ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာ့ဒီမိုကရေစီနှင့် လွှတ်လပ်ခွင့်အတွက် အကြီးမားဆုံးခြိမ်းခြောက်မှုအဖြစ် တရုတ်ကို အမေရိကန် ထောက်လှမ်းရေးထိပ်တန်းအရာရှိတစ်ဦး ဝေဖန်

အမေရိကန်ထောက်လှမ်းရေးထိပ်တန်းအရာရှိ ဂျွန်ရက်ကလစ်ဖ်က တရုတ်နိုင်ငံသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာ့ဒီမိုကရေစီနှင့် လွှတ်လပ်ခွင့်အတွက် အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်ကြောင်း ပြောကြားလိုက်သည်။ The Wall Street ဂျာနယ်မှတစ်ဆင့် ဂျွန်ရက်ကလစ်ဖ်က ရေးသား သတိပေးခဲ့ရာတွင် တရုတ်သည် အမေရိကန်၏ ညာဏပိုင်ဆိုင်မှုများအား ခိုးယူ၍ ကမ္ဘာ့ဈေးကွက်၌ အမေရိကန်၏နေရာကို ဝင်ယူရန် ကြိုးစားလာသည်ဟုလည်း ဆိုထားသည်။

၂၀၂၀ ခုနှစ်အတွက် ကမ္ဘာ့အထူးချွန်ဆုံးကျောင်းဆရာဆုကို အိန္ဒိယကျောင်းဆရာတစ်ဦး ရရှိ

အိန္ဒိယနိုင်ငံ၊ မဟာရာရှာထရာပြည်နယ်မှ ပဲရီးတီးဝါဒီကျေးရွာမှ မူလတန်းကျောင်းတွင် ဒေသခံအမျိုးသမီးငယ်လေးများ၏ ဘဝအခွင့်အလမ်းများကိုပြောင်းလဲစေခဲ့သည့် ရာဂျစ်ဆင်းဒစ္စလီအမည်ရ ကျောင်းဆရာတစ်ဦးအား ၂၀၂၀ ခုနှစ်၏ ကမ္ဘာလုံးဆိုင်ရာ အထူးချွန်ဆုံးကျောင်းဆရာဆုကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ UNESCO နှင့်ပူးပေါင်းပြီး ဗာကီဖောင်ဒေးရှင်းမှ နှစ်စဉ်ချီးမြှင့်လေ့ရှိသည့် ယင်းထူးချွန်ဆုအတွက် ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ တစ်သန်းကိုလည်း ချီးမြှင့်လေ့ရှိရာ အိန္ဒိယကျောင်းဆရာ ဒစ္စလီကမူ သူရသည့် ဆုကြေးထဲမှ...

၂၀၂၁ ခုနှစ်အတွင်း ရုံတင်မယ့် ရုပ်ရှင်ဇာတ်ကားအားလုံး HBO Max Stream ကနေ တစ်ပြိုင်တည်း ထုတ်လွှင့်ပြသမယ်လို့ ဝါနာဘရားသားစ် ကြေညာ

ကမ္ဘာ့အင်အားကြီး ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဝါနာဘရားသားစ် ဟာ ၂၀၂၁ ခုနှစ်အတွင်း ၎င်းတို့ထုတ်လုပ်မယ့် ရုပ်ရှင်ဇာတ်ကားအားလုံးကို HBO Max Stream မှာ အမေရိကန်ရုပ်ရှင်ရုံတွေနဲ့ အချိန်တစ်ပြိုင်တည်း ထုတ်လွှင့်ပြသသွားမယ်လို့ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ ဝါနာဘရားသားစ်ရဲ့ ဒီအစီအစဉ်ဟာ COVID-19 ကပ်ရာဂါဂယက်ကြောင့် ရုပ်ရှင်ရုံအများစု ပိတ်ထားရချိန်မှာ ရုပ်ရှင်ပရိသတ်တွေ အတွက် အကောင်းဆုံးတုံ့ပြန်မှုဖြစ်တယ်လို့ သုံးသပ်ထားပြီး...

