နည်းပညာတက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများအတွက် အပလီကေးရှင်းပြိုင်ပွဲကျင်းပ

ရန်ကုန်၊ မတ်-၃ KDDI ဖောင်ဒေးရှင်းက ဦးစီးကျင်းပသည့် နိုင်ငံတစ်ဝန်းရှိ နည်းပညာတက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများအတွက် Application ပြိုင်ပွဲကို မတ် ၃ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ကျင်းပသည်။ ယင်းပြိုင်ပွဲကို Application Contest For University Students Hosted By KDDI Foundation (ACKF) ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ဂျပန်နိုင်ငံမှ အိုင်တီနည်းပညာရှင်များ...

လီဗာပူးကစားပုံ ကြည့်ကောင်းသော်လည်း ဆုဖလားများရရန်လိုဟု ဘင်နီတက်ဇ်ဆို

လက်ရှိတွင် နယူးကာဆယ်အသင်းကို နည်းပြနေသော လီဗာပူးနည်းပြဟောင်း ရာဖေးဘင်နီတက်ဇ်က လက်ရှိ နည်းပြဂျာဂန်ကလော့၏ လီဗာပူးအသင်းသည် တိုက်စစ် ကစားပုံကောင်းပြီး ကြည့်ရကောင်းသော်လည်း အောင်မြင်မှုကို ဆုဖလားဖြင့်သာ သက်သေပြနိုင်ရန်လိုအပ်ဟု အကြံပေးပြောကြားသွားခဲ့သည်။ ဘင်နီတက်ဇ် လီဗာပူး အသင်းကိုနည်းပြစဉ် ၂၀၀၅ခုနှစ်က ချန်ပီယံလိဂ်ဖလားရနိုင်ခဲ့ပြီး ကလော့အနေဖြင့် အောင်မြင်သော နည်းပြဖြစ်လိုလျှင် အဓိက ဆုဖလားရယူနိုင်ရန်လိုအပ်ဟု ၎င်းက ပြောသွားခဲ့ခြင်းဖြစ်သည်။ ဘင်နီတက်ဇ်သည် လီဗာပူးအသင်းကို နည်းပြစဉ်က အကောင်းဆုံးမျိုးဆက်တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားရနိုင်ခဲ့သော်လည်း ပရီးမီးယားလိဂ်ဖလားတွင် အမြင့်ဆုံးဒုတိယနေရာသာရနိုင်ခဲ့သည်။...

နာမကျန်းဖြစ်စီးပွားရေး တိုးတက်ရန် ဘဏ်အတိုးနှုန်းလျှော့ချလုပ်ငန်းအားလုံးဆက်စပ်လုပ်ကိုင်မှသာ စီးပွားရေးတိုးတက်မည်

ရန်ကုန်၊ မတ်-၃ နာမကျန်းဖြစ်နေသည့် စီးပွားရေး ပြန်လည်တိုးတက်ရန်အတွက် ဘဏ်အတိုး နှုန်းအားလျှော့ချပြီး ကွန်ဒိုမီနီယံဥပဒေအပြင် လုပ်ငန်းအားလုံးဆက်စပ်လုပ်ကိုင်မှသာ စီးပွားရေးတိုးတက်နိုင်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဆိုင်ရာအကြံပေး ဦးကျော်မျိုးထွန်းက ဒီဗွီဘီ စီးပွားရေးဒီဘိတ်တွင် သုံးသပ်ပြောဆိုသည်။ မတ် ၃ ရက် မွန်းလွဲ ၁၂ နာရီခွဲက ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ အော့ကစ်ဟိုတယ်၌ ''ဘဏ်အတိုးနှုန်းတွေ လျှော့ချသင့်ပြီလား''ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဒီဗွီဘီ စီးပွားရေးဒီဘိတ်တွင် ၎င်းင်းကသုံးသပ်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ''အတိုးချဖို့တစ်ခုတည်းလုပ်ရုံနဲ့ မတက်ဘူး။ အတိုးလည်းချရမယ်။ကွန်ဒိုမီနီယံ ဥပဒေကိုလည်း အမြန်ဆုံးလုပ်ရမယ်။ အားလုံးက ဆက်စပ်နေတယ်ဆိုတော့ တစ်ခုတည်း...

