မြိတ်တွင် Food Box အစီအစဉ် စတင်

မြိတ်မြို့ ကမ်းနားလမ်း ပြည်တော်သာလှေဆိပ်အနီးနှင့် မြိတ်ပြည်သူ့ဆေးရုံကြီးအရှေ့တို့တွင် ဇွန် ၂၇ ရက်မှ စပြီး အစား အသောက်များ အခမဲ့ယူနိုင်မည့် Food Box နှစ်ခု ထားရှိသည်။ အဆိုပါ Food Box များအား ကိုးရီးယားရောက် မြိတ်လူငယ်များ၏ မတည်အလှူငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း Food Box ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပေးနေသူ ကိုအောင်ဟိန်းကျော်က ပြောပြသည်။

ဒေါင်းတို့မျိုးဆက်​ သံချပ်​အဖွဲ့ဝင်​ ငါးဦးအား ဒုတိယအကြိမ်​ ရုံးထုတ်

တပ်​မ​တော်​က ပုဒ်​မ ၅၀၅(က)ဖြင့် တရားစွဲဆိုထား​သော ​ဒေါင်းတို့မျိုးဆက်​ သံချပ်​အဖွဲ့ဝင်​များဖြစ်သည့် မ​ကေခိုင်​ထွန်း၊ကို​ဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ ၊ ကိုပိုင်ရဲသူနှင့်​ ကိုဖိုးသား(ခ) ဇော်လင်းထွဋ် တို့ ငါးဦးကို ယ​နေ့ (ဧပြီ ၂၉ရက်​)နံနက်​ပိုင်းတွင်​ ရန်​ကုန်​မြို့၊ မရမ်းကုန်းမြို့နယ်​တရားရုံး၌ ဒုတိယအကြိမ်​ရုံးထုတ်​ခဲ့သည်​။

မြို့သာစက်မှုဇုန်မှ ဆေးခြောက်စိုက်ခင်းဟု နာမည်ကြီးနေသည့် နေရာအား FDA သွားရောက်စစ်ဆေး

ဆေးခြောက်များစိုက်ပျိုးထားသည်ဟု လူမှုကွန်ရက်ပေါ်တွင်နာမည်ကြီးနေသည့် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန် အမှတ် ၄ လမ်းရှိနေရာအား မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA)က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းက အဆိုပါ စက်မှုဇုန်သို့ ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးရာ ချဉ်ပေါင်လျှော်နွယ်ဝင် ဆေးခြောက်အာနိသင်ပါရှိသည်ဟု ယူဆရသော စိုက်ခင်း ၆၀ ဧကခန့်၊ အလျား ၁၂၀ ပေ အနံ ၂၀ ပေရှိ အခန်း...

အိုင်ဗရီကို့တွင် ဖြစ်ပေါ်ခဲ့သည့်ဆန်ပြဿနာတွင် ဝယ်ယူခဲ့သည့် ကုမ္ပဏီကို ဖြေရှင်းချက်တောင်းထားဟု ဆန်စပါးအသင်းချုပ်တာဝန်ရှိသူပြော

စားသုံးရန် မသင့်ဟုဆိုကာ အိုင်ဗရီကိုစ့်နိုင်ငံတွင် ဖျက်ဆီးခဲ့သည့် မြန်မာ့ဆန်များ အပေါ် ပြန်လည်ဖြေရှင်းရန် ဆန်ဝယ်ယူခဲ့သည့် Olam International Co Ltd, ကို အကြောင်းထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင် ကပြောသည်။ “ဝယ်ယူခဲ့တဲ့ ကုမ္ပဏီကို ဖြေရှင်းချက်တောင်းထားပြီးဖြစ်ပါတယ်။ဒီဖြစ်စဉ်ဟာ ထူးထူးခြားခြား ဖြစ်ခဲ့တဲ့ပြဿနာပါ။ ဆန်အရည်သွေးနဲ့ပတ်သတ်ပြီး ပြည်တွင်းမှာ စားသုံးနေတဲ့ ဆန်တွေဟာ တန်း မြင့်ဆန်တွေဖြစ်ပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး ပြည်တွင်းဆန်ဈေးကွက်မှာ စိုးရိမ်မူမရှိနိုင်ပါဘူး။ မြန်မာ့ဆန်ဟာ အရည်အသွေး...

