COVID-19 ရောဂါပိုးတွေ့နှုန်း သုံးရက်ဆက်တိုက် သုံးရာခိုင်နှုန်းအောက်သို့ လျော့ကျ

ယမန်နေ့ (ဇန်နဝါရီ ၁၆ ရက်)၊ ည ၈ နာရီမှ ယနေ့ (ဇန်နဝါရီ ၁၇ ရက်)၊ ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၇၆၅၆) ခုအား စစ်ဆေးရာ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၄၄၉) ဦးတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ ယနေ့...

Yangon Bikers Revolution အဖွဲ့ နှာခေါင်းစည်းဝေမျှသည့် လှုပ်ရှားမှုပြုလုပ်

ရန်ကုန်မြို့၌ မော်တော်ဆိုင်ကယ်တရားဝင်စီးနင်းခွင့်ရရှိရေးလှုပ်ရှားနေသည့် Yangon Bikers Revolution အဖွဲ့သည် ယနေ့(ဇန်နဝါရီ ၁၇ ရက်) ညနေပိုင်းက မြို့တော်ခန်းမရှေ့တွင် နှာခေါင်းစည်း(Mask)များ အခမဲ့မျှဝေသည့် လှုပ်ရှားမှုတစ်ရပ်ပြုလုပ်ခဲ့သည်။

မြန်မာနှင့် COVID-1 9ကိန်းဂဏန်းအခြေပြုချက် (ဇန်နဝါရီ ၁၇ ရက်၊ ညနေ ၅ နာရီ ၃၀ မိနစ် အချိန်အထိအချက်အလက်)

◾ ယမန်နေ့ညတွင် ရောဂါပိုးတွေ့သူ - (၄၉၁)ဦး ◾ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း - (၁၃၃၈၆၉)ဦး ◾ ရောဂါပိုးတွေ့အများဆုံး တိုင်း၊ ပြည်နယ် - ရန်ကုန် ◾ ရောဂါပိုးတွေ့အများဆုံး မြို့နယ် - မှော်ဘီမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ယမန်နေ့ ( ဇန်နဝါရီ ၁၆ ရက်) ည ၈ နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန...

မြန်မာများအား ခွဲခြားဆက်ဆံခြင်းနှင့် မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရသည့်အတွက် ထိုင်းဝက်ဘ်ဆိုဒ် ၅၀ ကျော်ကို မြန်မာဟက်ကာအဖွဲ့တိုက်ခိုက်

ထိုင်းနိုင်ငံ၌ COVID-19 ကာလအတွင်း မြန်မာလူမျိုးများအားခွဲခြားဆက်ဆံ၍ မြန်မာအမျိုးသမီးတစ်ဦးအား ထိုင်းရဲအရာရှိက အဓမ္မပြုကျင့်မှုကို လက်မခံနိုင်သောကြောင့် Union of Under Ground Myanmar Hackers (UGMH) ဟက်ကာအဖွဲ့က ထိုင်းအစိုးရဝက်ဘ်ဆိုဒ်များအပါအဝင် ဝက်ဘ်ဆိုဒ် ၅၀ ကျော်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ကြေညာသည်။ UGMH အဖွဲ့သည် “ထိုင်းနိုင်ငံပြည်သူတွေက မြန်မာနိုင်ငံသားများအပေါ်...

ပြည်တွင်းရှိ SARS-CoV-2 ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲမှုများကြောင့် ကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ်မျိုး ထွက်ပေါ်လာနိုင်

ပြည်တွင်းတွင်လက်ရှိဖြစ်ပွားနေသည့် SARS-CoV-2 ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲမှုသစ်များကြောင့် ကူးစက်မြန်ဗီဇပြောင်းဗိုင်းရပ်စ်မျိုးထွက်ပေါ်လာနိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက သတိပေး ပြောကြားလိုက်သည်။ ယမန်နေ့(ဇန်နဝါရီ ၁၇ ရက်)ကကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြု ဆရာမကြီးများ၏ ကိုဗစ်-၁၉ ကုသရေး ဆိုင်ရာ အတွေ့အကြုံနှင့် ဆန်းစစ်သုံးသပ်တွေ့ရှိချက်များ တင်ပြဆွေးနွေးပွဲတွင်...

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်စာရင်းကို အွန်လိုင်းမှ စတင်ကြည့်ရှုနိုင်

၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုသူများ၏ အမှတ်စာရင်းများကို ယနေ့(ဇန်နဝါရီ ၁၇ရက်) နံနက် ၆ နာရီမှစတင်၍ Website တွင် အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် https://mmexamscore.org တွင် ဝင်ရောက်ပြီး မိမိ၏ခုံအမှတ် နှင့်...

မြန်မာနှင့် COVID-19 ကိန်းဂဏန်းအခြေပြုချက် (ဇန်နဝါရီ ၁၆ ရက်၊ ညနေ ၆ နာရီ မိနစ်...

◾ ယမန်နေ့ညတွင် ရောဂါပိုးတွေ့သူ - (၅၁၃) ဦး ◾ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း - (၁၃၃၃၇၈)ဦး ◾ ရောဂါပိုးတွေ့အများဆုံး တိုင်း၊ ပြည်နယ် - ရန်ကုန် ◾ ရောဂါပိုးတွေ့အများဆုံး မြို့နယ် - အင်းစိန် ယမန်နေ့ ( ဇန်နဝါရီ ၁၅ ရက်) ည ၈ နာရီတွင်...

ဉီးဝီရသူနှင့်အကျဉ်းသားများ ရုံးထုတ်ခွင့်ရရှိရေး ဆန္ဒထုတ်ဖော်သူများကို ရဲတပ်ဖွဲ့မှ လူစုခွဲပြီးတစ်ဦးကိုဖမ်းဆီး

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထားရသော ဦးဝီရသူအပါအဝင် အကျဉ်းသားများအား အများပြည်သူရှေ့မှောက်တွင်ရုံးထုတ်စစ်ဆေးခွင့်ရရှိရေးအတွက် အမျိုးသားရေးဆရာတော်များကယနေ့ (ဇန်နဝါရီ ၁၆ ရက်)တွင် အင်းစိန်ထောင်ရှေ့ လမ်းတစ်ဘက်တွင် ဆန္ဒပြခဲ့ကြသည်။ ထိုသို့ပြုလုပ်ရာတွင် အမျိုးသားရေးဆရာတော်များနှင့် ရဲတပ်ဖွဲ့အကြားဆန္ဒပြခြင်းနှင့်ပက်သက်ပြီး အချေအတင်ပြောဆိုမှုများရှိခဲ့သည်။

လာမည့်လတွင် အားအနည်းငယ်ရှိသော လာနီညာ အဆင့်သို့ ရောက်ရှိနိုင်

နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များ ခန့်မှန်းချက်အရ လာမည့်(ဖေဖော်ဝါရီ)လတွင် အားအနည်းငယ်သာရှိသော လာနီညာအဆင့်သို့ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ ယခု(ဇန်နဝါရီ)လအတွင်း အားအသင့်အတင့်ရှိသော လာနီညာ အဆင့်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific...

မန္တလေးမြို့အောင်မြေသာစံတွင် M-150 အားဖြည့်အချိုရည် အတုပြုလုပ်သူများကို ဖော်ထုတ်ဖမ်းဆီး

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တွင် M-150 အားဖြည့်အချိုရည် အတုပြုလုပ်သူများကို ဇန်နဝါရီ ၁၄ ရက် ညပိုင်းက ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း မန္တလေး ပြန်/ဆက်မှ သိရသည်။ ဖြစ်စဉ်မှာ ဒေါနဘွားရပ်ကွက်၊ အကွက်(၁၀)၊ ၁၆ လမ်းနှင့် ၁၇...