COVID-19 ရောဂါ ပိုးတွေ့ရာခိုင်နှုန်း ၂ ဒသမ ၃ ရာခိုင်နှုန်းအထိလျော့ကျ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇန်နဝါရီ ၁၅ ရက်) ည (၈)နာရီထုတ်ပြန်ချက်အရ ဓာတ်ခွဲအတည်ပြု လူနာ (၅၁၃)ဦးထပ်မံတိုးခဲ့ကြောင်း သိရသည်။ ယနေ့ ပိုးတွေ့ရှိမှုရာခိုင်နှုန်းသည် ၂ ဒသမ ၃ ရာခိုင်နှုန်းဖြစ်ပြီး ဇန်နဝါရီ ၆ ရက်မှ ဇန်နဝါရီ ၁၅ ရက်အထိ ဆယ်ရက်အတွင်း ပိုးတွေ့ရှိမှုနှုန်းလျော့ကျခဲ့သည်။

မြန်မာနိုင်ငံရဲ့ ပထမဆုံးမှန်တံတားနဲ့ အပန်းဖြေစခန်း လာမယ့်နှစ်မှာ ဖွင့်လှစ်နိုင်ဖို့လျာထား

မြန်မာနိုင်ငံရဲ့ ပထမဆုံး မှန်တံတားနဲ့ အပန်းဖြေစခန်းကို ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နောင်ချိုမြို့နယ်မှာ တည်ဆောက်နေပြီး လာမယ့်နှစ်ဖြစ်တဲ့ ၂၀၂၂ ခုနှစ်မှာ ဖွင့်လှစ်နိုင်ဖို့လျာထားတယ်လို့ ချယ်ရီမူဆယ်ကုမ္ပဏီ၏ ဒါရိုက်တာ (အဖွဲ့ဝင်)ဖြစ်သူ မလင်းလင်းထက်ဦး က ပြောပါတယ်။ အဲဒီစီမံကိန်းကို လက်ရှိမှာ လမ်းပိုင်းဆိုင်ရာများ စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

ကိုဗစ်ကာလအတွင်း လုပ်ငန်းရပ်နားထားသည့် ဟိုတယ် တစ်ထောင်ခန့်ရှိ

ကိုဗစ်ကာလ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းများ ရပ်နားထားတဲ့အတွက် ဧည့်သည်ဝင်ရောက်မှု မရှိတာကြောင့် လက်တလောမှာ လုပ်ငန်းရပ်နားသွားတဲ့ ဟိုတယ်လုပ်ငန်း တစ်ထောင်ခန့်ရှိတယ်လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန် က ပြောပါတယ်။ ဒီလိုပိတ်သိမ်းတာတွေနဲ့ပတ်သက်ပြီး ဦးအောင်အေးဟန် က “လုပ်ငန်းစီးပွားရေးအရ တွက်ချေမကိုက်လို့ ပိတ်တာပါ။ ၀န်ကြီးဌာနတို့ ပြည်နယ်အစိုးရတို့ဘက်က ပိတ်ခိုင်းတယ်ဆိုတာက မန္တလေးတိုင်းတစ်ခုတည်းရှိတယ်။ မန္တလေးတိုင်းကတော့...

မြန်မာနှင့် COVID-19 ကိန်းဂဏန်းအခြေပြုချက် (ဇန်နဝါရီ ၁၆ ရက်၊ ညနေ ၆ နာရီ အထိအချက်အလက်)

◾ ယမန်နေ့ညတွင် ရောဂါပိုးတွေ့သူ - (၆၀၅) ဦး ◾ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း - (၁၃၂၈၆၅)ဦး ◾ ရောဂါပိုးတွေ့အများဆုံး တိုင်း၊ ပြည်နယ် - ရန်ကုန်။ ◾ ရောဂါပိုးတွေ့အများဆုံး မြို့နယ် - ဒဂုံမြို့သစ် ( မြောက်ပိုင်း ) ယမန်နေ့ ( ဇန်နဝါရီ ၁၅ ရက်)...

၂၀၂၀ ခုနှစ်အတွင်း အမြန်လမ်း၌ ယာဉ်မတော်တဆမှု (၄၁၂) မှုရှိ

၂၀၂၀ ခုနှစ်အတွင်း ရန်ကုန်၊ မန္တလေး အမြန်လမ်း၌ ယာဉ်မတော်တဆမှုပေါင်း (၄၁၂) မှုရှိခဲ့ပြီး (၈၄) ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ သေဆုံးသူ (၈၄) ဦးအနက် ကျား (၆၄) ဦးနှင့် မ (၂၀) ဦးပါဝင်ကြောင်း သိရသည်။ ဇူလိုင်လ သည် ယာဉ်မတော်တဆမှု အများဆုံး...

