တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်စာရင်းကို အွန်လိုင်းမှ စတင်ကြည့်ရှုနိုင်
၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုသူများ၏ အမှတ်စာရင်းများကို ယနေ့(ဇန်နဝါရီ ၁၇ရက်) နံနက် ၆ နာရီမှစတင်၍ Website တွင် အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် https://mmexamscore.org တွင် ဝင်ရောက်ပြီး မိမိ၏ခုံအမှတ် နှင့်...
မာကယ်၏နေရာကို အစားထိုးရန်အတွက် ပထမခြေလှမ်းအဖြစ် ပါတီခေါင်းဆောင်သစ်နေရာ အာမင်လက်စ်ချက် ကို CDU ပါတီ ရွေးချယ်
ဂျာမနီအာဏာရပါတီ ခရစ်ယာန်ဒီမိုကရက်တစ်ယူနီယံ(CDU)ပါတီသည် ဝန်ကြီးချုပ် အိန်ဂျလာမာကယ်နေရာကိုအစားထိုးရန်အတွက် ပါတီခေါင်းဆောင်သစ်အဖြစ် အာမင်လက်စ်ချက်အား ရွေးချယ်လိုက်ကြောင်း ဒေးလီးမေးလ်သတင်းအရသိရသည်။
၂၀၀၅ ခုနှစ်ကတည်းက ဂျာမနီဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် အိန်ဂျလာမာကယ်သည် စက်တင်ဘာလတွင် ကျင်းပမည့် ပြည်ထောင်စုရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ဟု အတည်ပြုပြောထားပြီဖြစ်ရာ အာမင်လက်စ်ချက်မှာ စက်တင်ဘာလရွေးကောက်ပွဲ၌ CDU ပါတီ၏ ဝန်ကြီးချုပ်လောင်းအဖြစ် ရွေးချယ်ခံရမည်ဖြစ်သည်။
မြန်မာနှင့် COVID-19 ကိန်းဂဏန်းအခြေပြုချက် (ဇန်နဝါရီ ၁၆ ရက်၊ ညနေ ၆ နာရီ မိနစ်...
◾ ယမန်နေ့ညတွင် ရောဂါပိုးတွေ့သူ - (၅၁၃) ဦး
◾ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း - (၁၃၃၃၇၈)ဦး
◾ ရောဂါပိုးတွေ့အများဆုံး တိုင်း၊ ပြည်နယ် - ရန်ကုန်
◾ ရောဂါပိုးတွေ့အများဆုံး မြို့နယ် - အင်းစိန်
ယမန်နေ့ ( ဇန်နဝါရီ ၁၅ ရက်) ည ၈ နာရီတွင်...
Godzilla vs Kong” ရုပ်ရှင်ဇာတ်ကားကို မတ် ၂၆ ရက်မှာ ရုံတင်မယ်လို့ ကြေညာ
ရုပ်ရှင်ပရိသတ်တွေ စိတ်ဝင်တစားစောင့်မျှော်နေတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့ “Godzilla vs Kong” ကို မတ် ၂၆ ရက်မှာ HBO Max ကရော အမေရိကန်နိုင်ငံအတွင်း ရုပ်ရှင်ရုံတွေမှာပါ တစ်ပြိုင်တည်း ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။
အစောပိုင်းကတော့ “Godzilla vs Kong” ရုပ်ရှင်ဇာတ်ကားကို မေ ၂၁ ရက်မှ ရုံတင်မယ်လို့...
အင်္ဂလန်တိုက်စစ်မှူး ဝိန်းရွန်းနီ ကစားသမားဘဝကနေ အနားယူ
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီ ဟာ ဒါဘီကောင်တီအသင်းရဲ့နည်းပြတာဝန်ကို ရာနှုန်းပြည့်အာရုံစိုက်နိုင်ဖို့အတွက် ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်လို့ သိရပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့ ဝိန်းရွန်းနီ ဟာ အသက် ၃၅ နှစ်အရွယ်ရလာပြီဖြစ်ပြီး ကစားသမားဘ၀ ၁၉ နှစ်တာအတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ လိဂ်ဖလား...
