ယူနိုက်တက်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကို အထူးဆုချီးမြှင့်ပေးအပ်ဖို့ BBC စီစဉ်

လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် BBC Sports Personality အခမ်းအနားမှာ အင်္ဂလန်နဲ့ မန်ချက်စတာယူနိုက်တက် လူငယ်တိုက်စစ်မှူး မားကပ်ရပ်ရှ်ဖို့ဒ်ကို အထူးဆုတစ်ခု ချီးမြှင့်ပေးအပ်ဖို့စီစဉ်ထားကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အသက် ၂၃ နှစ်ရှိ ရပ်ရှ်ဖို့ဒ်ဟာ ဗြိတိန်က ဆင်းရဲငတ်မွတ်နေတဲ့ကလေးသူငယ်ကို ထောက်ပံ့ကူညီရေး ဦးဆောင်လှုပ်ရှားခဲ့သူဖြစ်ပြီး ၎င်းရဲ့ကြိုးပမ်းမှုကြောင့် BBC...

အာဂျင်တီးနား ဂန္ထဝင်ကစားသမားကြီး မာရာဒိုနာကွယ်လွန်မှုအတွက် ယနေ့နံနက် ချန်ပီယံလိဂ်ပွဲမှစ၍ တစ်ပတ်အတွင်း ကစားမည့်လိဂ်ပွဲစဉ်များ မယှဉ်ပြိုင်မီ တစ်မိနစ်ငြိမ်သက်ဂုဏ်ပြုမည်

ကွယ်လွန်သူကမ္ဘာကျော်အာဂျင်တီးနားကြယ်ပွင့်မာရာဒိုနာအတွက် ယနေ့နံနက်ကစားမည့် ချန်ပီယံလိဂ်ပွဲအပါအဝင် တစ်ပတ် အတွင်း ကစားမည့် လိဂ်ပွဲများမတိုင်မီ တစ်မိနစ်ငြိမ်သက်ပြီး ဝမ်းနည်း ခြင်း အထိမ်းအမှတ်လုပ်သွားမည်ဟု ဘီဘီစီသတင်း တစ်ရပ်အ ရသိရ သည်။ မာရာဒိုနာသည်၁၉၈၆ကမ္ဘာ့ဖလားပြိုင်ပွဲ၌အာဂျင်တီးနားအသင်းနှင့်အတူချန်ပီယံဖြစ်ခဲ့ပြီးကစားသမားဘဝတလျှောက်အာဂျင်တီးနားအသင်းအတွက်ကမ္ဘာ့ဖလားပြိုင်ပွဲလေးကြိမ်အထိယှဉ်ပြိုင်ကစားခဲ့သည်။၎င်းသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပစဉ်အတွင်းရုရှားနိုင်ငံအထိ သွားရောက်ကြည့်ရှုရင်း ကွင်းအတွင်း၌သတိလစ်မေ့မြောသွား၍ အ ရေးပေါ်ဆေးရုံတင်ခဲ့ရသေးသည်။ မာရာဒိုနာ၏နာရေးသတင်းကိုကြားသိရပြီးနောက်ကမ္ဘာ့ဘောလုံးအသိုင်းအဝိုင်းမှ...

ဆာလက်ခ်ျကို ပြန်အသုံးပြုဖွယ်ရှိတယ်လို့ လီဗာပူးနည်းပြ ကလော့ပ် ပြော

လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က COVID-19 ရောဂါကနေ သက်သာလာတဲ့ တိုက်စစ်မှူး မိုဟာမက်ဆာလက်ခ်ျကို ဒီည ကစားမယ့် အတ္တလန္တာနဲ့ ချန်ပီယံလိဂ်ပွဲမှာ အသုံးပြုဖွယ်ရှိတယ်လို့ အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဆာလက်ခ်ျဟာ နိုဝင်ဘာလ ဒုတိယအပတ်က အီဂျစ်လက်ရွေးစင်အသင်းအတွက် ကစားဖို့ ပြင်ဆင်နေရင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရလို့ ကွာရန်တင်းဝင်ခဲ့ရပေမယ့် သိပ်မကြာခင် နေပြန်ကောင်းသွားလို့ တနင်္ဂနွေနေ့ကစပြီး လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ရောက်ဖို့ ဆက်ကြိုးစားရဦးမယ်လို့ ဆိုလ်ရှား သတိပေး

အင်္ဂါနေ့က အစ္စတန်ဘူလ်ဘာဆက်ဆီဟာနဲ့ ပွဲစဉ်မှာ ၄ ဂိုး၊ ၁ ဂိုးနဲ့ ဂိုးပြတ်နိုင်ပေမယ့် မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားက ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကိုရောက်ဖို့ လက်ကျန် ၂ ပွဲမှာ အမှတ်ရအောင်ကြိုးစားရဦးမယ်လို့ ပြောလိုက်ပါတယ်။ ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ရဲ့ခြေစွမ်းပြမှုနဲ့အတူ အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဂိုးပြတ်နိုင်ပွဲရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဟာ အုပ်စုလက်ကျန် ၂ ပွဲမှာ ပီအက်စ်ဂျီ၊ ရက်ဘူးလ်လိုက်ပ်ဇစ်တို့နဲ့ ကစားဖို့...

အင်တာမီလန်နဲ့ပွဲကို ရာမို့စ်နဲ့ ဘန်ဇီးမားတို့ လွှဲချော်မယ်လို့ ရီးရဲလ်မက်ဒရစ် အတည်ပြု

ဒဏ်ရာကြောင့်နားနေရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်နဲ့ တိုက်စစ်မှူး ဘန်ဇီးမားတို့ဟာ ဗုဒဟူးနေ့ အင်တာမီလန်နဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဦးမှာမဟုတ်ကြောင်း ဂိုးလ်ဒေါ့ကွန်းမှာ ဖော်ပြထားပါတယ်။ ရာမို့စ်နဲ့ ဘန်ဇီးမားတို့နှစ်ဦးစလုံးဟာ စနေနေ့က ဗီလာရီးရဲလ်နဲ့ တစ်ဂိုးစီသရေကျတဲ့ပွဲမှာလည်း ပါဝင်ကစားနိုင်ခြင်းမရှိပါဘူး။ ဒါပေမယ့် COVID-19...

အားကစားပြိုင်ပွဲတွေကို ပရိသတ်အကန့်အသတ်နဲ့ ဝင်ကြည့်ခွင့်ပေးမယ်လို့ ဗြိတိန်အစိုးရ ထုတ်ပြန်

ဗြိတိန်အစိုးရရဲ့ COVID-19 ထိန်းချုပ်ရေးစည်းမျဉ်းတွေအရ ဒီဇင်ဘာ ၂ ရက်ကစလို့ ပရီးမီးယားလိဂ် အပါအဝင် ဗြိတိန်အားကစားပွဲတွေမှာ ပရိသတ်ဦးရေအကန့်အသတ်နဲ့ ဝင်ကြည့်ခွင့်ရတော့မယ်လို့ The Sun သတင်းမှာ ဖော်ပြထားပါတယ်။ COVID-19 ဂယက်ကြောင့် ဗြိတိန်တလွှား အားကစားပြိုင်ပွဲတွေမှာ ပရိသတ်ဝင်ကြည့်ခွင့်မရတာ ၈ လကျော်ကြာ မြင့်ခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက် နောက်ခံလူ လင်ဒယ်အော့ဖ် နောက်ကျောဒဏ်ရာနဲ့ ရုန်းကန်နေရ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူ ဗစ်တာလင်ဒယ်အော့ဖ်အနေနဲ့ နောက်ကျောဒဏ်ရာရရှိထားပြီး ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်နေရတယ်လို့ ဆွီဒင်လက်ရွေးစင်အသင်းရဲ့လက်ထောက်နည်းပြ ပီတာဝက်တာဂရန်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လင်ဒယ်အော့ဖ်ဟာ လွန်ခဲ့တဲ့အပတ်၊ အင်္ဂါနေ့က ပြင်သစ်နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ နောက်ကျောဒဏ်ရာကြောင့် လူစားလဲမှုခံယူခဲ့ရပြီး လက်ရှိအချိန်အထိလည်း ကြံ့ခိုင်မှုပြည့်ဝလာခြင်း မရှိသေးပါဘူး။ လင်ဒယ်အော့ဖ်နဲ့ပတ်သက်လို့ ဆွီဒင်လက်ရွေးစင် လက်ထောက်နည်းပြ...