အယ်လ်အေလိတ်ကာနဲ့ လီဘရွန်ဂျိမ်းစ်တို့ နှစ်နှစ်စာချုပ်သစ်ချုပ်ဖို့ နီးစပ်

အမေရိကန်ဘတ်စကက်ဘောကြယ်ပွင့် လီဘရွန်ဂျိမ်းစ်ဟာ အယ်လ်အေလိတ်ကာအသင်းနဲ့ နှစ်နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုတော့မယ်လို့ ESPN ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ စာချုပ်သစ်အရ လီဘရွန်ဂျိမ်းစ်ဟာ ၂၀၂၂-၂၃ ရာသီကုန်အထိ အယ်လ်အေလိတ်ကာအသင်းမှာ ဆက်ကစားဖို့ရှိနေပြီး စာချုပ်သက်တမ်းကုန်ချိန်မှာ ဂျိမ်းစ်ရဲ့ ကစားသမားဘဝတလျှောက် ဝင်ငွေက အမေရိကန်ဒေါ်လာ ၄၃၅ သန်းနီးပါးရှိလာမယ်လို့ သိရပါတယ်။

ဘောလုံးကွင်းထဲ ပရိသတ်တွေ ပြန်ဝင်ကြည့်ခွင့်ရလို့ အာဆင်နယ်နည်းပြကျေနပ်

ရက်ပေါင်း ၂၇၁ ရက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကြာသပတေးနေ့က ရက်ပစ်ဝီယန်နဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အမ်းမရိတ်စ်ကွင်းထဲ ပရိသတ်တွေ ပြန်ဝင်ကြည့်ခွင့်ရခဲ့တာကြောင့် အတိုင်းမသိ ကျေနပ်ဝမ်းသာရတယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပြောပါတယ်။ အာဆင်နယ်ပရိသတ်တွေဟာ မတ်လ ၇ ရက်က ဝက်စ်ဟမ်းအသင်းကို အနိုင်ရတဲ့ ပွဲနောက်ပိုင်း COVID-19 ဂယက်ကြောင့် တခြား အသင်းပရိသတ်တွေနည်းတူ ဘောလုံးကွင်းထဲ...

စတုရန်းမိုင် ၂ ဒသမ ၁ သန်းဧရိယာအတွင်း ရာသီဥတုပြုပြင်ဖန်တီးဖို့ တရုတ်စီစဉ်

တရုတ်အစိုးရဟာ ရာသီဥတုပြုပြင်မွမ်းမံတဲ့ အစီအစဉ် စမ်းသပ်မှုကို တိုးချဲ့လုပ်ဆောင်နေပြီး ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံရဲ့အရွယ်အစားထက် တစ်ဆခွဲကျော်ပိုကြီးတဲ့ ဧရိယာစတုရန်းမိုင် ၂ ဒသမ ၁ သန်းအတွင်း ရာသီဥတုပြုပြင် ဖန်တီးမှုတွေ ၂၀၂၅ ခုနှစ်အတွင်းမှာ လုပ်သွားဖို့ရှိတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေအကြား စိုးရိမ်မှုတွေ မြင့်တက်လာနိုင်တယ်လို့ Guardian သတင်းစာက ထုတ်ဖော်ရေးသားလိုက်ပါတယ်။ တရုတ်နိုင်ငံတော်ကောင်စီရဲ့ထုတ်ပြန်ချက်အရ...

သမ္မတသက်တမ်း ပထမဆုံး ရက် ၁၀၀ အတွင်း နိုင်ငံသားအားလုံး နှာခေါင်းစည်းတပ်ဖို့ မှာကြားမယ်လို့ ဂျိုးဘိုင်ဒန် ပြော

အမေရိကန်ရွေးကောက်ခံ သမ္မတလောင်း ဂျိုးဘိုင်ဒန်က ၎င်းရဲ့သမ္မတသက်တမ်း ပထမဆုံး ရက်တစ်ရာအတွင်း အမေရိကန်နိုင်ငံသားအားလုံးကို နှာခေါင်းစည်းတပ်ဖို့ မှာကြားသွားမယ်လို့ CNN နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဂျိုးဘိုင်ဒန်က “သမ္မတရာထူးကိုလက်ခံရယူမယ့် ပထမဆုံးနေ့မှာ ပြည်သူတွေကို ကျွန်တော် မှာကြားချင်တာကတော့ ရက် ၁၀၀ လောက် နှာခေါင်းစည်းတပ်ပေးကြဖို့ပဲဖြစ်ပါတယ်။ ရက်ပေါင်း ၁၀၀ လောက်ပဲ...

MNL ဘောလုံးရာသီသစ်ကို ၂၀၂၁ ခုနှစ် ဧပြီတွင် ပြန်လည်စတင်ရန်လျာထား

မြန်မာနေရှင်နယ်လိဂ်(MNL) ဘောလုံးရာသီသစ်ကို COVID-19 ရောဂါထိန်းချုပ်နိုင်မှု အခြေအနေအပေါ်မူတည်၍ ၂၀၂၁ ခုနစ်၊ ဧပြီလတွင် ပြန်လည်စတင်ရန်နှင့် စက်တင်ဘာလတွင် အဆုံးသတ်ရန်လျာထားကြောင်း သိရသည်။ ယမန်နေ့ (ဒီဇင်ဘာ ၃ ရက်) နံနက်ပိုင်းက ကျင်းပခဲ့သည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းပိုင်ရှင်များ၊ အသင်းဥက္ကဋ္ဌများ ပါဝင်သည့် မြန်မာနေရှင်နယ်လိဂ်ကော်မတီ အစည်းအဝေးတွင် မြန်မာနေရှင်နယ်လိဂ်(MNL)...

ဒို့တာဝန်အရေးသုံးပါးထိခိုက်စေမည့် လုပ်ဆောင်ချက်မှန်သမျှ တပ်မတော်အနေနှင့် ပြတ်ပြတ်သားသားကာကွယ်မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြား

နိုင်ငံတော်တွင် မည်သည့်စနစ်၊ မည်သည့်အစိုးရဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေဖြင့် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် ဒို့တာဝန်အရေးသုံးပါးကို ဆက်လက်ထိန်းသိမ်းရမည်ဖြစ်ပြီး ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေမည့် လုပ်ဆောင်ချက်မှန်သမျှ ပြတ်ပြတ်သားသား ကာကွယ်ရမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။ “နိုင်ငံတော်မှာ မည်သည့်အစိုးရစနစ် မည်သည့်အစိုးရဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေနဲ့ တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့အမျိုးသားရေးမူဝါဒဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးကို ဆက်လက်ထိန်းသိမ်းသွားရမှာပဲဖြစ်တယ်။ နိုင်ငံရေးတည်ငြိမ်မှုနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအရ...

COVID-19 ကာကွယ်ရေးစည်းကမ်းများ ကြီးကြပ်ပေးရန် တိုင်းအစိုးရသို့ ကျန်း/အာဝန်ကြီးမေတ္တာရပ်ခံ

ရန်ကုန်တိုင်းဒေသကြီး၌ COVID-19 ရောဂါဖြစ်ပွားမှုသည် လက်ရှိအချိန်အထိများပြားနေသည့်အတွက် COVID-19 ကာကွယ်ရေးစည်းကမ်းလိုက်နာမှုများ ပိုမိုကောင်းမွန်စေရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မေတ္တာရပ်ခံထားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။ ယမန်နေ့(ဒီဇင်ဘာ ၃ ရက်) တွင်ပြုလုပ်သည့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းမှုများအား ပြည်ထောင်စုဝန်ကြီးလက်ခံသည့်အခမ်းအနားတွင် ဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။