ဖွဲ့စည်းပုံအသစ်ပြန်လည်ရေးဆွဲရေးကိုတပ်မတော်က လက်ခံမည်မဟုတ်

ရန်ကုန်၊ မတ်-၃ လက်ရှိအချိန်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲ မှရမည်ဆိုသည့် လမ်းကြောင်းကို ဦးတည်လာမှုများရှိနေပြီး တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြန်လည် ရေးဆွဲရေးကို လက်ခံမည်မဟုတ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး (ငြိမ်း)က ပြောကြားလိုက်သည်။ မတ် ၃ ရက်က ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ အော့ကစ်ဟိုတယ် ၌ ပြုလုပ်သည့် ''အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး အကောင်းဆုံး ဘယ်လိုတည် ဆောက်ကြမလဲ'' DVB Debateအစီ အစဉ်တွင် ၎င်းက အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။ ''ကျွန်တော်တို့ ယုံကြည်ထားတာက ပြင်ဆင်ရေးပဲလက်ခံတယ်။ အဲဒီတော့...

ချင်းအမျိုးသားတပ်ဦး(CNF) ဒုတိယဥက္ကဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းနှင့်တွေ့ဆုံမေးမြန်းခြင်း

“အထူးသဖြင့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်က အခုအချိန်မှာ ပိုပြီးတော့ တွေ့သင့်တယ်။ တိုင်ပင်သင့်တယ်။ တစ်သံတည်းထွက်သင့်တယ်” ယခင်က အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့ရှိခဲ့ရာမှ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် နေပြည်တော်ရှိ MICC -2 တွင် NCA စာချုပ် လက်မှတ်ရေးထိုးခဲ့ပြီဖြစ်သည့်အတွက် ယခုအခါတွင် NCA...

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေး

မောင်တော၊ မတ် ၃ မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံမှ တပ်ရင်းမှူးအဆင့်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း နှစ်နိုင်ငံနယ်စပ်မှတ်တိုင်(၃၁/၁) ဂေါင်းဒုံ BGB စခန်း၌ ယမန်နေ့ ညနေပိုင်းကတွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီးတရားမဝင် နေရပ်စွန့်ခွာနေထိုင်သူများ နှင့် ပတ်သက်သည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံညှိနှိုင်း၍ လှည့်ကင်း ဆောင်ရွက်မည့် အစီအမံများ၊ နှစ်နိုင်ငံနယ်စပ်တစ်လျှောက်တွင် ဖြစ်ပေါ်လာသည့် ကိစ္စရပ်များအားအချိန်နှင့်တစ်ပြေးညီသတင်း ညှိနှိုင်းဖလှယ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ ဆွေးနွေးပွဲတွင် အမှတ်(၁)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး စောဇေယျာလင်း...

မီးနီဖြတ်မောင်းသည့် အရေးပေါ်လူနာတင်ယာဉ်က တက္ကစီကို ဝင်တိုက်လေးဦးဒဏ်ရာရ

ရန်ကုန်၊ မတ် - ၃ လှိုင်သာယာဆေးရုံမှရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ရန်လူနာတင် ဆောင်လာသည့်အရေးပေါ်လူနာတင်ယာဉ်က တိုယိုတာဖီဒါအမျိုးအစားတက္ကစီယာဉ်ကိုဝင်တိုက်မိသဖြင့်လူနာတင်ယာဉ်ပေါ်မှရဲတပ်ကြပ်တစ်ဦးအပါလေးဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။ ယမန်နေ့ည ၁၁ နာရီ ၁၅ မိနစ်ခန့်က လမ်းမတော်မြို့နယ် ဗိုလ်ချုပ်လမ်းအတိုင်းအလုံမြို့နယ်ဘက်မှ လသာမြို့နယ်ဘက်သို့ မေတ္တာပါရမီလူမှုကူညီရေးအသင်း(လှိုင်သာယာ) မှယာဉ်မောင်း လပြည့်အောင်၂၈ နှစ်မောင်းနှင်လာသည့် အရေးပေါ်လူနာတင် ယာဉ်ကဘုန်းကြီးလမ်းလမ်းဆုံမီးပွိုင့်အရောက်အချက်ပြမီးနီပွိုင့် ကိုအတည့်ဖြတ်မောင်းစဉ်ယင်းလမ်းအတိုင်း (တောင်မှမြောက်)အချက်ပြမီးစိမ်းသဖြင့်ဖြတ်သန်းမောင်းနှင်လာသည့် ယာဉ်မောင်း ကိုသက်ခိုင်၄၄ နှစ်၏ တက္ကစီယာဉ်နှင့်ဝင်တိုက်မိခြင်းဖြစ်သည်။ ယင်းသို့တိုက်မိသည့်အတွက်လူနာတင်ယာဉ်မှာ တိမ်းမှောက် သွားခဲ့ရာယာဉ်ပေါ်ပါလှိုင်သာယာမြို့မရဲစခန်းမှရဲတပ်ကြပ်နေလှိုင်ကိုကိုနှင့်ရိုက်နှက်ဒဏ်ရာရရှိထားသည့်သတိမရ လူနာတစ်ဦး အပါအဝင်အမျိုးသားလေးဦးထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လူနာတင်ယာဉ်မောင်းကို လမ်းမတော်မြို့မရဲစခန်းတွင်ယာဉ်(ပ)၅/၂၀၁၈၊ ပြစ်မှုပုဒ်မ...

