Godzilla vs Kong” ရုပ်ရှင်ဇာတ်ကားကို မတ် ၂၆ ရက်မှာ ရုံတင်မယ်လို့ ကြေညာ

ရုပ်ရှင်ပရိသတ်တွေ စိတ်ဝင်တစားစောင့်မျှော်နေတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့ “Godzilla vs Kong” ကို မတ် ၂၆ ရက်မှာ HBO Max ကရော အမေရိကန်နိုင်ငံအတွင်း ရုပ်ရှင်ရုံတွေမှာပါ တစ်ပြိုင်တည်း ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ အစောပိုင်းကတော့ “Godzilla vs Kong” ရုပ်ရှင်ဇာတ်ကားကို မေ ၂၁ ရက်မှ ရုံတင်မယ်လို့...

အင်္ဂလန်တိုက်စစ်မှူး ဝိန်းရွန်းနီ ကစားသမားဘဝကနေ အနားယူ

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီ ဟာ ဒါဘီကောင်တီအသင်းရဲ့နည်းပြတာဝန်ကို ရာနှုန်းပြည့်အာရုံစိုက်နိုင်ဖို့အတွက် ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်လို့ သိရပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့ ဝိန်းရွန်းနီ ဟာ အသက် ၃၅ နှစ်အရွယ်ရလာပြီဖြစ်ပြီး ကစားသမားဘ၀ ၁၉ နှစ်တာအတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ လိဂ်ဖလား...

ကိုဗစ်ကာလ ပန်းချီပညာရှင်များနှင့် ပန်းချီပြခန်းပိုင်ရှင်များ၏ အွန်လိုင်းပြပွဲအပေါ် အမြင်သဘောထားများ

"အွန်လိုင်းမှာ ပြပွဲကျင်းပနိုင်တဲ့အကျိုးကျေးဇူးကတော့ ဖေ့စ်ဘွတ်ခ်ကနေ ပန်းချီကားတွေကို အလွယ်တကူ ကြည့်ခွင့်ရလာသလို ကိုယ့်အိမ်မှာလည်း မြန်မာ့ယဉ်ကျေးမှု ပန်းချီအနုပညာကို နေရာပေးဖို့ အခွင့်အရေး ပိုများလာတယ်" မပြုံးဇာလီ "အွန်လိုင်းမှာ ပန်းချီပြပွဲလုပ်ရတာက အခကြေးငွေ ပေးရတာမဟုတ်သလို ပေ့ဂ်ျကို ဝင်ကြည့်တဲ့သူအနေနဲ့ အခကြေးငွေ ပေးရတာ မဟုတ်ပါဘူး" ပန်းချီကိုပြည့်စုံ

မန်ချက်စတာယူနိုက်တက်နဲ့ပွဲမတိုင်ခင် လီဗာပူးအသင်းနဲ့အတူ မာတစ် လေ့ကျင့်ခန်းပြန်ဆင်း

တနင်္ဂနွေနေ့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမတိုင်ခင် လီဗာပူးအသင်းမှာ နောက်ခံလူ ဂျိုရယ်မာတစ် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့ကြောင်း ဘီဘီစီသတင်းအရ သိရပါတယ်။ ဒီဇင်ဘာလက ဝက်စ်ဘရွန်းနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ ပေါင်ခြံဒဏ်ရာရခဲ့တဲ့ မာတစ် ဟာ လီဗာပူးအသင်းရဲ့ နောက်ဆုံး ၃ ပွဲစလုံးမှာ ပါဝင်ကစားနိုင်ခြင်းမရှိခဲ့ပါဘူး။ လီဗာပူးအသင်းမှာ ဗန်ဒိုက်ခ်ျနဲ့ ဂျိုးဂိုမက်ဇ်တို့လည်း...

ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ) ကျောင်းအုပ် သိက္ခာတော်ရ ဆရာဦးသိန်းလွင်အား ဆက်သွယ်မေးမြန်းခြင်း

◾ စံတော်ချိန်သတင်းအဖွဲ့-စုစည်းသည် "သူတို့အတွက် ထောက်ပံ့ငွေက တစ်ခေါက်မှ မရဖူးသေးဘူး" လူအများစု အခက်အခဲဖြစ်နေကြသည့် ကိုဗစ် (၁၉) ကပ်ရောဂါ အချိန်ကာလတွင် မသန်စွမ်းသူများအနေဖြင့် သာ၍ဆိုးသော အခြေအနေတွင်ရှိသည်။ မသန်စွမ်းသူများထဲမှ မျက်မမြင်များ၏အခက်အခဲများအကြောင်းကို မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ အထွေထွေအတွင်းရေးမှူး၊ ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ) ကျောင်းအုပ် သိက္ခာတော်ရဆရာ...

ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲသစ်တစ်ခုကြောင့် ခရီးသွားလာမှုအားလုံးကို ဗြိတိန်အစိုးရ ယာယီပိတ်

ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲသစ်တစ်ခုကို တွေ့ရှိခဲ့ပြီးနောက် ဗြိတိန်အစိုးရဟာ နယ်စပ်ဂိတ် အားလုံးနဲ့ နိုင်ငံရပ်ခြားခရီးသွားလာမှုအားလုံးကို တနင်္လာနေ့ နံနက်ကနေ အနည်းဆုံး ဖေဖော်ဝါရီ ၁၅ ရက် အထိ ယာယီပိတ်သွားမယ်လို့ ဒီကနေ့က အတည်ပြု ထုတ်ပြန်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ပြောကြားချက်အရ ကိုရိုနာဗိုင်းရပ်စ်ကင်းစင်ကြောင်း သက်သေအထောက်အထားပါသူတွေကိုတော့ ခြွင်းချက်အနေနဲ့ ပြည်ဝင်ခွင့်ပေးသွားမယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် အိန်ဂျလာမာကယ်ရဲ့နေရာကို အစားထိုးဖို့ ပထမခြေလှမ်းအဖြစ် ပါတီခေါင်းဆောင်သစ်ကို CDU စတင်ရွေးချယ်

ဂျာမနီလွှတ်တော်မှာ အမတ်နေရာ အများဆုံးရထားတဲ့ လက်ရှိအာဏာရ ခရစ်ယာန်ဒီမိုကရက်ယူနီယံ (CDU) ပါတီဟာ ဝန်ကြီးချုပ် မာကယ်ရဲ့နေရာကို အစားထိုးနိုင်ဖွယ်ရှိတဲ့ ပါတီ ခေါင်းဆောင်သစ်တစ်ဦးကို ဒီနေ့မှာ စတင်ရွေးချယ်တော့မယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ ၂၀၀၅ ခုနှစ်ကတည်းက ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ မာကယ် ဟာ လာမယ့်စက်တင်ဘာလမှာ ကျင်းပမယ့် ပြည်ထောင်စုရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာမဟုတ်ဘူးလို့ ကြေညာထားပြီးဖြစ်ပါတယ်။

ဆေးဘက်ဆိုင်ရာ လူမှုရေးလုပ်ငန်းနဲ့ စိန်ခေါ်မှုများ

ရေးသူ - ဖေနှင်းငွေ နိုင်ငံတိုင်းရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို လေ့လာကြည့်ရင် ဆေးဝါးကုသမှုကို တိုက်ရိုက်ဆောင်ရွက်နေတဲ့ ဆရာဝန်၊ သူနာပြု၊ တခြားကုသမှုအထောက်အကူပြု ဝန်ထမ်းတွေရဲ့ အခက်အခဲနဲ့ ဆေးဝါးကုသမှု ခံယူနေတဲ့ (မကျန်းမာတဲ့) လူနာတွေရဲ့အခက်အခဲပြဿနာဆိုပြီး နှစ်ပိုင်း ရှိပါတယ်။ အဲဒီထဲက ဆေးဘက်ဆိုင်ရာ လူမှုရေးလုပ်ငန်းဆိုတာကတော့ ဆေးဝါးကုသမှုခံယူနေတဲ့ လူနာတွေရဲ့ အခက်အခဲပြဿနာတွေကို အဓိကကူညီဖြေရှင်းပေးရတဲ့ ကုသအထောက်အကူပြုလုပ်ငန်းတစ်ခု...

ဉီးဝီရသူနှင့်အကျဉ်းသားများ ရုံးထုတ်ခွင့်ရရှိရေး ဆန္ဒထုတ်ဖော်သူများကို ရဲတပ်ဖွဲ့မှ လူစုခွဲပြီးတစ်ဦးကိုဖမ်းဆီး

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထားရသော ဦးဝီရသူအပါအဝင် အကျဉ်းသားများအား အများပြည်သူရှေ့မှောက်တွင်ရုံးထုတ်စစ်ဆေးခွင့်ရရှိရေးအတွက် အမျိုးသားရေးဆရာတော်များကယနေ့ (ဇန်နဝါရီ ၁၆ ရက်)တွင် အင်းစိန်ထောင်ရှေ့ လမ်းတစ်ဘက်တွင် ဆန္ဒပြခဲ့ကြသည်။ ထိုသို့ပြုလုပ်ရာတွင် အမျိုးသားရေးဆရာတော်များနှင့် ရဲတပ်ဖွဲ့အကြားဆန္ဒပြခြင်းနှင့်ပက်သက်ပြီး အချေအတင်ပြောဆိုမှုများရှိခဲ့သည်။

လာမည့်လတွင် အားအနည်းငယ်ရှိသော လာနီညာ အဆင့်သို့ ရောက်ရှိနိုင်

နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များ ခန့်မှန်းချက်အရ လာမည့်(ဖေဖော်ဝါရီ)လတွင် အားအနည်းငယ်သာရှိသော လာနီညာအဆင့်သို့ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ ယခု(ဇန်နဝါရီ)လအတွင်း အားအသင့်အတင့်ရှိသော လာနီညာ အဆင့်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific...