ဝုဗ်နဲ့ပွဲ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုး မပါနိုင်သေး

မန်စီးတီးအသင်းမှာ ဒူးဒဏ်ရာခွဲစိပ်ကုသမှုခံခဲ့ရတဲ့ အာဂျင်တီးနားတိုက်စစ်မှူးဟာ ဒဏ်ရာသက်သာနေပြီဖြစ်ပေမယ့် ပွဲကြံ့ခိုင်မှုလိုအပ်နေသေးတာကြောင့် နောက်ထပ် တစ်လလောက်အထိ အချိန်ယူလေ့ကျင့်ရဖွယ်ရှိနေတယ်လို့ ဒေးလီးမေးလ်သတင်းစာမှာ ဖော်ပြထားပါတယ်။ အဂွဲရိုးဟာ အစောပိုင်းက ဝုဗ်နဲ့ပွဲအမီ ပြန်ကစားနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် သောကြာနေ့အထိ တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းနေရတာကြောင့် အဖွင့်ပွဲစဉ်ကို သေချာပေါက် သူလွဲချော်မှာဖြစ်ပါတယ်။ မန်စီးတီးအသင်းမှာ ပြင်သစ်နောက်ခံလူ လာပေါ့လည်း...

စပိန်ကွင်းလယ်လူ သီယာဂိုအယ်လ်ကန်တာရာကို လေးနှစ်စာချုပ်နဲ့ လီဗာပူးခေါ်ဖို့ သဘောတူ

ပြီးခဲ့တဲ့ရာသီ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဖလား ၃ လုံး ချန်ပီယံဆွတ်ခူးနိုင်ခဲ့တဲ့ စပိန်ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာကို လီဗာပူးအသင်းက ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းတည်းနဲ့ အပြီးသတ်ခေါ်နိုင်တော့မယ်လို့ ဂါးဒီးယန်း သတင်းစာက ဖော်ပြခဲ့ပါတယ်။ အယ်လ်ကန်တာရာရဲ့အပြောင်းအရွှေ့ကိစ္စအတွက် ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးအသင်းတို့အကြား ကြာသပတေးနေ့က တရားဝင် သဘောတူညီမှုရခဲ့ပြီဖြစ်ပြီး ဆေးစစ်ဖို့ပဲကျန်ပါတော့တယ်။

တံကောက်ကြောဒဏ်ရာကြောင့် ပြင်သစ်အိုးပင်းပြိုင်ပွဲကို နာအိုမီအိုဆာကာ ဝင်မပြိုင်နိုင်

ပြီးခဲ့တဲ့တစ်ပတ်ကမှ အမေရိကန်အိုးပင်းအမျိုးသမီးတစ်ဦးချင်းဗိုလ်လုပွဲမှာ အဇာရန်ကာကို အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တဲ့ ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာဟာ ပဲရစ်မြို့မှာ ကျင်းပမယ့် ပြင်သစ်အိုးပင်းပြိုင်ပွဲကို တံကောက်ကြောဒဏ်ရာကြောင့် ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ကြာသပတေးနေ့က အတည်ပြု ပြောလိုက်ပါတယ်။ ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲကို စက်တင်ဘာလ ၂၇ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး နာအိုမီအိုဆာကာလိုပဲ တစ်ခြား နာမည်ကျော် ကစားသမားတွေလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ မရှိကြောင်း...

လီဗာပူးနဲ့ စာချုပ်သက်တမ်း ထပ်တိုးဖို့ ဂျာဂင်ကလော့ပ် အသင့်ရှိနေ

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်က အသင်းနဲ့လက်ရှိစာချုပ်မှာ ၄ နှစ်သက်တမ်း ကျန်ရှိနေသေးပေမယ့် အသင်းဘက်က စာချုပ်သက်တမ်းတိုးမယ်ဆိုရင် တံခါးဖွင့်ကြိုဆိုထားကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဂျာမန်နည်းပြကလော့ပ်ဟာ ၂၀၁၅ ခုနှစ်က လီဗာပူးကို စတင်တာဝန်ယူခဲ့ပြီး လွန်ခဲ့တဲ့ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးထားပါတယ်။ သူ့ရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၃-၂၄ ဘောလုံးရာသီအထိ...

မာဆေးနဲ့ပွဲတုန်းက အရူးတစ်ယောက်လို လုပ်မိခဲ့တယ်လို့ နေမာ ဝန်ခံ

ကစားသမား ငါးဦးအနီကတ်ပြထုတ်ခံခဲ့ရတဲ့ ပီအက်စ်ဂျီနဲ့ မာဆေးတို့ပွဲမှာ သူ့လုပ်ရပ်ဟာ အရူးတစ်ယောက်လိုဖြစ်ခဲ့တယ်လို့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက တနင်္လာနေ့မှာ ထုတ်ပြောခဲ့ကြောင်း ဒေးလီးမေးလ်သတင်းမှာ ဖော်ပြထားပါတယ်။ သူဟာ အဲဒီပွဲမှာ မာဆေးကွင်းလယ်လူ အယ်လ်ဗာရိုရဲ့ဦးခေါင်းကို နောက်ကနေ လှမ်းထိုးခဲ့တာကြောင့် အနီကတ်ပြခံခဲ့ရသလို ၇ ပွဲအထိလည်း ပယ်ခံရဖွယ်ရှိနေပါတယ်။ ဒါပေမယ့်...

ခရစ္စတီယာနိုရော်နယ်ဒို ပြီးနောက် မက်ဆီလည်း ဘီလျံနာ ဖြစ်လာ

ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ ကမ္ဘာ့ဘောလုံးသမိုင်းမှာ ခရစ္စတီယာနိုရော်နယ်ဒို ပြီးရင် ဒုတိယမြောက် ဘီလျံနာတစ်ဦးဖြစ်လာကြောင်း ဖို့ဘ်မဂ္ဂဇင်းရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တနင်္လာနေ့က ထုတ်ပြန်ချက်တွေအရ ၂၀၂၀ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံးဘောလုံးသမားအဖြစ်လည်း မက်ဆီ မှတ်တမ်းဝင်ခဲ့ပြီး ဒီနှစ်ထဲမှာ အမေရိကန်ဒေါ်လာ ၁၂၆ သန်းရခဲ့ပါတယ်။ မက်ဆီရဲ့နောက်မှာ ခရစ္စတီယာနိုရော်နယ်ဒိုက...

ပီအက်စ်ဂျီနဲ့ မာဆေးတို့ပွဲမှာ နှစ်ဖက်ကစားသမား ငါးဦးအထုတ်ခံရ

ပြိုင်ဆိုင်မှုပြင်းထန်လွန်းတဲ့ ပီအက်စ်ဂျီနဲ့ မာဆေးတို့ရဲ့ ပြင်သစ်ဒါဘီပွဲမှာ ဘရာဇီးကြယ်ပွင့်နေမာနဲ့အတူ နှစ်ဖက်အသင်းမှ ကစားသမား ငါးဦးအထိ အထုတ်ခံခဲ့ရပြီး အဝါကတ် စုစုပေါင်း ၁၂ ကတ်အထိ ပြခံခဲ့ရပါတယ်။ ပီအက်စ်ဂျီကွင်းမှာ မာဆေးက တာယူဗင်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့အနိုင်ရခဲ့တဲ့ တနင်္ဂနွေနေ့က ပွဲစဉ်မှာ မာဆေးအသင်းမှ ဘီနီတက်တိုနဲ့ ပီအက်စ်ဂျီမှ ပါရီဒက်စ်တို့ အချင်းများရာကနေ တစ်ခြားကစားသမားတွေပါ...

အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ ဒိုးမနစ်တီယမ် ဗိုလ်စွဲ

တနင်္ဂနွေနေ့က ကျင်းပတဲ့ အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲစဉ်မှာ သြစတြေးယားကစားသမား ဒိုးမနစ်တီယန်က ဂျာမန်လူငယ်ကြယ်ပွင့် အလက်ဇန်းဒါးဇီရက်ဗ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ပြီး ၂-၆၊ ၄-၆၊ ၆-၄၊ ၆-၃၊ ၇-၆ တို့နဲ့အနိုင်ရခဲ့ပါတယ်။ ဒါဟာ ဒိုးမနစ်တီယမ်အတွက် ဂရန်းဆလမ်းပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်အိုးပင်းအမျိုးသမီးတစ်ဦးချင်း ချန်ပီယံဆုကို နာအိုမီအိုဆာကာ ဆွတ်ခူး

ယမန်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦး ချင်းဗိုလ်လုပွဲမှာ ဂျပန်နိုင်ငံသူ နာအိုမီအိုဆာကာက အရင်အမျိုးသမီး ကမ္ဘာ့အဆင့်(၁)တင်းနစ်ကစားသမားဟောင်း အဇာရန် ကာကို ၁-၆၊ ၆-၃၊ ၆-၃ တို့နဲ့ အနိုင်ရခဲ့ပါတယ်။ အသက်(၂၂)နှစ်သာရှိသေးတဲ့ နာအိုမီအိုဆာကာအတွက် အမေရိကန်အိုးပင်းချန်ပီယံဆုကို ဒုတိယအကြိမ် ဆွတ်ခူးနိုင်ခဲ့ တာဖြစ် ပြီး သူ့ကစားသမားဘဝတစ်လျှောက် ဂရန်းဆလမ်းချန်ပီယံဆုကို...

ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ဆာလက် ပထမဆုံးဟက်ထရစ်ယူနိုင်

အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလက်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ လီဗာပူးအသင်းအတွက် သုံးဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ယမန်နေ့က ကစားခဲ့တဲ့ လိဒ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ လီဗာပူးအတွက် သုံးဂိုးသွင်းပေး လိုက်နိုင်တာဖြစ်ပြီး ဒီရာသီအတွက် ပထမဆုံးဟက်ထရစ်ဂိုးပိုင်ရှင်အဖြစ်လည်းမှတ်တမ်းဝင်စေခဲ့ပါတယ်။ ဆာလက်ဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် ပွဲစဉ်(၁)မှာ ဟက်ထရစ်ရခဲ့တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့သလို လီဗာပူးအသင်းရဲ့ နောက်ဆုံး လေးရာသီဆက်တိုက်...