ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီးအဖြစ် ဦးမျိုးဝင်း ကတိသစ္စာပြု

ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးပြီးဖြစ်သည့် ဦးမျိုးဝင်းက နိုဝင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး တတိယနေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက ရှေ့မှောက်၌ ကတိသစ္စာပြုခဲ့သည်။ နိုင်ငံတော်သမ္မတက ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ညှိနှိုင်းသဘောတူညီပြီးဖြစ်သည့် ဦးမျိုးဝင်းကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်လိုပါသဖြင့်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ - ၂၉၉ ပုဒ်မခွဲ(ဃ) ပုဒ်မခွဲငယ်(၁)ပါ...

အုပ်စုဖွဲ့ အဂတိလိုက်စားမှုများရှိနေဟု ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ပြော

ဆရာမွေး၊ တပည့်မွေးပုံစံဖြင့် အုပ်စုဖွဲ့ အဂတိလိုက်စားမှုများရှိနေပြီး အုပ်စုဖွဲ့အဂတိလိုက်စားမှုများကို ဟန်ချက်ပျက်သွားအောင် လုပ်နိုင်ဖို့လိုမည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော် မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ဒီဇင်ဘာ ၆ ရက်တွင် ရန်ကုန်၌ ပြုလုပ်သည့် 'အဂတိလိုက်စားမှုတားဆီးကာကွယ်ဖို့ တာဝန်ယူမှု မြှင့်တင်ကြပါစို့' ဖိုရမ်တွင် ပြောကြားသည်။ သို့ရာတွင် ထိုသို့ဆောင်ရွက်နေမှုများကို ကော်မရှင်ကြီးသက်သက်ဖြင့် တားဆီးရန်မဖြစ်နိုင်ဘဲ ကဏ္ဍအသီးသီးရှိ အဖွဲ့အစည်းများစုဖွဲ့၍ စုပေါင်းအဟုန်ဖြင့် တိုက်ဖျက်မှသာ ဖြစ်နိုင်မည်ဟု ဦးအောင်ကြည်က ပြောဆိုသည်။ 'ဒီနေရာမှာ ကော်မရှင်ကြီးသက်သက်နဲ့ လုပ်လို့ မရပါဘူး။ အဂတိလိုက်စားမှုကို...

ကျောက်စိမ်းဖိနပ်စက်ရုံမှ အလုပ်သမားများ ဥပဒေပါ အခွင့် အရေးရရန် ဆန္ဒထုတ်ဖော်

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၁၄၆) ရပ်ကွက်ရှိကျောက်စိမ်းဖိနပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများကို အလုပ်ရှင်၊ အလုပ်သမားဥပဒေပြဋ္ဌာန်းချက်အတိုင်းခံစားခွင့်ပေးရန် ဒီဇင်ဘာ ၁၀ရက် မွန်းလွဲ ၁ နာရီတွင် အဆိုပါစက်ရုံရှိ အလုပ်သမား ၂၀၀ ကျော်က ဆန္ဒထုတ်ဖော်တောင်းဆိုမှုပြုလုပ်ခဲ့သည်။ ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်တောင်းဆိုရခြင်းနှင့်ပတ်သက်၍ ဦးဆောင်သူ မမျိုးသီတာနိုင်က "အဓိကကတော့ အလုပ်သမားသမဂ္ဂကို အလုပ်ထုတ်တာရယ်၊ အလုပ်ရှင်၊ အလုပ်သမား ဥပဒေအတိုင်းဆောင်ရွက်ခြင်းမရှိတာရယ် အဲဒီအချက်တွေကတော့အဓိကဖြစ်ပါတယ်။ HR တာဝန်ရှိသူတွေက အလုပ်သမားတွေကိုခွင့်မပေးတာမျိုးတွေ၊ OT တစ်ရက် မဆင်းရင်...