မွန်ပြည်နယ်ရှိ မြို့နယ်အားလုံးနီးပါးတွင် ရေပြတ်လပ်

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံး၏ ကျေးရွာများတွင် နီးပါးတွင် သင်္ကြန်ကာလနောက်ပိုင်းမှ စတင်၍ရေပြတ်လပ်နေကြောင်း သက်ဆိုင်ရာမြို့နယ်များရှိ ဒေသခံအချို့ထံမှ သိရသည်။ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ချောင်းဆုံ၊ ပေါင်၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထို စသည့် မြို့နယ်များရှိ ကျေးရွာအများစုတွင် ရေပြတ်လပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ယင်းဒေသများရှိ ဒေသခံအချို့က ပြောသည်။ “ကျွန်မတို့က ရေတွင်းရေသုံးတယ်၊ ရေတွင်းရေက ခန်းတော့ အခု ဝယ်သုံးနေရတယ်၊ ခါတိုင်းနှစ်ဆိုရင် သုံးလို့လောက်တယ် ဒီနှစ်က မလောက်ဘူး...

တနင်္သာရီဝန်ကြီးချုပ်ဟောင်းအာမခံလျှောက်ထားမှုတိုင်းတရားသူကြီးပယ်ချ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံနေရသည့် တနင်္သာရီတိုင်း ၀န်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား အာမခံပေးရန်လျှောက်ထားမှုအပေါ် တရားသူကြီးက ပယ်ချလိုက်သည်။ ယင်းအမှု၏ စတုတ္ထကြိမ်မြောက် ရုံးချိန်းဖြစ်သည့် ဧပြီ ၂၂ ရက်ရုံးချိန်းတွင် တနင်္သာရီတိုင်းဒေသကြီး တရားသူကြီးဦးခင်မောင်မောင်က အာမခံလျှောက်ထားမှုကို အထက်ပါအတိုင်း အမိန့်ချလိုက်ခြင်းဖြစ်သည်။ ဒေါက်တာလဲ့လဲ့မော်အနေဖြင့် ထားဝယ်အကျဉ်းထောင်အတွင်း လုံခြုံစွာရှိနေခြင်း၊၎င်းအားစွဲဆိုထားသည့်အမှုသည်အထူးဥပဒေဖြစ်သည့် အဂတိဥပဒေဖြင့် တရားစွဲဆိုသည့်အမှုဖြစ်ခြင်း၊ ယင်းအမှုသည် အာမခံမပေးနိုင်သည့် အမှုဖြစ်ခြင်း အစရှိသည့် အကြောင်းများကြောင့် အာမခံ မပေးခဲ့ကြောင်း တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။ “အမှုကိုစတင်မစစ်ဆေးရသေးတဲ့အခြေအနေကြောင့်အချုပ်လွတ်ထုချေခွင့် ပြုဖို့မသင့်ဘူးဆိုပြီး သုံးသပ်ပြီးတော့...

၀၀၈​ခြေဥ ပြင်​နိုင်​လျှင်​ ပြဿနာ အားလုံး ​ဖြေရှင်းပြီးသား ဖြစ်​လိမ့်​မည်​ဟု အင်န်​အယ်​လ်​ဒီပါတီ ​ပြော

၂၀၀၈ ဖွဲ့စည်းအုပ်​ချုပ်​ပုံ အ​ခြေခံဥပ​ဒေ ပြင်​နိုင်​လျှင်​ ကျန်​ပြဿနာ အားလုံး ​ဖြေရှင်းပြီးသား ဖြစ်​လိမ့်​မည်​ဟု အင်န်​အယ်​လ်​ဒီပါတီမှ ​ပြော​ရေးဆိုခွင့်​ရှိသူ ​ဒေါက်တာမျိုးညွန့်​က ​ပြောသည်​။ ယနေ့ (ဧပြီ ၂၁ရက်​) ရန်​ကုန်​မြို့၊ ​တော်​ဝင်​နှင်းဆီ၌ ပြုလုပ်​သည့်​ သတင်းစာဆရာ၊ စာ​ရေးဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်​လွန်​ခြင်း ၅နှစ်​ပြည့်​ ​အောက်​​မေ့အခမ်းအနားတွင်အထက်ပါအတိုင်း​ ​ပြောကြားခဲ့ခြင်းဖြစ်​သည်​။ ယ​နေ့ ကြုံ​တွေ့​နေရ​သော လူမျိုး​ရေး၊ စီးပွား​ရေး၊ အုပ်​ချုပ်​​ရေး၊ ပြည်​တွင်း​ရေး၊ နိုင်​ငံတကာဖိအားနှင့်​ ၊ တိုင်းရင်းသားအချင်းချင်း ယုံကြည်​မှု ကျဆင်း​နေမှု...