မန်ချက်စတာယူနိုက်တက်နဲ့ပွဲမတိုင်ခင် လီဗာပူးအသင်းနဲ့အတူ မာတစ် လေ့ကျင့်ခန်းပြန်ဆင်း
တနင်္ဂနွေနေ့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမတိုင်ခင် လီဗာပူးအသင်းမှာ နောက်ခံလူ ဂျိုရယ်မာတစ် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့ကြောင်း ဘီဘီစီသတင်းအရ သိရပါတယ်။
ဒီဇင်ဘာလက ဝက်စ်ဘရွန်းနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ ပေါင်ခြံဒဏ်ရာရခဲ့တဲ့ မာတစ် ဟာ လီဗာပူးအသင်းရဲ့ နောက်ဆုံး ၃ ပွဲစလုံးမှာ ပါဝင်ကစားနိုင်ခြင်းမရှိခဲ့ပါဘူး။
လီဗာပူးအသင်းမှာ ဗန်ဒိုက်ခ်ျနဲ့ ဂျိုးဂိုမက်ဇ်တို့လည်း...
ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲသစ်တစ်ခုကြောင့် ခရီးသွားလာမှုအားလုံးကို ဗြိတိန်အစိုးရ ယာယီပိတ်
ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲသစ်တစ်ခုကို တွေ့ရှိခဲ့ပြီးနောက် ဗြိတိန်အစိုးရဟာ နယ်စပ်ဂိတ် အားလုံးနဲ့ နိုင်ငံရပ်ခြားခရီးသွားလာမှုအားလုံးကို တနင်္လာနေ့ နံနက်ကနေ အနည်းဆုံး ဖေဖော်ဝါရီ ၁၅ ရက် အထိ ယာယီပိတ်သွားမယ်လို့ ဒီကနေ့က အတည်ပြု ထုတ်ပြန်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ပြောကြားချက်အရ ကိုရိုနာဗိုင်းရပ်စ်ကင်းစင်ကြောင်း သက်သေအထောက်အထားပါသူတွေကိုတော့ ခြွင်းချက်အနေနဲ့ ပြည်ဝင်ခွင့်ပေးသွားမယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ် အိန်ဂျလာမာကယ်ရဲ့နေရာကို အစားထိုးဖို့ ပထမခြေလှမ်းအဖြစ် ပါတီခေါင်းဆောင်သစ်ကို CDU စတင်ရွေးချယ်
ဂျာမနီလွှတ်တော်မှာ အမတ်နေရာ အများဆုံးရထားတဲ့ လက်ရှိအာဏာရ ခရစ်ယာန်ဒီမိုကရက်ယူနီယံ (CDU) ပါတီဟာ ဝန်ကြီးချုပ် မာကယ်ရဲ့နေရာကို အစားထိုးနိုင်ဖွယ်ရှိတဲ့ ပါတီ ခေါင်းဆောင်သစ်တစ်ဦးကို ဒီနေ့မှာ စတင်ရွေးချယ်တော့မယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
၂၀၀၅ ခုနှစ်ကတည်းက ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ မာကယ် ဟာ လာမယ့်စက်တင်ဘာလမှာ ကျင်းပမယ့် ပြည်ထောင်စုရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာမဟုတ်ဘူးလို့ ကြေညာထားပြီးဖြစ်ပါတယ်။
ဉီးဝီရသူနှင့်အကျဉ်းသားများ ရုံးထုတ်ခွင့်ရရှိရေး ဆန္ဒထုတ်ဖော်သူများကို ရဲတပ်ဖွဲ့မှ လူစုခွဲပြီးတစ်ဦးကိုဖမ်းဆီး
နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထားရသော ဦးဝီရသူအပါအဝင် အကျဉ်းသားများအား အများပြည်သူရှေ့မှောက်တွင်ရုံးထုတ်စစ်ဆေးခွင့်ရရှိရေးအတွက် အမျိုးသားရေးဆရာတော်များကယနေ့ (ဇန်နဝါရီ ၁၆ ရက်)တွင် အင်းစိန်ထောင်ရှေ့ လမ်းတစ်ဘက်တွင် ဆန္ဒပြခဲ့ကြသည်။
ထိုသို့ပြုလုပ်ရာတွင် အမျိုးသားရေးဆရာတော်များနှင့် ရဲတပ်ဖွဲ့အကြားဆန္ဒပြခြင်းနှင့်ပက်သက်ပြီး အချေအတင်ပြောဆိုမှုများရှိခဲ့သည်။
လာမည့်လတွင် အားအနည်းငယ်ရှိသော လာနီညာ အဆင့်သို့ ရောက်ရှိနိုင်
နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များ ခန့်မှန်းချက်အရ လာမည့်(ဖေဖော်ဝါရီ)လတွင် အားအနည်းငယ်သာရှိသော လာနီညာအဆင့်သို့ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ယခု(ဇန်နဝါရီ)လအတွင်း အားအသင့်အတင့်ရှိသော လာနီညာ အဆင့်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific...