လွတ်လပ်ရေးရပြီးခါစ မြန်မာနိုင်ငံ၏ဥပဒေ အဆင့်အတန်းမြင့်မားမှု အစဉ်အလာကောင်း ပြန်လည်ရှင်သန်လာစေရေး ၀ိုင်းဝန်းဆောင်ရွက်

နေပြည်တော်၊ မတ်-၇ လွတ်လပ်ရေးရပြီးခါစ မြန်မာနိုင်ငံ၏ ဥပဒေဆိုင်ရာ အဆင့်အတန်း မြင့်မားမှုကို အခြားနိုင်ငံများကပါ လေးစားအသိမှတ်ပြုခြင်းခံခဲ့ရပြီး အဆိုပါအစဉ် အလာကောင်းများ ပြန်လည်ရှင်သန်လာရေး ၀ိုင်းဝန်းဆောင်ရွက်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုသည်။ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် မတ် ၇ ရက် နံနက် ၉ နာရီက ပြုလုပ်သော တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ညီလာခံ၌အဖွင့်အမှာစကား ပြောကြားရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ "မြန်မာနိုင်ငံရဲ့ ဥပဒေရေးရာသမိုင်းကြောင်းကို ပြန်ကြည့်လိုက်လို့ရှိရင် လွတ်လပ်ရေးရပြီးခါစ အချိန်က...

သင်္ကြန်အလှမောင်နှင့် သင်္ကြန်အလှမယ်ပြိုင်ပွဲ ပြုလုပ်မည့်အကြောင်း စာနယ်ဇင်းမိတ်ဆက်

ရန်ကုန်၊ မတ်-၆ သင်္ကြန်အလှမောင်နှင့် သင်္ကြန်အလှမယ်ပြိုင်ပွဲပြုလုပ်မည့်အကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid Hotel ၌ မတ် ၅ ရက် ညနေ ၄ နာရီက ပြုလုပ်ခဲ့သည်။ "ကျွန်မတို့တစ်တွေက သင်္ကြန်ကို ငယ်ငယ်ကတည်းက အမှားတွေကျူးလွန်ခဲ့တယ်။ မူးရူးနေပြီးတော့ မူးယစ်ဆေးဝါးတွေကြောင့် အပျော်မဟုတ်ဘဲ လွဲနေခဲ့ကြတယ်ပေါ့။ အခုခေတ်ကလေးတွေ တိုးတက်ပြီးတော့ကောင်းစေချင်လို့ အခုလိုလုပ်ခဲ့တာပါ။ Voting Photo ရိုက်ပြီးတာနဲ့ မနက်သွားညပြန် Camp ကို စဝင်ရပါမယ်။ ကျွန်မတို့က...

ပရီမီယာစက်ရုံအလုပ်သမားများ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်

ရန်ကုန်၊ မတ်- ၆ လှိုင်သာယာမြို့နယ် စက်မှုဇုန် (၃) ရှိ ပရီမီယာကော်ဖီစက်ရုံ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုကို မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးရုံးတွင် မတ် ၅ ရက် မွန်းလွဲပိုင်းက ရှစ်ကြိမ်မြောက်ဆွေးနွေးခဲ့ရာ ပြေလည်မှုရရှိခဲ့သောကြောင့် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နေပြီဖြစ်ကြောင်း အဆိုပါစက်ရုံအလုပ်သမားများထံမှ မတ် ၆ ရက်က သိရသည်။ "မနေ့က ကျွန်မတို့ညှိတော့ ပြေလည်သွားပါတယ်။ ဒီနေ့ အဆိုင်းတာဝန်ကျတဲ့ ဝန်ထမ်းတွေလုပ်ငန်းခွင်ကို ပြန်ဝင်ပြီး အလုပ်လုပ်နေပါတယ်။ တောင်းတဲ့အချက်တွေက တစ်ချက်လောက်ပဲမရတာ၊ မရတာကလည်း...

ရပ်ဆိုင်းထားသော ဆောက်လုပ်ဆဲအထပ်မြင့်အဆောက်အအုံများ ဥပဒေနှင့်အညီ ပြန်လည်ဆောက်ခွင့်ပြုထားဟု ရန်ကုန်မြို့တော်ဝန်ဆို

ရန်ကုန်၊ မတ်-၆ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များမှ ဆောက်လုပ်ဆဲအထပ်မြင့် အဆောက်အအုံများရပ်ဆိုင်းထားခြင်းကို ဥပဒေနှင့်အညီစိစစ်၍ ပြန်လည်ဆောက်လုပ်ခွင့်ပြုထားပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မတ် ၆ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့တွင် ပြောသည်။ တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးလှသိန်း၏ ကြယ်ပွင့်ပြမေးခွန်းဖြစ်သော "ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆောက်လုပ်ဆဲ အဆောက်အအုံများရပ်ဆိုင်းထားသည်ကို ပြန်လည်စိစစ်၍ခွင့်ပြုသင့်သည်များကို ဆက်လက်ဆောင်ရွက်ခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိမေးမြန်းမှုကို ရန်ကုန်မြို့တော်ဝန်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ "အဲဒီရပ်ဆိုင်းထားတဲ့ အထပ်မြင့်အဆောက်အအုံတွေကို မြို့တော်အင်္ဂါရပ်နဲ့အညီ အဆောက်အအုံများဆောက်လုပ်မှုစစ်ဆေးရေးကော်မတီက လက်ရှိတည်ဆဲ လုပ်ထုံးလုပ်နည်းများနဲ့အညီ...

ရိုက်တာသတင်းထောက်နှစ်ဦးကို ၈ ကြိမ်မြောက်ရုံးထုတ်

ရန်ကုန်၊ မတ် ၇   မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသော ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တရားရုံး၌ ၈ ကြိမ်​​မြောက်​ရုံးထုတ်​ခဲ့သည်​။

အစိုးရအနေဖြင့် ကုန်ဈေးနှုန်းလျော့ကျရေးနှင့် ဈေးနှုန်းတည်ငြိမ်အောင်မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို ရန်ကုန်တိုင်းလွှတ်တော်တွင် မေးမြန်း

ရန်ကုန်၊ မတ်-၆ အစိုးရအနေဖြင့် လက်ရှိပြည်သူများ ကြုံတွေ့နေရသည့် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းနှင့် ပတ်သက်၍ ကုန်ဈေးနှုန်းလျော့ကျရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိအောင် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိလိုကြောင်း ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံက မတ် ၆ ရက်တွင် ကျင်းပသော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး၌ မေးမြန်းခဲ့သည်။ "ကျွန်မတို့နိုင်ငံအတွင်းမှာ တောင်ပေါ်ဒေသမြို့ရောကျေးလက်ပါမကျန် နေရာတော်တော်များများမှာ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ခံစားနေရပါတယ်။ အထူးသဖြင့် အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊...

မှန်ကန်သည့်ဈေးနှုန်းဖြင့် ဆန်ရရှိရန် အရေးကြီး ဆန်သည် စီးပွားရေးလက်နက်တစ်ခုဖြစ်ရန်လိုအပ်

ရန်ကုန်၊ မတ်-၆ ပြည်တွင်း၌ အဓိကစားသုံးနေသည့် ပစ္စည်းဖြစ်သည့်အတွက် မှန်ကန်သည့်ဈေးနှုန်းဖြင့် ဆန်ရရှိရန် အရေးကြီးပြီး နိုင်ငံတော်အကျိုးအမြတ်ရစေရေးအတွက် ဆန်သည် ပြည်ပပို့ကုန်စီးပွားရေးလက်နက်တစ်ခုဖြစ်ရန် လိုအပ်ကြောင်း မတ် ၆ ရက်က နေပြည်တော်ရှိ MICC -2 တွင်ပြုလုပ်သော မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေး နှီးနှောဖလှယ် ဆွေးနွေးပွဲအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။ "ဆန်ဟာ ကျွန်မတို့ ပြည်သူ၊ ပြည်သားတွေ အဓိကစားသုံးနေတဲ့ အစားအစာပစ္စည်းဖြစ်တာကြောင့်မို့လို့ ဒီနိုင်ငံ ထဲမှာ မှန်ကန်တဲ့ဈေးနဲ့ ဆန်ရနိုင်ဖို့...

အခွန်ထမ်းဆောင်ခြင်းသည် လူတိုင်း၏တာဝန်ဖြစ် တာဝန်မသိ၍ မသိကျိုးကျွန်ပြုနေသူများလည်းရှိ

ရန်ကုန်၊ မတ်-၆ အခွန်ထမ်းဆောင်ခြင်းသည် လူတိုင်း၏ တာဝန်ဖြစ်ပြီး အဆိုပါတာဝန်ကို မသိ၍ မလုပ်သူများလည်းရှိကာ မသိကျိုးကျွန်ပြုနေသူများလည်းရှိကြောင်း၊ အထိုက်အလျောက် အခွန်ထမ်းဆောင်နေကြသော ပုဂ္ဂိုလ်များနှင့် အပြည့်အ၀ အခွန်ထမ်းဆောင်နေကြသော ပုဂ္ဂိုလ် များလည်းရှိကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကပြောဆိုသည်။ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ မတ် ၆ ရက် နံနက် ၉ နာရီခွဲကကျင်းပသည့် ၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွက် ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်ခဲ့သူများအား ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်သည့်အခမ်းအနားတွင် နှုတ်ခွန်းဆက်စကား ပြောကြားရာ၌...

ထိုင်းမှ တရားမ၀င် တင်သွင်းလာသည့် ကြက်အကောင်ရေ ၆၀၀၀ ခန့် မော်လမြိုင်တွင်ဖမ်းမိ

မော်လမြိုင်၊ မတ် ၆ ထိုင်းနိုင်ငံမှ တရားမ၀င် တင်သွင်းလာသည့် အသားစားကြက်အကောင်ရေ ၆၀၀၀ ခန့်ကို မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မတ်လ ၆ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိထားသည်ဟု မွန်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။ ထိုင်းနိုင်ငံမှ အသားစားကြက်များ တရားမဝင် တင်သွင်းလာနေကြောင်း သတင်းပေးမှုအရ မွန်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မွန်ပြည်နယ်မွေးမြူရေးအဖွဲ့ချုပ်နှင့် သက်ဆိုင်ရာဌာနတို့ ပူးပေါင်းစောင့်ဆိုင်းဖမ်းမှုကြောင့် အသားစားကြက်များ တင်ဆောင်လာသည့် မော်တော်ယာဉ် ၄ စီးကို...