ဝေးလံခေါင်သီဒေသများတွင် တာဝန်ကျဝန်ထမ်းများ နုတ်ထွက်ရွှေ့ပြောင်းမှုကြောင့် ဒေသခံများကို ဦးစားပေးခန့်ထားမှသာ ဒေသလိုအပ်ချက် ဖြည့် ဆည်းနိုင်မည်ဟုဆို

ဝေးလံခေါင်သီဒေသများသို့ တာဝန်ကျသောဝန်ထမ်းအများစုသည် ပြစ်ဒဏ်ကျသကဲ့သို့ နုတ်ထွက်ရွှေ့ပြောင်းရန် ကြိုးစားမှုများကြောင့် မမြဲကြသဖြင့် ဒေသခံများကို ဦးစားပေးခန့်ထားမှသာ ဒေသလိုအပ်ချက် ဖြည့်ဆည်းနိုင်မည် ဖြစ်ကြောင်း စေတုတ္တရာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်လွင်က ပြောဆိုသည်။ ဒီဇင်ဘာ ၁၉ရက် နံနက် ၁၀ နာရီကပြုလုပ်ခဲ့သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် ခေါင်လန်ဖူး မဲဆန္ဒနယ်မှ ဦးအာမိုးဆီ တင်သွင်းသော ဝေးလံခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေသော ကျေးလက်ဒေသများတွင် နေထိုင်သည့် တိုင်းရင်းသားများဘ၀...

ဒေါက်တာစိုးသူရဇော်၏ ဝေဖန်စာပါအချက်များ မှန်၊ မမှန် ပြန်လည်စစ်ဆေးပြီး မလိုအပ်သည်များကိုပယ်ဖျက်၍ လိုအပ်သည်များကိုဖြည့်စွက်ပြင်ဆင်ပေးရန် တောင်းဆို

ဒေါက်တာစိုးသူရဇော်၏ ဝေဖန်စာပါအချက်များ မှန်၊ မမှန် ပြန်လည် စစ်ဆေးပြီး မှန်ကန်ကြောင်း တွေ့ရှိပါက ဗဟိုဝန်ထမ်းတက္ကသိုလ်၏ လည်ပတ်သင်ကြားပုံ မူဝါဒများကိုပြန်လည်စစ်ဆေးကာ မလိုအပ်သည်များကို ပယ်ဖျက်၍လိုအပ်သည်များကို ဖြည့်စွက်ပြင်ဆင်ရန် ဆေးတက္ကသိုလ် (၁)ရန်ကုန်အပါအဝင် ဆေးနှင့် နှီးနွှယ်သော တက္ကသိုလ်ရှစ်ခုရှိကျောင်းသားသမဂ္ဂတို့က ဒီဇင်ဘာ ၂၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုလိုက်ခြင်းဖြစ်သည်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဒီဇင်ဘာ ၁၂ ရက်ရက်စွဲပါ စာအမှတ် ပကရ/စဘ-တိုင်စာ/အရ ဌာနဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့က ဒေါက်တာစိုးသူရဇော်( ဦးစီးအရာရှိသွားကျန်းမာ၊ မိုးကုတ်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး)၏...

အမျိုးသားကျန်းမာရေးကွန်ရက်မှ ဆရာဝန်များ လက်ခုပ်ကုန်း၌ ကွင်းဆင်းကုသ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အမျိုးသားကျန်းမာရေးကွန်ရက်မှ အထူး ကုဆရာဝန်ကြီးများဦးဆောင်၍ လက်ခုပ်ကုန်းတိုက်နယ်ဆေးရုံ၌ ဒီဇင်ဘာ ၃၁ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီခွဲအထိဒေသခံများကို ကျန်းမာရေးစစ်ဆေးကာလိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး တောင် ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့ လက်ခုပ်ကုန်းတိုက်နယ် ပြည်သူ့ဆေးရုံ၌ အမျိုးသားကျန်းမာရေးကွန်ရက်ဥက္ကဋ္ဌ ဆရာဝန်ကြီးဒေါက်တာတင်မျိုးဝင်း၊ ဒလမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးတို့ ဦးဆောင်၍ အထွေထွေရောဂါကု၊ ကလေးအထူးကု၊ အပ်စိုက်အထူးကု၊ သားဖွားမီးယပ်၊ မျက်စိအထူးကု၊ သွားနှင့် ခံတွင်းအထူးကု...

သူရဦးရွှေမန်း ပါတီထူထောင်ရန်ရှိကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားခြင်းမရှိသေးကြောင်းပြောဆို

သူရဦးရွှေမန်းဦးဆောင်သည့် နိုင်ငံရေးပါတီတစ်ခုထူထောင်ရန်ရှိကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားခြင်းမရှိသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောဆိုသည်။ နေပြည်တော်ရှိ Grand Amara ဟိုတယ်တွင် ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းကပြုလုပ်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တစ်နိုင်ငံလုံးအဆင့် မဲဆန္ဒရှင် စာရင်းပြုစုခြင်း လုပ်ငန်း စတင်ဆောင်ရွက်ခြင်း သင်တန်း ခေတ္တနား ချိန်တွင် မီဒီယာများ၏ မေးမြန်းမှုကို ၎င်းက ဖြေကြားခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့ကော်မရှင်ကိုတော့မတင်သေးပါဘူး။ သတင်းတွေမှာ ရေးတာတော့ ကျွန်တော်တို့ မသိဘူးလေ။ ကျွန်တော်တို့ကတော့...

ပန်းချီဆရာ ၁၇ ဦးပါဝင်သည့် ပထမအကြိမ် အဖွဲ့လိုက်ပန်းချီပြပွဲ ဗိုလ်ချုပ်ဈေးတွင် ကျင်းပ

ဝါသနာတူ ပန်းချီဆရာ ၁၇ ဦး ပါဝင်သည့်ပထမအကြိမ်အဖွဲ့လိုက် ပန်းချီပြပွဲကို '17 Brothers' အမည်ဖြင့် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေး(အရှေ့ဘက်)ရှိ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံး(ဗဟို) တွင် ဇန်နဝါရီ ၉ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။ အဆိုပါပန်းချီပြပွဲတွင် ပုဂံဒေသ ဘုရားပုထိုးစေတီများ၊ မြန်မာ့ယဉ်ကျေးမှု ဟန်ပန်များ၊ တိုင်းရင်း သားလူမျိုးပုံတူများ၊ တောရွာဓလေ့မြင်ကွင်းများ အစရှိသည့် သဘာဝ သရုပ်ဖော်ပုံ ပန်းချီကား...

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတွင် အေဂျီတီအိုင်ကျောင်းဆင်းဆိုသည့် စကားရပ်ထည့်သွင်းပေးရန် တောင်းဆို

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းတွင် မှတ်ပုံတင်အင်ဂျင်နီယာ လက်မှတ်ထုတ်ပေးမှုဆိုင်ရာ ပြဋ္ဌာန်းချက်၌ အေဂျီတီအိုင် ကျောင်းဆင်းဆိုသည့် စကားရပ်ထည့် သွင်းပေးရန် တောင်းဆိုကြောင်း သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၁၅ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းရုံးခန်း၌ ပြုလုပ်ခဲ့သည်။ "ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းမှာ မှတ်ပုံတင်အင်ဂျင်နီယာလက်မှတ်ဆိုသည်မှာ ဆိုတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ AGTI ဆိုတဲ့စကားရပ်မပါတာပေါ့။ ဒီလိုမပါတဲ့အတွက် AGTI ကျောင်းဆင်းတွေ လိုင်စင်လျှောက်လို့မရဖြစ်သွားနိုင်မယ်။ ဒီကိစ္စကို သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီစာတင်ပါတယ်။ တွေ့ဆုံဆွေးနွေးပါတယ်။ နောက်တော့ သတင်းစာရှင်းလင်းပွဲ လုပ်သင့်တယ်ထင်လို့...

အာဆာအဖွဲ့ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်နိုင်ကြောင်း သတင်းကြောင့်စစ်ရေးဆိုင်ရာလှုပ်ရှားမှု ရပ်ဆိုင်းပေးခဲ့သည့် နယ်မြေများတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ မပါဝင်ခဲ့ခြင်းဖြစ်ဟုဆို

အာဆာအဖွဲ့အနေဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက် နိုင်ကြောင်း သတင်းများကြောင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုရပ်ဆိုင်း ပေးခဲ့သည့်နယ်မြေများတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေမပါဝင်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောဆိုသည်။ နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်တွင် ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီက တပ်မတော်၏ ငြိမ်းချမ်းရေးဆောင်ရွက်ချက်များနှင့် AA တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းကယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ "အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပါဝင်တဲ့အကြောင်းရင်းက ဒီ...