ဘာစီလိုနာရဲ့ပြဿနာတိုင်းမှာ ပါဝင်နေရတာကို ငြီးငွေ့နေပြီလို့ မက်ဆီပြောကြား

အသင်းဖော်တိုက်စစ်မှူးဂရစ်ဇမန်းနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရတဲ့ ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီက အသင်းရဲ့ပြဿနာတိုင်းမှာ ပါဝင်နေရခြင်းကို ငြီးငွေ့နေပြီလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဂရစ်ဇမန်းဟာ အသက်လက်တီကိုအသင်းကနေ ဘာစီလိုနာကိုပြောင်းရွှေ့လာခဲ့ပြီးနောက် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။ ဒါဟာ မက်ဆီလိုနာမည်ကျော်ကစားသမားနဲ့ တစ်သင်းတည်းရှိနေပြီး နေရာရဖို့ အပြိုင်အဆိုင်ကြိုးစားနေရခြင်းကြောင့်ဖြစ်တယ်လို့ ဂရစ်ဇမန်းရဲ့ဦးလေးတော်စပ်သူနဲ့ အေးဂျင့်ဖြစ်သူတို့က ဝေဖန်ခဲ့တာပါ။

စပိန်ကို ခြောက်ဂိုးပြတ်နဲ့ ရှုံးခဲ့ပေမယ့် ဂျာမနီအသင်းမှာ နည်းပြအပြောင်းအလဲဖြစ်ဖို့မရှိ

ယမန်နေ့ကကျင်းပတဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ စပိန်ကို ခြောက်ဂိုးပြတ်နဲ့ ရှုံးခဲ့ပေမယ့် ဂျာမနီလက်ရွေးစင်အသင်းမှာ နည်းပြ အပြောင်းအလဲဖြစ်လာဖို့ မရှိဘဲ လက်ရှိနည်းပြ ဂျိုအာချင်လိုးနဲ့ပဲ ဆက်လက်တွဲသွားမယ်လို့ အသင်းမန်နေဂျာ ဘီယာဟော့ဖ်က ပြောလိုက်ပါတယ်။ ဆီဗီးလ်မြို့မှာ ကစားတဲ့ အဲဒီပွဲစဉ်မှာ စပိန်အသင်းက ဖာရန်တောရက်စ်ရဲ့ ဟက်ထရစ်အပါအဝင် ခြောက်ဂိုးပြတ်နဲ့ ဂျာမနီကို အနိုင်ရခဲ့ပြီး နေးရှင်းလိဂ်ပြိုင်ပွဲမှာ အကြိုဗိုလ်လုပွဲကို တက်နိုင်ခဲ့ပါတယ်။

ATP Finals တင်းနစ်ပြိုင်ပွဲမှာ အကြိုဗိုလ်လုပွဲကို ဒေါမနစ်တီယန် အစောဆုံး ရောက်

သြစတြီးယားတင်းနစ်သမား ဒေါမနစ်တီယန်ဟာ ကျင်းပနေတဲ့ ATP Finals တင်းနစ်ပြိုင်ပွဲမှာ အကြိုဗိုလ်လုပွဲကို အစောဆုံး တက်နိုင်တဲ့ ကစားသမားဖြစ်လာပါတယ်။ ဒေါမနစ်တီယန်ဟာ ယမန်နေ့က ကစားတဲ့ အုပ်စုပွဲစဉ်မှာ ပြင်သစ်အိုးပင်းချန်ပီယံ ရာဖေးနာဒဲလ်ကို ၇-၆၊ ၇-၆ တို့နဲ့ နှစ်ပွဲပြတ်နိုင်ခဲ့လို့ အကြိုဗိုလ်လုပွဲကို အစောဆုံးတက်နိုင်တာဖြစ်ပါတယ်။