COVID-19 ရောဂါဖြစ်ပွားမှု များပြားနေသော ဒေသများတွင် ကျန်းမာရေး အသိပညာပေးမှုများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်

COVID-19 ရောဂါဖြစ်ပွားမှု များပြားနေသော ဒေသများတွင် ဖြစ်ပွားမှုများ ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်မှုကွင်းဆက်ဖြတ်တောက်နိုင်ရန်အတွက် ကျန်းမာရေးအသိပညာပေးမှုများကို အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက စံတော်ချိန်သို့ ပြောသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တိုင်းဒေသကြီး/ ပြည်နယ်နှင့် မြို့နယ်အလိုက် COVID-19 ဖြစ်ပွားကူးစက်မှု တစ်ပြည်လုံးအတိုင်းအတာဖြင့် ရောဂါဖြစ်ပွားမှုများသော မြို့နယ်များအားလုံး၌ ပါးစပ်နှင့်...

ပထမလှိုင်းတွင် COVID -19 ပိုးတွေ့ခဲ့သည့် လိပ်စာအတည်မရှိသူ ဒုတိယအကြိမ် ထပ်မံပိုးတွေ့

COVID-19 ပထမလှိုင်းကာလအတွင်း နေရပ်လိပ်စာ အတည်တကျမရှိခဲ့ဘဲ ပီလခတ် ဟိန္ဒူဘုရားကျောင်း၌ ထမင်းချက်အဖြစ် ခေတ္တနေထိုင်ဖူးသူ (လူနာအမှတ် - ၁၆၁) သည် COVID-19 ရောဂါ ဒုတိယအကြိမ် ထပ်မံ ဖြစ်ပွားကြောင်း အင်းစိန်မြို့နယ် မဲဆန္ဒနယ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ထံမှ သိရသည်။ အသက် ၆၂ နှစ်အရွယ်...

ရေးမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း ကျပ်သိန်း ၁၂၀၀ ခန့်ကုန်ကျမည့် အောက်ဆီဂျင် စက်ရုံတည်ဆောက်မည်

ရေးမြို့နယ်၊ ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ကျပ်သိန်းပေါင်း ၁၂၀၀ ခန့် ကုန်ကျမည့် အောက်ဆီဂျင်စက်ရုံတည်ဆောက်မည်ဖြစ်ကြောင်း အဆိုပါမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးမျိုးဝင်းထံမှ သိရသည်။ “တည်‌ဆောက်ဖြစ်ဖို့ ၁၀၀ ရာခိုင်နှုန်း သေချာနေပါပြီ။ စက်များဝယ်ဖို့နဲ့ အင်စတောလုပ်ဖို့၊ အောက်ဆီဂျင်အိုးတွေထဲဖြည့်ဖို့ ဆေးရုံကအဆောင်တွေအတွက် လိုအပ်တဲ့ အောက်ဆီဂျင် သွယ်တန်းဖို့စတဲ့ကိစ္စအဝဝအတွက် သိန်းတစ်ထောင့်နှစ်ရာ ကုန်ကျမယ်လို့ မှန်းထားကြောင်း သိရပါတယ်”ဟု ၎င်း၏...

မန္တလေးရှိခရိုင်များအတွင်း သွားလာခွင့်ကဒ်ပြားများကို အခကြေးငွေယူလုပ်ဆောင်ပါက ထိရောက်စွာအရေးယူမည်

မန္တလေးတိုင်းဒေသကြီးခရိုင်များအတွင်း ဈေးဝယ်ခွင့်၊ နေအိမ်မှအပြင်ထွက် ခွင့်၊ ဆေးခန်း ပြသခွင့်နဲ့ ကင်းလွတ်ခွင့်ပြုထားသောလုပ်ငန်းများ ဆောင်ရွက်ခွင့်အတွက် အသိအမှတ်ပြု ကတ်ပြားနှင့် ထောက်ခံစာများကို အခကြေးငွေယူ၍ ဆောင်ရွက်မှုများအတွက် ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ယနေ့(ဒီဇင်ဘာ ၄ ရက်) ညတွင် လူမှုကွန်ရက်စာမျက်နှာမှ တဆင့်သတိပေး ပြောကြားလိုက် သည်။ မန္တလေးတိုင်းဒေသကြီး...

COVID-19ရောဂါပြင်းထန်လူနာ တစ်ဦးအတွက် ကုန်ကျစရိတ်မှာ ၂၅ သိန်းနှင့်သိန်း ၅၀ ကြားကုန်ကျ

ကုန်ကျစရိတ်သည် လူတစ်ထောင်ကို ကာကွယ်ဆေးထိုးပေးနိုင်သည့် ပမာဏနှင့်ညီမျှဟုဆို COVID-19 ရောဂါပြင်းထန်လူနာ တစ်ဦးကိုကုသရာတွင် တိုက်ရိုက်၊သွယ်ဝိုက် စရိတ်စုစုပေါင်းမှာ ၂၅ သိန်းနှင့် သိန်း ၅၀ ကြားကုန်ကျမှုရှိပြီး ရောဂါပြင်းထန်ခြင်းမရှိသည့် လူနာအတွက် တစ်ဦးလျှင် ၁၅ သိန်းနှင့် သိန်း ၂၀ ကြားကုန်ကျမှုရှိကြောင်းနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကအသိပေးပြောကြားလိုက်သည်။

မြန်မာနှင့် COVID-19 ကိန်းဂဏန်းအခြေပြုချက်

(ဒီဇင်ဘာ ၄ ရက်၊ ညနေ ၆ နာရီအထိအချက်အလက်) ယမန်နေ့ညတွင်ရောဂါပိုးတွေ့သူ - (၁၄၁၈)ဦး ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း - (၉၅၀၁၈) ဦး ရောဂါပိုးတွေ့အများဆုံးတိုင်း၊ပြည်နယ် -...