ဒီနှစ်ထဲ ထုတ်လွှင့်မယ့် ရုပ်ရှင်ဇာတ်ကားသစ် ၇၀ စာရင်း Netflix ထုတ်ပြန်

ဒီနှစ်ထဲ ထုတ်လွှင့်မယ့် ရုပ်ရှင်ဇာတ်ကားသစ် ၇၀ စာရင်းကို Netflix က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဟောလိဝုဒ်ရဲ့ (A)အဆင့်ရှိ သရုပ်ဆောင်တွေဖြစ်ကြတဲ့ လီယိုနာဒို၊ ဒီဝန်းဂျွန်ဆင်၊ ရွိုင်ယန်ရေးနိုးစ်၊ ဆန်ဒရာဘူးလော့၊ ဂျနီဖာလောရန့်စ်နဲ့ ခရစ္စဟမ်းစ်ဝါ့သ်တို့ရဲ့ ရုပ်ရှင်ဇာတ်ကားတွေ ပါဝင်နေပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားသစ် ၇၀...

တီယာနေးရဲ့ဒဏ်ရာအခြေအနေကို မသိရသေးဘူးလို့ အာတီတာ ပြော

အာဆင်နယ်အသင်း ဘယ်နောက်ခံလူ တီယာနေးရဲ့ဒဏ်ရာအခြေအနေကို လုံးဝမသိရသေးဘူးလို့ နည်းပြအာတီတာ က ယမန်နေ့က ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲအပြီးမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြကစားနေတဲ့ စကော့တလန်နောက်ခံလူ တီယာနေး ဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမတိုင်ခင် နှစ်နာရီလောက်အလိုကမှ ကြွက်သားဒဏ်ရာရခဲ့တာဖြစ်ပြီး ကာလအတော်ကြာ အနားမယူရဖို့တော့ အာတီတာ မျှော်လင့်ထားပါတယ်။ ဂိုးမရှိသရေကျခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲအပြီးမှာ...

အန်ဒီမာရေး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာကြောင့် သြစတြေးလျအိုးပင်းနဲ့ လွဲချော်ဖွယ်ရှိ

ကမ္ဘာ့အဆင့်(၁)တင်းနစ်ချန်ပီယံဟောင်း အန်ဒီမာရေးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာကြောင့် သြစတြေးလျအိုးပင်းပြိုင်ပွဲနဲ့ လွဲချော်ဖွယ်ရှိနေပါတယ်။ အသက်(၃၃)နှစ်အရွယ်ရှိ စကော့တလန်တင်းနစ်ကစားသမား မာရေး ဟာ သြစတြေးလျအိုးပင်းပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့ မဲလ်ဘုန်းမြို့ကို လေယာဉ်နဲ့သွားဖို့ ပြင်ဆင်နေတုန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာကို ယမန်နေ့က စစ်ဆေးတွေ့ရှိတဲ့အတွက် လန်ဒန်မြို့က သူ့နေအိမ်မှာပဲ ကွာရန်တင်းဝင်နေရပါတယ်။ သြစတြေးလျအိုပင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၈...

ပြင်းအား ၆ ဒသမ ၂ မဂ္ဂနီကျူ့ရှိ ငလျင်ကြောင့် အင်ဒိုနီးရှားမှာ လူသေဆုံးထိခိုက်မှုများရှိ

လွန်ခဲ့တဲ့ တစ်လကျော်အတွင်း ကမ္ဘာတစ်လွှား မကြာခဏ ငလျင်လှုပ်ခတ်ခဲ့ရာမှာ ဒီနေ့ နံနက်အစောပိုင်းကလည်း အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းမှာ ပြင်းအား ၆ ဒသမ ၂ မဂ္ဂနီကျူ့ရှိ ငလျင်လှုပ်ခတ်သွားတာကြောင့် အနည်းဆုံး ခုနစ်ဦးသေဆုံးပြီး ဟိုတယ်တစ်ခု အပါအဝင် အဆောက်အဦ ၆၀ ခန့် ပြိုကျပျက်စီးသွားပါတယ်။ ငလျင်ဟာ မာဂျီနီမြို့ရဲ့ အရှေ့မြောက်ဘက် ၃...

ကိုဗစ်ကြောင့် ထိခိုက်မှုပြန်လည်ကုစားနိုင်ရေးအစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံ သုံးသွားမယ်လို့ ဂျိုးဘိုင်ဒန် ကြေညာ

COVID-19 ကြောင့် ထိခိုက်မှုပြန်လည်ကုစားနိုင်ရေးအစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံအထိ အသုံးပြုသွားမယ်လို့ ရွေးကောက်ခံ အမေရိကန်သမ္မတလောင်း ဂျိုးဘိုင်ဒန် က သမ္မတရာထူးမယူခင် တစ်ပတ်အလိုမှာ ပြောလိုက်ပါတယ်။ ဂျိုးဘိုင်ဒန်ရဲ့ COVID-19 ကြောင့် ထိခိုက်မှုပြန်လည်ကုစားနိုင်ရေးအစီအစဉ်အတွက် အထက်လွှတ်တော်မှာ အတည်ပြုနိုင်ခဲ့ရင် အမေရိကန်နိုင်ငံသားအားလုံးအတွက် တစ်ဦးကို ကန်ဒေါ်လာ ၁၄၀၀ စီနဲ့...