ်ဆိုထားတဲ့ စပွန်ဆာစာချုပ်ကနေ တစ်နှစ်ကို စတာလင်ပေါင် ၂၅ သန်းအထိ ဆုံးရှုံးရမယ်လို့ သတင်းထွက်လာပါတယ်။ အက်ဒီးဒက်စ်နဲ့ချုပ်ဆိုထားတဲ့ ဝတ်စုံစပွန်ဆာစာချုပ်အရ မန်ချက်စတာယူနိုက်တက်ဟာ တစ်နှစ်ကို စတာလင်ပေါင် ၇၅ သန်းအထိရမှာဖြစ်ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်မရရင်တော့ စတာလင်ပေါင် သန်း ၅၀ ပဲ ရမှာပါ။

ကန်တီကိုရည်ရွယ်အောင်ပွဲခံခဲ့တာလို့ ဂျရူး ပြန်ရှင်း

နော့ဝစ်ခ်ျစီးတီးကို တစ်ဂိုး၊ ဂိုးမရှိနဲ့ ချဲလ်ဆီးက အနိုင်ရခဲ့တဲ့ အင်္ဂါနေ့၊ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းပေးခဲ့တဲ့ တိုက်စစ်မှူး လစ်ဗီယာဂျရူးက ဂိုးသွင်းပြီးအောင်ပွဲခံခဲ့တာဟာ ပြင်သစ်လက်ရွေးစင်နဲ့ ချဲလ်ဆီးအသင်းဖော် ကန်တီကို ရည်ရွယ်ခဲ့တာလို့ ဆိုပါတယ်။ ချဲလ်ဆီးဟာ တစ်ပွဲလုံး ဂိုးကန်သွင်းခွင့် ၂၂ အထိရှိခဲ့ပေမယ့် ပထမပိုင်းပြီးခါနီး ဂျရူး သွင်းခဲ့တဲ့...

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရေဘေးကြောင့် လူဦးရေ တစ်သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်

ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာ စံချိန်တင်မိုးရွာသွန်းမှုကြောင့် နိုင်ငံရဲ့ ၃ ပုံ၊ ၁ ပုံလောက်အထိ ရေကြီးရေလျှံနေတဲ့အတွက် ကျေးလက်ဒေသက လူဦးရေ တစ်သန်းကျော်လောက်ဟာ နေအိမ်နဲ့ တခြားပိုင်ဆိုင်မှုတွေကို စွန့်ခွာပြီး ရေဘေးလွှတ်ရာ ကုန်းမြင့်ဒေသတွေကို အမြန်ပြောင်းရွှေ့နေကြရတယ်လို့ အင်္ဂါနေ့မှာ တာဝန်ရှိသူတွေက ပြောပါတယ်။ အဓိက မြစ်ကြီးတွေမှာ ရေကြီးနေတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ခရိုင်ပေါင်း ၆၄ ခုထဲက...

အပြန်အလှန် ပစ်ခတ်မှုကြောင့် အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားတို့နှစ်ဖက်စလုံး ထိခိုက်သေဆုံးမှုတွေမြင့်တက်

အရင်ကတည်းက တင်းမာမှုတွေရှိခဲ့တဲ့ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယား နှစ်နိုင်ငံအကြား ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် နှစ်ဖက်စလုံး ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ နှစ်နိုင်ငံအကြား အပြန်အလှန်ပစ်ခတ်မှုတွေဟာ တနင်္ဂနွေနေ့ကတည်းက စတင်ဖြစ်ပွားခဲ့ပြီး အင်္ဂါနေ့ကတော့ အဇာဘိုင်ဂျန်ဘက်က စစ်သား ၇ ဦး၊ အရပ်သား ၁ ဦးနဲ့ အာမေးနီးယား စစ်ဝန်ထမ်း ၄ ဦး...

တောင်ဥက္ကလာပ၊ ကေတုမာလာ(၄)လမ်း ချောင်းအတွင်း အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်၊ ကေတုမာလာ(၄)လမ်း၊ ချောင်းအတွင်း ဇူလိုင် (၁၄)ရက်၊ ညနေပိုင်းက အမျိုးသားတစ်ဦး၏ ရုပ်အလောင်း တွေ့ရှိခဲ့ကြောင်း မိတ်ဆွေကောင်းနာရေးကူညီမှုအသင်းမှ သိရသည်။ အဆိုပါဖြစ်စဉ်မှ သေဆုံးသူမှာ တောင်ဥက္ကလာပမြို့နယ်၊ (၇)ရပ်ကွက်တွင် နေထိုင်သူ ဦး…..(၃၇)နှစ်ဖြစ်ပြီး ၎င်း၏ မိသားစုမှ ပြောဆိုချက်အရ ဇူလိုင်...

မဲလက်မှတ်ပုံနှိပ်ခြင်းအပါအဝင်လုပ်ငန်းစဉ်အချို့ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ စောင့်ကြည့်ခွင့်မရ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲလက်မှတ်ပုံနှိပ်ခြင်းအပါအဝင် ပြည်တွင်းရွေး ကောက်ပွဲ စောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ်အချို့ကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကန့်သတ်ထားကြောင်း ပြည်တွင်းရွေးကောက်ပွဲလေ့လာစောင့်ကြည်သူများကပြောသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၇ ရက်တွင် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာရာတွင် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်ပါဝင်ခဲ့သည့် မဲစာရွက်ပုံနှိပ်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များကိုလေ့လာခြင်း၊...