COVID-19 ဖြစ်ပွားသည့် ကျန်းမာရေးဝန်ထမ်း ၁၀၀၀ ခန့်ရှိ

မြန်မာတစ်နိုင်ငံအလုံး အတိုင်းအတာဖြင့် COVID-19 ရောဂါ ဖြစ်ပွားသည့် ကျန်းမာရေးဝန်ထမ်း ၁၀၀၀ ခန့်ရှိပြီး သေဆုံးသူနှစ်ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက စံတော်ချိန်သို့ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးဝန်ထမ်းများတွင် ဖြစ်ပွားမှု အများဆုံးဖြစ်ကြောင်း ဒေါက်တာခင်ခင်ကြီးက ဆိုသည်။ "ကျန်းမာရေးဝန်ထမ်းကူးစက်မှုက...

ကိုဗစ်ကာလအတွင်းမသန်စွမ်းများ၏အလုပ်အကိုင်အခွင့်အလမ်းပိုမိုဆုံးရှုံး

COVID-19 ကပ်ရောဂါကာလအတွင်း မသန်စွမ်းသူများ၏အလုပ်အကိုင်အခွင့်အလမ်းမှာ သာမန်လူ များထက်ပို၍ ဆုံးရှုံးမှုရှိနေကြောင်း ဒီဇင်ဘာ ၃ ရက်တွင်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့စကားဝိုင်း ဆွေးနွေးပွဲတွင် မသန်စွမ်းသူများဥပဒေရေးဆွဲရေးအဖွဲ့ဝင် ဒေါ်ယုယုဆွေကပြောသည်။ " ပြည်သူအားလုံးဟာအခုချိန်မှာခက်ခဲကြတယ်။ပြည်သူနဲ့အတူတူဖြစ်နေတဲ့ အချိန်မှာမသန်စွမ်း က ပိုပြီးထိခိုက်မှုရှိတယ်။ နစ်နာမှုရှိတဲ့အပိုင်းတွေရှိတယ်။ ထင်သာမြင်သာရှိအောင်ပြောရမယ်ဆိုရင် အမြင်အာရုံ အားနည်းတဲ့သူတွေ၊ အကြားအာရုံအားနည်းတဲ့သူတွေဟာ အကြောပြင်ပညာနဲ့ အသက် မွေးကြတယ်။ သူတို့မှာအကြောပြင်ဆေးခန်းတွေပိတ်လိုက်ရတဲ့အချိန်မှာနားလိုက်ရတဲ့အခါသူတို့မှာ တခြားလုပ်ငန်းကို...

မဲဆန္ဒရှင်တစ်သန်းကျော်တိုးလာသည့်အပေါ်နိုင်ငံရေးပါတီများနှင့်တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ၏အမြင်များ

၂၀၂၀ အထွေထွေရွေးကောက်ပဲမကျင်းပမီ နိုဝင်ဘာ ၆ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်စုစုပေါင်း ၃၇၂၆၈၈၇၆ ဦးရှိကြောင်းတရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။ နိုဝင်ဘာ ၁၆ ရက်တွင်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက နိုင်ငံပိုင်ရုပ်သံမီဒီယာနှင့်တွေ့ဆုံရာ၌ မဲဆန္ဒရှင်စာရင်းအမှန်မှာ ၃၈ သန်းရှိကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကောမရှင်က မဲဆန္ဒရှင်စာရင်းအမှန်မှာ ၃၈၂၇၁၄၄၇ ဦးရှိကြောင်း ဒီဇင်ဘာ ၁ ရက်တွင် တရားဝင်အသိပေးထုတ်ပြန် ကြေညာခဲ့ပြန်သည်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာ့ဒီမိုကရေစီနှင့် လွှတ်လပ်ခွင့်အတွက် အကြီးမားဆုံးခြိမ်းခြောက်မှုအဖြစ် တရုတ်ကို အမေရိကန် ထောက်လှမ်းရေးထိပ်တန်းအရာရှိတစ်ဦး ဝေဖန်

အမေရိကန်ထောက်လှမ်းရေးထိပ်တန်းအရာရှိ ဂျွန်ရက်ကလစ်ဖ်က တရုတ်နိုင်ငံသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာ့ဒီမိုကရေစီနှင့် လွှတ်လပ်ခွင့်အတွက် အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်ကြောင်း ပြောကြားလိုက်သည်။ The Wall Street ဂျာနယ်မှတစ်ဆင့် ဂျွန်ရက်ကလစ်ဖ်က ရေးသား သတိပေးခဲ့ရာတွင် တရုတ်သည် အမေရိကန်၏ ညာဏပိုင်ဆိုင်မှုများအား ခိုးယူ၍ ကမ္ဘာ့ဈေးကွက်၌ အမေရိကန်၏နေရာကို ဝင်ယူရန် ကြိုးစားလာသည်ဟုလည်း ဆိုထားသည်။