ပီအက်စ်၈ျီနှင့်ပွဲတွင် တိုက်စစ်မှူး စီရိုနယ်ဒို Nike ဖိနပ်ဒီဇိုင်းသစ် ၀တ်ဆင်ကစားမည်

ရီးရဲလ်တိုက်စစ်မှူး စီရိုနယ်ဒိုသည် မတ် ၆ ရက် ပီအက်စ်ဂျီနှင့် ယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ အဝေးကွင်းပွဲစဉ်၌ စပွန်ဆာပေးထားသော Nike ကုမ္ပဏီမှ အင်္ဂလန်နိုင်ငံသား ဒီဇိုင်းပညာရှင်ကင်ဂျုံးစ် အထူးသီးသန့်ဒီဇိုင်းထုတ်ရေးဆွဲသည့် လိမ္မော်ရောင် ကျားသစ်အရေခွံဖိနပ်ဒီဇိုင်းသစ်ဖြင့် ဝတ်ဆင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။ အင်စတာဂရမ်တွင် စီရိုနယ်ဒိုက မတ် ၂ ရက်တွင် ဖိနပ်ဒီဇိုင်းသစ်ကို ကြေညာထုတ်ပြန်ပြီး အဆိုပါဖိနပ်အမည်ကို Nike Mercurial Superfly 360 x...

မြန်မာနိုင်ငံရှိ ဝန်ထမ်း ၉၅ ရာခိုင်နှုန်းသည် လုပ်ငန်းခွင်စိတ်ဖိစီးမှုများ ရင်ဆိုင်နေရကြောင်း အလုပ်အကိုင်စစ်တမ်းတစ်ခုက ဖော်ပြ

ရန်ကုန်၊ မတ်-၂ မြန်မာနိုင်ငံရှိဝန်ထမ်း ၉၅ ရာခိုင်နှုန်းသည် လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုများ ရင်ဆိုင်နေရကြောင်း ဖေဖော်ဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် JobNet. com.mm ၏ စစ်တမ်းအရ သိရသည်။ JobNet. com.mm မှ ယခင်နှစ်က ကောက်ယူထားသော လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုဆိုင်ရာ စစ်တမ်းအရ မြန်မာနိုင်ငံတစ်ဝန်းမှ Professional အဆင့်ရှိ အလုပ်သမားအချို့အား စစ်တမ်းကောက်ယူခဲ့ရာ ၉၅ ရာခိုင်နှုန်းခန့်က လုပ်ငန်းခွင်စိတ်ဖိစီးမှုရှိကြောင်း ဖြေဆိုခဲ့သည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။ "လုပ်ငန်းခွင်ပတ်ဝန်းကျင်မှာ...

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်တို့ အသစ်ပြန်လည်ပူဇော်ခြင်းအတွက် ငွေကျပ်ငါးဘီလီယံသုံးစွဲမည်

ရန်ကုန်၊ မတ်-၂ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်တို့ အသစ်ပြန်လည်ပူဇော်ခြင်းအတွက် ရွှေပိဿာချိန် ၅၀ ကျော် အသုံးပြုလှူဒါန်းမည်ဖြစ်သောကြောင့် ငွေကျပ်ငါးဘီလီယံသုံးစွဲမည်ဖြစ်ကြောင်း ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မှ ရုံးအဖွဲ့မှူး ဦးကျော်နိုင်ထွန်းက စံတော်ချိန်သို့ ပြောဆိုသည်။ ယခင်က စေတီတော်ကို လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန် သီးသန့်စီစဉ်ထားသော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့မှ ဩဝါဒါစရိယဆရာတော်ကြီးများက စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်တို့ အသစ်ပြန်လည် ပူဇော်ခြင်းတို့ကိုပါ ဆောင်ရွက်နိုင်ရန်စေတီတော် ဘက်စုံပြုပြင်မွမ်းမံခြင်းဆိုင်ရာကော်မတီများ အသီးသီးဖွဲ့စည်းပြီး...