နိုင်ငံခေါင်းဆောင်များ အရေးပေါ်အစည်းအဝေး ပြုလုပ်၊ အစိုးရနှင့် တပ်မတော် သဘော တူညီမှုရှိ ဟုဆို

ရန်ကုန် ၊ ဇန်နဝါရီ ၇ နိုင်ငံခေါင်းဆောင်များ အရေးပေါ်အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်တွင်ယနေ့မွန်းလွဲ ၂နာရီ မှ ညနေ ၄နာရီ အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက ယနေ့ကျင်းပသည့်သတင်းစာရှုင်းလင်းပွဲတွင်းပြောသည်။ “ ကျွန်တော်တို့ နိုင်ငံတော် သမ္မတ အိမ်တော်မှာ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံတကာဆက်ဆံရေးအခြေအနေအတွေ၊နောက်ပြည်တွင်းလုံခြုံရေးကိစ္စတွေတပ်မတော်ကနေပြီးတစ်ဖက်သတ်အပစ်ခတ်ရပ်စဲကြေညာပြီးနောက်ပိုင်း၊ ဖြစ်ပေါ်နေတဲ့အခြေအနေတွေရယ်၊ ရခိုင်ပြည်နယ် AA သောင်းကျန်းသူတွေတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်တွေနောက်ပိုင်းအခြေအနေတွေကိုဒီကနေ့ နိုင်ငံတော် သမ္မတဦးဆောင်ပြီးတော့ဆွေးနွေးခဲ့တယ် ”ဟု၎င်းကဆိုသည်။ ယနေ့ အစည်းအဝေးအတွင်း နိုင်ငံတော်...
video

ရခိုင်အရေးကို နည်းလမ်းအသစ်နဲ့ ဖြေရှင်းဖို့လိုအပ် ဟုဦးရဲထွဋ်ပြော

NLDပါတီ အစိုးရအဖွဲ့အနေနဲ့ ရခိုင်အရေးကို ဖြေရှင်းရာမှာ နည်းလမ်းအသစ်နဲ့လုပ်ဆောင်ဖို့လိုအပ်နေပြီလို့ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောပါတယ်။ ရခိုင်အရေးကိစ္စကိုဖြေရှင်းတဲ့ပုံစံက၁၉၉၂ခုနှစ်ကနည်းလမ်းအတိုင်းဖြေရှင်း နေတာကြောင့် လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ကိုက်ညီမှု မရှိတဲ့အတွက် ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ သူကပြောပါတယ်။ နိုဝင်ဘာ၁၈ ရက် ကကျင်းပတဲ့ပြည်သူ့ပါတီရုံးခန်းဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာစဉ် သတင်းမီဒီယာများ ရဲ့မေးမြန်းမှုကို ယခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကို သတင်းထောက် မင်းမော်ဦးက ရိုက်ကူးထားပါတယ်။