ရန်ကုန်မြို့သစ်စီမံကိန်း Swiss Challenge တင်ဒါကော်မတီက EOI ခေါ်ယူမှုအပေါ် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၏ အမြင်များ

"စီမံကိန်းတစ်ခုလုံးကို နိုင်ငံခြားကိုချည်း ၁၀၀ ရာခိုင်နှုန်းပေးမယ်ဆိုရင် အသေးစိတ် အချက်အလက်တွေကို တွေ့ခွင့်ရဖို့ ခက်ခဲသွားမယ့် အချက်လည်း ရှိပါတယ်" ဦးမျိုးမြင့် ရန်ကုန်မြို့တစ်ဖက်ကမ်းတွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ကုမ္ပဏီအဖွဲ့အစည်းလုပ်ငန်းဆောင်ရွက်လိုမှု အဆိုပြုလွှာ (EOI) အား Swiss Challenge တင်ဒါကော်မတီက ခေါ်ယူခဲ့သည်။ အဆိုပါ စီမံကိန်းကို Swiss Challenge ကော်မတီက...

NLD ပါတီနှင့် SNLD ပါတီအနာဂတ်ပြည်ထောင်စုအရေး တွေ့ဆုံမှုရလဒ်ကောင်းများရရှိဟုဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD မှ ဒေါက်တာအောင်မိုးညို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ SNLD သည် ယနေ့(ဇန်နဝါရီ ၁၅ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ရှိ NLD ရုံး၌ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ရာ ရလဒ်ကောင်းများရရှိခဲ့ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ၏အထွေထွေအတွင်းရေး‌မှူး ဦးစိုင်းကျော်ညွန့်ကပြောသည်။ "ရလဒ်ကခြုံပြီးပြောရရင်ဒါအင်မတန်ကောင်းမွန်တယ်လို့ပြောလို့ရတယ်။ ဒီနေ့တွေ့ဆုံမှုဆိုတာကလည်းအမှန်အတိုင်းပြောရရင်ဒါကသုံးကြိမ်မြောက်လို့တောင်ပြောလို့ရတယ်။ ဘာလို့ဆိုတော့ရှေ့မှာက...

ဟုမ္မလင်းမှ NLD ပါတီဝင် ရပ်/ကျေး ဒုဥက္ကဋ္ဌကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ရွှေတွင်းကျေးရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ကျေးရွာ ဒုဥက္ကဋ္ဌ နှင့် ရပ်/ကျေးစည်းရုံးရေးမှူးလည်းဖြစ်သူ ဦးလွင်မောင်ထွေးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဇန်နဝါရီ ၁၃ ရက် ည ပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဟုမ္မလင်းမြို့နယ် NLD ပါတီမှ သိရှိရသည်။ “၁၃ ရက်နေ့ညက ဖြစ်သွားတာ။ ညနည်းနည်းမှောင်တဲ့အချိန် ၇ နာရီ၊...

“၂၀၂၁ နှစ်ဦး လိပ်ပြာကြေးမုံ”

◾ ရေးသူ - ခင်းသစ်နှင်း "လိပ်ပြာကြေးမုံ"တဲ့လား။ ဒီစကားစုလေးကို တစ်ခါမှ မကြားဖူးဘူး။ ကျွန်မကပဲ ဗဟုသုတမရှိခဲ့လို့လားမသိ။ ခုဒီ စကားစုလေးကို တီဗွီဖန်သားပြင်က ကြားရကြားရချင်း စာချမရေးဘဲမနေနိုင်၊ ကိုဗစ် ဒုတိယလှိုင်းမှာ စာမရေးဖြစ်ခဲ့။ သွားနာ၊ ခါးနာ၊ ဗိုက်နာရောဂါတွေနဲ့ ဆေးတွေသောက်ရ၊ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေခံရနဲ့ တော်တော်လေးကို...

“အယ်ဒီတာ၊ ထုတ်ဝေသူ၊ စာဖတ်ပရိသတ်”

◾ ရေးသူ - မင်းနန်း(မော်ကျွန်း) အယ်ဒီတာ ၁၉၇၂ ခုနှစ် ဧပြီလထုတ် "သွေးသောက်မဂ္ဂဇင်းကြီး"မှာ ကျွန်တော့်ရဲ့ဆောင်းပါးကို ပထမဆုံးဖော်ပြခြင်းခံခဲ့ရတဲ့ အတွက် ယနေ့ဆိုရင် စာရေးသက် ၄၈ နှစ်ကျော်ခဲ့ပြီ။ သည်စာ ရေးသက် ၄၈နှစ်အတွင်း စာပေဆောင်းပါး၊...

COVID-19 ၏ မူလဇစ်မြစ်ကို စုံစမ်းရန် WHO မှ ဆေးသိပ္ပံပညာရှင်များ ဝူဟန်မြို့သို့ ရောက်ရှိ

COVID-19 ရောဂါ၏ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးမည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ နိုင်ငံတကာသိပ္ပံပညာရှင် ၁၀ ဦးပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ ယနေ့(ဇန်နဝါရီ ၁၄ ရက်)တွင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ကူးစက်ခံရသူပေါင်း သန်း ၉၀ ကျော်ရှိလာပြီဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်သည် ၂၀၁၉ ခုနှစ်နောက်ပိုင်းက တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် စတင်ကူးစက်ပျံ့နှံ့ခဲ့သော်လည်း တရုတ်အစိုးရ၏...

COVID-19 ရောဂါပိုးတွေ့နှုန်း ၃ ရာခိုင်နှုန်းကျော်သို့ ပြန်တက်၊ ပိုးတွေ့လူနာသစ် (၆၀၅) ဦးထပ်တိုး၊ (၁၀) ဦး ထပ်မံသေဆုံး

ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်)၊ ည ၈ နာရီမှ ယနေ့ (ဇန်နဝါရီ ၁၄ ရက်)၊ ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၈,၈၂၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆၀၅) ဦးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

လွှတ်တော်အထူးအစည်းအဝေး ခေါ်ယူပေးရန် ငြင်းဆိုမှု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်ခြင်း ရှိ၊ မရှိ ပြန်လည်ဆန်းစစ်ရန်လိုအပ်ဟု တပ်မတော်ထုတ်ပြန်

ပြည်ထောင်စုလွှတ်တော်ရုံး၏ အထူးအစည်းအဝေးခေါ်ယူကျင်းပရန် မလိုအပ်ကြောင်း ငြင်းဆိုမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်ခြင်း ရှိ၊ မရှိ ပြန်လည်ဆန်းစစ်ရန်လိုအပ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၈၄)ပါပြဌာန်းချက်အရ အထူးအစည်းအဝေးခေါ်ယူကျင်းပရေးတောင်းဆိုရာတွင် အကြောင်းပြချက်ပေးရမည်ဟု ဖော်ပြခြင်းမရှိသည့်အပြင် တောင်းဆိုလျှင် နာယက က ခေါ်ယူကျင်းပပေးရမည်သာဖြစ်ပြီး လိုအပ်ခြင်း၊ မလိုအပ်ခြင်းနှင့် အခြားအကြောင်းပြချက်ပေး၍...

မြန်မာနှင့် COVID-19 ကိန်းဂဏန်းအခြေပြုချက် (ဇန်နဝါရီ ၁၄ ရက်၊ ညနေ ၅ နာရီ ၃၀ မိနစ် အချိန်အထိ အချက်အလက်)

◾ ယမန်နေ့ညတွင် ရောဂါပိုးတွေ့သူ - (၅၂၃)ဦး ◾ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း - (၁၃၂၂၆၀)ဦး ◾ ရောဂါပိုးတွေ့အများဆုံး တိုင်း၊ ပြည်နယ် - ရန်ကုန်။ ◾ ရောဂါပိုးတွေ့အများဆုံး မြို့နယ် - ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ယမန်နေ့ ( ဇန်နဝါရီ ၁၃ ရက်) ည ၈ နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ...

ကဏန်းညှပ်၍ ထွက်လာသည့်အသံ

◾ ရေးသူ - ဒီမိုစိုးသူ(ကောလင်း) ဆရာရှေ့နေမောင်ဝရဲ့ 'သမ္မတကြီးနဲ့တိုင်ပြောမယ်၊ ကဏန်းညှပ်၍ဖြစ်ပါသည်'လို့ အမည်ပေးထားတဲ့စာအုပ်ကို ဖတ်ဖြစ်ခဲ့ပါတယ်။ စာအုပ်ပါ ဆောင်းပါးတွေဟာ တရားဥပဒေနဲ့ ဆက်စပ်တဲ့ ဆောင်းပါးတွေ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ် အတွင်း စံတော်ချိန်နေ့စဉ်သတင်းစာမှာ ရေးသားဖော်ပြခဲ့တဲ့ တရားဥပဒေရေးရာ ပြဿနာဆောင်းပါး ၄၅ ပုဒ်ကို စုစည်းထားပါတယ်။...