အိုင်ဗရီကိုစ့် ဆန်ပြဿနာတွင် တန်ချိန် ၅၀၀ တင်ပို့ခဲ့သည့် ဧရာင်္ဟသာကုမ္ပဏီက ၎င်းတို့ဆန်အတွက် တာဝန်ယူဟုဆို

အိုင်ဗရီကိုစ့် နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ဆန်ပြဿနာတွင် မြန်မာနိုင်ငံမှ တင်ပို့ခဲ့သည့် ကုမ္ပဏီ သုံးခုအနက် တစ်အခုအပါအဝင်ဖြစ်သည့် ဧရာင်္ဟသာ ရောင်းဝယ်ရေးကုမ္ပဏီလိမိတက်က ၎င်းတို့တင်ပို့ခဲ့သည့် ဆန်တန်ချိန်၅၀၀အတွက်အလေးချိန်နှင့်အရည်အသွေးပြည့်ဝမှုအပေါ်တာဝန်ယူကြောင်း အဆိုပါကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးမြင့်နိုင်ဝင်းက စံတော်ချိန်သတင်းဌာန သို့ ပြောသည်။ “ ကျွန်တော်တို့တင်ပို့ခဲ့တဲ့ ဆန်တန်ချိန် ၅၀၀ အတွက် အလေးချိန်ရော အရည်သွေးရောတာဝန်ယူပါတယ်။ အခုက စားသုံးရန်မသင့်လို့ဆိုပြီး ဖျက်ဆီးပစ်တာဟာ ဘယ်လို အရည်အသွေးပိုင်းမှာလိုအပ်ချက်တွေရှိနေ တာလည်း ၊အလေးချိန်မပြည့်ဘူးဆိုရင်လည်းဘာကြောင့်လဲဆိုတာမျိုးကို ဝယ်ယူခဲ့တဲ့Olam International...

ဧရာဝတီမြစ်ကိုပြန်ရွေးယူရန် တစ်ဦးလျှင် တစ်ဒေါ်လာနှုန်းဖြင့် ၁၅ ကြိမ်ခန့်စုပေါင်းထည့် ဝင်လျှင်ရနိုင်ဟု ဦးဆောင်သူများပြော

မြစ်ဆုံဆည် စီမံကိန်းအတွက် တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံခဲ့သည့် ကုန်ကျစရိတ်အတိုင်း မြန်မာပြည်သူများပြန်လည်ပေးလျော်ရန် တစ်ဦးလျင် တစ်ဒေါ်လာနှုန်းဖြင့် ၁၅ ကြိမ်ခန့် ထည့်ဝင် မည်ဆိုပါက ဧရာဝတီကို ပြန်ရွေးယူနိုင်ကြောင်း ဧရာဝတီကို ပြန်ရွေးယူရန် ဦးဆောင်ပြုသူများက ပြောသည်။ အဆိုပါ ဦးဆောင်သူများက ယခုလ ၂၀ ရက်နေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ ပေးပို့ခဲ့သည့် အိတ်ဖွင့်ပေးစာ တွင် မြန်မာပြည်သူများက ဧရာဝတီမြစ်ကို ပြန်ရွေးယူရန် ဆန္ဒရှိနေကြောင်း ရေးသား ပေးပို့ခဲ့သည်။ “ မြစ်ဆုံရေကာတာ...

အစိုးရမှ ဆန္ဒပြမှုများကို ပိုမိုဖိနှိပ်ရန် ပုဒ်မ ၅၀၅(ဂ) ကိုသုံးစွဲလာကြောင်း အသံအဖွဲ့ ထုတ်ပြန်

အစိုးရသစ်လက်ထက်တွင် ဆန္ဒပြမှုများကို ပိုမိုဖိနှိပ်ရန် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)အပြင် ၅၀၅(ဂ) ကိုပါ သုံးစွဲလာကြောင်း အသံအဖွဲ့က ယနေ့ (ဧပြီ ၂၀ရက်)ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ "ရုပ်တုဖြစ်သွားသော ဗိုလ်ချုပ်ကတိ"အမည်ရှိ အစီရင်ခံစာကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Myanmar Press Freedom Center ၌ အသံအဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယခင်အစိုးရလက်ထက်က ဆန္ဒပြသူများကို တရားစွဲရာတွင် ပုဒ်မ ၅၀၅(ခ)ကိုသာ အသုံးပြုခဲ့သော်လည်း...